Monday, 12 January 2015

လစာတိုးပေးရင် လာဘ်စားတာ ပျောက်သွားမှာလား

မဇ္ဈိမရဲ့ စာဖတ်သူ ကဏ္ဍကို နေပြည်တော်က ဝန်ကြီးဌာနတစ်ခုမှာ ဝန်ထမ်းတစ်ဦး ဖြစ်တဲ့ ဒေါ်ခင်မိုးလွင် ရဲ့စာရောက်လာပါတယ်။

ပျက်ကျ လေယာဉ် အမြီးပိုင်းမှာ black box မတွေ့

Photo: ပျက်ကျ လေယာဉ် အမြီးပိုင်းမှာ black box မတွေ့
Monday, January 12, 2015  

ပျောက်ဆုံးသွားခဲ့ပြီး ပင်လယ်ပြင်အတွင်းမှာ နစ်မြုပ်နေတဲ့ AirAsia လေကြောင်း ခရီးစဉ် ၈၅၀၁ လေယာဉ်ပျက် ရောက်ရှိ နေတဲ့ နေရာနဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ blackbox ရှိတဲ့ နေရာတွေကို အမှတ်အသား ပြုလုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

Blackbox ဟာ လေယာဉ်ပျက်ရဲ့ အစိတ်အပိုင်းတွေကြားမှာ ညပ်နေတယ်လို့ ယုံကြည်ရပြီး ဆယ်ရခက်နေတယ်လို့ ရေကြောင်းဆိုင်ရာ တာဝန် ရှိသူတွေက ပြောပါတယ်။

လေယာဉ်ရဲ့ နောက်မြီးပိုင်းကို ရေပေါ်ပေါ်စေတဲ့ ကရိယာတွေ အသုံးပြုပြီး စနေနေ့က ဆယ်ယူနိုင်ခဲ့ပေမယ့် အင်ဒိုနီးရှား စုံစမ်းစစ်ဆေးရေး တာဝန် ရှိသူတွေဟာ အဲဒီထဲက ပျံသန်းမှု မှတ်တမ်းတင် ကိရိယာကို ရှာမတွေ့ခဲ့ပါဘူး။ ဒီပစ္စည်းကို ရှာဖွေတွေ့ရှိမှသာ လူပေါင်း ၁၆၂ ဦး စီးနင်း လိုက်ပါသွားတဲ့ လေယာဉ် ဘာကြောင့် ပျက်ကျခဲ့ရတယ်ဆိုတဲ့ အရေးကြီးတဲ့အဖြေကို သိနိုင်မှာဖြစ်ပါတယ်။

ရှာဖွေနေကြသူတွေဟာ ပျက်ကျသွားခဲ့တဲ့ လေယာဉ်ရဲ့ blackbox က အချက်ပေးသံကို သောကြာနေ့မှာ ဖမ်းယူရရှိခဲ့တာပါ။ ဒါပေမယ့် ဒီကိရိယာဟာ လေယာဉ်အမြီးပိုင်းနဲ့ တကွဲတပြားစီဖြစ်သွားပုံရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

AirAsia Flight 8501 က ဆယ်ယူလာတဲ့ လေယာဉ်ပျက်အပိုင်းအစ (ဇန်နဝါရီ ၁၁၊ ၂၀၁၅)
AirAsia Flight 8501 က ဆယ်ယူလာတဲ့ လေယာဉ်ပျက်အပိုင်းအစ (ဇန်နဝါရီ ၁၁၊ ၂၀၁၅)
ပျောက်ဆုံးသွားခဲ့ပြီး ပင်လယ်ပြင်အတွင်းမှာ နစ်မြုပ်နေတဲ့ AirAsia လေကြောင်း ခရီးစဉ် ၈၅၀၁ လေယာဉ်ပျက် ရောက်ရှိ နေတဲ့ နေရာနဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ blackbox ရှိတဲ့ နေရာတွေကို အမှတ်အသား ပြုလုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

ကုလ လူ့အခွင့်အရေးသံ မြန်မာ သတင်းသမားတွေနဲ့ တွေ့ဆုံ

Photo: ကုလ လူ့အခွင့်အရေးသံ မြန်မာ သတင်းသမားတွေနဲ့ တွေ့ဆုံ
Monday, January 12, 2015 

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ ဒီကနေ့ မနက်ပိုင်းမှာ ပြည်တွင်းက ပုဂ္ဂလိက သတင်းမီဒီယာတချို့က တာဝန် ရှိသူတွေနဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ညနေပိုင်းမှာတော့ တိုက် ပွဲတွေ မကြာခန ပြန်ပြန်ဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို သွားရောက်ပြီး အာဏာပိုင်တွေ၊ အရပ်ဖက် အဖွဲ့က ခေါင်းဆောင်အချို့နဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ မနက်ဖြန်မှာတော့ နေပြည်တော်ကို ညပိုင်း
လောက်သွားရောက်မှာဖြစ်တဲ့အကြောင်း UN ရန်ကုန်ရုံးရဲ့ ပြောခွင့်ရှိသူ ကပြောပါတယ်။ အပြည့်အစုံကို သူ့ခရီးစဉ်ကို စောင့်ကြည့်သတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

မစ္စ်ယန်ဟီးလီရဲ့ ငါးရက်မြောက်နေ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြည်တွင်း ပုဂ္ဂလိက မီဒီယာကတာဝန်ရှိသူအချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ညနေပိုင်းမှာတော့ အပစ်ရပ်ထားတဲ့ကြားက တိုက်ပွဲတွေ
ပြန်ဖြစ်နေတဲ့ ရှမ်းပြည် မြောက်ပိုင်းဒေသက လာရှိုးမြို့ကို သွားရောက်ပြီး တွေ့ဆုံသင့်တဲ့သူတွေနဲ့ တွေ့ခဲ့ တယ်လို့ သူနဲ့အတူ ခရီးစဉ်တစ်လျှောက်ပါနေတဲ့ UN ရန်ကုန်ရုံး ပြောခွင့်ရှိသူ ဦးအေးဝင်းက ပြောပါတယ်။

“မနက်ကတော့ ရန်ကုန်မှာပဲပေါ့နော်။ ပုဂ္ဂလိက သတင်းမီဒီယာအချို့နဲ့တွေ့တယ်။ အခု ကျနော်တို့ လားရှိုး
ရောက်နေပါပြီ။ လားရှိုးမှာတော့ ဒေသ အာဏာပိုင်တွေနဲ့ ကျနော်တို့ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ မန်စည် ဆရာတော်နဲ့ ဝင်တွေ့ပါတယ်။ အဲဒီ ဒေသမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်း အချို့တွေလည်း ကျနော်တို့တွေ့ ပါတယ်။ အခုအစည်းအဝေးတွေကတော့ ခုထိရှိတုန်းပဲ ခင်ဗျ။”

မနက်ပိုင်းမှာတုန်းက မီဒီယာနဲ့တွေ့ဆုံချိန်မှာ မြန်မာ့မီဒီယာ လွတ်လပ်ခွင့်အနေအထားတွေ၊ ရွေးကောက် ပွဲကာလမှာ မီဒီယာတွေ ဘယ်လောက် လွတ်လပ် နိုင်မလဲဆိုတဲ့ အချက်တွေကိုလည်း မစ္စယန်ဟီးလီက
မေးမြန်းခဲ့တယ်လို့ တွေ့ဆုံတဲ့သူတွေထဲမှာပါဝင်တဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ပြောပါတယ်။

“သိချင်တာ အချက်အလက်စုဆောင်းတော့ ဒီဘက်က ပြန်ပြောပြတယ်။ အထူးသဖြင့် ဘာတွေ ဒီဘက် ကနေ ပြောပြကြသလဲဆိုတော့ မကြာခင် ၂၀၁၅ ရွေးကောက်ပွဲလုပ်တော့မှာပေါ့နော်။ ရွေးကောက်ပွဲ လုပ်တော့မယ့်အချိန်မှာ အခုချိန်ထိ ရေဒီယိုနဲ့ရုပ်သံဆိုရင် အစိုးရနဲ့ သူ့ခရိုနီတွေပဲ ပိုင်ထားတယ်လေ။ လုံးဝသူတို့လက်ထဲမှာပဲ ရှိနေသေးတယ်။ အဲ ပုဂ္ဂလိကတွေလက်ထဲကို လုံးဝကို ချမပေးသေးဘူး။ အဲဒါနဲ့ ပတ်သက်ရင် ဥပဒေပြုနေတုန်းပဲလို့ လွှတ်တော်ထဲမှာပဲ ရှိနေတုန်းပဲလို့ ပြောတယ်။ ပြောတော့ ဒါတွေကို စိုးရိမ်စရာပေါ့။ နောက်အီလက်ထရောနစ် ဥပဒေတွေ ရှိသေးသလား။ ဒါတွေလည်း သူသိချင်တာတွေ မေးတယ်။ ဒါပါပဲ သူသိချင်တာ မေးတာပေါ့။"

ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ကို ဒီကနေ့ ညနေပိုင်းတုန်းက မစ္စယန်ဟီးလီ ရောက်ရှိခဲ့တာပါ။ တိုက်ပွဲတွေ
ပြန်ပြန်ဖြစ်နေတဲ့ ဒီဒေသမှာ နေထိုင်ရတဲ့ ဒေသခံတွေ ရဲ့လူ့အခွင့်အရေး အခြေအနေတွေကိုသိရှိအောင်
လေ့လာဖို့ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

ရှမ်းပြည် မြောက်ပိုင်းဒေသဟာဆိုရင် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရော၊ ပြည်သူ့စစ်အ ဖွဲ့တွေပါ ရောထွေးရှိနေတဲ့ဒေသမှာ အဓိက လက်နက်ကိုင် တပ်ဖွဲ့ကြီးတွေအနေနဲ့ TNLA အဖွဲ့ ရှိပြီး ရှမ်း
ပြည်လွတ်မြောက်ရေးတပ်မတော် မြောက်ပိုင်း (SSPP/SSA) ရဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

ဒီဒေသမှာ ဥပဒေစိုးမိုးရေးအားနည်းနေတဲ့အချက်ကို အဓိက ဇောင်းပေးလေ့လာဖို့ အလိုရှိတယ်လို့လည်း လာရှိုးမြို့ခံလည်းဖြစ်၊ ရှမ်းတိုင်းရင်းများ ဒီမိုကရက်တစ်ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်း
ဖြစ်တဲ့ ဦးစိုင်းစံမင်းက ပြောပါတယ်။

“အဓိကကတော့ ဗျာ၊ ကျနော်တို့ဒေသမှာတော့ ငြိမ်းချမ်းချင်တယ်ဗျ။ ဒီဒေသမှာ ကျနော်တို့ ရှမ်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ တစ်အားများတယ်-နော်။ ဒေသငြိမ်းချမ်းမှ ကျနော်တို့ဖြစ်ချင်တဲ့၊ သမ္မတ ကြီးတောင်းဆိုတဲ့၊ ဖြစ်ချင်တဲ့၊ ပြည်ထောင်စုနေ့မှာ လက်မှတ်ရေးထိုးမဲ့ကိစ္စတွေ အောင်မြင်မယ်လို့ ကျနော် ထင်တယ်လေ။ ဒါတွေက ချိတ်နေတယ်နော်။"

မစ္စယန်ဟီးလီအနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံခရီးအတွင်းမှာပဲ နိုင်ငံရေးအကျဉ်းသားတွေ၊ အကျဉ်းသားအရေး လှုပ်ရှားသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းက တက်ကြွလှုပ်ရှားသူတွေ၊ ပြီးတော့ မြန်မာ့အရေး လေ့လာ အကဲဖြတ်တစ်ချို့နဲ့ ပြီးခဲ့တဲ့ရက်တွေတုန်းက တွေ့ဆုံခဲ့တာပါ။ ရခိုင်ပြည်နယ်ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့ပြီး ကြာသပတေးနဲ့ သောကြာနေ့တွေမှာ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာခဲ့ပါတယ်။

မစ္စ ယန်ဟီးလီရဲ့ ဒုတိယအကြိမ်မြောက်ခရီးစဉ်အနေနဲ့ ဇန်နဝါရီ လ ၇ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ မြန် မာနိုင်ငံနေထိုင်မှာ ဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ ရှမ်း ပြည်မြောက်ပိုင်း အခြေအနေတွေကို လေ့လာနေပါတယ်။ မနက်ဖြန်မှာ ရှမ်းပြည်မြောက်ဘက် ဒုက္ခသည်စခန်းအချို့ကို သွားရောက်ဖို့ရှိပြီး ညနေပိုင်းမှာ နေပြည်တော် ကို သွားမှာပါ။

အခု ခရီးစဉ်ကတွေ့ရှိချက်တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းဖို့ ရှိပါ တယ်ခင်ဗျား။

အောင်ရဲ မောင်မောင်
VOA
ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဒီကနေ့ မနက်ပိုင်းမှာ ပြည်တွင်းက ပုဂ္ဂလိက သတင်းမီဒီယာတချို့က တာဝန် ရှိသူတွေနဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ညနေပိုင်းမှာတော့ တိုက် ပွဲတွေ မကြာခန ပြန်ပြန်ဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို သွားရောက်ပြီး အာဏာပိုင်တွေ၊ အရပ်ဖက် အဖွဲ့က ခေါင်းဆောင်အချို့နဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ မနက်ဖြန်မှာတော့ နေပြည်တော်ကို ညပိုင်း လောက်သွားရောက်မှာဖြစ်တဲ့အကြောင်း UN ရန်ကုန်ရုံးရဲ့ ပြောခွင့်ရှိသူ ကပြောပါတယ်။ အပြည့်အစုံကို သူ့ခရီးစဉ်ကို စောင့်ကြည့်သတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲ မောင်မောင် က တင်ပြပေးထားပါတယ်။

မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာ အနီး ရှေးစေတီဟောင်းမှ ဗုဒ္ဓရုပ်ပွားတော်၊ အခြား ရုပ်တုတော်နှင့် ကမ္ပည်းစားပါ ရွှေပြား အုတ်ချပ်ကြီးများ ထပ်မံတွေ့ရှိ

Photo: မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာ အနီး ရှေးစေတီဟောင်းမှ ဗုဒ္ဓရုပ်ပွားတော်၊ အခြား ရုပ်တုတော်နှင့် ကမ္ပည်းစားပါ ရွှေပြား အုတ်ချပ်ကြီးများ ထပ်မံတွေ့ရှိ
Monday, January 12, 2015

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာ အနီးရှိ ရှေးစေတီဟောင်း၌ ဗုဒ္ဓ နှစ်ကျိပ်ရှစ်ဆူနှင့် အခြား ရုပ်တုတော်များ၊ ဓာတ်တော်များ၊ ကျောက်မျက် ရတနာမျိုးစုံများ၊ လက်ကောက် လက်စွပ်များ၊ အမြုတေများ၊ ဓာတ်လုံးများ တွေ့ရှိရာမှ အသစ်ပြန်လည် တည်ထား ကိုးကွယ်ရန်အတွက် မြို့နယ် သံဃနာယက ဆရာတော်များထံ ခွင့်ပြုချက် ရယူ၍ နန့်ပုတ်ကျေးရွာ အုပ်ချုပ်ရေးနှင့် စေတီဖြစ်မြောက်ရေး အကျိုးဆောင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံများက ဇန်နဝါရီ ၉ ရက် နှင့် ၁ဝ ရက်တွင် စေတီဟောင်း အုတ်ပုံကို ဆက်လက် တူးဖော် ရှင်းလင်းကြသည်။

တူးဖော် ရှင်းလင်းခြင်း လုပ်ငန်း ပြီးဆုံးရာ၌ စေတီဟောင်းမှ အတွင်း အုတ်တွင် သဲကြမ်း သဲမှုန့်များဖြင့် မွမ်းမံ သရိုးကိုင်ထားသည့် ဉာဏ်တော် ၁ဝ လက်မရှိ ဗုဒ္ဓ ဦးခေါင်းမျက်နှာတော် တစ်ဆူ၊ ဉာဏ်တော် လေးလက်မရှိ ဗုဒ္ဓ ရုပ်ပွားတော် သုံးဆူနှင့် အခြားရုပ်တု နှစ်ခုကို လည်းကောင်း၊ စေတီအတွင်း ဗဟိုအလယ်၌ အလျား ၁၆ လက်မ၊ အနံ ကိုးလက်မ၊ ထု နှစ်လက်မခွဲရှိ ရွှေပြားကပ် ကမ္ပည်း ရေးထိုးထားသော အုတ်ချပ်နှင့် အခြား ရွှေပြားကပ် လှူအုတ်ချပ်များကို လည်းကောင်း၊ စေတီဖိနပ်တော်၏ တနင်္ဂနွေထောင့်နှင့် စနေထောင့်၌ ရွှေပြားကပ်အုတ် ချပ်ကြီးနှင့် အင်္ဂါထောင့်နှင့် ရာဟု ထောင့်၌ ရွှေပြားကပ် အုတ်ချပ်ကို လည်းကောင်း၊ ဝလုံး ပါ ''ဝ'' ဟူသော စာရေးထွင်း ထားသည့် အုတ်ချပ်ကြီး များကို လည်းကောင်း ထပ်မံတွေ့ရှိရသည်။ အုတ်ချပ်အပေါ် ရေးထွင်း ထားသည့် ကမ္ပည်း စာတမ်းမှာ''ကတြိ ကျော်ရတနာအောင်'' ဟု တွေ့ရ သည်။ ''ကပ်သုံးပါးကျော် ရတနာ အောင်''ဟု အဓိပ္ပာယ် ဖွင့်ဆိုလျက် ရှိသည်။

စေတီဟောင်းမှ ရရှိသော ဗုဒ္ဓ ရုပ်တုတော်များနှင့် ပစ္စည်းများမှာ ရှေးဗုဒ္ဓရုပ်တုတော် ၃၇ ဆူ၊ ဓာတ် တော်များ၊ ဝန်ပုံနဂါးပုံ စသည့်အခြား ရုပ်တု ၁ဝခု၊ ပတ္တမြား၊ ကျောက်စိမ်း၊ ကျောက်မျက်ရတနာမျိုးစုံများ၊ သတ္တ အမြုတေများ၊ သွပ်-ပြဒါး- ဆေးဒါန်း ဓာတ်လုံးများ၊ လက်ကောက် လက်စွပ် များ၊ ရွှေပြားချ ကမ္ပည်းစာပါ အုတ် ချပ်ကြီးနှင့် ရွှေပြား ၊ ငွေပြားချ အုတ်ချပ်ကြီးများ၊ ဝလုံးပါ အုတ်ချပ်ကြီး များကို တွေ့ရှိထားသည်။

စေတီတော် အသစ်တည်ရာတွင် စေတီဟောင်းမှ လက်ခံရရှိထားသည် များကို ပြန်လည် ဌာပနာ ထည့်သွင်းမည် ဖြစ်ကြောင်း စေတီတော် ဖြစ်မြောက် ရေးအကျိုးဆောင်က ပြောပြသည်။ စေတီတော်အသစ် တည်ထားပူဇော် ရာတွင် သဒ္ဓါ ကြည်လင် ပါရမီရှင်များကလည်း အလှူငွေများ ပါဝင်လှူဒါန်း နိုင်ကြောင်း သိရသည်။

မြ၀တီ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာ အနီးရှိ ရှေးစေတီဟောင်း၌ ဗုဒ္ဓ နှစ်ကျိပ်ရှစ်ဆူနှင့် အခြား ရုပ်တုတော်များ၊ ဓာတ်တော်များ၊ ကျောက်မျက် ရတနာမျိုးစုံများ၊ လက်ကောက် လက်စွပ်များ၊ အမြုတေများ၊ ဓာတ်လုံးများ တွေ့ရှိရာမှ အသစ်ပြန်လည် တည်ထား ကိုးကွယ်ရန်အတွက် မြို့နယ် သံဃနာယက ဆရာတော်များထံ ခွင့်ပြုချက် ရယူ၍ နန့်ပုတ်ကျေးရွာ အုပ်ချုပ်ရေးနှင့် စေတီဖြစ်မြောက်ရေး အကျိုးဆောင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံများက ဇန်နဝါရီ ၉ ရက် နှင့် ၁ဝ ရက်တွင် စေတီဟောင်း အုတ်ပုံ ကို ဆက်လက် တူးဖော် ရှင်းလင်းကြသည်။

အစိုးရ၀န်ကြီးဌာနများအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အချို့သည် ဘဏ္ဍာရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မလိုက်နာသောကြောင့် ပြင်းထန်စွာ အရေးယူရန် လွှတ်တော်သို့ တင်မည်

အစိုးရ၀န်ကြီးဌာနများအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အချို့သည် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို မလိုက်နာသောကြောင့် ပြင်းထန်စွာအရေးယူရန် လွှတ်တော်သို့တင်ပြမည်ဟု ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောကြားသည်။

လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Malinowski မြန်မာပြည် လာရောက်

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski 
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski ဦးဆောင်တဲ့ အဖွဲ့ဟာ ဒုတိယအကြိမ် အမေရိကန်-မြန်မာ လူ့အခွင့်ရေးဆိုင်ရာ ဆွေးနွေးပွဲစတင်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်ပါတယ်။

ပြင်သစ်အကြမ်းဘက်မှု ဆန့်ကျင်ပွဲ လူ ၄ သန်းကျော်ချီတက်

Photo: ပြင်သစ်အကြမ်းဘက်မှု ဆန့်ကျင်ပွဲ လူ ၄ သန်းကျော်ချီတက်
Monday, January 12, 2015

လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံက ပါဝင်တဲ့ လူပေါင်း ၄ သန်းနီးပါးဟာ တနင်္ဂနွေနေ့က ပဲရစ်စ်မြို့တော်နဲ့ တခြားပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေက လမ်းမတွေပေါ်ထွက်ပြီးတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပဲရစ်မြို့ အကြမ်းဖက် တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရသူ ၁၇ ဦးနဲ့အတူ စည်းလုံးညီညွတ်စွာရှိကြောင်း ထုတ်ဖေါ်ပြသခဲ့ကြပါတယ်။

ဒါဟာ ပြင်သစ်နိုင်ငံသမိုင်းမှာ အကြီးမားဆုံးလမ်းပေါ်ထွက် လူထုဆန္ဒထုတ် ဖေါ်ပြသ ပွဲ ဖြစ်တယ်လို့ ပြင်သစ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ပဲရစ်မြို့ဟာ ပွဲတော်ကာလကြီးတခုလို ဖြစ်နေပါတယ်။ တချို့ ငိုကြွေးသူတွေ ရှိသလိုတချို့ကလည်း ကခုန်နေကြပါတယ်။ ဒါပေမယ့် ဂျူး၊ မွတ်ဆလင်၊ ကက်သလစ်အားလုံးဟာ ပြင်သစ်နိုင်ငံသားဖြစ်ရတဲ့အတွက် ဂုဏ်ယူကြောင်း ပြသနေကြပါတယ်။

နိုင်ငံပေါင်း ၄၀ ကျော်က နိုင်ငံခေါင်းဆောင် အကြီးအကဲတွေဟာ ပြင်သစ် သမ္မတ Francois Hollande နဲ့အတူ လက်ချင်းချိတ်ဆက်ပြီး ပဲရစ်မြို့တလျှောက် လမ်းလျှောက်ခဲ့ကြပါတယ်။

ဒီခေါင်းဆောင်တွေထဲမှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu, ပါလစ္စတိုင်း သမ္မတ Mahmoud Abbas ၊ ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavorv တို့ ပါဝင်ပါတယ်။

နောက်ပိုင်းမှာ အစ္စရေးဝန်ကြီးချုပ်က အမှာစကားပြောဆိုရာမှာ အကြမ်းဖက်မှု ဆန့်ကျင်ရေးနဲ့ ဂျူးမျိုးနွယ်တွေအပေါ် ဆန့်ကျင်မှုကို လက်မခံတဲ့ စကားတွေ ထုတ်ဖေါ်ပြောကြားခဲ့တဲ့အတွက် မွတ်ဆလင်ဘာသာဝင်တွေအပါအဝင် ပြင်သစ်နိုင်ငံသားတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုသွားပါတယ်။

ဗုဒ္ဓဟူးနေ့က ပဲရစ်မြို့မှာရှိတဲ့ Charlie Hebdo မဂ္ဂဇင်းတိုက်ကို အကြမ်းဖက် တိုက်ခိုက်ရာမှာ လူ ၁၂ ဦး သေဆုံးခဲ့ပြီး တခြားသူတွေကတော့ သောကြာနေ့ ဆူပါမားကက်တခုကို အကြမ်းဖက်သိမ်းပိုက်ထားတဲ့ သေနတ်သမား တဦးရဲ့လက်ချက်နဲ့ သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကပါဝင်တဲ့ လူပေါင်း ၄ သန်းနီးပါးဟာ တနင်္ဂနွေနေ့က ပဲရစ်စ်မြို့တော်နဲ့ တခြားပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေက လမ်းမတွေပေါ်ထွက်ပြီးတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူ ၁၇ ဦးနဲ့အတူ စည်းလုံးညီညွတ်စွာရှိကြောင်း ထုတ်ဖေါ်ပြသ ခဲ့ကြပါတယ်။

MPT ကို စိတ်ပျက်သွားကြပြီလား . . .


ဇန်န၀ါရီ ၉ ရက်က ကျင်းပသည့် မြန်မာ့ဆက်သွယ်ရေး ရှင်းလင်းပွဲတွင် တာဝန်ရှိသူတစ်ဦး ရှင်းလင်းစဉ် (ဓာတ်ပုံ-နေမျိုးထွန်း)
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ သမိုင်းတစ်လျှောက် သုံးစွဲသူများအပေါ် အမြတ်ထုတ်ခဲ့သည့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ အစီအစဉ်အသစ်များမှာ ထူးခြားမှုမရှိဟု အများစုကဝေဖန်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆည်ပေါင်း ၃၀၀ ခန့် တည်ဆောက်မှုကြောင့် သစ်တောဧက တစ်သန်းကျော် ပျက်စီးပြီး ဆည်များအနီးရှိ ရေဝေရေလဲ ဧရိယာပေါင်း ဧက ၁၈၇ သိန်းကျော်ကို ထိန်းသိမ်းရန်လိုအပ်ဟု ဆို


မြန်မာနိုင်ငံတွင် ဆည်ပေါင်း ၃၀၀ ခန့် တည်ဆောက်မှုကြောင့် သစ်တောဧကပေါင်း တစ်သန်းကျော် ပျက်စီး ခဲ့ပြီး လက်ရှိတွင် ဆည်များအနီးရှိ ရေဝေရေလဲ ဧရိယာပေါင်း ဧက ၁၈၇ သိန်းကျော်ကို ထိန်းသိမ်း ရန် လိုအပ်နေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သစ်တောဦးစီး ဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးတင်အေးက ပြောကြားသည်။

Sunday, 11 January 2015

MPT က ကျပ် ၁၀၀၀၀ ပေးသွင်းမှသာ တစ်မိနစ် ၃၅ ကျပ်သတ်မှတ်ပြီး အင်တာနက် သုံးစွဲခမှာ အူရီဒူး၊ တယ်လီနောတို့ထက်များသော 1MB လျှင် ၁၅ ကျပ် သတ်မှတ်


MPT က ဝန်ဆောင်မှုအသစ်များကို ဇန်နဝါရီ ၉ ရက်တွင် မိတ်ဆက်ခဲ့ပြီး ပုံမှန်နှုန်းထားများ လျှော့ချခြင်းမရှိဘဲ သတ်မှတ်ထားသော အစီအစဉ်သစ်များကို ရယူသုံးစွဲမှသာ တစ်မိနစ်လျှင် ၃၅ ကျပ်၊ ၂၅ ကျပ်နှုန်းထားများကို ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

MPT ၏ ဆွေသဟာအစီအစဉ်ကို ရယူရန် ကျပ် ၁ဝဝဝဝ ပေးသွင်းရမည်ဖြစ်ပြီး မည်သည့်ဖုန်းကိုမဆို တစ်မိနစ်လျှင် ၃၅ ကျပ်၊ သတ်မှတ်ကာလအတွင်း သတ်မှတ်နံပါတ်သုံးခုသို့ တစ်မိနစ်လျှင် ၂၅ ကျပ်၊ မည်သည့်ဖုန်းသို့မဆို SMS တစ်စောင်လျှင် ၁၅ ကျပ်၊ မြန်နှုန်းမြင့် အင်တာနက်ကို 1MB လျှင် ၁၅ ကျပ်ဖြင့် နှုန်းထားသတ်မှတ်ထားကြောင်း သိရသည်။

MPT ဖုန်း တစ်မိနစ် ၂၅ ကျပ်ဖြင့် ပြောရန် Package ဝယ်ယူနိုင်မည်

ဂျပန်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဇန်နဝါရီလ ၁၂ ရက်တွင် စတင်မည်ဖြစ်သည့် ဖုန်းပြောဆိုခ တစ်မိနစ် ၃၅ ကျပ်နှုန်း ကောက်ခံမည် ဆိုသော “ဆွေသဟာ” ဝန်ဆောင်မှု အစီအစဉ်တွင် ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို ၂၅ ကျပ်နှုန်းဖြင့် အသုံးပြုလိုပါက ကျပ် ၁၂၀၀၀ ပေးသွင်း၍ Voice Package ဝယ်ယူနိုင်ကြောင်း အဆိုပါ လုပ်ငန်းထံမှ သိရသည်။

ဖုန်းပြောဆိုခ တစ်မိနစ် ၂၅ ကျပ်နှုန်း ပေးရမည့် Voice Package ကို “ဆွေသဟာ” ဝန်ဆောင်မှုအဖြစ် ပြောင်းလဲသုံးစွဲပြီးမှ ဝယ်ယူနိုင်မည်ဖြစ်ပြီး ရက် ၃၀ စာ၊ မိနစ် ၄၈၀ ပါဝင်မည် ဖြစ်ကာ MPT ဖုန်းနံပါတ် အားလုံးသို့ ခေါ်ဆိုအသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ကြေညာထားသည်။

တပ်မတော် ပြုပြင်ပြောင်းလဲမှု အကူအညီပေးရန် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရ တွေ့မည်

ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော အဆင့်မြင့် မြန်မာ့တပ်မတော် ဖြစ်လာစေရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကူအညီပေးရန် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

ထိုတွေ့ဆုံပွဲသို့ အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင်နောစကီး ဦးဆောင်သည့် အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၁၁ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၁-၁-၂၀၁၅ ရက် တနင်္လာနေ့တွင် ထွက်ရှိမည့် ပြည်မြန်မာနေ့စဉ်သတင်းစာမှ.

Photo: ၁၁-၁-၂၀၁၅ ရက် တနင်္လာနေ့တွင် 
ထွက်ရှိမည့် ပြည်မြန်မာနေ့စဉ်သတင်းစာမှ.

အစိုးရ ကျောင်းများက ပျိုးထောင်ပေးဖို့ လိုအပ်နေတဲ့ ကလေးတို့ရဲ့ စွမ်းရည်တွေ

အစိုးရကျောင်း ပညာရေးနဲ့ ပတ်သက်ပြီးတော့ ပြုပြင်ဖို့ လိုအပ်နေတဲ့ အရာလေးတွေကို ဧရာဝတီမှာ ကျမ ဆောင်းပါး လေးတွေ ရေးလာခဲ့ပါတယ်။ အစိုးရကျောင်းများဟာ တကယ်တော့ မြန်မာပြည်သူ ပြည်သားတွေရဲ့ ရင်သွေး ကလေးငယ်တွေ အများဆုံး အားထားမှီခိုနေရတဲ့ ကျောင်းများဖြစ်တာမို့လို့ အစိုးရကျောင်းတွေ အဆင့်မီရေး၊ စစ်မှန်တဲ့ ပညာရပ်၊ စွမ်းရည်တွေကို လေ့ကျင့်ပေးရေးဆိုတဲ့ ကိစ္စဟာ ကျမတို့ နိုင်ငံအတွက် သိပ်ကိုမှ အရေးကြီးလှပါတယ်။

အမေရိကန်ရှိ ပြတိုက်တစ်ခုတွင်ပြသရန် ပျူခေတ်ဆင်းတုတော်များ လာရောက်ငှားရမ်း

အမေရိကန်နိုင်ငံ၊ နယူး ယောက်မြို့ရှိ Asia Society Museum တွင် ခင်းကျင်းပြသရန် ပျူခေတ်ဗုဒ္ဓဆင်းတု တော်များကို ဇန်န၀ါရီ ၁၀ရက် ပြတိုက်တာဝန်ရှိသူများက လာရောက်ငှားရမ်းသယ်ဆောင်သွားကြောင်း သရေခေတ္တရာပြတိုက်မှ သိရသည်။

ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းမည်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ် ဖွဲ့စည်းခြင်းကို ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်ထိ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများအား စဉ်းစားပိုင်ခွင့်၊ လွတ်လပ်စွာ တွေးတောပိုင်ခွင့် မပေးဘဲ နိုင်ငံတစ်နိုင်ငံ အဆင့်မြင့်အောင် လုပ်မည်ဆိုခြင်းသည် အဓိပ္ပာယ်မရှိသည့် အတွေးအခေါ်မျိုးဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: ပြည်သူများအား စဉ်းစားပိုင်ခွင့်၊ လွတ်လပ်စွာ တွေးတောပိုင်ခွင့် မပေးဘဲ နိုင်ငံတစ်နိုင်ငံ အဆင့်မြင့်အောင် လုပ်မည်ဆိုခြင်းသည် အဓိပ္ပာယ်မရှိသည့် အတွေးအခေါ်မျိုးဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Sunday, January 11, 2015  

ပြည်သူများအား စဉ်းစားပိုင်ခွင့်၊ လွတ်လပ်စွာတွေးတောပိုင်ခွင့် မပေးဘဲ နိုင်ငံတစ်နိုင်ငံ အဆင့်မြင့်အောင် လုပ်မည်ဆိုခြင်းသည် အဓိပ္ပာယ်မရှိသည့် အတွေးအခေါ်မျိုးဖြစ်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဇန်နဝါရီ ၁ဝ ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်၏ လေးနှစ်ပြည့် ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ဖွင့်ပွဲအခမ်းအနား၌ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတွင်း လူငယ်များသည် ကမ္ဘာ့အလယ်တွင် ပညာရေးနိမ့်ကျခြင်းကြောင့် ပန်းတိုင်သည်လည်း နိမ့်ကျခဲ့ရကြောင်း၊ နိုင်ငံတစ်နိုင်ငံ နိမ့်ကျခြင်းသည် မည်သည်ကို ဆိုလိုသည်ကိုလည်း အားလုံးလေးလေးနက်နက် တွေးစေချင်ကြောင်းနှင့် ပြည်သူများဆင်းရဲ ဒုက္ခရောက်သည့်အခါတွင် နိုင်ငံနိမ့်ကျသည်ကို လွယ်လွယ်နှင့် တွေး၍ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 

“အခုဆိုလို့ရှိရင် ဆင်းရဲမွဲတေမှုပပျောက်ခြင်း ဆိုပြီးတော့ ပြောကြတယ်ပေါ့လေ။ ဆင်းရဲမွဲတေမှု ကျဆင်းအောင်လုပ်မယ်။ ပပျောက်အောင်လုပ်မယ်။ အဲဒါဟာ ဘယ်လိုလုပ်မှာလဲ။ တချို့ကတော့ ဒါအစိုးရက လုပ်ပေးရမယ့်ကိစ္စလို့ ဒီလိုပဲထင်ကြပါတယ်။ အစိုးရက လုပ်ရမယ့်ကိစ္စတွေ အများကြီးရှိပါတယ်။ အစိုးရက လုပ်ထားတာတွေ အများကြီးရှိပါတယ်။ တာဝန်ယူ ထမ်းဆောင်ရမှာတွေ ရှိပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ပြည်သူလူထုကသာလျှင် မိမိတို့ရဲ့ စွမ်းဆောင်မှုနဲ့ ကိုယ့်နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို ပပျောက်အောင် လုပ်နိုင်မယ်ဆိုတာကို ကျွန်မတို့အားလုံး သဘောပေါက်ဖို့ လိုပါတယ်။ ပြီးတော့ ဆင်းရဲမွဲတေမှု ဘယ်လိုပပျောက်အောင် လုပ်မလဲဆိုတာ စဉ်းစားတဲ့နေရာမှာ ကျွန်မတို့ဟာ ဥာဏ်ပညာ လိုပါတယ်။ ပညာရှိမှကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေ ပညာအဆင့်မြင့်မှ ဒီနိုင်ငံဟာ အဆင့်မြင့်နိုင်မှာပါ။ ပြီးတော့ ပညာမရှိဘဲနဲ့ ကျွန်မတို့ ဆင်းရဲမွဲတေမှု ပျောက်အောင် လုပ်နိုင်မယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ ပြည်သူတွေကို စဉ်းစားပိုင်ခွင့်မပေးဘူး။ ပြည်သူတွေကို လွတ်လွတ်လပ်လပ် တွေးတောပိုင်ခွင့်မပေးဘဲနဲ့ နိုင်ငံတစ်နိုင်ငံ အဆင့်မြင့်အောင် လုပ်မယ်ဆိုတာဟာ ဒါအဓိပ္ပာယ်မရှိတဲ့ အတွေးအခေါ်မျိုးဖြစ်ပါတယ်။ ပြည်သူတွေ အတွေးအခေါ် အဆင့်မြင့်မှ ကျွန်မတို့နိုင်ငံဟာ အဆင့်မြင့်နိုင်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် လက်ရှိနိုင်ငံသည် ဆင်းရဲသည်ကို မည်သို့မျှငြင်း၍ မရကြောင်း၊ ဆင်းရဲသည့် နိုင်ငံတစ်ခု၏ လိုအပ်ချက်နှင့် ချမ်းသာသည့် နိုင်ငံတစ်ခု၏ လိုအပ်ချက်များသည် မတူညီနိုင်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်မူ ဆင်းရဲသည့်အတွက် ထူထောင်သည့်အလုပ်ကို စတင်ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန်အတွက် လူငယ်များတွင် မှန်ကန်သည့် အရည်အချင်းများရှိရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“လွတ်လပ်တဲ့ လူ့အသိုင်းအဝိုင်းတွေမှာ လွတ်လပ်တဲ့ အတွေးအခေါ်တွေရှိတယ်ဆို တာအမှန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်တဲ့ လူ့အသိုင်းအဝိုင်းမှာ ဆိုလို့ရှိရင် လွတ်လွတ်လပ်လပ် လေ့လာဆည်းပူးပိုင်ခွင့်ရှိတယ်။ လွတ်လွတ်လပ်လပ် တွေးခေါ်ပိုင်ခွင့်ရှိတယ်။ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်ရှိတယ်။ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့် ရှိတယ်လို့ ပြောတဲ့နေရာမှာ ကျွန်မက သတိပေးချင်တဲ့ အချက်ကလေးတော့ ထပ်ပြီး ပြောပါရစေ။ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့် ရှိတယ်ဆိုတာ လွတ်လွတ်လပ်လပ် မုသားပြောဆိုပိုင်ခွင့်ကို ပြောတာမဟုတ်ပါဘူး။ လွတ်လွတ်လပ်လပ် သူတစ်ပါးကို တိုက်ခိုက်ပိုင်ခွင့်ကို ပြောတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ယုံကြည်ချက်ကို လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့်ရှိတာကို ပြောတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သို့သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ အင်မတန်မှ ဆင်ခြင်တုံတရားရှိရန် လိုအပ်ကြောင်းနှင့် မှန်ကန်၍ အကျိုးရှိမည်ဆိုပါက တစ်ဖက်လူမခံသာပါကလည်း တစ်ခါတစ်ရံ ပြောသင့်ပါက ပြောရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ဒါပေမဲ့လည်း ခံသာအောင် ပြောနိုင်ရင်တော့ ပိုကောင်းတာပေါ့နော်။ အဲတော့ သူခံသာအောင် တစ်ခါတလေပြောလို့ မဖြစ်ဘူးဆိုတာဟာ အခြေအနေတွေက သိပ်ဆိုးနေတဲ့ အခါကျလို့ရှိရင် ခံသာအောင် ပြောလို့ရှိရင် မသိချင်ယောင်ဆောင် နေတာလည်း ရှိတတ်ပါတယ်။ မသိချင်ယောင် ဆောင်နေမှာစိုးလို့ နားမလည်သလို လုပ်နေမှာစိုးလို့ ပြတ်ပြတ်သားသား ပြောတဲ့အခါကျရင် မခံသာတဲ့ စကားမျိုး ဖြစ်သွားပါတယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးကွန်ရက်မှ ထူထောင်ထားသည့် ကျောင်းများတွင် ကလေးများကို အတန်းပညာအပြင် စိတ်ဓာတ်ရေးရာနှင့်ဆိုင်သည့် ပညာများကိုပါ သင်ပေးရန် ကြိုးစားလျက်ရှိကြောင်းနှင့် ထိုသို့ပြုလုပ်ခြင်းသည် နိုင်ငံ၏ ပစ္စုပ္ပန်အတွက်သာမက အနာဂတ်အတွက်လည်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်၏ လေးနှစ်ပြည့်အဖြစ် အခမဲ့ ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်ကို ဇန်နဝါရီ ၁ဝ ရက်နှင့် ၁၁ ရက် တို့တွင် ပြည်သူ့ရင်ပြင်၌ နှစ်ရက်ကြာပြုလုပ် သွားမည်ဖြစ်သည်။

NLD ပညာရေးကွန်ရက်မှ ဖွင့်လှစ်ထားသည့် ပညာဒါနကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသား ၂ဝ,ဝဝဝ ခန့် ပညာသင်ကြား လျက်ရှိသည်။         

Eleven Media Group  

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်၏ လေးနှစ်ပြည့် ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ဖွင့်ပွဲအခမ်းအနား၌ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်၏ လေးနှစ်ပြည့် ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ဖွင့်ပွဲအခမ်းအနား၌ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ်
ပြည်သူများအား စဉ်းစားပိုင်ခွင့်၊ လွတ်လပ်စွာတွေးတောပိုင်ခွင့် မပေးဘဲ နိုင်ငံတစ်နိုင်ငံ အဆင့်မြင့်အောင် လုပ်မည်ဆိုခြင်းသည် အဓိပ္ပာယ်မရှိသည့် အတွေးအခေါ်မျိုးဖြစ်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြုလုပ်သော မနောပွဲသို့ သမ္မတဦးသိန်းစိန် တက်ရောက်

ဇန်န၀ါရီ ၁၀ ရက်က မနောပွဲကျင်းပရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မနောကွင်းသို့ သမ္မတဦးသိန်းစိန် ရောက်ရှိလာစဉ် (ဓာတ်ပုံ-အောင်သူထွန်း)
(၆၇) နှစ်မြောက် ကချင်ပြည်နယ်နေ့သို့ နိုင်ငံတော်သမ္မတနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်သူ များ တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပြည်သူများ ကူညီပါဝင်ရန် သမ္မတဦးသိန်းစိန်က တိုက်တွန်းခဲ့သည်။ သမ္မတသည် နံနက်ပိုင်းတွင် ကချင်တိုင်းရင်းသားများနှင့် မနောအိမ်တော်တွင် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုနဲ့ နျူ ကလီယား စမ်းသပ်မှု ဖလှယ်ဖို့ မြောက် ကိုရီးယား ကမ်းလှမ်း

Photo: စစ်ရေးလေ့ကျင့်မှုနဲ့ နျူ ကလီယား စမ်းသပ်မှု ဖလှယ်ဖို့ မြောက် ကိုရီးယား ကမ်းလှမ်း
Sunday, January 11, 2015 

အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းဖို့ သဘောတူမယ်ဆိုရင် သူ့ရဲ့ နျူကလီယားစမ်းသပ်မှု အစီအစဉ်ကို ယာယီရပ်ဆိုင်းထားမယ်လို့မြောက်ကိုရီးယားအစိုးရက စနေနေ့က ပြောပါတယ်။ ဒီလိုစစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုလိုအဆိုပြုချက်ကို သောကြာနေ့ ဇန္န၀ါရီလ ၉ ရက်နေ့မှာ အမေရိကန်ဘက်ကို ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က ပြောပါတယ်။ အခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ရပ်ဆိုင်းဖို့ မြောက်ကိုရီးယားဖက်က စဉ်ဆက်မပြတ်တောင်းဆိုနေတာပါ။ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း မြောက်ကိုရီးယားမှာ နျူကလီယားစမ်းသပ်မှု တတိယအကြိမ်မြောက် နောက်ဆုံး ပြုလုပ်ခဲ့တာဖြစ်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း ဒီနျူကလီယားအစီအစဉ်နဲ့ ပတ်သတ်ပြီး ထပ်မလုပ်ဖို့ သတိပေးထားတာပါ။

ဝါရှင်တန်အနေနဲ့ တင်းမာမှုတွေလျော့ကျအောင် ဆောင်ရွက်ဖို့ တောင်းဆိုတဲ့တချိန်တည်းမှာ မြောက်ကိုရီးယားက သူတို့ရဲ့ နျူးကလီယားနဲ့ မစ်ဇိုင်း ဒုံးလက်နက်အစီအစဉ်တွေကို ဖျက်သိမ်းမယ်ဆိုပြီး မကြာခဏ ကတိပေးလေ့ရှိပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း လက်နက်စမ်းသပ်မှု ဖျက်သိမ်းဖို့ သဘောတူညီချက် တခုရရှိခဲ့ဖူးပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားဘက်ကတော့ လေယာဉ်တင်သဘောင်္တွေပါဝင်တဲ့ အခုလို နှစ်စဉ် စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားဘက်က တိုက်ခိုက်လာရင် တန်ပြန် ခုခံဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၁၃ ခုနှစ် မတ်လအတွင်း အခုလိုစစ်ရေးလေ့ကျင့်မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှုတွေ မြင့်မားလာခဲ့ပြီး မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်မှုတွေ ပြုလုပ်ကာ သူ့တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ အနေအထားအထိ အသင့်ပြင့်ထားခိုင်းခဲ့ဖူးပါတယ်။

ဗွီအိုအေ (မြန်မာဌာန) 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း 
အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းဖို့ သဘောတူမယ် ဆိုရင် သူ့ရဲ့ နျူကလီယားစမ်းသပ်မှု အစီအစဉ်ကို ယာယီရပ်ဆိုင်းထားမယ်လို့မြောက်ကိုရီးယားအစိုးရက စနေနေ့က ပြောပါတယ်။ ဒီလိုစစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြင်သစ်အလိုရှိ အကြမ်းဖက်အမျိုးသမီး ဆီးရီးယား ရောက်နေဖွယ်ရှိ

Photo: ပြင်သစ်အလိုရှိ အကြမ်းဖက်အမျိုးသမီး ဆီးရီးယား ရောက်နေဖွယ်ရှိ
Sunday, January 11, 2015

ပြင်သစ်နိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ခဲ့သူတွေကို ကူညီသူလို့ သံသယရှိတဲ့အမျိုးသမီးဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရောက်နေတယ်လို့ အနောက်သတင်းမီဒီယာတွေက ဖေါ်ပြကြပါတယ်။

Hayat Boumeddiene ဟာ ဇန်နဝါရီလ ၂ ရက်နေ့မှာ တူရကီနိုင်ငံကို ဝင်ရောက်လာပြီး ဆီးရီးယားကို ဆက်လက်ထွက်ခွါသွားတယ်လို့ တူရကီ ထောက်လှမ်းရေးက ပြောပါတယ်။ အဲဒီအမျီုးသမီးရဲ့ရည်းစားဖြစ်သူ Amedy Coulibaly က သောကြာနေ့ ပဲရစ်မြို့ကKosher ဈေးဆိုင်အတွင်း ဈေးဝယ်သူ လေးဦးကို သတ်ချိန်မှာ Boumeddiene ဟာ အတူရှိနေတယ်လို့ ပြင်သစ်အာဏာပိုင်တွေက သံသယရှိနေတာပါ။ ကြာသာပတေးနေ့က အမျိုးသမီးရဲအရာရှိတဦးကို သတ်သူဟာ Amedy ဖြစ်တယ်လို့လည်း ယုံကြည်နေပါတယ်။

ဈေးဆိုင်ကို လုံခြုံရေးရဲတွေက ဝင်စီးပြီး ဓါးစားခံတွေလွတ်မြောက်ဖို့ ကြိုးစားနေချိန်မှာ အသက် ၂၆ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ ထွက်ပြေး လွတ်မြောက်သွားတာဖြစ်ပြီး အခုတော့ သူ့ကို လုံခြုံရေးရဲတွေက အကြီးအကျယ်ရှာဖွေနေကြတာပါ။ အဲဒီဈေးဆိုင်ကိုဝင်စီးနင်းမှုအတွင်း အကြမ်းဖက်သမား Coulibaly သေဆုံးခဲ့ပါတယ်။

Boumeddiene ရဲ့ မူဆလင်အမျိုးသမီးတွေ ဝတ်လေ့ရှိတဲ့ အမည်းရောင် ဝတ်ရုံကိုဝင်ဆင်ပြီး မြားပစ်လေ့ကျင့်နေတဲ့ ဓါတ်ပုံလည်း ပေါ်ထွက်လာပါတယ်။ ဒီအတောအတွင်း ပဲရစ်က သုံးရက်ကြာ အကြမ်းဖက်မှုတွေအတွင်း အသတ်ခံခဲ့ရသူ ၁၇ ယောက်အတွက်ပြင်သစ်နိုင်ငံတဝှမ်းက ထောင်သောင်းချီတဲ့ လူတွေဟာ လမ်းမတွေပေါ် ထွက်ပြီး ဂုဏ်ပြုခဲ့ပါတယ်။ ဗုဒ္ဒဟူးနေ့က Charlie Habdo မဂ္ဂဇင်းတိုက်ကို ဝင်ရောက်တိုက်ခိုက်မှု၊ ကြာသာပတေးနေ့မှာ ရဲဝန်ထမ်းတယောက်ကို ပစ်ခတ်သတ်ဖြတ်မှုနဲ့ သောကြာနေ့က ဈေးဆိုင်မှာ ဓားစာခံတွေကို အကြမ်းဖက်သမားတွေက သတ်ဖြတ်အပြီး ပြင်သစ်လူထုဟာ သူတို့ရဲ့ စည်းလုံးညီညွတ်မှုကို အခုလို ပြသခဲ့တာပါ။

တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ညီညွတ်ရေး လမ်းလျှောက်ချီတက်ပွဲအတွက်လည်း စနေနေ့ကတည်းက ပဲရစ်စ်မြို့တဝှမ်း လုံခြုံရေးတပ်ဖွဲ့ဝင် ရာနဲ့ချီ ဖြန့်ကျက် ချထားပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ စပိန်နဲ့ ဥရောပတိုင်းပြည်က ခေါင်းဆောင်တွေအပါအဝင် ကမ္ဘာတလွှားက ထင်ရှားတဲ့သူတွေ အနေနဲ့ ဒီချီတက်ပွဲအပေါ် စောင့်ကြည့်ကြလိမ့်မယ်ဆိုပြီးတော့လည်း မျှော်လင့်ထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန) 

အကြမ်းဖက်တိုက်ခိုက်မှုကို ကူညီသူလို့သံသယရှိပြီး ထွက်ပြေးလွတ်မြောက် နေတဲ့ Hayat Boumeddiene (ဝဲ)
အကြမ်းဖက်တိုက်ခိုက်မှုကို ကူညီသူလို့သံသယရှိပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ Hayat Boumeddiene (ဝဲ) 
ပြင်သစ်နိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ခဲ့သူတွေကို ကူညီသူလို့ သံသယရှိတဲ့အမျိုးသမီးဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရောက်နေတယ်လို့ အနောက်သတင်းမီဒီယာတွေက ဖေါ်ပြကြပါတယ်။