Tuesday, 28 October 2014

ကင်ဆာဆဲလ်တွေ သေစေနိုင်တဲ့ အစေ့ပါစပျစ်သီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

Photo: ကင်ဆာဆဲလ်တွေ သေစေနိုင်တဲ့ အစေ့ပါစပျစ်သီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
Tuesday, October 28, 2014

ကင်ဆာရောဂါ ကြီးထွားလာမှုနှုန်းနှေးကွေးစေခြင်းနဲ့ ကင်ဆာဆဲလ်တွေ သေစေတဲ့ အစေ့ပါစပျစ်သီးတွေရဲ့အကျိုးကျေးဇူးတွေကို လေ့လာချက်အများစုက ဖော်ပြထားခဲ့ပြီဖြစ်ပါတယ်။ Kentucky တက္ကသိုလ်က သုတေသီတွေက အစေ့ပါစပျစ်သီးမှာ ပါဝင်တဲ့ Antioxidant တွေက ကင်ဆာဆဲလ်တွေ ပုံမှန်အသက်ရှင်လည်ပတ်စေတဲ့ INK ခေါ် အသားဓာတ်အဖြစ်ပြောင်းလဲခြင်းအားဖြင့် သွေးကင်ဆာဆဲလ် ၇၆% ရာခိုင်နှုန်း သေဆုံးမှုဖြစ်စေတယ်လို့ ဆိုပါတယ်။

အစေ့ပါစပျစ်သီးက အသည်းမှာဖြစ်တဲ့ အဆိပ်နဲ့ဓာတုဆေးဝါးတွေရဲ့ အာနိအင်ကို ပယ်စေတဲ့အပြင် အမျိုးသမီးတွေရဲ့ မကောင်းတဲ့ ဟော်မုန်းမော်လီကျူးတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ခန္ဓာကိုယ်အတွင်း အဆိပ်သင့်မှုများ ကူညီပယ်ရှားပေးခြင်းဖြင့် ရင်သားကြီးထွားမှု၊ အစာအိမ်၊ အူမ၊ အဖိုသုတ်ရည်ဂလင်းနဲ့ အဆုတ်ကင်ဆာဆဲလ်တွေရဲ့ ဖွံ့ဖြိုးကြီးထွားမှုကိုလည်း ကူညီလျော့ချပေးပါတယ်။

Source: HTB
Trend Myanmar
ကင်ဆာရောဂါ ကြီးထွားလာမှုနှုန်းနှေးကွေးစေခြင်းနဲ့ ကင်ဆာဆဲလ်တွေ သေစေတဲ့ အစေ့ပါစပျစ်သီးတွေ ရဲ့အကျိုးကျေးဇူးတွေကို လေ့လာချက်အများစုက ဖော်ပြထားခဲ့ပြီဖြစ်ပါတယ်။ Kentucky တက္ကသိုလ်က သုတေသီတွေ က အစေ့ပါစပျစ်သီးမှာ ပါဝင်တဲ့ Antioxidant တွေက ကင်ဆာဆဲလ်တွေ ပုံမှန်အသက်ရှင်လည်ပတ်စေတဲ့ INK ခေါ် အသားဓာတ်အဖြစ်ပြောင်းလဲခြင်းအားဖြင့် သွေးကင်ဆာဆဲလ် ၇၆% ရာခိုင်နှုန်း သေဆုံးမှုဖြစ်စေတယ်လို့ ဆိုပါတယ်။

လူမှုရေး၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောကြား

Photo: လူမှုရေး၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောကြား
Yangon Media Group 

လူမှုရေး၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်မှုမှာ မြန်မာနိုင်ငံဟာ အပြည် ပြည်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက် ရန်အတွက် အဆင်သင့်ဖြစ်နေပါ ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြော ကြားခဲ့သည်။

ယနေ့နံနက် နေပြည်တော်အ ပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂)တွင်ပြုလုပ်သော (၃၅)ကြိမ်မြောက် အစည်းအဝေးမှ စူးစမ်းလေ့လာခြင်း ပညာရပ်ဆိုင်ရာ အာရှညီလာခံဖွင့်ပွဲ အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ''မြန်မာ နိုင်ငံမှာ ဒီမိုကရေစီစနစ်ကို စနစ်တ ကျ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိရာမှာ ပြုပြင်ပြောင်းလဲ မှုများ ဆောင်ရွက်နေတဲ့အချိန်လဲ ဖြစ်ပါတယ်။ မူဝါဒပြုပြင်ပြောင်းလဲ မှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များကို နိုင်ငံတကာအတွေ့အကြုံ များ ရယူဆောင်ရွက်နေချိန် ဖြစ်ပါ တယ်။ လူမှုရေး၊ စီးပွားရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်မှုမှာ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာနှင့် ပူးပေါင်း ဆောင်ရွက်ရန်အတွက် အသင့်ဖြစ် နေပြီး အဆိုပါလုပ်ငန်းများနှင့်အတူ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းများကိုလည်း ဆောင် ရွက်လျက်ရှိပါတယ်''ဟုပြောကြား ခဲ့သည်။

ယင်းအပြင် ''မြန်မာနိုင်ငံရဲ့ ရေမြေအနေအထားတွေအရ တချို့ သောနေရာများ၊ အထူးသဖြင့် နယ် စပ်ဒေသများဟာ သွားလာရခက်ခဲ တဲ့ တောင်စဉ်တောင်တန်းဒေသတွေ ဖြစ်ပါတယ်။ အဲလိုနေရာတွေမှာ အ ချိန်နဲ့တစ်ပြေးညီတဲ့ သတင်းအချက် အလက်တွေရဖို့ခက်ခဲပါတယ်။ ယင်း နေရာများအတွက် သတင်းအချက် အလက်တွေ အချိန်မီရရှိရေးနှင့် ဖွံ့ ဖြိုးရေးဆောင်ရွက်တဲ့အချိန်မှာ နည်း ပညာတွေလိုအပ်နေပါတယ်။ နိုင်ငံ တော်အစိုးရကလည်း နိုင်ငံတော်၏ စီမံကိန်းများ ဆောင်ရွက်တဲ့အခါမှာ တိကျမှန်ကန်ပြီး ခိုင်လုံမှုရှိသောကိန်း ဂဏန်းများ လိုအပ်နေပါတယ်။ နည်း ပညာဆိုင်ရာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံများမှလဲ မြန်မာနိုင်ငံရဲ့ နည်း ပညာဖွံ့ဖြိုးတိုးတက်မှု ခြေလှမ်းတွေ တက်လှမ်းနိုင်ဖို့ ဝိုင်းဝန်းကူညီကြ လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ လွန် ခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံဟာ သု တေသနနှင့် လူသားအရင်းအမြစ်ဖွံ့ ဖြိုးရေးကဏ္ဍအတွက် နိုင်ငံတကာရဲ့ ကူညီမှုမှာ အကန့်အသတ်တွေရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ သိပ္ပံဆိုင်ရာဖွံ့ဖြိုးမှု နှောင့်နှေးခဲ့ရပါတယ်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုမှာ စိတ်ပါဝင်စားစွာ ဆောင်ရွက်နေကြတဲ့ အနာဂတ်လူ ငယ်များရဲ့ တက်ကြွတဲ့ခြေလှမ်းတွေ ကို ပံ့ပိုးကူညီပေးဖို့ မေတ္တာရပ်ခံလို ပါတယ်''ဟုလည်း ပြောကြားသွားခဲ့ သည်။

ယင်း(၃၅)ကြိမ်မြောက် အစည်း အဝေးမှ စူးစမ်းလေ့လာခြင်းပညာရပ် ဆိုင်ရာ အာရှညီလာခံသည် မြန်မာ နိုင်ငံအတွက် ပထမဦးဆုံး လက်ခံ ကျင်းပသော သိပ္ပံနည်းပညာပွဲတစ်ခု ဖြစ်ပြီး ညီလာခံအား အောက်တို ဘာ ၂၇မှ ၃၁ရက်အထိ ငါးရက် တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း နိုင်ငံတကာမှ ပညာရှင်၊ သုတေသီများနှင့် သိပံ္ပပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများမှ နည်းပညာစာတမ်း ၂၆ဝ ကျော် ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရ သည်။

MP
Yangon Media Group
လူမှုရေး၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်မှုမှာ မြန်မာနိုင်ငံဟာ အပြည် ပြည်ဆိုင်ရာနှင့် ပူးပေါင်းဆောင် ရွက်ရန်အတွက် အဆင်သင့်ဖြစ်နေပါ ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြော ကြားခဲ့သည်။

IS အုပ်စုကို နောက်ကွယ်မှ ထောက်ပံ့နေသည်ဟူသည့် သတင်းများ လုံးဝမမှန်ကြောင်း ကာတာနိုင်ငံငြင်းဆို

Photo: IS အုပ်စုကို နောက်ကွယ်မှ ထောက်ပံ့နေသည်ဟူသည့် သတင်းများ လုံးဝမမှန်ကြောင်း ကာတာနိုင်ငံငြင်းဆို
Tuesday, October 28, 2014

ဆီးရီးယားနိုင်ငံတွင် ခြေကုပ်ယူ လှုပ်ရှားလျက်ရှိသော အစ္စလာမ္မစ်နိုင်ငံတော် (IS) ကဲ့သို့သော အစွန်းရောက် အကြမ်းဖက်အုပ်စုများကို ကာတာနိုင်ငံက ထောက်ပံ့မှု ပြုနေသည်ဟူသော စွပ်စွဲပြောဆိုချက်များမှာ လုံးဝမှန်ကန်မှု မရှိဟု ကာတာအစိုးရ အရာရှိကြီးများက ငြင်းဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ကာတာနိုင်ငံသည် သဘောထားတင်းမာမှု မရှိသည့် လက်နက်ကိုင်များကိုသာ ထောက်ပံ့ပေးခဲ့ဖူးပြီး အမေရိကန် စီအိုင်အေ အပါအဝင် အနောက်နိုင်ငံများ၊ အာရပ်ထောက်လှမ်းရေး အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ဟု ၎င်းတို့က BBC သတင်းဌာနနှင့် တွေ့ဆုံရာတွင် ရှင်းလင်းပြောဆိုသည်။

အီရတ်နှင့် ဆီးရီးယားရှိ IS ကဲ့သို့သော အစွန်းရောက်အုပ်စုများကို နောက်ကွယ်မှ ထောက်ပံ့ပေးနေသည်ဟူသော စွပ်စွဲပြောဆိုချက်များမှာ ကာတာခေါင်းဆောင် စော်ဘွား ရှိတ်တာမင်ဘင်ဟာ မက်အယ်တာနီ ဗြိတိန်နိုင်ငံသို့ သွားရောက်လည်ပတ်မှု မပြုမီ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ယခုလ အစောပိုင်းကလည်း ဗြိတိန်နှင့် ကာတာနိုင်ငံတို့ အနီးကပ် ပူးပေါင်းနေမှုနှင့် ပတ်သက်၍သော် လည်းကောင်း၊ IS အုပ်စုကို တာကာနိုင်ငံက ငွေကြေးထောက်ပံ့မှုနှင့် ပတ်သက်၍ လည်းကောင်း ဗြိတိန်ပါလီမန်အမတ်များ လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ကြသည်။

အခြားသော သတင်းများအရ ကာတာနိုင်ငံမှ သူဌေးများသည် အစွန်းရောက် အုပ်စုများကို ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခဲ့သလို အစိုးရကလည်း ဆီးရီးယားရှိ သဘောထား တင်းမာသော အစ္စလာမ္မစ်အုပ်စုများကို ငွေကြေးနှင့် လက်နက်များ ထောက်ပံ့ပေးခဲ့သည်ဟု ယုံကြည်ရသည်။

ထို့ပြင် ကာတာအစိုးရ ကိုယ်တိုင် အယ်လ်ကေဒါအဖွဲ့ခွဲ ဖြစ်သော အယ်လ်နူဆာရာနှင့် အဆက်အသွယ် ရှိသည်ဟု ယူဆရကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။

ဆီးရီးယားအခြေစိုက် BBC သတင်းထောက် ဖရန်ဂါဒနာ၏ ပြောဆိုချက်အရ ကာတာအစိုးရ အရာရှိကြီးများ ယခင်က ထောက်ပံ့ခဲ့သည့် သဘောထားတင်းမာမှု မရှိသော လက်နက်ကိုင် အုပ်စုများသည် နောက်ပိုင်းတွင် IS ကဲ့သို့သော အစွန်းရောက်အုပ်စုများနှင့် ပူးပေါင်းသွားခဲ့ကြသည်။

မည်သို့ပင်ဆိုစေ ကာတာနိုင်ငံသည် စက်တင်ဘာလတွင် စတင်ခဲ့သည့် အမေရိကန် ဦးဆောင်သော IS နှိမ်နင်းရေး စစ်ပွဲများကို ထောက်ပံ့မှု ပြုလာခဲ့သည်။

ကာတာ ထောက်လှမ်းရေးအဖွဲ့ ဒါရိုက်တာ အပါအဝင် အရာရှိကြီးများက ဆီးရီးယား အာဏာရှင် သမ္မတ ဘာရှာအာဆတ် အစိုးရကို တိုက်ခိုက်နေသည့် အုပ်စုများအား ထောက်ပံ့ပေးမှုများနှင့် ပတ်သက်၍ မည်သို့မျှ ဖုံးကွယ်ထားစရာ မရှိကြောင်း ပြောကြားသည်။

The Voice Weekly
ဆီးရီးယားနိုင်ငံတွင် ခြေကုပ်ယူ လှုပ်ရှားလျက်ရှိသော အစ္စလာမ္မစ်နိုင်ငံတော် (IS) ကဲ့သို့သော အစွန်းရော က် အကြမ်းဖက်အုပ်စုများကို ကာတာနိုင်ငံက ထောက်ပံ့မှု ပြုနေသည်ဟူသော စွပ်စွဲပြောဆိုချက်များမှာ လုံးဝမှန်ကန်မှု မရှိဟု ကာတာအစိုးရ အရာရှိကြီးများက ငြင်းဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

နိုင်ငံအတွင်းရှိ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများတွင် မတော်တဆပေါက်ကွဲမှုများ မဖြစ်ပွားစေရန် ကြိုတင် စီမံဆောင်ရွက်ထားပြီး ပေါက်ကွဲနိုင်သည့် အလားအလာရှိပါက ကြိုတင်သိရှိနိုင်ရန် ဆောင်ရွက်ထားဟုဆို

Photo: နိုင်ငံအတွင်းရှိ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများတွင် မတော်တဆပေါက်ကွဲမှုများ မဖြစ်ပွားစေရန် ကြိုတင် စီမံဆောင်ရွက်ထားပြီး ပေါက်ကွဲနိုင်သည့် အလားအလာရှိပါက ကြိုတင်သိရှိနိုင်ရန် ဆောင်ရွက်ထားဟုဆို
Tuesday, October 28, 2014

မြန်မာ- တရုတ်ဆက်သွယ် ဖောက်လုပ်ထား သည့် ဓာတ်ငွေ့ပိုက် လိုင်းနှင့်မြန်မာ နိုင်ငံအတွင်းရှိ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများတွင် မတော်တဆပေါက် ကွဲမှုများမဖြစ်ပွားစေရန် ကြိုတင် စီမံဆောင်ရွက်ထားပြီး ပေါက်ကွဲနိုင် သည့် အလားအလာရှိပါကကြိုတင် သိရှိနိုင်ရန်ဆောင်ရွက် ထားကြောင်း စွမ်းအင် ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ထူးကပြောသည်။

အောက်တိုဘာ ၂၇ရက်တွင် ကျင်းပသည့်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး တွင်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်သူရဦးအေးမြင့်၏ဓာတ်ငွေ့ပိုက် လိုင်းစီမံကိန်းများတွင် မတော်တဆ ပေါက်ကွဲမှုမျိုးမဖြစ်ပွားစေရေးနှင့် ဖြစ်ပွားနိုင်သည့်အလားအလာကို ကြိုတင်သိရှိနိုင်ရေး အစီအမံများရေး ဆွဲသတ်မှတ်နိုင်ခြင်းရှိမရှိ မေးမြန်းမှု အပေါ် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ယင်းကဲ့သို့ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်သူရဦးအေးမြင့်က နိုင်ငံအချို့ တွင်ဓာတ်ငွေ့ပိုက်လိုင်းများပေါက် ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး ယင်းသို့ပေါက် ကွဲမှုမျိုး မြန်မာနိုင်ငံတွင်ဖြစ်ပေါ်မည် ကို ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွား ရာဒေသရှိ ပြည်သူများစိုးရိမ်နေ မှုအပေါ်ပြည့်စုံသည့်လုံခြုံရေး အစီအ မံများ ဆောင်ရွက်ထားခြင်းရှိမရှိ လွှတ်တော်တွင်မေးမြန်းသွားခဲ့သည်။

ယင်းအပေါ်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးက ''ဓာတ် ငွေ့ပိုက်လိုင်းတည်ဆောက်ရာတွင် ပိုက်လိုင်းလုံခြုံစိတ်ချစေရေးအတွက် ပစ္စည်းအမျိုးအစားရွေးချယ်ခြင်း၊ ဒီ ဇိုင်းထုတ်လုပ်ခြင်း ပိုက်လိုင်းတည် ဆောက်ခြင်းလုပ်ငန်းများကို အပြည် ပြည်ဆိုင်ရာမှ လက်ခံကျင့်သုံးလျက် ရှိသော အမေရိကန်ရေနံအဖွဲ့အစည်း စံနှုန်း၊ အမေရိကန်စက်မှုအင်ဂျင်နီ ယာအသင်းစံနှုန်းအတိုင်း ဆောက် ထားပါတယ်''ဟုပြောသည်။

ဓာတ်ငွေ့ပိုက်လိုင်းမှဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပေါ်ပါက ကြိုတင် သိရှိ နိုင်ရန် အလိုအလျောက် မီးဘေး အန္တရာယ်စောင့်ကြည့်စနစ်၊ အသိပေး အချက်ပြစနစ်ကိုတပ်ဆင်ထားပြီး ပိုက်လိုင်းအတွင်းရှိ ရေနံဖိအားစီးဆင်း မှု၊ ထုထည်နှင့် အပူချိန်များပုံမှန်အတိုင်းရှိမရှိကို မန္တလေးထိန်းချုပ်ရေး စခန်းမှ စောင့်ကြည့်လျက်ရှိပြီး အခြား ဓာတ်ငွေ့ပိုက်လိုင်းစခန်းအသီးသီး မှာလည်း ယင်းကဲ့သို့ဆောင်ရွက်နေ သည်ဟု စွမ်းအင်ဒုတိယဝန်ကြီး ဦး အောင်ထူးကဆိုသည်။

ဓာတ်ငွေ့ပိုက်လိုင်းများအရေး ပေါ်အခြေအနေဖြစ်ပွားလာပါက အ ချိန်နှင့် တစ်ပြေးညီပြုပြင်ထိန်းသိမ်း ရေးဗဟိုစခန်းများ အဖွဲ့များထားရှိ ပြီး အရေးပေါ် မီးငြှိမ်းသတ်ရေးအ တွက် မြို့နယ်အသီးသီးရှိ စီမံခန့်ခွဲရေး ရုံးများတွင် မီးသတ်ပစ္စည်းများ အရန် သင့်စီမံထားရှိထားသည်ဟု စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြော သည်။

MP,YM
Yangon Media Group 

ဓါတ်ပုံ - မြန်မာ-တရုတ်ဆက်သွယ်ဖောက်လုပ်နေသည့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနေရာတစ်ခုကို တွေ့ရစဉ်

မြန်မာ-တရုတ်ဆက်သွယ်ဖောက်လုပ်နေသည့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနေရာတစ်ခုကို တွေ့ရစဉ်

မြန်မာ- တရုတ်ဆက်သွယ် ဖောက်လုပ်ထားသည့် ဓာတ်ငွေ့ပိုက်လိုင်းနှင့်မြန်မာ နိုင်ငံအတွင်းရှိ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများတွင် မတော်တဆပေါက် ကွဲမှုများမဖြစ်ပွားစေရန် ကြိုတင် စီမံဆောင်ရွက်ထားပြီး ပေါက်ကွဲနိုင်သည့် အလားအလာရှိပါကကြိုတင် သိရှိနိုင်ရန်ဆောင်ရွက်ထားကြောင်း စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးကပြောသည်။

သင်ရိုးကြောင့် အရည်အချင်းပြည့် ဆရာများရရှိရေး ခက်ခဲနေဟု တိုင်းဝန်ကြီးချုပ် ပြော

Photo: သင်ရိုးကြောင့် အရည်အချင်းပြည့် ဆရာများရရှိရေး ခက်ခဲနေဟု တိုင်းဝန်ကြီးချုပ် ပြော
Tuesday, October 28, 2014

ကျောင်းစနေစဉ် အချိန်မှစ၍ ဆရာဖြစ်သင်တန်းအထိ သင်ရိုးနှင့်နည်း စနစ်အား နည်းချက်များစွာရှိ၍ အရည်အချင်း ပြည့်ဝသော ဆရာ၊ ဆရာမ များ ဖြစ် လာရေး အခက်အခဲများစွာ ရှိနေသည်ဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ငှက်အော်စမ်းကျေးရွာ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) မြန်မာ့ပညာရေးသည် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင်ပင် နိမ့်ကျနေသည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ်က သုံးသပ်သည်။

ပုသိမ်တက္ကသိုလ်တွင် အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သည့် ပညာရေး အရည်အသွေးမြှင့်တင်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် ယင်းသို့ ပြောခြင်းဖြစ်သည်။

“အိမ်နီးနားချင်းနိုင်ငံများနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့က အားနည်းနေသေးတယ်လို့ ပြောလို့ရပါ တယ်” ဟု ဦးသိန်းအောင်က ပြောသည်။

ထို့ကြောင့် အခြားသော နိုင်ငံများတွင် သုံးစွဲနေသည့် သင်ရိုးနှင့်သင်ကြား နည်းစနစ်ကို လေ့လာကြရန် ဝန်ကြီးချုပ်က တိုက်တွန်းသည်။

“နိုင်ငံတော် တည်ဆောက်ရေးတွေမှာ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ပညာရေးနဲ့ပဲ တည်ဆောက်တယ်။ ပညာတတ်တွေနဲ့ပဲ တည်ဆောက်တယ်။ ဒီခေတ် ဟာ ပညာခေတ်ဆိုတာလည်း လူတိုင်းနားလည်ထားပါတယ်” ဟု ဦးသိန်းအောင်က ပြောသည်။

အဆိုပါ ညှိနှိုင်းပွဲတွင် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီဝင်ဒေါက်တာ ကြူကြူဆွေက “အဆင့်မြင့် ပညာသင်ကျောင်းများတွင် ဘာသာရေး အဖွဲ့အစည်းနှင့် နိုင်ငံရေး အဖွဲ့အစည်းတို့၏ လွှမ်းမိုးမှုမှ ကင်းလွတ်ရမည်။ တက္ကသိုလ်များတွင် လွတ်လပ်ပြီးတက်ကြွသော ပညာရပ်ဆိုင်ရာ ဝန်းကျင်ကောင်းများ ဖန်တီးပေးရမည်” စသည့် အမျိုးသားပညာရေး ဥပဒေကြမ်းပါ အခြေခံမူများကို ဆွေးနွေးသည်။

အမျိုးသားပညာရေး ဥပဒေကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၁ ဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ သို့သော် ကျောင်းသားသမဂ္ဂများ၊ ဆရာ၊ ဆရာမသမဂ္ဂများ၊ ပညာရေး ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့က ကန့်ကွက်ကြသည်။

Mizzima - News in Burmese
ရန်ကုန်တိုင်းအတွင်းရှိ ငှက်အော်စမ်းကျေးရွာ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
မြန်မာ့ပညာရေးသည် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင်ပင် နိမ့်ကျနေသည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ်က သုံးသပ်သည်။ ကျောင်းစနေစဉ် အချိန်မှစ၍ ဆရာဖြစ်သင်တန်းအထိ သင်ရိုးနှင့်နည်း စနစ်အား နည်းချက်များစွာရှိ၍ အရည်အချင်း ပြည့်ဝသော ဆရာ၊ ဆရာမများ ဖြစ်လာရေး အခက်အခဲများစွာ ရှိနေ သည်ဟု ဧရာဝတီ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။

တရားမဝင် ဆိုင်ကယ်စီးရေအလွန်များဟု ရထားပို့ဆောင်ရေး ဒု-ဝန်ကြီးဝန်ခံ


Photo: တရားမဝင် ဆိုင်ကယ်စီးရေအလွန်များဟု ရထားပို့ဆောင်ရေး ဒု-ဝန်ကြီးဝန်ခံ
Tuesday, October 28, 2014

မြန်မာနိုင်ငံသို့ တင်သွင်းသည့် မော်တော်ဆိုင်ကယ်များသည် ပြည်ပသွင်းကုန် ပါမစ်ဖြင့် တရားဝင်တင် သွင်းလာသော အစီးရေထက် တရားမဝင်တင်သွင်း လာသည့် ဆိုင်ကယ်အရေအတွက်သည် အဆမတန် ပိုမိုများပြားနေကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးက ဝန်ခံပြောကြားလိုက်သည်။

ဒုတိယဝန်ကြီး ဦးချန်မောင်က “တရားဝင် မှတ်ပုံတင်ထားသော ဆိုင်ကယ်အစီးရေသည် လေးသန်းကျော်ရှိ သည့် အနက်ပြည်ပမှသွင်းကုန် ပါမစ်ဖြင့်တင်သွင်းလာပြီး မှတ်ပုံတင်ထားသော ဆိုင်ကယ် ၇၆၈,၆၀၅ စီးရှိပြီး တရားမ၀င်နိုင်ငံတွင်း ရောက်ရှိလာသော ဆိုင်ကယ်များကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့သော အစီးရေ သုံးသန်းကျော်ရှိနေခြင်းက တရားမ၀င် ဆိုင်ကယ်ပိုမိုများပြားနေပါတယ်” ဟု ပြောသည်။

ရန်ကုန်မြို့မှအပ ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် လူလတ်တန်းစားများ သွားလာရေးနှင့် သယ် ယူပို့ဆောင်ရေးအတွက် လွန်စွာအရေးပါသော မော်တော်ဆိုင်ကယ်များအား ဆိုင်ကယ်မှတ်ပုံတင် (ဝှီးတက်) ထပ်မံပြုလုပ်ပေးတော့မည် မဟုတ်ကြောင်း ရထားပို့ဆောင်ရေး ဒု-၀န်ကြီးက ဆိုသည်။

သို့ရာတွင် ဆိုင်ကယ်မှတ်ပုံတင် မလုပ်ရသေးဘဲ ကျန်ရှိနေသေးသောဆိုင်ကယ်များနှင့် ထပ်မံရောက်ရှိ လာသော လိုင်စင်မဲ့ဆိုင်ကယ်များကို စစ်ဆေးတွေ့ရှိပါက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော် ကောင်စီတို့၏ ကြီးကြပ်မှုဖြင့် သတ်မှတ်ဒဏ်ကြေးကောက်ခံ၍ သီးခြား ဆိုင်ကယ်နံပါတ် များ သတ်မှတ်ကာ သက်ဆိုင်ရာ နယ်နိမိတ်အတွင်းသာ စီးနင်းခွင့်ပေးမည်ဟုလည်း ဖြည့်စွက်ဖြေကြား သည်။

ဒု-၀န်ကြီးက သတ်မှတ်ဒဏ် ကြေးကိုမူ အတိအကျပြောဆိုခဲ့ခြင်းမရှိသည့် အပြင်ယင်းကဲ့သို့ ဒဏ်ကြေးဖြင့် မော်တော်ဆိုင် ကယ်မှတ်ပုံတင် ဆောင်ရွက်ပေးလျှင်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့က ဆိုင်ကယ်အစီးရေ ကန့်သတ်ဆောင်ရွက်သွားမည် ဖြစ်သည်။

အမျိုးသားလွှတ်တော် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးအောင်ကျော်ဇော၏ မေးမြန်းမှုကို ဖြေခြင်း ဖြစ်သည်။

Mizzima - News in Burmese 

ဆိုင်ကယ်စီးနင်းခွင့် ပြုမထားသည့် ရန်ကုန်မြို့ နယ်နိမိတ်အတွင်း ဆိုင်ကယ် စီးနှင်း နေသည်ကို အောက်တိုဘာ ၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ -ဟိန်းထက်၊ မဇ္ဈိမ)
ဆိုင်ကယ်စီးနင်းခွင့် ပြုမထားသည့် ရန်ကုန်မြို့ နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနှင်း နေသည်ကို အောက် တိုဘာ ၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ -ဟိန်းထက်၊ မဇ္ဈိမ)
မြန်မာနိုင်ငံသို့ တင်သွင်းသည့် မော်တော် ဆိုင်ကယ်များသည် ပြည်ပသွင်းကုန် ပါမစ်ဖြင့် တရားဝင်တင် သွင်းလာသော အစီးရေထက် တရားမဝင်တင်သွင်းလာသည့် ဆိုင်ကယ်အရေအတွက်သည် အဆမတန် ပိုမိုများပြားနေကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးက ဝန်ခံပြောကြားလိုက်သည်။

တပ်မတော် တောင်းခံငွေ၏ သုံးပုံတစ်ပုံ တိုက်ခိုက်ရေးအတွက် သုံးစွဲဟု ကာကွယ်ရေးဝန်ကြီးဆို

Photo: တပ်မတော် တောင်းခံငွေ၏ သုံးပုံတစ်ပုံ တိုက်ခိုက်ရေးအတွက် သုံးစွဲဟု ကာကွယ်ရေးဝန်ကြီးဆို
Tuesday, October 28, 2014

လွှတ်တော်က ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေ အသုံးစရိတ်များထဲမှ သုံးပုံတစ်ပုံကို တိုက်ခိုက်ရေးအတွက် တပ်မတော်က သုံးစွဲနေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် တပ်မတော်က တောင်းခံထားသော အသုံးစရိတ်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ရေး အသုံးစရိတ်မှအပ ကျန်ရှိသည့် ကုန်ကျငွေ အသုံးစရိတ်များမှာ တပ်မတော်သားများအတွက် လစာ၊ စရိတ်နှင့် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ဆိုသည်။

၂၀၁၄-၂၀၁၅ ခုနှစ်အတွက် ကာကွယ်ရေး ဝန်ကြီးဌာနက ငွေကျပ် ၂၃၆၅၈၁၃ ဒသမ ၂၁၈ သန်း တောင်းခံခဲ့ပြီး ယင်းတောင်းခံငွေမှ ၃၄ ဒသမ ၈၉ ရာခိုင်နှုန်းသာ တိုက်ခိုက်ရေးအတွက် အသုံးပြုကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

တပ်မတော်က ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင်မူ ငွေကျပ် ၂၄၈၀၃၄ ဒသမ ၇၂၃ သန်း ထပ်မံတောင်းခံထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလအတွင်း ကာကွယ်ရေး အသုံးစရိတ်များ တောင်းခံမှုကို လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းဝေဖန်မှုများ ရှိနေသော်လည်း ယင်းတောင်းခံငွေကို ငြိမ်းချမ်းရေးကို ထိခိုက်မှု မရှိစေရန် အသုံးပြုမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဝေလွင်က ထပ်မံပြောဆိုသည်။

အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင် ပြုလုပ်နေခဲ့သော်လည်း တိုက်ခိုက်ရေး အသုံးစရိတ် အများအပြား သုံးစွဲနေခြင်းမှာ မဖြစ်သင့်တော့ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများနှင့် လူ့အခွင့်အရေး စောင့်ကြည့်သူများက ဝေဖန်ပြောဆိုလျက် ရှိသည်။

The Voice Weekly
လွှတ်တော်က ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေ အသုံးစရိတ်များထဲမှ သုံးပုံတစ်ပုံကို တိုက်ခိုက်ရေးအတွက် တပ်မတော်ကသုံးစွဲနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကပြောသည်။

ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယားကျောင်းသူများ အတင်းအဓမ္မ လက်ထပ်ခိုင်းခံရ

Photo: ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယားကျောင်းသူများ အတင်းအဓမ္မ လက်ထပ်ခိုင်းခံရ
Tuesday, October 28, 2014

နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်သူပုန်တွေရဲ့ ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အတင်းအဓမ္မ လက်ထပ်ခိုင်းတာ၊ ကိုးကွယ်ရာ ဘာသာပြောင်းခိုင်းတာနဲ့ အလွဲသုံးစားလုပ်တာတွေ ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး (HRW) က အောက်တိုဘာ ၂၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ဒီအစီရင်ခံစာကို နိုင်ဂျီးရီးယားနိုင်ငံတလွှားက အဓမ္မခေါ်ဆောင်ခံရတဲ့ သက်သေတွေနဲ့ ဓားစာခံ ဒါဇင်ပေါင်းများစွာကို လူတွေ့မေးမြန်းချက်တွေအပေါ် အခြေခံတင်ပြထားပါတယ်။

ဘိုကိုဟာရမ်တွေဟာ ၂၀၀၉ ခုနှစ်ကတည်းက ခုထိ အမျိုးသမီးနဲ့ မိန်းကလေး အယောက် ၅၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ပြီးပြီလို့ အစီရင်ခံစာက ဆိုပါတယ်။

ဘိုကိုဟာရမ်တွေဟာ ဓားစာခံတွေကို အစ္စလာမ်ဘာသာ မပြောင်းရင်၊ ကျောင်းတက် တာကို မရပ်ရင်၊ ဟိဂျဗ်လို့ခေါ်တဲ့ ခေါင်းမြီးခြုံအဝတ်ကိုမဝတ်ရင် သူတို့ကို ကျာပွတ်နဲ့ ရိုက်နှက် သတ်ဖြတ်ခံရမယ်လို့ ခြိမ်းခြောက်လေ့ရှိကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် ဒေသခံတွေကပေးတဲ့ သတင်းအတိုင်း လှုပ်ရှားမယ်ဆိုရင် ဘိုကိုဟာရမ်တွေရဲ့ တိုက်ခိုက်မှုတချို့ကို လုံခြုံရေးတပ်တွေက တားဆီးနိုင်မယ်လို့လည်း မျက်မြင်သက်သေတွေ ကပြောကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ဘိုကိုဟာရမ်တွေဟာ နိုင်ဂျီးရီးယားနိုင်ငံရဲ့ ဆင်းရဲမွဲတေတဲ့ အရှေ့မြောက်ပိုင်းမှာ ဘာသာရေးဆရာအုပ်ချုပ်တဲ့ အစ္စလာမ္မစ်နိုင်ငံ တည်ထောင်ရေး ၅ နှစ်တာ သူပုန်ထမှုအတွင်း လူအယောက်ထောင်ချီ သတ်ဖြတ်ခဲ့ပြီးပါပြီ။

DVB
နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်သူပုန်တွေရဲ့ ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အတင်းအဓမ္မ လက်ထပ်ခိုင်းတာ၊ ကိုးကွယ်ရာ ဘာသာပြောင်းခိုင်းတာနဲ့ အလွဲသုံးစားလုပ်တာတွေ ခံခဲ့ရ တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး (HRW) က အောက်တိုဘာ ၂၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

UNFC က ထွက်ဖို့ KNU ဆုံးဖြတ်

ကရင်အမျိုးသား အစည်းအရုံး KNU အနေနဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC ကနေနုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

ပြည်တွင်းပဲဈေးကွက်မှာ လောင်းကစားဆန်ဆန် ဈေးကွက်ဖြစ်နေပြီး လေရောင်းလေဝယ် ရာခိုင်နှုန်း ၅ဝ အထိရှိနေရာ ကြိုတင်ငွေကြောင့် အရောင်းအဝယ် ကျဆင်းနိုင်

ပြည်တွင်းပဲဈေးကွက်ကို သုံးသပ်ပါ က လက်ငင်းရောင်းဝယ်မှုမှာ ၂ဝ ရာခိုင်နှုန်း ဝန်းကျင်သာရှိပြီး ကြိုရောင်းကြိုဝယ်မှာ ၃ဝ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်း၊ ကျန်ရောင်းဝယ် မှုအားလုံးမှာ လေရောင်း လေဝယ် များသာဖြစ် နေကြောင့် ခန့်မှန်းရရှိပြီး အရောင်းအဝယ် အားလုံးမှာ ကုန်ထုတ်ညွှန်ကြားလွှာ (Delivery Order)ပေါ်တွင် အခြေခံ၍ အရောင်းအဝယ် ပြုလုပ်ကြကြောင်း တွေ့ရပြီး အောက်တိုဘာ ၉ ရက်တွင် အာမခံစနစ်ဖြင့် ပဲမျိုးစုံရောင်း ဝယ်မှု စနစ်စတင်ခဲ့ရာ ပဲဈေးမှာ ပုံမှန်ပြန်ဖြစ် လာသော်လည်း အရောင်း အဝယ် နည်းသွား ကြောင်း သိရသည်။

ရွေးကောက်ပွဲစနစ်အသစ်တစ်ခုကို ပြောင်းလဲကျင့်သုံးမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရွေးကောက်ပွဲစနစ်အား ဦးစွာပြင်ဆင် ပြီးနောက် ပြည်သူ့ ဆန္ဒခံယူသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

ရွေးကောက်ပွဲစနစ်အသစ်တစ်ခုကို ပြောင်းလဲကျင့်သုံးမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရွေးကောက်ပွဲ စနစ်အား ဦးစွာပြင်ဆင်ပြီးနောက် ပြည်သူ့ဆန္ဒ ခံယူသင့်ကြောင်း နေပြည်တော်၌ အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ၁၁ကြိမ် မြောက်ပုံမှန်အစည်းအဝေး ၂၃ ရက်မြော က်နေ့ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့်လိုက်လျောညီထွေမှုရှိ မည့်ရွေးကောက်ပွဲ စနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင် ၏ အစီရင်ခံစာ နှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ က ဆွေးနွေး ခဲ့ကြသည်။

အသက်အရွယ်နှင့်ဆိုင်သော မှတ်ဉာဏ်ဆုံးရှုံးမှုကို ကိုကိုးမှုန့်တွင်ပါဝင်သော သဘာဝဒြပ်ပေါင်းက ကာကွယ်နိုင်

အသက် (၅၀) ကျော်နှင့် (၆၀) ကျော်အတွင်း ၀င်ရောက်လာသူများမှာ ၎င်းတို့၏ ကာလတိုမှတ်ဉာဏ် အချို့သော အစိတ်အပိုင်းကို စတင်ဆုံးရှုံးလာလေ့ရှိသည်။ သို့သော် ယင်းကဲ့သို့ မှတ်ဉာဏ်ဆုံးရှုံးမှုကို ကိုကိုးမှုန့် ထဲတွင် သဘာဝအလျောက် ပါဝင်သော ဒြပ်ပေါင်းတစ်မျိုးက ကာကွယ် တိုက်ဖျက်ပေးနိုင်ကြော င်း လေ့လာမှု တစ်ခုအရ သိရသည်။

ရွေးကောက်ပွဲစနစ်သစ် ကျင့်သုံးမည်ဆိုလျှင် ပြည်သူ့ဆန္ဒခံယူပွဲ မဖြစ်မနေ လုပ်ရမည်ဟု လွှတ်တော်အမတ်များပြော

ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုရွေး ကောက်ပွဲစနစ်ပုံစံတစ်မျိုးမျိုးနှင့် ကျင်းပမည်ဆိုပါက ပြည်သူ့ ဆန္ဒ ခံယူပွဲမဖြစ်မနေ ပြုလုပ်ရမည်ဖြစ် ကြောင်း ပြည်ခိုင်ဖြိုးပါတီလွှတ် တော်ကိုယ်စားလှယ်တစ်ဦးအပါ အ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ လွှတ်တော်ကိုယ်စား လှယ်များက ပြည်သူ့လွှတ်တော်  အစည်း အဝေးတွင် ပြောကြား လိုက်သည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွှေရတုသဘင်ပွဲ ကျင်းပမည်

ရန်ကုန်− ရန်ကုန်စီးပွားရေးတက္က သိုလ် တည်ထောင်သော နှစ်(၅၀)ပြည့် ရွှေရတုသဘင်အား ရန်ကုန် စီးပွားရေးတက္ကသိုလ် (ကမာရွတ် နယ်မြေ)နှင့် စီးပွားရေးတက္ကသိုလ်အဆောင်များ တည်ရှိရာ သမိုင်း ဝင်းတို့တွင် ၂၀၁၄ ခုနှစ် အောက် တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

မြန်မာသို့ နည်းပညာအကူအညီများပေးရန် သမ္မတရုံးဝန်ကြီး နိုင်ငံတကာသို့ မေတ္တာရပ်ခံ

နည်းပညာပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှောင့် နှေးနေသည့် မြန်မာနိုင်ငံသို့ နည်း ပညာထိပ်တန်း ရောက် နေသော နိုင်ငံများမှ ပံ့ပိုးကူညီစေလိုကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က မေတ္တာရပ်ခံလိုက်သည်။

တောင်သူများအတွက် အစိုးရက ဆောင်ရွက်နေသည့် စီမံကိန်းများကို ဒေါ်အောင်ဆန်းစုကြည်ဝေဖန်

Photo: တောင်သူများအတွက် အစိုးရက ဆောင်ရွက်နေသည့် စီမံကိန်းများကို ဒေါ်အောင်ဆန်းစုကြည်ဝေဖန်
Tuesday, October 28, 2014

အစိုးရက တောင်သူ လယ်သမားများအတွက် လက်ရှိ လုပ်ဆောင်နေသည့် စီမံကိန်းအ များစုသည် ရေတိုသက်သာစေ သည့် စီမံကိန်းများဖြစ်ပြီး ရေရှည် တွင် ကျေးရွာနေပြည်သူလူထု၏ ဘ၀ကိုမြှင့်တင်ပေးနိုင်မည့်ပုံမျိုး ရှိမနေကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ဝေဖန်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌဖြစ်ပြီး စပါးစိုက်တောင်သူအများအပြားနေထိုင်ရာ ရန်ကုန်တစ်ဖက်ကမ်း ကော့မှူးမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ် စား လှယ် ဒေါ်အောင်ဆန်းစုကြည် က အောက်တိုဘာ ၂၇ ရက်ထုတ်အန်အယ်လ်ဒီ၏   သဘောထားများ ဖော်ပြရာ ဒီလှိုင်းဂျာနယ်၏ ဒီစကားကဏ္ဍတွင် ရေးသားဝေဖန်ခဲ့ခြင်းဖြစ်သည်။

သို့သော် မည်သည့်စီမံကိန်း များကို ရည်ရွယ်ပြောဆိုသည်ကို တိတိကျကျပြောဆိုခဲ့ခြင်း မရှိပေ။‘‘ယခုအချိန်မှာ နှစ်ကာလ ကြာရှည်စွာ ဆင်းဆင်းရဲရဲရုန်း ကန်လုပ်ကိုင်ခဲ့ရတဲ့ ကျွန်မတို့ တောင်သူလယ်သမားများအ တွက်ဆိုပြီး လုပ်နေတဲ့ စီမံကိန်း တော်တော်များများဟာ ရေရှည် မှာ ကျေးရွာနေပြည်သူလူထုရဲ့ ဘ၀ကိုမြှင့်တင်ပေးနိုင်မယ့်ပုံမ ပေါ်ပါဘူး။ ခဏတာရေတိုသက် သာစေမယ့် စီမံကိန်းတွေဖြစ်နေ ကြပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ဒီလှိုင်းဂျာနယ်တွင် သူအပတ်စဉ်ရေးနေကြဖြစ်သည့် ‘‘ဒီ စကား’’ကဏ္ဍတင် ဝေဖန်ရေးသား ခဲ့သည်။ နိုင်ငံတကာအတွေ့အကြုံများအရ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လိုအပ်ချက်သည် လယ်မြေ ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် ပြု ပြင်ပြောင်းလဲရေးဖြစ်ပြီး မြန်မာ နိုင်ငံတွင်လည်း လယ်မြေပိုင်ဆိုင် မှုနှင့် ပတ်သက်သည့်ပြဿနာများ ကို အမြန်ဆုံးဖြေရှင်းရန် ဒေါ် အောင်ဆန်းစုကြည်က ထောက်ပြ ခဲ့သည်။

‘‘ဖွံ့ဖြိုးရေးပညာရှင်ကြီးတစ် ဦးပြောတာ ကျွန်မနားထဲကြား ယောင်နေပါတယ်။ မြန်မာပြည် မှာ တောင်သူလယ်သမားတွေက မြေမရှိဘူး။ နောက်ပြီး အလုပ် သမားတွေလည်း မရှိဘူး။ တခြား ဟာတွေထားလိုက်ဦး။ ဒီနှစ်ခုမရှိ တာနဲ့ကို အတော်ဒုက္ခရောက်နေ ပြီတဲ့’’ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့သည်။

မြန်မာနိုင်ငံတွင် လယ်မြေ ပိုင်ဆိုင်မှုပြဿနာများနှင့် လယ် သမားများ လယ်မြေစွန့်လွှတ်ပေး နေရခြင်းသည် တစ်နေ့တခြားပိုမို ကြီးထွားလာသည့် ပြဿနာဖြစ် လာကြောင်း တောင်သူလယ်သ မားများအရေး တက်ကြွလှုပ်ရှား သူ ဧရာဝတီမြစ်အနောက်ဘက် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု၏ ခေါင်းဆောင်ဦးသန့်ဇင်က ပြော ကြားသည်။

‘‘အပေါ်ပိုင်းမှာ အဆောက် အအုံအနေနဲ့ ပြောင်းလဲသွားတာ မှန်တယ်။ တကယ်တမ်းကျတော့ အောက်ခြေမှာ လုံးဝမပြောင်းဘူး။ ပြန်တောင်းလို့ရတယ်၊ လယ်ယာ မြေ  စိစစ်ရေးကော်မတီကို တင် တယ်ဆိုပေမယ့် ပြန်ပေးတာက သူတို့မလိုချင်တဲ့ မြေတွေပဲ’’ ဦး သန့်ဇင်က ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးတစ်ခု တည်းတွင်ပင် သိမ်းဆည်းခံလယ် ယာမြေပမာဏမှာ ဧကလေးသိန်း နီးပါးရှိကြောင်း မကွေးတိုင်းဒေသ ကြီးမှ လယ်ယာမြေအရေး ဆောင်ရွက်သူများက ပြောသည်။

7Day DAILY 

မန္တလေးတိုင်းအတွင်းရှိ စိုက်ခင်းအချို့-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
မန္တလေးတိုင်းအတွင်းရှိ စိုက်ခင်းအချို့-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
အစိုးရက တောင်သူ လယ်သမားများအတွက် လက်ရှိ လုပ်ဆောင်နေသည့် စီမံကိန်းအ များစုသည် ရေတို သက်သာစေ သည့် စီမံကိန်းများဖြစ်ပြီး ရေရှည်တွင် ကျေးရွာနေပြည်သူလူထု၏ ဘ၀ကိုမြှင့် တင်ပေးနိုင်မည့် ပုံမျိုး ရှိမနေကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ဝေဖန်လိုက်သည်။

ကြိုတင်ခွင့်ပြုချက်နှင့် ယူရသည့် ဆိုက်ရောက်ဗီဇာ ပြန်လည်ခွင့်ပြု

ပြီးခဲ့သည့်တစ်လကျော်က ရပ်ဆိုင်းလိုက်သော ကြိုတင်ခွင့်ပြုချက်ဖြင့်ယူရသည့် ဆိုက် ရောက်ပြည်ဝင်ခွင့် ဗီဇာ  (Pre- Arrangement Visa On Arrival) ကို  ယခုနှစ်ကုန်အထိ ပြန်လည်ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

Monday, 27 October 2014

ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရရှိ

Photo: ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရရှိ
Monday, October 27, 2014 

လက်တင်အမေရိကမှ ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံး နိုင်ငံတစ်ခုဖြစ်သည့် ဘရာဇီးလ်၏ သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒီလ်မာ ရူးဆက်ဖ်က အနိုင်ရရှိခဲ့သည်ဟု သိရသည်။

ရွေးကောက်ပွဲရလဒ်များကို ယနေ့တွင် ကြေညာခဲ့ရာ ရူးဆက်ဖ်မှာ မဲပေးမှု စုစုပေါင်း ၉၉.၆၆ ရာခိုင်နှုန်းတွင် ၅၁.၆၀ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ပြိုင်ဘက်ဖြစ်သူ အဲစီယို နီဗက်စ်မှာ မဲအရေအတွက် ၄၈.၄၀ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

မဲရလဒ်များ ထွက်ပေါ်လာပြီးနောက် ပြောကြားခဲ့သော မိန့်ခွန်းတွင် ရူးဆက်ဖ်က ၎င်း၏ ဒုတိယ သက်တမ်းတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန် မျှော်လင့်ထားပြီး ဘရာဇီးလ် ပြည်သူများက တောင်းဆိုသော ပြုပြင်ပြောင်းလဲမှုများကိုလည်း လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။

အစောပိုင်းတွင် နီဗက်စ်မှာ ရူးဆက်ဖ်ထက် ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းကြား အသာရခဲ့သော်လည်း နောက်ဆုံးအချိန်ကျမှ ရူးဆက်ဖ်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နီဗက်စ်ကလည်း မိမိရှုံးနိမ့်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဘရာဇီးလ်သမ္မတ ရူးဆက်ဖ်မှာ နိုင်ငံ၏ စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု စသည့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ref_ Al Jazeera and agencies
M-Media
လက်တင်အမေရိကမှ ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံး နိုင်ငံတစ်ခုဖြစ်သည့် ဘရာဇီးလ်၏ သမ္မတ ရွေးကောက်ပွဲ တွင် လက်ရှိသမ္မတ ဒီလ်မာ ရူးဆက်ဖ်က အနိုင်ရရှိခဲ့သည်ဟု သိရသည်။

ဒေသခံ လူထုရဲ့ အသံနားထောင်ဖို့ အရေးကြီး

Photo: ဒေသခံ လူထုရဲ့ အသံနားထောင်ဖို့ အရေးကြီး
Monday, October 27, 2014 

မိမိရဲ့ ကချင်ပြည်နယ်ခရီးစဉ်ဟာ ကချင်ပြည်နယ်က ဒေသခံတွေရဲ့ စိုးရိမ်မှုတွေ လိုလားချက်တွေနဲ့ မျှော်လင့်ချက်တွေကို သိရှိအောင် လာရောက် နားထောင်တာဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သုံးရက်ကြာရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ကဒီနေ့ ပြောကြားပါတယ်။

သူ့ရဲ့မြစ်ကြီးနားမြို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး RFA ကမေးမြန်းရာမှာ သံအမတ်ကြီး Mr. Mitchell က ကချင်ပြည်နယ်အစိုးရအပြင် ဘက်ပေါင်းစုံက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ပြောလိုက်တာပါ။

“အဖွဲ့အစည်းပေါင်းစုံနဲ့ သုံးရက်ကြာတွေ့ဆုံခဲ့ပြီး မိမိခံစားမိတာက စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုရင် အောက်ခြေအဆင့်ဆင့်မှာ ဘက်ပေါင်းစုံက ယုံကြည်မှုတည်ဆောက်ဖို့ အများကြီး လိုအပ်နေပါသေးတယ်။ ရန်ကုန်လိုမြို့မှာ ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောတာ ကြားရပါတယ်။ အခုလို လာရောက်ပြီး အဖွဲ့အစည်းပေါင်းစုံနဲ့ တွေ့ဆုံပြီး နားထောင်ရတာကိုတော့ ဘာနဲ့မှ လဲလို့မရပါဘူး။ အဲ့ဒီမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဘာပြောနေကြသလဲ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဘာတွေပြောနေသလဲဆိုတာကို နားထောင်ဖို့ဟာ အရေးကြီးပါတယ်” လို့ အမေရိကန်သံအမတ်ကြီးက ပြောသွားပါတယ်။

ကချင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းကလည်း သံအမတ်ကြီး ကချင်ပြည်နယ်ကို လာရောက်တာကို ကြိုဆိုကြောင်း ပြောပါတယ်။

"မြစ်ကြီးနားကို လာတဲ့အချိန်မှာပေါ့၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကိစ္စတွေ လူသားချင်းစာနာတဲ့ အထောက်အထား ထောက်ပံ့မှုတွေ အကြောင်းတွေ ဒါတွေပဲဆွေးနွေးတာ ရှိပါတယ်၊ အမေရိကန်သံအမတ်ကြီးအနေနဲ့ ကချင်ပြည်နယ်ကို လာတယ်ဆိုတာဟာ ပြည်နယ်အစိုးရရဲ့ သဘောထားအမြင်တွေ၊ ကချင်ပြည်နယ်ရဲ့ အခြေအနေတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ခွင့်ရတာပါ၊ အဲ့ဒီတော့ တခါတခါမှာ အပြင်မှာပြောတဲ့စကားတွေ၊ မီဒီယာမှာ ကြားရတဲ့ကိစ္စတွေ သူကိုယ်တိုင်တွေ့ဆုံတယ်၊ လေ့လာတယ်ဆိုရင်တော့ အရှိကို အရှိအတိုင်း သူမြင်သွားတာပေါ့"

သံအမတ်ကြီးဟာ မြစ်ကြီးနားမြို့နားက စစ်ပြေးဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။

RFA Burmese
မိမိရဲ့ ကချင်ပြည်နယ်ခရီးစဉ်ဟာ ကချင်ပြည်နယ်က ဒေသခံတွေရဲ့ စိုးရိမ်မှုတွေ လိုလားချက်တွေနဲ့ မျှော်လင့်ချက်တွေကို သိရှိအောင် လာရောက် နားထောင်တာဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ သုံးရက်ကြာရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ကဒီနေ့ ပြောကြားပါတယ်။

“နိုင်ငံရေးအသုံးချခံဖြစ်သွားလေပြီလားကိုပါကြီး”

ယနေ့အွန်လိုင်းမီဒီယာပေါ်မှာ လူပြောအများဆုံးအကြောင်းပြောပါဆိုလျှင် သတင်းထောက် ကိုပါကြီး(ခေါ်) ကိုအောင်နိုင် ကျော် ကိစ္စလို့ပဲပြော ရမည်ဖြစ် ပါသည်။ ကိုပါကြီးသေဆုံးရခြင်း အကြောင်းနှင့်ပတ်သက်၍ လွတ်လပ်ပြီး ကျွမ်းကျင်သော ပညာရှင်များပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းပြီး ကျူးလွန်သူများကို တရားဥပဒေနှင့် အညီ အရေးယူဆောင် ရွက်ပေးဖို့ ဒီမိုကရက်တစ်အဖွဲ့ အစည်းပေါင်း (၄၆)ဖွဲ့က အောက်တို ဘာ လ(၂၆)ရက်နေ့ ရက် စွဲဖြင့် ကြေငြာချက် ထုတ်ပြန်ခဲ့ကြသည့်အပြင် ကိုကိုကြီး၊ မင်းကိုနိုင်၊ နေမျိုးဇင်တို့ကိုယ်တိုင် ဦးဆောင်၍ မြို့တော်ခန်းမရှေ့တွင် စုဝေးကာတောင်းဆိုခဲ့ ကြပါသည်။

ထိုသို့ကြေငြာချက် ထုတ်ပြန်ခြင်း၊ စုဝေးတောင်းဆိုခြင်းများနှင့် ပတ်သက်၍ သတင်းထောက် တစ်ယောက်သေဆုံးခြင်းဟာ နိုင်ငံရေးအသုံးချခံအဖြစ် ဖြစ်လာနေပြီလားဟု မေးခွန်းထုတ်စရာဖြစ်လာပါသည်။