MEC Tel အမှတ်တံဆိပ် ကျပ် ၁,၅၀၀ တန် CDMA 800မိုဘိုင်းဖုန်းများကို ဆက်သွယ်ရေးရုံးသို့ သွားစရာ မလိုဘဲ မိမိ၏ဖုန်းမှတစ်ဆင့် အင်တာနက်အသုံးပြုနိုင်ရန် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဖုန်းထဲကနေ တစ်ခါတည်း လျှောက်လို့ရပြီဆိုတော့ အလုပ် လည်းမရှုပ်တော့ဘူးပေါ့။ ပိုက်ဆံလည်း အပိုမကုန်တော့ဘူး။ ဟို တစ်လောကမှ ကျွန်တော် ဆိုင်မှာအင်တာနက်သွားလျှောက်တာ ကျပ် ၁၄,၀၀၀ တောင်ပေးရတယ်’’ဟု MEC Tel ဆင်းမ်ကတ် အသုံးပြုနေသူ ကိုသူရက ပြောသည်။
အင်တာနက်လျှောက်ထားလိုသူများအနေဖြင့် မိမိ၏ဖုန်းထဲတွင် အနည်းဆုံးကျပ်တစ်သောင်းကျော်ရှိရန် လိုအပ်ပြီး SMS နံပါတ် 233 သို့ Open EVDO ဟူသော စာသားပေးပို့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အင်တာနက်လျှောက်ရာတွင် အဆင်မပြေမှုများရှိပါက သိလိုသည့် အသေးစိတ်အချက်အလက်များကို 1212 နှင့် ရတနာ ပုံတယ်လီဖုန်းစင်တာ နံပါတ် 1876 သို့ ဆက်သွယ်၍ မေးမြန်းနိုင်ကြောင်း သိရသည်။
7 Day Daily
No comments:
Post a Comment