ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၅ရက်တွင် ဘန်းယဉ်မြို့နယ်
အတွင်း လှည့်ကင်းတာဝန်ထမ်းဆောင်စဉ် အစိုင်း(ခ) စိုင်းစိုင်း၊ အားစီ(ခ) သက်မြင့်ထွန်းတို့အား ဟိုင်းလတ် ဖိုးဝှီး ခဲရောင်ယာဉ် နှင့် ဗွီဂိုအဖြူရောင်ယာဉ် နှစ်စီး နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြားများ၊ လက်နက် ခဲယမ်းများ သိမ်းဆည်း ရမိခဲ့မှုကို စက်တင် ဘာ ၈ ရက်ထုတ် မြဝတီသတင်းစာတွင် သတင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။
အဆိုပါ တရားခံ နှစ်ဦးတို့အား သက်သေခံ ယာဉ်နှစ်စီး နှင့်အတူ စက်တင်ဘာ ၁ဝရက် နံနက်ပိုင်းက ဆီဆိုင်မြို့မှ တောင်ကြီး မြို့ရှိ နယ်မြေခံ ရဲစခန်းသို့ ပြောင်းရွှေ့ ထိန်းသိမ်း ထားရှိပြီး ယာဉ်/ စက်ပြင် ကျွမ်းကျင်သူများဖြင့် မော်တော် ယာဉ်နှစ်စီးအား အသေးစိတ် စစ်ဆေး ရှာဖွေရာ ဟိုင်းလတ်ဖိုးဝှီး ခဲရောင်ယာဉ်အတွင်း ယာဉ်မောင်း ထိုင်ခုံ၏ အနောက် ဘက်အခန်း ဘယ်/ညာ ဘက်ဆိုဒ် ကာဘာနှင့် ဘော်ဒီ အကြားများနှင့် ဂီယာတံ အဖုံးအောက်မှ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား တစ်ထုတ်လျှင် ၉၈ဝဝပြားပါ အထုပ် ရှစ်ထုပ် စုစုပေါင်း ၇၈၄ဝဝပြား၊ တန်ဖိုးငွေ ၃၁၃၆ သိန်း အား ထိပ်မံ သိမ်းဆည်း ရမိခဲ့ကြောင်း သတင်း ရရှိသည်။
မြ၀တီ
No comments:
Post a Comment