ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများနှင့် ကမန်အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူများ ကို ပြန် လည် စိစစ်ပေးမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက စစ်တွေမြို့ခံများနှင့် ဇူလိုင်လ ၄ ရက်နေ့က တွေ့ဆုံစဉ် ကတိပေး ပြောကြားသည်။
နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူများနှင့် ပတ်သက်၍ ကန့်ကွက်မှုများ ရှိလာပါက တိတိ ကျကျ ဖြစ်အောင် စိစစ်ပေးမည်ဟု ဝန်ကြီးချုပ်က ပြောဆိုကြောင်း ၎င်းက ရှင်းပြသည်။
ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားစိစစ်မှုကို ပြတ်ပြတ်သားသား ကိုင် တွယ် မည်ဖြစ်ကြောင်း ဦးမောင်မောင်အုန်းက ပြောဆိုထားသည်။
“နိုင်ငံသားဖြစ်တဲ့သူကို နိုင်ငံသားပေးတာ ပြဿနာ မရှိဘူး။ နိုင်ငံသား မပေးသင့်တဲ့သူ တစ်ယောက်ကို နိုင်ငံ သားပေးမိရင် နိုင်ငံနစ်နာတယ်။ မပေးသင့်တဲ့သူ တစ်ယောက်မှ မပေးရအောင် တိတိကျကျ လုပ်နေတယ်” ဟု ၎င်းက မီဒီယာများကို ပြောဆိုထားသည်။
ရခိုင်ပြည်နယ်တွင် မြေပုံမြို့ကို စမ်းသပ်ဧရိယာ (Pilot Area) အဖြစ် သတ်မှတ်၍ ဇွန်လ ၁၅ ရက်နေ့မှ စတင် ကာ နိုင်ငံသားစိစစ်မှု လုပ်ငန်းများကို လုပ်ဆောင်နေသည်။
The Voice Weekly
No comments:
Post a Comment