Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Wednesday, 30 March 2016

အမေရိကန်နိုင်ငံ၏ အခြေအနေ

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ခြောက်လကျော် ကွာဝေးပါသေးသည်။ အမေရိကန်နိုင်ငံ၏ (၄၅) ဦးမြောက် သမ္မတ မည်သူဖြစ်လာမည်ဆိုသည်ကို မဆိုထားနှင့် ပါတီကြီးနှစ်ခုကို ကိုယ်စားပြုရန် မည်သူ့ကို အမည်စာရင်းတင်သွင်းမည်နည်းဆိုသည်ပင် သေချာတပ်အပ်မပြောနိုင်သော အနေအထားဖြစ်သည်။ သို့သော်မှီတင်းနေထိုင်သူပေါင်း သန်း ၃၂၀ ကျော်ရှိသော နိုင်ငံ၏လတ်တလောခံစားချက်နှင့် ကမ္ဘာတစ်ဝန်းမှ လူများအတွက် အဆုံးမရှိသော နိုင်ငံရေးအော်ပရာဟု ထင်မှတ်ရသော အခြေအနေတွင်နောက်ဆုံး၌ အောင်ပွဲခံမည့် အမျိုးသား (သို့) အမျိုးသမီးအတွက် ယင်းခံစားချက်မှာ မည်သည့်အဓိပ္ပာယ်ဆောင်မည်နည်းဆိုသည်ကို အကဲဖြတ်ရန်မှာ စောလွန်းလှသည် မဟုတ်ပေ။
ယနေ့အမေရိကန်နိုင်ငံတွင် လွှမ်းမိုးနေသော ခံစားချက်မှာ လုံးလုံးလျားလျားဒေါသထွက်ခြင်း မဟုတ်လျှင်သော်မှအတိုင်းအတာတစ်ခုအထိ စိုးရိမ်ပူပန်နေသော အနေအထားဖြစ်သည်။ မကြာသေးမီကပင် ၀ါရှင်တန်ပို့စ်သတင်း စာကြီးက ဝေါလ်စထရိ၊ မွတ်စလင်များ၊ ကုန်သွယ်ရေးသဘော တူညီချက်များ၊ ၀ါရှင်တန်အစိုးရ၊ ရဲတပ်ဖွဲ့၏ပစ်ခတ်မှုများ၊ သမ္မတဘားရက်အိုဘားမား၊ ရီပက်ဘ လေကန်များ၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် အခြားအကြောင်းအရာများကို ပစ်မှတ်ထား၍ အပိုင်းလေးပိုင်းပါသော ဆောင်းပါးများ ဆက်တိုက်ဖော်ပြခဲ့သည်။
ယခုအချိန်တွင် လူတစ်ဦးတစ်ယောက်အား အဆိုးရွားဆုံးသုံးနှုန်းပြောဆိုသော စကားလုံးမှာ ‘ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမား’ ဟူသော အသုံးအနှုန်းဖြစ်သည်။ ယင်းစိတ်အခြေအနေအတွက် အကျိုးကျေးဇူးခံစားရသူများမှာ လွတ်လပ်စွာ ကုန်သွယ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးပြုပြင် ပြောင်းလဲမှုကို ဆန့်ကျင်သော မူဝါဒစိတ်ကူးထားသူများ၊ လက်ရှိအခွန်နှင့် ငွေကြေးသုံးစွဲမှု မူဝါဒများကို အောက်ခြေသိမ်းပြောင်းလဲပစ်ရန် တိုက်တွန်းနေသော အခိုင်အမာတည်ရှိပြီးသားအရာများကို ဆန့်ကျင်သည့် ကိုယ်စား လှယ်များပင်ဖြစ်သည်။ ၎င်းတို့ ထောက်ခံအားပေးသော အကြောင်းအရာအသေးစိတ်မှာ ကွဲပြားကောင်း ကွဲပြားပါလိမ့်မည်။ သို့သော်၎င်းတို့ ရွေးချယ်မည့် လမ်းကြောင်းများမှာ လက်ရှိပိုနေမြဲ၊ ကျားနေမြဲအနေအထားမှ သိသာစွာ ကွဲထွက်သွားပါလိမ့်မည်။

ယင်းခံစားချက်၏ အခြေခံမှာ သူ့ဘာသာထင်ရှားမြင်သာသည်မဟုတ်ပေ။ အကြောင်းမှာ အမေရိကန်နိုင်ငံမှာ ၂၀၀၇-၂၀၀၈  စီးပွားရေးအကျပ်အတည်းနောက် စီးပွားရေးအရ ကြည့်လျှင် အခြေအနေကောင်းနေသောကြောင့် ဖြစ်သည်။ စီးပွားရေးအ ကျပ်အတည်းနောက်ပိုင်း အလုပ်အကိုင်နေရာ ကိုးသန်းကျော် ဖန်တီးခဲ့သည်။ငွေကြေးအတိုးနှုန်းနည်းသည်။ (ယင်းအတွက် အိမ်နှင့်ကားများအတွက် ချေးငွေထုတ်ရန် တတ်နိုင်လာကြသည်) ဓာတ်ဆီဈေးနှုန်းကျဆင်းမှုမှာလည်း သာမန်အမေရိကန်မိသားစုတစ်စုအတွက် အခွန်ကန်ဒေါ်လာ ၇၀၀ လျှော့ချပေးလိုက်သော ပမာဏနှင့် ညီမျှနေသည်။ ထို့အပြင် စတော့ရှယ်ယာဈေးကွက်မှာလည်း လွန်ခဲ့သောခုနစ်နှစ်က အနိမ့်ဆုံးသို့ ကျဆင်းပြီးနောက်ပိုင်း ၂၀၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ယခင်က ကျန်းမာရေးအာမခံမရှိသော လူသန်းပေါင်းများစွာမှာလည်း ယခုအခါ ကျန်းမာရေး အာမခံရရှိသွားပြီဖြစ်သည်။
သို့သော်ငြားလည်း ထိုသို့ စီးပွားရေးသတင်းကောင်းများမှာ မိသားစုဝင်ငွေအမှန်တကယ်တိုးတက်မှု အားနည်းမှုနှင့် ဘဲစားဘဲချေဖြစ်သွားခဲ့သည်။ ငွေကြေးဖောင်းပွမှုနှုန်း တွက်ချက်ပြီးသား စစ်မှန်သော မိသားစုဝင်ငွေတိုးတက်မှု တန့်နေသည်မှာ ၁၅ နှစ်ရှိပြီဖြစ်သည်။ အချိန်ပြည့်အလုပ်နှင့် အမေရိကန်နိုင်ငံသား ရာခိုင်နှုန်းမှာ လွန်ခဲ့သော ခုနစ်နှစ်က အနေအထားသို့ ပြန်မရောက်သေးပေ။ ၎င်းတို့အနက်အများအပြားမှာ နိုင်ငံရပ်ခြားမှ ယှဉ်ပြိုင်မှု နည်းပညာသစ်များနှင့် ပြင်ပသို့ အလုပ်အပ်နှံလုပ်ကိုင်ခြင်း (Outso-urcing) ကြောင့် ၎င်းတို့၏ အလုပ်အကိုင်များ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြပါသည်။
အမေရိကန်နိုင်ငံသားအများအပြားပို၍ အသက်ရှည်ရှည်နေထိုင်လာကြရသည်။ သို့သော် ၎င်းတို့ ပင်စင်ယူပြီး အသက်အရွယ်ကြီးရင့်ချိန်အထိ နေထိုင်နိုင်ရန် လိုအပ်သော ငွေကြေးများ မစုဆောင်းနိုင်ဖြစ်လာသဖြင့် စိုးရိမ်ပူပန်နေကြသည်။ အချို့မှာ အို ဘားမားအစိုးရလက်ထက် ပြဋ္ဌာန်းလိုက်သော ဥပဒေကြောင့် ယခင် က ၎င်းတို့ရှောင်လွှဲခဲ့သော ကျန်းမာရေးအာမခံပရီမီယံကြေးများ ထည့်သွင်းနေကြရသည်။
မညီမျှမှုဆိုသော အကြောင်းကိစ္စကလည်း ရှိနေသည်။ သို့သော်ပြဿနာမှာ မညီမျှမှုကိစ္စတစ်ခုတည်း မဟုတ်ပေ။ (မညီမျှမှုမှ ပိုဆိုးလာသော်လည်း အကြောင်းအရာသစ် မဟုတ်ပေ) အခွင့်အရေးနည်းပါးလာမှုဖြစ်သည်။ အမေရိကန်အိပ်မက်နေရာ၌ လူတန်းစားခွဲခြားမှု ၀င်ရောက်လာသည်။ မည်သူမဆို အလုပ်ကြိုးစားလုပ်ကိုင်မှုဖြင့် မိမိ၏ အခြေအနေကို တိုးတက်အောင်လုပ်နိုင်သည်ဟူသော စံနှုန်းပေါ်တွင် တည်ထောင်ခဲ့သော နိုင်ငံတစ်နိုင်ငံအတွက် သိမ်မွေ့နူးညံ့သော အပြောင်းအလဲတစ်ခုဖြစ်သည်။
သို့သော်စိုးရိမ်ပူပန်မှုများနှင့် အမျက်ဒေါသတို့မှာ စီးပွားရေး ပကတိအခြေအနေနှင့် စိုးရိမ်ပူပန်မှုများကို ဖောက်ထွင်းစီးဆင်းသွားသည်။ စိတ်ပိုင်းဆိုင်ရာမဟုတ်သော ကိုယ်ပိုင်းဆိုင်ရာမလုံခြုံမှုကလည်း ရှိနေသည်။ ယင်းမှာ ရာဇဝတ်မှုအကြမ်းဖက်ဝါဒအပေါ် ကြောက်ရွံ့မှုလည်း ဖြစ်နိုင်ပါသည်။လူ့အဖွဲ့အစည်းနှင့် နိုင်ငံအများအပြားမှာကဲ့သို့ပင် ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်း၏ လားရာအပေါ် စိုးရိမ်ပူပန်မှုများလည်း ရှိနေပါသည်။
ခေတ်သစ်မီဒီယာများကလည်း အရှိတရားကို ချဲ့ကားပုံဖော်တတ်သည်။ ကျွန်ုပ်တို့၏ခေတ်မှာ ကျယ်ပြန့်စွာ အသံလွှင့်ခြင်း (Broadcasting) မဟုတ်မူဘဲ ကျဉ်းမြောင်းစွာ အသံလွှင့်ခြင်း (Narrowcasting) ခေတ်ဖြစ်သည်။ လူအများအပြားက ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် ၀ါဒတို့ကို အားဖြည့်ခိုင်မာစေသော ဝက်ဘ်ဆိုက်များနှင့် ကေဘယ်ရုပ်သံလိုင်းများကို ပိုမိုကြည့်ရှုလာကြသည်။
ယခုအကြောင်းအရာအများစုမှာ စိတ်ချလက်ချဖြစ်စရာ မရှိသလောက်ရှိသည်။ အမေရိကန်နိုင်ငံ၏ ခံစားချက်မှာ ရွေးကောက်ပွဲ မဲဆွယ်ပွဲကို ဖြတ်သန်းသွားပြီး အစိုးရသစ်နှင့် လွှတ်တော်အတွက်စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်လာပါလိမ့်မည်။ ဒီမိုကရက်တစ်နှင့် ရီပက်ဘလေကန်ပါတီတွင်း နှစ်ခြမ်းကွဲမှုများနှင့် ပါတီနှစ်ခုအကြား ကွဲပြားခြားနားမှုများကြောင့် နိုင်ငံကိုအုပ်ချုပ်နိုင်ရန် လိုအပ်သော အပေးအယူလုပ် ညှိနှိုင်းမှုနှင့် မဟာမိတ်ဖွဲ့ခြင်းများ လုပ်ဆောင်ရေး မဖြစ်နိုင်သလောက်ပင် ဖြစ်ပါသည်။
ပင်စင်ကိစ္စစိုးရိမ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်အပေါ် စိုးရိမ်ပူပန်မှုများကြောင့်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် ပိုမိုခက်ခဲပါလိမ့်မည်။ လွတ်လပ်စွာ ကုန်သွယ်ရေး (Free Trade) မှာလည်း အလုပ်အကိုင်ဆုံးရှုံးမှုများအတွက် အပြစ်တင်ခံနေရပြီး ထောက်ခံမှုကျဆင်းလာသည်။ Free Trade ကြောင့်ပင် အလုပ်အကိုင်သစ်များ ဖန်တီးနိုင်ခြင်းနှင့် စားသုံးသူ ရွေးချယ်စရာ ပိုများလာခြင်းမှာ အမှန်ပင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း အမေရိကန်၏ မဟာဗျူဟာရပ်တည်ချက်ကို ပိုမိုခိုင်မာလာစေသော်လည်း ထောက်ခံမှုလျော့လာခြင်းဖြစ်သည်။ အချိန်ကြာမြင့်စွာကပင် အမေရိကန်၏ အစဉ်အလာတစ်ခုဖြစ်ပြီး လူတော်လူကောင်းများစွာ ရရှိခဲ့ရာ ရင်းမြစ်ဖြစ်သော လူဝင်မှုကြီးကြပ်ရေးကိစ္စမှာလည်း အငြင်းပွားစရာ အလွန်များပြားနေပြီဖြစ်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ရန် အလားအလာအလွန်နည်းပါးသည်။

Wednesday, 2 December 2015

ပြီးခဲ့သည့် နှစ်ကုန်ပိုင်း Air Asia လေယာဉ်ပျက်ကျမှု အစီရင်ခံစာကို အင်ဒိုအာဏာပိုင်များ ထုတ်ပြန်

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဂျာဗားပင်လယ်တွင် Air Asia လေယာဉ် ပျက်ကျခဲ့မှုတွင် လေယာဉ်အစိတ်အပိုင်းတစ်ခု လုပ်ငန်းဆောင်ရွက်ပုံ ချွတ်ချော်မှားယွင်းခြင်းက အဓိကအကြောင်းရင်း ဖြစ်နိုင်ကြောင်း ပညာရှင်များက ကြေညာလိုက်သည်။
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာတွင် Air Asia လေကြောင်းလိုင်းမှ Airbus A320-200 လေယာဉ်သည် ပင်လယ်ထဲ ပျက်ကျသွားခဲ့ရာ လိုက်ပါသွားသူ ၁၆၂ ဦးစလုံး သေဆုံးခဲ့သည်။
လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ အင်ဒိုနီးရှား အာဏာပိုင်များက ပထမဆုံးအကြိမ်အဖြစ် အသေးစိတ် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ရာ လေယာဉ်မှူးများသည် လေယာဉ်၏ အစိတ်အပိုင်းတစ်ခု လုပ်ဆောင်မှု ချွတ်ယွင်းနေသည်ကို တုံ့ပြန်ရန် ကြိုးစားခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ လေယာဉ်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယာမှ စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် စတင်ထွက်ခွာပြီး မိနစ် ၄၀ အကြာတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
လပေါင်းများစွာ အချိန်ယူ စုံစမ်းမှုများ ပြုလုပ်ပြီးနောက် လေယာဉ်ပျက်ကျရမှုနှင့် ပတ်သက်သည့် အဓိက အကြောင်းရင်းကို ခြေရာခံ ဖော်ထုတ်လာနိုင်ခြင်း ဖြစ်သည်။ လေယာဉ်နောက်မြီးရှိ ပဲ့ထိန်းစနစ်တွင် အက်ကွဲမှုများ ဖြစ်ပေါ်နေကြောင်း လေယာဉ်မှူးထံ အချက်ပြ အကြောင်းကြားမှု လေးကြိမ်ထိ ပေးပို့ရောက်ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

Saturday, 3 October 2015

မသေဆေး ရှာဖွေ တွေ့ရှိခဲ့ဟု ရုရှား သိပ္ပံပညာရှင် တစ်ဦး ပြောကြား

ရုရှားနိုင်ငံမှ သိပ္ပံပညာရှင်ကြီး တစ်ဦးသည် ထာဝရ အသက်ရှင်မှုကို ပေးအပ်နိုင်သည့် နှစ်သန်းပေါင်း ၃ ဒသမ ၅ သန်းရှိ ဗက်တီးရီးယား တစ်မျိုးကို ၎င်း၏ ကိုယ်ခန္ဓာအတွင်းသို့ ထိုးသွင်းခဲ့ပြီးနောက် ယခင်ကထက် ပိုမို သန်စွမ်းလာ သည့်အပြင် ဖျားနာခြင်းလည်း မရှိကြောင်း ပြောကြားထားသည်။ Bacillus F အမည်ရှိ အဆိုပါ ဗက်တီးရီးယားပိုးကို ခန္ဓာကိုယ်အတွင်း သို့ ထိုးသွင်းခဲ့သော သိပ္ပံပညာရှင်ကြီးဖြစ်သူ အန်နာတိုလီဘရောက်ခ်ျကော့ဗ်သည် ၎င်းပိုးကို ၂ဝဝ၉ ခုနှစ်အတွင်းက ဆိုက်ဘေးရီးယား ဒေသအတွင်းရှိ အကြီးဆုံး ပြည်နယ်ဖြစ်သော ဆာခါ ပြည်နယ်မှ ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Sunday, 27 September 2015

ရည်းစားနှင့် အဆက်မဖြတ်သည့် မြေးမကို အိန္ဒိယအဘိုးက လည်လှီး

ပထမဆုံး ဖမ်းဆီးသူသည် နတ်ကွန်းဗုံးခွဲသည့် အဓိက တရားခံဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ကြေညာ



ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုနှင့် ပတ်သက်၍ ပထမဆုံး ဖမ်းဆီးခဲ့သည့် သံသယတရားခံသည် ပြစ်မှု ကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန် သွားခဲ့သည်။

ပြီးခဲ့သည့်လက ဘန်ကောက်ရှိ လူစည်ကားရာ ဟိန္ဒူနတ်ကွန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၀ သေဆုံးပြီး ရာနှင့်ချီ ထိခိုက် ဒဏ်ရာရခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ အမှုနှင့် စပ်လျဉ်း၍ မသင်္ကာသူ နိုင်ငံခြားသား အချို့ကို ထိန်းသိမ်း စစ်ဆေးနေပြီးနောက် တစ်ဦးက အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်ဟု စက်တင်ဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။

Saturday, 12 September 2015

မက္ကာရှိဗလီကြီးမှာကရိန်းပြိုကျလို့ လူအများအပြားသေ

မက္ကာရှိ ဗလီကြီးမှာ ကရိန်းကြီးပြိုကျလို့လူ ၈၇ယောက်သေဆုံး တယ်လို့ ဆော်ဒီ အာရေဗျ လုံခြုံရေး အရာရှိတွေကပြောပါတယ်။ မွတ်ဆလင် သန်းနဲ့ချီလာရောက်မယ့် အခုလကုန် ဟာဂ်ျရာသီမစမီ ခုလို မတော်တဆမှုဖြစ်ပွားတာဖြစ်ပါတယ်။

Sunday, 1 February 2015

လူကုန်ကူးမှုတိုက်ဖျက်ရန် ထိုင်းအရပ်သားလက်နက်ကိုင်အဖွဲ့ ဖွဲ့စည်း




ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့မှာ လူကုန်ကူးမှု တိုက်ဖျက် ရေးလုပ်ငန်းတွေအတွက် ကိုင်တွယ်ဖြေရှင်းဖို့ လက်နက်ကိုင် လုပ်အားပေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီလို့ အမေရိကန်အခြေစိုက် Trafficking in Person TIP အဖွဲ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

အာရှရဲ့ အစည်ကားဆုံး လူကုန်ကူးမှုလမ်းကြောင်းတွေထဲက တခုအပါ အ၀င်ဖြစ်တဲ့ တောင်ပိုင်းမှာ အစိုးရက ကင်းလှည့်ဖို့ အားထုတ်မှုတွေကို စိတ်ပျက်နေတဲ့ အရပ်သားတွေက ကိုယ်တိုင် လှုပ်ရှားနေတာလို့ အစီရင်ခံစာက ဖော်ပြပါတယ်။လူကုန်ကူးမှုပြဿ နာကို ဖြေရှင်းဖို့ ရွာသား အယောက် ၁၀၀ လောက် ပါတဲ့ အုပ်စုက တောင်ပိုင်းခရိုင်မှာ ကင်းလှည့်နေရပါတယ်။
လူသားချင်းစာနာမှု စိုးရိမ်ချက်တွေနဲ့ လုပ်နေတာ ဖြစ်ပေမယ့် လက်နက်ကိုင် လူမှောင်ခိုတွေနဲ့ ဆင်းရဲတဲ့ ဒုက္ခသည်တွေကြောင့် ရာဇဝတ်မှုတွေ တိုးလာပြီး ဒေသတွင်း ခရီးသွားလုပ်ငန်း ထိခိုက်မှာကို စိုးရိမ်နေတယ်လို့ သူတို့က ပြောပါတယ်။
ထိုင်းအာဏာသိမ်းအစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေး နှိမ်နင်းဖို့ ကတိပေး ထားပေမယ့် လုပ်အားပေးတွေကတော့ ဒေသတွင်း တရားမဝင် ရွှေ့ပြောင်းနေ ထိုင်သူတွေ ပိုတိုးလာနေတယ်လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံတွင် ဆီးနှင်းများကျနေသည့်ကြားမှ ကြီးမားသောမီးလောင်မှုဖြစ်ပွား





မီးသတ်သမား၂၇၀ကျော်မှာ ဘရုပ်ကလင်း ကုန်လှောင်ရုံကြီး မီးအကြီးမားဆုံး မီးလောင်နေ သည့်ကြား အပြင်းအထန် ကြိုးစားငြိမ်းသတ်နေကြပါတယ်၊

နယူရော့ မြို့ တော်နဲ့  မြစ်ကမ်းတဖက်စီခြားနေတဲ့ ၀ီလရင်ဘတ် မြို့ ရဲ့  ကန့် ရိတ်သာ ၁၁လမ်းမှာ ရှိ တဲ့ လမ်းမှာရှိတဲ့ ကုန်သိုလှောင်ရုံကြီးမှာ ဆက် တိုက်လောင်ခဲ့တဲ့ မီးကိုငြိမ်းသတ်ဘို့ သွားကြတဲ့ မီးသတ်သမားတွေငြိမ်းသတ်ဖို့ အသွား မှာ အဆောက်အဦးတွေကို ခက်ခဲစွာဖြတ်နေရ တာကြောင့် ယခုလို မီးအရှိန်ပိုကြီးမားသွားခဲ့ခြင်း ဖြစ်ပါတယ်။

ဘရာဇီးတွင် နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုဒဏ် ရင်ဆိုင်နေရ






ဘရာဇီးနိုင်ငံရဲ့ နေရာအတော်များများမှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုဒဏ် ရင်ဆိုင်နေကြရပါတယ်။

မိုးခေါင်မှုကြောင့် ရီယိုဒီ ဂျနေရိုပြည်နယ်က လယ်သမားတွေဟာ သူတို့ရဲ့ ကောက်ပဲသီးနှံတွေ၊ လယ်ယာသုံး တိရစ္ဆာန်တွေနဲ့ ကုန်ထုတ်လုပ်မှုတွေ အကြီးအကျယ် ဆုံးရှုံးနေကြပါတယ်။

ပြည်နယ်ကို ဖြတ်စီးနေတဲ့ မြစ်ဟာလည်း ပျမ်းမျှထက် ၁.၂ မီတာ မြစ်ရေ မျက်နှာပြင် ပိုနိမ့်ခဲ့လို့ နှစ် ၆၀ အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ တိရစ္ဆာန်တွေရောဈ ကောက်ပဲသီးနှံတွေ သေဆုံးနေပြီး စိုက်ပျိုးမွေးမြူရေးနဲ့ ထုတ်လုပ်ရေးပါ ထိခိုက်ခဲ့ပါတယ်။

အနာဂတ် ခရီးသည်တင် လေယာဉ်များတွင် မိနစ်အလိုက် အချက်ပြလှိုင်း ထုတ်လွှင့်သည့်စနစ် တပ်ဆင်ရန် ရည်ရွယ်


အနာဂတ်ကာလ၌ ခရီးသည်တင် လေယာဉ်များတွင် မိနစ်အလိုက် အချက်ပြ လှိုင်းများ ထုတ်လွှင့်ပေးနေသည့် စနစ်မျိုး တပ်ဆင်သွားဖွယ် ရှိနေကြောင်း သိရှိရသည်။
တစ်ကမ္ဘာလုံးတွင် ဖြန့်ကျက် ပျံသန်းနေသည့် ခရီးသည်တင် လေယာဉ်များတွင် မိနစ်ပိုင်းမျှ သတ်မှတ်အချိန်တစ်ခု ကုန်ဆုံးသွားတိုင်း အချက်ပြလှိုင်းများ ထုတ် လွှင့်သော စနစ်မျိုးကို တပ်ဆင်လိုက်ခြင်းဖြင့် လေယာဉ်ပျက်ကျချိန်၌ ကယ် ဆယ်ရေးများက ပိုမိုလျင်မြန် လွယ်ကူစွာ ရှာဖွေနိုင်မည် ဖြစ်သည်။ အဆိုပါ စံနှုန်းသတ်မှတ်ချက် စည်းမျဉ်းသစ်ကို ယခုနှစ်ကုန်ပိုင်းခန့်တွင် အတည်ပြု ကျင့်သုံးနိုင်ရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီ တစ်ခုဖြစ်သည့် နိုင်ငံတကာ အရပ်ဘက်လေကြောင်း အဖွဲ့ကြီး (ICAO)က ပြောကြားခဲ့သည်။

ဘိုကိုဟာရမ်အဖွဲ့ကို နှိမ်နင်းရန် အင်အား ၇၅၀၀ ပါ တပ်ဖွဲ့ကြီး ဖွဲ့စည်းမည်




ဘိုကိုဟာရမ်သူပုန်အဖွဲ့တွေကို နှိမ်နင်းရေးအတွက် နိုင်ငံပေါင်းစုံက ပူးပေါင် လုပ်ဆောင်ဖို့ အာဖရိကသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ကြိုဆိုထောက် ခံလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော် အဒစ် အဘာဘာမြို့ မနေ့က အခုလို ပြောကြားလိုက်တာပါ။

အာဖရိကသမဂ္ဂ (အေယူ) ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီက နိုင်ဂျီးရီးယား သူပုန်တွေကို နှိမ်နင်းတိုက် ခိုက်ဖို့အတွက် တပ်ဖွဲ့ဝင်ဦးရေ ၇၅၀၀ ပါတဲ့ ဒေသ တွင်း တပ်ကို ဖွဲ့စည်းဖို့ ဇန်န၀ါရီ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။

လောလောဆယ် နိုင်ဂျီးရီးယားနဲ့ အိမ်နီးချင်းလေးနိုင်ငံ ဖြစ်တဲ့ ဘီနင်း၊ ကင်မရွန်း ချဒ်နဲ့ နိုက်ဂျာနိုင်ငံတို့က နိုင်ငံတကာ တပ်ထဲမှာ ပါဝင်ဖို့ တပ်ဖွဲ့တွေကို စေလွှတ်ရေး ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။

တရုတ်နှင့် ဆက်ဆံရေးတင်းမာနေ၍ ဂျပန်က မြန်မာလုပ်သား နှစ်ဆကျော်ခေါ်ယူ


ဂျပန်နိုင်ငံသည် တရုတ် နှင့်ဆက်ဆံရေး တင်းမာခဲ့ပြီး နောက် တရုတ် လုပ်သား အင်အား လျှော့ချခဲ့ပြီး မြန်မာလုပ်သားခေါ် ယူမှုမှာ ယခင်နှစ်ကထက် နှစ် ဆကျော် တိုးမြင့်လာသည်ဟု မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)မှ ဘဏ္ဍာ ရေးတာဝန်ခံဦးပီတာညွန့်မောင် က ပြောသည်။

ယခင်က လစဉ်လုပ်သား ၂၀ ဦးခန့် စေလွှတ်နေရာမှ ယခု နောက်ပိုင်းတွင် ၅၀ ကျော်အထိ စေလွှတ်ရမှုများ ရှိနေသည်ဟု ဂျပန်နိုင်ငံသို့ သီးသန့်လုပ်သား စေလွှတ်သည့် အေဂျင်စီများထံမှ သိရသည်။

‘‘ခေါ်ယူတာက သိသိသာ သာကို တက်လာတာပါ။ ထပ်ပြီး တော့လည်း လမ်းပန်း ဆက်သွယ် ရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေ အတွက် တိုးမြှင့်ခေါ်ယူမယ့် အ ခြေအနေရှိတယ်’’ ဟု ဦးပီတာ ညွန့်မောင်က ပြောသည်။

ဂျပန်နိုင်ငံသည် လာမည့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပ ရမည်ဖြစ် ယင်းပွဲကျင်းပနိုင်ရေး အားကစား ကွင်းနှင့် အဆောက်အအုံများ အ ချိန်မီ တည်ဆောက်ပြီးစီးနိုင်ရန် ဆောက်လုပ်ရေး လုပ်သားအင်အား လို အပ် ချက်မြင့်နေကြောင်း သတင်းရရှိသည်။

သခင်၏အသက်ကို ကယ်တင်ခဲ့ကြသည့် ခွေးကလေးများ






တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ရှန်းယန်မြို့မှာ ဆီးချိုရောဂါရှင် အမျိုးသား တဦးဟာ သူအလုပ်လုပ်ရာ စက်ရုံဝင်ပေါက်မှာ မေ့လဲနေတုန်း သူမွေးထားတဲ့ ဒါဇင်နဲ့ချီတဲ့ ခွေးတွေက သူ့အသက်ကို ကယ်ခဲ့ပါတယ်။

ည ၁၀ နာရီလောက်က မေ့လဲခဲ့တာဖြစ်ပြီး အပြင်မှာ အပူချိန်က ရေခဲမှတ်အောက် အနုတ် ၁၀ ဒီဂရီအောက် လျော့နည်းတဲ့အထိ အေးခဲနေခဲ့တာပါ။
မနက် ၆နာရီလောက်မှာ သတိပြန်ရလာတော့ ပထမဆုံးမြင်တာ သူ့ခွေးတွေလို့ လောင်ယန်ကျီးက ပြောပါတယ်။

သူ့ရဲ့လက်တွေကတော့ နှင်းကိုက်မှုကြောင့် မည်းနက်နေပြီး ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ လောင်က ပြောပါတယ်။ သူ့ကို ဆေးရုံတင်ပို့ခဲ့ပြီး ဆရာဝန်တွေ က ဆေးကုပေးခဲ့ရတာပါ။

Thursday, 29 January 2015

* အချိန်ပိုင်း သံအမတ် အဖြစ် တစ်နှစ် အတွင်း ၀င်ငွေ ပေါင် ၂ သန်း ကျော် ထိ ရရှိခဲ့သည့် မန်ချက်စတာယူနိုက်တက် နည်းပြဟောင်းကြီး ဖာဂူဆန် *



မန်ချက်စတာ ယူနိုက်တက် အသင်း ဧ။် ဂန္တ၀င် နည်းပြဟောင်းကြီးဆာ အဲလက်စ်ဖာဂူဆန် သည် ယူနိုက်တက် နည်းပြ အဖြစ်မှ အနားယူပြီးကတည်းက အသင်းဧ။် ကမ္ဘာ့ သံတမန် အဖြစ် အချိန်ပိုင်း တာဝန် ထမ်းဆောင်ခဲ့ရာ တစ်နှစ် အတွင်း ၀င်ငွေ ပေါင် ၂ သန်းကျော်ထိ ရှိခဲ့ကြောင်း သိရသည်။ ယူနိုက်တက် နည်းပြဟောင်းကြီး သည် အိုးထရက်ဖို့ ဒ် ကွင်းတွင် နှစ်ပေါင် ၂၆ နစ် ကျော် တာဝန် ယူထမ်းဆောင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၂ ဘောလုံးရာသီ အပြီးတွင် အနားယူခဲ့ပြီး အသင်း ဧ။် အချိန်ပိုင်း သံတမန် မဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။
နည်းပြ အဖြစ်မှ အနားယူပြီးကတည်းက ၂၀၁၃ အောက်တိုဘာ လတွင် ယူနိုက်တက် ဧ။် အချိန်ပိုင်း သံတမန် အဖြစ် စတင်တာဝန် ယူကတည်းက ပြီးခဲ့သည့် ဇွန်လ အထိ နည်းပြဟောင်းကြီး ဧ။် တစ်နှစ်တာ အချိန်ပိုင်း ၀င်
ငွေမှာ ပေါင် ၂၁၆၅၀၀၀ ထိ ၀င်ငွေ ရှိခဲ့သည်။ ဆာအဲလ်က်စ် ဖာဂူဆန် ဧ။် အချိန်ပိုင်း တစ်နေ့ တာ ၀င်ငွေမှာ ပေါင် ၁ သိန်း ထိ ရှိကြောင်း သိရသည်။

Monday, 29 December 2014

ဂျော်ဂျီယာ လွှတ်တော် အစည်းအဝေးတွင် အတိုက်အခံ ပါတီနှစ်ခုမှ လွှတ်တော် အမတ်များကြား တိုက်ခိုက်မှု ဖြစ်ပွား


ဂျော်ဂျီယာ ပါလီမန် လွှတ်တော်၌ ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေး တစ်ခုတွင် အာဏာရ ပါတီနှင့် အတိုက်အခံ ပါတီမှ လွှတ်တော် အမတ်များကြား ငြင်းခုံ တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အတိုက်အခံ ပါတီနှစ်ခုကြား ရန်ပွဲသည် ဥရောပ ကောင်စီ၏ ပါလီမန် အစည်းအဝေးသို့ စေလွှတ်မည့် ဂျော်ဂျီယာ ကိုယ်စားလှယ် အဖွဲ့နှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၆ ရက်တွင် လွှတ်တော်အမတ်များ ဆွေးနွေး တိုင်ပင်ခဲ့ရာမှ အစပျိုးခဲ့ခြင်း ဖြစ်သည်။

Sunday, 26 October 2014

အီဘိုလာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ၁၀၀၀၀ ကျော်ဖြစ်ပြီး သေဆုံးမှု ၅၀ ရာခိုင်နှုန်းရှိ

အီဘိုလာဗိုင်းရပ်စ် ဖြစ်ပွားသော နိုင်ငံ ရှစ်နိုင်ငံတွင် ကူးစက်ခံရသူ ၁၀၁၄၁ ဦးရှိ သည့်အနက် ၄၉၂၂ ဦး သေဆုံးခဲ့ကြောင်း အောက်တိုဘာ ၂၃ ရက်က ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ဖော်ပြောကြား ခဲ့သည်။ အနောက်အာဖရိကတွင် ဗိုင်းရပ်စ် ကူးစက်မှုအဖြစ်ပွားဆုံးနိုင်ငံသုံးနိုင်ငံမှာ ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီရာလီယွန်နိုင်ငံတို့ ဖြစ်ကြသည်။

Friday, 10 October 2014

ကိုဘာနီမြို့မှာ Kurdish တွေ ပြန်လည်အသာစီးရ

ဆီးရီးယားနိုင်ငံ ​ကိုဘာနီမြို့ ​နေရာတချို့ကို ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေ ​သိမ်းပိုက်နိုင်ခဲ့ပေမယ့် ​အခုအခါမှာ ​အမေရိကန် ​ဦးဆောင်တဲ့ ​ဝေဟင်တိုက်ခိုက်မှုနဲ့ ​Kurdish ​အဖွဲ့ရဲ့ ​ထိုးစစ်ဆင်မှုတွေကြောင့် ​IS ​အဖွဲ့တွေ ​ရှုံးနိမ့်နေတဲ့ ​အခြေအနေ ​ရောက်ရှိနေပါတယ်။

ကိုဘာနီမြို့ရဲ့ ​သုံးပုံ ​တစ်ပုံကို ​IS ​တပ်ဖွဲ့က ​သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်ခဲ့ပေမယ့် ​အခုအခါမှာ ​Kurdish ​တပ်ဖွဲ့က ​သူတို့ ​အဲ ​ဒီ ​နေရာ ​တွေကို ​ပြန်လည် ​ရရှိ ​ထားပြီလို့ ​ပြောပါတယ်။

ညတုန်းကတော့ ​အမေရိကန် ​ဦးဆောင်တဲ့ ​တပ်တွေက ​Kurdish ​တပ်တွေအတွက် ​ဝေဟင်ကနေ ​တိုက်ခိုက်မှုတွေ ​တိုးမြှင့် ​လုပ်ဆောင်ပေးခဲ့ပါတယ်။

အခုလောလောဆယ် ​IS ​တပ်ဖွဲ့က ​ကိုဘာနီမြို့ရဲ့ ​အရှေ့နဲ့ ​အရှေ့တောင်ပိုင်းက ​နေရာတချို့ကို ​သိမ်းပိုက်ထားတယ်လို့လည်း ​သိရပါတယ်။

Tuesday, 9 September 2014

ရုရှ သမ္မတ ပူတင်ကို အတ္တကြီးသူဟု ဒလိုင်းလားမား ဝေဖန်

Dailama to Putin
တိဘက်ဒေသ၏ ပြည်ပရောက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားက လက်ရှိ ရုရှ သမ္မတ ပူတင်မှာ အတ္တကြီးသူ ဖြစ်သည်ဟု စက်တင် ဘာ ၇ ရက်က ဂျာမန် သတင်းစာ တစ်စောင်၏ အင်တာဗျူးတစ်ခုတွင် ဝေဖန်ခဲ့ပြီး ပူတင်သည် ဘာလင်တံတိုင်းကို ပြန်တည်ဆောက်လိုပုံ ရသည် ဟု ထင်ရကြောင်း ပြောကြားလိုက်သည်ဟု စက်တင်ဘာ ၈ရက်က အေအက်ဖ်ပီ သတင်တစ်ရပ်တွင် ဖော်ပြထားသည်။“သူရဲ့ ရပ်တည်ချက် ပုံစံက ငါမှငါ ဆိုတာပါပဲ ” ဟု တစ်ကျော့ပြန် သမ္မတ တာဝန်ထမ်းဆောင်နေသော ပူတင်ကို ဘုန်းတော်ကြီး ဒလိုင်း လားမားက ထောက်ပြခဲ့သည်။

Sunday, 15 December 2013

ဇနီးဖြစ်သူကို ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံလို့ ထောင်ကျသွားသူအမျိုးသား

စင်ကာပူ အမျိုးသား တဦးကို အရွယ်မရောက်သေးသူကို ကွန်ဒုံမပါဘဲ လိင်ဆက်ဆံမှု ပြုခဲ့တာကို ပြစ်မှု ထင်ရှားရှိလို့ မနေ့က ထောင်သွင်း အကျဉ်းချ ပြစ်ဒဏ်ပေးလိုက်ပါတယ်။

ခရိုင်တရားသူကြိး မက်သရူး ဂျိုးဆက်ပြောတာကတော့ ဒီ အခင်းဖြစ်မှုဟာ သာမန် သမရိုးကျမဟုတ်ပဲ ထူးဆန်း တယ်လို့ ပြောတာကို စင်ကာပူ အခြေစိုက်
The Straits Times သတင်းတပုဒ်က ဖော်ပြပါတယ်။