Wednesday 18 September 2013

လယ်ယာမြေ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာပါ မြေယာကိစ္စများအား တစ်နှစ်အတွင်း ပြီးစီးအောင် ဖြေရှင်းမည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ရယူကာ လုပ်ကိုင်ခြင်းမရှိသည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ်များကို အရေးယူနိုင်ရန် ဆွေးနွေးမည်


Photo: လယ်ယာမြေ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာပါ မြေယာကိစ္စများအား တစ်နှစ် အတွင်း ပြီးစီးအောင် ဖြေရှင်းမည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ရယူကာ လုပ် ကိုင်ခြင်းမရှိသည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ်များကို အရေးယူနိုင်ရန်
ဆွေးနွေး မည်
Wednesday, September 18, 2013

လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာပါ မြေယာကိစ္စများအား တစ်နှစ်အတွင်း ပြီးစီးအောင် ဖြေရှင်းနိုင်ရန်အတွက် စက်တင်ဘာ ၁၇ ရက်တွင် နေပြည်တော်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဝန်ကြီး ဌာနတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံ
ရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရန်အတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပေါ် နည်းဥပဒေ၊ ဥပဒေများနှင့်အညီ မြေယာကိစ္စရပ်များအား တစ်နှစ်အတွင်း ပြီးစီးအောင် ဖြေရှင်းပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စု
ဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုပ်ပိုင်ခွင့် ရယူထားပြီး လုပ် ကိုင်ခြင်း မရှိသည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ်များကိုလည်း အရေးယူ ဆောင်ရွက်နိုင် ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားထားမှုများ အပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဦးမြင့်လှိုင်က "လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မရှင် အစီရင်ခံစာမှာပါတဲ့ တပ်မတော်နှင့် သက်ဆိုင်တဲ့ တင်ပြတိုင်ကြားစာ ၅၆၅ စောင်၊ မြို့ပြတိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်းနဲ့ စက်မှုဇုန် တည်ဆောက်ရေးအတွက် သိမ်းဆည်းထားတဲ့ တင်ပြစာ ၆၃ စောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် ပုဂ္ဂလိကကို ချပေးရာမှာ တောင်သူတွေ လုပ်ကိုင်နေတဲ့ လယ်မြေတွေ ပါသွားတာတွေ ရှိပါတယ်။ နောက်ပြီးတော့ နိုင်ငံတော်စီမံကိန်းဖြစ်တဲ့ ရထားလမ်း၊ ကားလမ်း၊ လေယာဉ်ကွင်း တိုးချဲ့ခြင်း၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ တည်ဆောက်ရန် သိမ်းထားတဲ့အတွက် တိုင်ကြားစာပေါင်း ၁၁၇ စောင် ရှိပါတယ်။ ယခင်အစိုးရ အဆက်ဆက်မှာ ဖြစ်ပေါ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှု အမှုတွဲပေါင်းက ၇၄၅ ခု ရှိပါတယ်။ ဒါတွေကို တိုင်းဒေသကြီး၊ ပြည်နယ်
အသီးသီးမှာရှိတဲ့ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့နဲ့ အစိုးရအဖွဲ့များ အနေနဲ့ ဆုံးဖြတ်ဖြေရှင်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်" ဟု ဦးမြင့်လှိုင်က
ပြောကြားသည်။

လွှတ်တော်စုံစမ်းရေး အစီရင်ခံစာတွင် တော်လှန်ရေးကောင်စီ လက်ထက်မှ ဖြစ်စဉ်များ အပါအ၀င် ယခင်အစိုးရ အဆက်ဆက်က ဖြစ်စဉ်
များ ပါဝင်နေကြောင်း၊ တပ်မတော် အဖွဲ့အစည်း အပါအ၀င် ၀န်ကြီးဌာန အသီးသီး၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင် ကုမ္ပဏီများ ပါဝင်နေကြောင်း၊ ယင်းသို့ ဆက်စပ်ပါဝင် နေသူများအား ဖြစ်စဉ်အမှန် ပေါ်ပေါက်ရန်အတွက် အထောက်အထား ခိုင်မာစွာဖြင့် တည်ဆောက်လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြား
ခဲ့သည်။

ထို့အပြင် နိုင်ငံတစ်ဝန်းလုံးတွင် မြေလွတ်မြေလပ်မြေရိုင်းများအား လုပ်ပိုင်ခွင့် ရရှိထားသူများ ရှိကြောင်း၊ လုပ်ပိုင်ခွင့် ရယူထားပြီး ဥပဒေနှင့်အညီ အမှန်တကယ် လုပ်ကိုင်ခြင်း မရှိသည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ်များကို အရေးယူနိုင်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း ဦးမြင့်လှိုင်၏ ပြောကြားချက်အရ သိရသည်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာတွင် တပ်မတော်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးတွင် တင်ပြတိုင်ကြားစာ ၁၅၆ စောင်၊ မွန်ပြည်နယ်တွင် ၁၄၄ ခု၊ ရှမ်းပြည်နယ်တွင် ၅၇ ခု၊ ပဲခူးတိုင်းဒေသကြီးတွင် ၅၅ ခု၊ ရခိုင်ပြည်နယ်တွင် ၃၈ ခု၊ မကွေးတိုင်းဒေသကြီးတွင် ၃၂ ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၆ ခု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၅ ခု၊ ကရင်ပြည်နယ်တွင် ၁၄ ခု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၁၃ ခု၊ တနင်္သာရီတိုင်း ဒေသကြီးတွင် သုံးခု၊ ကချင်ပြည်နယ်တွင် တစ်ခု၊ ကယားပြည်နယ်တွင် တစ်ခုရှိကြောင်း သိရသည်။

Eleven Media Group 
လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာပါ မြေယာကိစ္စများအား တစ်နှစ်အတွင်း ပြီးစီးအောင် ဖြေ ရှင်းနိုင်ရန် အတွက် စက်တင်ဘာ ၁၇ ရက်တွင် နေပြည်တော်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရန်အတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပေါ် နည်းဥပဒေ၊ ဥပဒေများနှင့်အညီ မြေယာ ကိစ္စရပ်များအား တစ်နှစ်အတွင်း ပြီးစီးအောင် ဖြေရှင်းပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် က ပြောကြားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုပ်ပိုင်ခွင့် ရယူထားပြီး လုပ်ကိုင်ခြင်းမရှိသည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ် များကိုလည်း အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားထားမှုများ အပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဦးမြင့်လှိုင်က "လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မရှင် အစီရင်ခံစာမှာပါတဲ့ တပ်မတော်နှင့် သက်ဆိုင်တဲ့ တင်ပြတိုင်ကြားစာ ၅၆၅ စောင်၊ မြို့ပြတိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်းနဲ့ စက်မှုဇုန် တည်ဆောက်ရေးအတွက် သိမ်းဆည်းထားတဲ့ တင်ပြစာ ၆၃ စောင်၊ စိုက် ပျိုးရေး၊ မွေးမြူရေးအတွက် ပုဂ္ဂလိကကို ချပေးရာမှာ တောင်သူတွေ လုပ်ကိုင်နေတဲ့ လယ်မြေတွေ ပါသွားတာတွေ ရှိပါတယ်။ နောက်ပြီးတော့ နိုင်ငံတော်စီမံကိန်းဖြစ်တဲ့ ရထားလမ်း၊ ကားလမ်း၊ လေယာဉ် ကွင်း တိုးချဲ့ခြင်း၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ တည်ဆောက်ရန် သိမ်းထားတဲ့အတွက် တိုင်ကြားစာပေါင်း ၁၁၇ စောင် ရှိပါတယ်။ ယခင်အစိုးရ အဆက်ဆက်မှာ ဖြစ်ပေါ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှု အမှုတွဲပေါင်းက ၇၄၅ ခု ရှိပါတယ်။ ဒါတွေကို တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှာရှိတဲ့ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့နဲ့ အစိုးရအဖွဲ့များ အနေနဲ့ ဆုံးဖြတ်ဖြေရှင်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်" ဟု ဦးမြင့်လှိုင် က ပြောကြားသည်။

လွှတ်တော်စုံစမ်းရေး အစီရင်ခံစာတွင် တော်လှန်ရေးကောင်စီ လက်ထက်မှ ဖြစ်စဉ်များ အပါအ၀င် ယခင် အစိုးရ အဆက်ဆက်က ဖြစ်စဉ်များ ပါဝင်နေကြောင်း၊ တပ်မတော် အဖွဲ့အစည်း အပါအ၀င် ၀န်ကြီးဌာန အသီးသီး၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်ကုမ္ပဏီများ ပါဝင်နေကြောင်း၊ ယင်းသို့ ဆက်စပ် ပါဝင် နေသူ များအား ဖြစ်စဉ်အမှန် ပေါ်ပေါက်ရန်အတွက် အထောက်အထား ခိုင်မာစွာဖြင့် တည်ဆောက် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြား
ခဲ့သည်။

ထို့အပြင် နိုင်ငံတစ်ဝန်းလုံးတွင် မြေလွတ်မြေလပ်မြေရိုင်းများအား လုပ်ပိုင်ခွင့် ရရှိထားသူများ ရှိကြောင်း၊ လုပ်ပိုင်ခွင့် ရယူထားပြီး ဥပဒေနှင့်အညီ အမှန်တကယ် လုပ်ကိုင်ခြင်း မရှိသည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ်များကို အရေးယူနိုင်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း ဦးမြင့်လှိုင်၏ ပြောကြားချက်အရ သိရသည်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာတွင် တပ်မတော်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးတွင် တင်ပြတိုင်ကြားစာ ၁၅၆ စောင်၊ မွန်ပြည်နယ်တွင် ၁၄၄ ခု၊ ရှမ်းပြည်နယ်တွင် ၅၇ ခု၊ ပဲခူးတိုင်းဒေသကြီးတွင် ၅၅ ခု၊ ရခိုင်ပြည်နယ်တွင် ၃၈ ခု၊ မကွေးတိုင်းဒေ သကြီးတွင် ၃၂ ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၆ ခု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၅ ခု၊ ကရင်ပြည်နယ် တွင် ၁၄ ခု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၁၃ ခု၊ တနင်္သာရီတိုင်း ဒေသကြီးတွင် သုံးခု၊ ကချင်ပြည်နယ်တွင် တစ်ခု၊ ကယားပြည်နယ်တွင် တစ်ခုရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment