Monday 18 August 2014

အီးဗီဇာလျှောက်ထားမှု လက်ခံ၊ မခံကို တစ်နာရီနှင့် ပြည်ဝင်ခွင့်ပြု၊ မပြု ရုံးဖွင့်ရက် ငါးရက်အတွင်း အကြောင်းပြန်မည်

Photo: အီးဗီဇာလျှောက်ထားမှု လက်ခံ၊ မခံကို တစ်နာရီနှင့် ပြည်ဝင်ခွင့်ပြု၊ မပြု ရုံးဖွင့်ရက် ငါးရက်အတွင်း အကြောင်းပြန်မည်
Monday, August 18, 2014

မြန်မာနိုင်ငံသို့ လာ ရောက်မည့် နိုင်ငံခြားခရီးသွား များအွန်လိုင်းမှ လျှောက်ထားနိုင်  သော အီးဗီဇာစနစ်ကို ကျင့်သုံး ရာတွင် လျှောက်ထားမှု လက်ခံ၊ မခံကို တစ်နာရီအတွင်း ပြန်လည် အကြောင်းပြန်မည်ဖြစ်ပြီး ပြည် ၀င်ခွင့်ပြု၊ မပြုကို ရုံးဖွင့်ရက် ငါး ရက်အတွင်း ပြန်လည်အကြောင်း ပြန်မည်ဖြစ်ကြောင်း ပြည်ထောင် စုဝန်ကြီး ဦးခင်ရီကပြောသည်။

သြဂုတ် ၁၇ ရက်တွင် ရန် ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေးခန်းမ၌ ပြုလုပ် သော အီးဗီဇာဆိုင်ရာဆွေးနွေး ရှင်းလင်းပွဲတွင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင် ရီက အထက်ပါအတိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

အီးဗီဇာစနစ်ကို လာမည့် စက်တင်ဘာ ၁ ရက်မှစ၍ နိုင်ငံ ပေါင်း ၄၁ နိုင်ငံအား ဆောင်ရွက် ပေးမည်ဖြစ်ပြီး ခရီးသွားဗီဇာဖြင့် လာရောက်လိုသူများကို ထုတ်ပေးနိုင်ရန်အတွက် စီစဉ်ပေးခြင်းဖြစ် ကာ မြန်မာနိုင်ငံသို့ လာရောက်လိုသော ခရီးသွားများအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မိမိတို့တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ဖော်ပြပေးရမည်ဖြစ်သည်။

အီးဗီဇာဖြင့် ပြည်ဝင်ခွင့်ရရှိ သော ခရီးသည်အနေဖြင့် ရရှိထားသောသက်တမ်းတွင် တစ်ကြိမ်သာ ပြည်ဝင်ခွင့်ရရှိမည်ဖြစ်ပြီး ပြည်ဝင်ခွင့်အတွက် ဗီဇာကြေးအမေရိကန်ဒေါ်လာ ၅၀ ကျသင့်မည်ဖြစ်သည်။

‘‘တကယ်သာဒီစနစ်ကို  ပီပီ ပြင်ပြင်အကောင်အထည်ဖော် နိုင်မယ်ဆိုရင် ခရီးသွားရာသီဖြစ် တဲ့ အောက်တိုဘာကနေ ဧပြီ အထိ နိုင်ငံခြားသားဧည့်သည် တစ်လ ကို ငါးထောင်ကနေ နှစ်သောင်း လောက်ထိ ၀င်လာနိုင်မယ်။ အခု ကြိုတင်ဆိုက်ရောက်ဗီဇာစနစ် သုံးနေတာတောင် ခရီးသွားရာ သီမှာ တစ်လကို နှစ်ထောင်ကနေ ငါးထောင်ကြား ခရီးသွားဧည့် သည်တွေ ၀င်နေတယ်’’ဟု ခရီး သွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်စံပယ်အောင်ကပြောသည်။

၂၀၁၂ ခုနှစ် ဇွန်လမှစတင် ကာ လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ်သန်းဗီဇာများကို ဆိုက် ရောက်ဗီဇာအဖြစ် ခွင့်ပြုပေးခဲ့ သော်လည်း နိုင်ငံတကာစံချိန် စံညွှန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ရာတွင် ခရီးသွားဗီဇာ ဖြင့်လာရောက်သူများအား ဆိုက် ရောက်ဗီဇာထုတ်ပေးရန် မဖြစ်နိုင်သည့်အတွက် အွန်လိုင်းမှလျှောက် ထားနိုင်မည့် အီးဗီဇာစနစ်ကို အ ကောင်အထည်ဖော်ရခြင်းဖြစ် ကြောင်း ဦးခင်ရီကဆိုသည်။

7Day DAILY 

ရန်ကုန်လေဆိပ်တွင် ပြည်ပခရီးသွားများကိုတွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))
ရန်ကုန်လေဆိပ်တွင် ပြည်ပခရီးသွားများကိုတွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))
မြန်မာနိုင်ငံသို့ လာ ရောက်မည့် နိုင်ငံခြားခရီးသွား များအွန်လိုင်းမှ လျှောက်ထားနိုင်  သော အီးဗီဇာစနစ်ကို ကျင့်သုံး ရာတွင် လျှောက်ထားမှု လက်ခံ၊ မခံကို တစ်နာရီအတွင်း ပြန်လည် အကြောင်းပြန်မည်ဖြစ်ပြီး ပြည် ၀င်ခွင့်ပြု၊ မပြုကို ရုံးဖွင့်ရက် ငါးရက်အတွင်း ပြန်လည်အကြောင်း ပြန်မည်ဖြစ်ကြောင်း ပြည်ထောင် စုဝန်ကြီး ဦးခင်ရီကပြောသည်။
သြဂုတ် ၁၇ ရက်တွင် ရန် ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေးခန်းမ၌ ပြုလုပ် သော အီးဗီဇာ ဆိုင်ရာဆွေးနွေး ရှင်းလင်းပွဲတွင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင် ရီက အထက်ပါအတိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

အီးဗီဇာစနစ်ကို လာမည့် စက်တင်ဘာ ၁ ရက်မှစ၍ နိုင်ငံ ပေါင်း ၄၁ နိုင်ငံအား ဆောင်ရွက် ပေးမည်ဖြစ်ပြီး ခရီးသွားဗီဇာဖြင့် လာရောက်လိုသူများကို ထုတ်ပေးနိုင်ရန်အတွက် စီစဉ်ပေးခြင်းဖြစ် ကာ မြန်မာနိုင်ငံသို့ လာရောက်လိုသော ခရီးသွားများအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မိမိတို့တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ဖော်ပြပေးရမည်ဖြစ်သည်။

အီးဗီဇာဖြင့် ပြည်ဝင်ခွင့်ရရှိ သော ခရီးသည်အနေဖြင့် ရရှိထားသောသက်တမ်းတွင် တစ်ကြိမ်သာ ပြည် ၀င်ခွင့် ရရှိမည်ဖြစ်ပြီး ပြည်ဝင်ခွင့်အတွက် ဗီဇာကြေးအမေရိကန်ဒေါ်လာ ၅၀ ကျသင့်မည်ဖြစ်သည်။

‘‘တကယ်သာဒီစနစ်ကို  ပီပီ ပြင်ပြင်အကောင်အထည်ဖော် နိုင်မယ်ဆိုရင် ခရီးသွားရာသီဖြစ် တဲ့ အောက် တို ဘာ ကနေ ဧပြီ အထိ နိုင်ငံခြားသားဧည့်သည် တစ်လ ကို ငါးထောင်ကနေ နှစ်သောင်း လောက်ထိ ၀င်လာနိုင်မယ်။ အခု ကြိုတင်ဆိုက်ရောက်ဗီဇာစနစ် သုံးနေတာတောင် ခရီးသွားရာ သီမှာ တစ်လ ကို နှစ်ထောင် ကနေ ငါးထောင်ကြား ခရီးသွားဧည့် သည်တွေ ၀င်နေတယ်’’ဟု ခရီး သွားလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဒေါ်စံပယ်အောင်ကပြောသည်။

၂၀၁၂ ခုနှစ် ဇွန်လမှစတင် ကာ လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ်သန်းဗီဇာများကို ဆိုက် ရောက်ဗီဇာအဖြစ် ခွင့်ပြုပေးခဲ့ သော်လည်း နိုင်ငံတကာစံချိန် စံညွှန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ရာတွင် ခရီးသွား ဗီဇာ ဖြင့်လာရောက်သူများအား ဆိုက် ရောက်ဗီဇာထုတ်ပေးရန် မဖြစ်နိုင်သည့်အတွက် အွန်လိုင်းမှလျှောက် ထားနိုင်မည့် အီးဗီဇာစနစ်ကို အ ကောင်အထည်ဖော်ရခြင်းဖြစ် ကြောင်း ဦးခင်ရီကဆိုသည်။

7Day DAILY

No comments:

Post a Comment