Monday, 7 July 2014

KIA နှင့် TNLA အဖွဲ့မှ ဒေသခံ (၂) ဦးအား အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီး

Photo: KIA နှင့် TNLA အဖွဲ့မှ ဒေသခံ (၂) ဦးအား အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီး
Monday, July 7, 2014

ကချင်ပြည်နယ်၊ မိုးမိတ်မြို့နယ်၊ စင့်ကင်ကျေးရွာနှင့် မန်ပတ် ကျေးရွာမှ ရွာသား (၂) ဦးအား ဇူ ၅ ရက်နှင့် ၆ ရက်နေ့ တို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့တို့မှ ရိုက်နှက်ဖမ်းဆီးသွားကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ စင့်ကင်ကျေးရွာနေ ဦးဝင်းကြည်သည် ၎င်း၏ နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် ည ၁၁ နာရီ ၁၅ မိနှစ်ချိန်ခန့်တွင် KIA နှင့် TNLA တပ်ဖွဲ့များ အိမ်ထဲသို့ ၀င်လာပြီး ထိုးကြိတ်ရိုက်နှက်ကာဖမ်းဆီး သွားခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်မတို့နဲ့အတူ စကားပြောနေတာပါ၊ သေနတ်ကိုင်ထားတဲ့ သူပုန်တွေ အိမ်ထဲထိဝင်လာပြီး ကိုဝင်းကြည်ကို ဘာမပြော ညာမပြော လိုက်ခဲ့ဆိုပြီး ထိုးကြိတ်ရိုက်နှက်ပြီး ခေါ်သွားတော့တာပါပဲ၊ ရွာထဲက မြင်တဲ့သူတွေပြော တာတော့ ကိုဝင်းကြည် ကို ပင်ရှားစေ့ရွာဘက်ကို ဖမ်းခေါ်သွားတယ်လို့ သိရတယ် ” ဟု ဇနီး ဖြစ်သူက ပြောကြားခဲ့သည်။

အလားတူ KIA နှင့် TNLA အဖွဲ့သည် ဇူ ၆ ရက် ည ၁၂ နာရီ ၄၅ မိနှစ်ခန့်ကလည်း မန်ပတ်ကျေးရွာနေ ကိုမင်းမင်းအား ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်ရွာသားများက ဆိုသည်။
“ ရွာထဲမှာ ခွေးတွေဟောင်လို့ ထွက်ကြည့်တော့ သေနတ်တွေနဲ့ သူပုန်တွေက ရွာသားတစ်ဦးကို အတင်းဖမ်း ခေါ်သွားတာ တွေ့တယ်၊ မနက်မိုးလင်းလို့ မေးမြန်းကြည့်တော့ ကိုမင်းမင်းမှန်း သိရတယ်၊ မိုးဘုံ ရွာဘက်ကို ဖမ်းခေါ်သွားတယ်လို့တော့ သိရတယ် ” ဟု ရွာခံတစ်ဦးက ပြောသည်။

ကိုမင်းမင်းသည် ဇနီးဖြစ်သူနှင့်အတူ တီဗီကြည့်နေစဉ် အဆိုပါအဖွဲ့မှ အိမ်ထဲထိဝင်လာပြီး ထိုးကြိတ်ရိုက်နှက် ကာ ဖမ်းဆီး သွားခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောကြားခဲ့သည်။

မိုးမိတ်မြို့ခံတစ်ဦးက “ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ ဒေသခံတွေ ကို အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီး တာဟာ ဥပဒေကို ကျူးလွန်တာပါပဲ၊ အဲဒီ ကိစ္စကို တာဝန်ရှိအဖွဲ့အစည်းတွေအနေနဲ့ ရအောင်ဖော်ထုတ်ပြီး နစ်နာသူ မိသားစု တွေအတွက် တရားဥပဒေနဲ့အညီ အရေးယူပေးဖို့လိုပါတယ်၊ လက်နက်ကိုင်ပြီး ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ KIA နဲ့ TNLA အဖွဲ့တွေကို ဒီအတိုင်း လွှတ်ထားရင် နောင်ဒီထက်ပိုဆိုးလာဖို့ပဲ ရှိပါတယ် ” ဟု ပြောကြား သွားသည်။

ညီသစ် (မြစ်ကြီးနား )
ကချင်ပြည်နယ်၊ မိုးမိတ်မြို့နယ်၊ စင့်ကင်ကျေးရွာနှင့် မန်ပတ် ကျေးရွာမှ ရွာသား (၂) ဦးအား ဇူ ၅ ရက်နှင့် ၆ ရက်နေ့ တို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့တို့မှ ရိုက်နှက်ဖမ်းဆီးသွားကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ စင့်ကင်ကျေးရွာနေ ဦးဝင်းကြည်သည် ၎င်း၏ နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် ည ၁၁ နာရီ ၁၅ မိနှစ်ချိန်ခန့်တွင် KIA နှင့် TNLA တပ်ဖွဲ့များ အိမ်ထဲသို့ ၀င်လာပြီး ထိုးကြိတ်ရိုက်နှက်ကာဖမ်းဆီး သွားခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်မတို့နဲ့အတူ စကားပြောနေတာပါ၊ သေနတ်ကိုင်ထားတဲ့ သူပုန်တွေ အိမ်ထဲထိဝင်လာပြီး ကိုဝင်းကြည် ကို ဘာမပြော ညာမပြော လိုက်ခဲ့ဆိုပြီး ထိုးကြိတ်ရိုက်နှက်ပြီး ခေါ်သွားတော့တာပါပဲ၊ ရွာထဲက မြင်တဲ့ သူတွေပြော တာတော့ ကိုဝင်းကြည် ကို ပင်ရှားစေ့ရွာဘက်ကို ဖမ်းခေါ်သွားတယ်လို့ သိရတယ် ” ဟု ဇနီး ဖြစ် သူက ပြောကြားခဲ့သည်။

အလားတူ KIA နှင့် TNLA အဖွဲ့သည် ဇူ ၆ ရက် ည ၁၂ နာရီ ၄၅ မိနှစ်ခန့်ကလည်း မန်ပတ်ကျေးရွာနေ ကိုမင်းမင်းအား ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်ရွာသားများက ဆိုသည်။

“ ရွာထဲမှာ ခွေးတွေဟောင်လို့ ထွက်ကြည့်တော့ သေနတ်တွေနဲ့ သူပုန်တွေက ရွာသားတစ်ဦးကို အတင်းဖမ်း ခေါ်သွားတာ တွေ့တယ်၊ မနက်မိုးလင်းလို့ မေးမြန်းကြည့်တော့ ကိုမင်းမင်းမှန်း သိရတယ်၊ မိုးဘုံ ရွာဘက်ကို ဖမ်းခေါ်သွားတယ်လို့တော့ သိရတယ် ” ဟု ရွာခံတစ်ဦးက ပြောသည်။

ကိုမင်းမင်းသည် ဇနီးဖြစ်သူနှင့်အတူ တီဗီကြည့်နေစဉ် အဆိုပါအဖွဲ့မှ အိမ်ထဲထိဝင်လာပြီး ထိုးကြိတ် ရိုက်နှ က် ကာ ဖမ်းဆီး သွားခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောကြားခဲ့သည်။

မိုးမိတ်မြို့ခံတစ်ဦးက “ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ ဒေသခံတွေကို အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီး တာဟာ ဥပဒေကို ကျူးလွန်တာပါပဲ၊ အဲဒီ ကိစ္စကို တာဝန်ရှိအဖွဲ့အစည်းတွေအနေနဲ့ ရအောင်ဖော် ထုတ်ပြီး နစ်နာသူ မိသားစု တွေအတွက် တရားဥပဒေနဲ့အညီ အရေးယူပေးဖို့လိုပါတယ်၊ လက်နက် ကိုင်ပြီး ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ KIA နဲ့ TNLA အဖွဲ့တွေကို ဒီအတိုင်း လွှတ်ထားရင် နောင် ဒီထက် ပိုဆိုးလာဖို့ပဲ ရှိပါတယ် ” ဟု ပြောကြား သွားသည်။

ညီသစ် (မြစ်ကြီးနား )

No comments:

Post a Comment