၁၃.၉.၂၀၁၃
ရက်နေ့ ၁၃၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်နေ ဒေါ်မီမီခိုင်သည်နေအိမ်၌
ရှိနေစဉ် ယခင်က ခင်မင်ရင်းနှီးသူ မောင်မောင်မြင့် (ဘ)ဦးထွန်းကြည်၊
(ဈ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေ
သူရောက်ရှိလာသဖြင့်
ဝေဘာဂီမြို့သစ်၊ (၅)ရပ်ကွက်၊ မဂ္ဂင်လမ်းရှိ မြေကွက်အား မြက်များရှင်းလင်း
ခိုင်း ခဲ့ ပြီးနောက် သွားရောက်ကြည့်ရှုစဉ် မောင်မောင်မြင့်မှ
ခါးကြားတွင်အသင့်ပါလာသော ဓါးဖြင့် ဒေါ်မီမီခိုင် အား ထောက်ပြီး
လည်ပင်းတွင်ဝတ်ဆင်ထားသော အလေးချိန်(၃)ကျပ်သား ခန့်ရှိရွှေ ဆွဲကြိုး (၁)ကုံး၊
တန် ဘိုးငွေ ကျပ်(၂၁)သိန်းအား ခြိမ်းခြောက်လုယူသွားသဖြင့်
အရေးယူပေးရန်တိုင်တန်းခဲ့၍ ဝေဘာဂီ နယ်မြေရဲစခန်း (ပ)၂၅၇/၂၀၁၃၊ ပုဒ်မ ၃၈၄
ဖြင့်အမှုဖွင့် အရေးယူကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
ဝေဘာဂီနယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် အဆိုပါအမှုမှ ပြစ်မှုကျူးလွန်သူ မောင်မောင်မြင့်အား ဖမ်း
ဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ
မန္တလေးမြို့သို့ထွက်ပြေးတိမ်းရှောင်သွားကြောင်း စုံစမ်းရရှိ သဖြင့်
၁၄.၉.၂၀၁၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ဘူတာမှစောင့်ဆိုင်း၍
မီးရထား ရဲ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း ရှာဖွေကာဖမ်းဆီးခဲ့ပြီး
သက်သေခံပစ္စည်းရွှေဆွဲကြိုးအား ပြန်လည်သိမ်း ဆ ည်းနိုင် ခဲ့ ပါသည်။
ပြစ်မှုကျူးလွန်စဉ်က
အသုံးပြုခဲ့သည့် အရိုးအသွား(၁၁)လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်းအား
မဂ္ဂင်လမ်း ထိပ်ရှိ ရေမြောင်းအတွင်း၌ လွှင့်ပစ်ထားခဲ့ကြောင်းသိရှိရသဖြင့်
ရှာဖွေသိမ်းဆည်းခဲ့ပြီး ၎င်းအား ဝေဘာဂီ
နယ်မြေရဲစခန်း(ပ)၂၅၉/၂၀၁၃၊လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်
ထပ်မံအရေးယူထားရှိကြောင်း သတင်းရရှိ ပါသည်။
Yangon Police
No comments:
Post a Comment