ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မုန်တိုင်း သတင်းပါ။ မုန်တိုင်းကြောင့်
ရေကြီးနိုင်တယ် ဆိုတာကြောင့် ဒေသခံတွေ သတိထားပေးပါ။ အခုလို
သတိပေးပြောပြပေးတဲ့ ဆရာ့ကို ကျေးဇူး တင်ပါတယ်။
အရှေ့ဖက်က ၀င်လာမယ့် မုန်တိုင်းနဲ့ပတ်သက်လို့
Weather News Update
18-9-2013
10:26 am
ဗီယက်နမ်နိုင်ငံကမ်းလွန်ဒေသမှာ အပူပိုင်းမုန်တိုင်းတစ်လုံးဖြစ်ပေါ်နေပြီး
(၁၉-၉-၂၀၁၃) ရက်နေ့မှာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကမ်းခြေကိုဖြတ်ကျော်
ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီနောက် အနောက်ဖက်ကို
ဆက်ရွေ့သွားပြီး (၂၀-၉-၂၀၁၃)ရက်နေ့မှာ လာအိုနိုင်ငံ နဲ့ ထိုင်းနိုင်ငံ
တို့ကို ဖြတ်ကျော်သွားပြီး တဲ့နောက် မြန်မာနိုင်ငံဖက်ကို ရွေ့လာတဲ့ အခါ
ရေကြီးမှုအန္တရာယ်တွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံအဖို့
ဒီအရှေ့လေပွေလှိုင်းမိုးတွေဟာ အရေးကြီးနိုင်ပါ တယ်။ လောလောဆယ်မှာတော့ စက်တင်ဘာလ (၂၁-၂၃)ရက်အတွင်း မှာ မြန်မာနိုင်ငံအရှေ့တောင် ပိုင်းဒေသတွေဖြစ်တဲ့
ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ မိုးပေးလိမ့်မယ်လို့ ခန့်မှန်းရပါ တယ်။
နောက်ပိုင်းမှာ မြစ်ဝကျွန်းပေါ်ဒေသတောင်ပိုင်းလည်း မိုးပို လာနှိုင်ပါတယ်။
ဒေသခံများ ကြိုတင် သတိထားဖို့ လိုပါလိမ့်မယ်။
ဒေါက်တာထွန်းလွင်
No comments:
Post a Comment