Thursday, 12 September 2013

ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနှစ်ခုစလုံး ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဟုဆို

Photo: ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနှစ်ခုစလုံး ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဟုဆို
Thursday, September 12, 2013

ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနှစ်ခုစလုံးမှာ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော် မတီ မှ သတင်းရရှိသည်။

"ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းက ၈၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ။ ရွှေဂုံတိုင် ခုံးကျော်တံတားကလည်း အဲဒီလောက် ပြီးနေပါပြီ။ ဒီနှစ်ကုန်ပိုင်းမှာ အပြီးသတ် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး ဖြစ်ပွားသည့် လမ်းဆုံများဖြစ်သော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေငါးလမ်းဆုံ မီးပွိုင့်တို့တွင် ခုံးကျော်တံတားများ တည်ဆောက် ရန် စီစဉ်ခဲ့ကြောင်း၊ ထို့နောက် လှည်းတန်းခုံးကျော်တံတားကို စတင်ဆောက်လုပ်ခဲ့ပြီး တာမွေငါးလမ်းဆုံ မီးပွိုင့်မှာမူ ခုံးကျော်တံတား ဆောက်လုပ် ရန် မလိုအပ်ခြင်းကြောင့် မဆောက်လုပ်ဖြစ်ခဲ့တော့ကြောင်း ထုတ်ပြန်ခဲ့သည်။

လှည်းတန်းခုံးကျော်တံတားအား ယခုနှစ် ဧပြီ ၁၀ ရက်တွင် စတင်အသုံးပြုခွင့်
ပေးခဲ့ကြောင်း သိရသည်။

လှည်းတန်းခုံးကျော်တံတား ဆောက်ပြီးသော်လည်း ယင်းအနီးတစ်ဝိုက်သာ ယာဉ်ကြောပိတ်ဆို့မှု ပြေလည်ပြီး တံတားအဆင်းဖြစ်သော စိုက်ပျိုးရေး
မှတ်တိုင် အနီးမှ စတင်၍ ယာဉ်များပိတ်ဆို့နေကြောင်း သိရသည်။

ယခုရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်များကြောင့်လည်း အနီးပတ်ဝန်းကျင်များတွင် ယာဉ်ကြောပိတ်ဆို့
မှုများ ဆိုးရွားနေပြီး အချိန်များစွာ ကုန်ဆုံးနေရကြောင်း ယာဉ်မောင်းများက ဆိုသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားအား နိုဝင်ဘာလ တတိယပတ်တွင် အပြီး
တည်ဆောက် မည်ဟု တံတားအား တာဝန်ယူ တည်ဆောက်နေသည့် Capital Development Co.Ltd မှ ထုတ်ပြန်ထားပြီး ဘုရင့်နောင် ခုံးကျော်တံတားကိုလည်း ဒီဇင်ဘာလတွင် အပြီးတည်ဆောက် သွားမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

ယခုလက်ရှိ ရွှေဂုံတိုင် ခုံးကျော်တံတားတွင် တံတားသံပေါင်များ တပ်ဆင်ခြင်း
များ ပြုလုပ်နေသောကြောင့် ရွှေဂုံတိုင်လမ်းဆုံအား ကမ္ဘာအေး ဘုရား
လမ်းပေါ်မှ ဖြတ်သန်းသွားလာခြင်းအား ဇီဝိတဒါန သံဃာ့ဆေးရုံရှေ့ထိ ပိတ်ထားပြီး မီးပွိုင့်ဖြတ်သန်းယာဉ်များမှာ ရှောင်ကွင်းလမ်းများဖြစ်သည့်
ရေတာရှည်လမ်း၊ အနောက်ရွှေဂုံတိုင်လမ်းများမှ ဖြတ်သန်းသွားလာ နေ
ရသည်။

Eleven Media Group
ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနှစ်ခုစလုံးမှာ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ သတင်းရရှိသည်။

"ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းက ၈၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ။ ရွှေဂုံတိုင်ခုံးကျော်တံတားက လည်း အဲဒီလောက်ပြီးနေပါပြီ။ ဒီနှစ်ကုန်ပိုင်းမှာ အပြီးသတ်တည်ဆောက်နိုင်မှာဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး ဖြစ်ပွားသည့် လမ်းဆုံများဖြစ်သော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေငါးလမ်းဆုံ မီးပွိုင့်တို့တွင် ခုံးကျော်တံတားများ တည်ဆောက် ရန် စီစဉ်ခဲ့ကြောင်း၊ ထို့နောက် လှည်းတန်းခုံးကျော်တံတားကို စတင်ဆောက်လုပ်ခဲ့ပြီး တာမွေငါးလမ်းဆုံ မီးပွိုင့်မှာမူ ခုံးကျော်တံတား ဆောက်လုပ်ရန် မလို အပ်ခြင်းကြောင့် မဆောက်လုပ်ဖြစ်ခဲ့တော့ကြောင်း ထုတ်ပြန်ခဲ့သည်။

လှည်းတန်းခုံးကျော်တံတားအား ယခုနှစ် ဧပြီ ၁၀ ရက်တွင် စတင် အသုံးပြုခွင့်ပေး ခဲ့ကြောင်း သိရသည်။

လှည်းတန်းခုံးကျော်တံတား ဆောက်ပြီးသော်လည်း ယင်းအနီးတစ်ဝိုက်သာ ယာဉ်ကြောပိတ်ဆို့မှု ပြေ လည်ပြီး တံတား အဆင်းဖြစ်သော စိုက်ပျိုးရေးမှတ်တိုင် အနီးမှစတင်၍ ယာဉ်များပိတ်ဆို့နေကြောင်း သိရသည်။

ယခုရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်များကြောင့်လည်း အနီးပတ်ဝန်းကျင်များတွင် ယာဉ်ကြော ပိတ်ဆို့ မှုများ ဆိုးရွားနေပြီး အချိန်များစွာ ကုန်ဆုံးနေရကြောင်း ယာဉ်မောင်းများက ဆိုသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားအား နိုဝင်ဘာလ တတိယပတ်တွင် အပြီး တည်ဆောက်မည်ဟု တံတားအား တာဝန်ယူတည်ဆောက်နေသည့် Capital Development Co.Ltd မှ ထုတ်ပြန်ထားပြီး ဘုရင့်နောင် ခုံးကျော်တံတားကိုလည်း ဒီဇင်ဘာလတွင် အပြီးတည်ဆောက်သွားမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

ယခုလက်ရှိ ရွှေဂုံတိုင် ခုံးကျော်တံတားတွင် တံတားသံပေါင်များ တပ် ဆင်ခြင်းများ ပြုလုပ်နေသောကြောင့် ရွှေဂုံတိုင်လမ်းဆုံအား ကမ္ဘာအေးဘုရားလမ်းပေါ်မှ ဖြတ်သန်းသွားလာခြင်းအား ဇီဝိတဒါနသံဃာ့ဆေး ရုံရှေ့ထိ ပိတ်ထားပြီး မီးပွိုင့်ဖြတ်သန်းယာဉ်များမှာ ရှောင်ကွင်းလမ်းများဖြစ်သည့် ရေတာရှည်လမ်း၊ အနောက်ရွှေဂုံတိုင်လမ်း များ မှ ဖြတ် သန်းသွားလာ နေရသည်။

Eleven Media Group

No comments:

Post a Comment