အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်အပြင်ဘက်မှာ ရှိတဲ့ ရေနံတင်ယာဉ်တွေကို တာလီဘန်သူပုန်တွေက ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ သောကြာနေ့ညပိုင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုမှာ လူသေ ဆုံးမှု ရှိမရှိကိုတော့အတည်မပြု နိုင်သေးဘူးလို့ သိရပါတယ်။ မီးသတ်သမားတွေက မီးတောက်တွေကို တစ်ညလုံးငြှိမ်းသတ်ခဲ့ပေမယ့် စနေနေ့ မနက်ထိတောက်လောင်နေခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံခဲ့ ရတဲ့ ရေနံတင်ယာဉ် တွေဟာ နေတိုးအဖွဲ့ဆီကို လောင်စာပို့ပေးနေတာဖြစ်ပြီး ရပ်နားထားချိန်မှာ တိုက် ခိုက်ခံရတာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ကလဲ ကာဘူးလ်မြို့မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံးစစ်အရာရှိ ရှစ်ဦးသေဆုံးခဲ့ ပါ တယ်။ အာဖဂန်နစ္စတန်ဟာ ရွေးကောက်ပွဲရဲ့ရလဒ်ကတော့ စောင့်ဆိုင်းနေဆဲဖြစ်ပြီး မဲလိမ်မှုအရေအတွက် အလွန်များပြား နေတာကြောင့် ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ရေတွက်မှာ ဖြစ်တယ်လို့သိရပါတယ်။
MRTV-4
No comments:
Post a Comment