Tuesday 28 October 2014

ရွေးကောက်ပွဲစနစ်သစ် ကျင့်သုံးမည်ဆိုလျှင် ပြည်သူ့ဆန္ဒခံယူပွဲ မဖြစ်မနေ လုပ်ရမည်ဟု လွှတ်တော်အမတ်များပြော

ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုရွေး ကောက်ပွဲစနစ်ပုံစံတစ်မျိုးမျိုးနှင့် ကျင်းပမည်ဆိုပါက ပြည်သူ့ ဆန္ဒ ခံယူပွဲမဖြစ်မနေ ပြုလုပ်ရမည်ဖြစ် ကြောင်း ပြည်ခိုင်ဖြိုးပါတီလွှတ် တော်ကိုယ်စားလှယ်တစ်ဦးအပါ အ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ လွှတ်တော်ကိုယ်စား လှယ်များက ပြည်သူ့လွှတ်တော်  အစည်း အဝေးတွင် ပြောကြား လိုက်သည်။

တစ်နိုင်ငံလုံးနှင့် သက်ဆိုင် သော ရွေးကောက်ပွဲစနစ်ကို ပြည် သူများက မတောင်းဆိုဘဲ နိုင်ငံ ရေးပါတီ အချို့က တောင်းဆိုရုံနှင့်ပြုပြင်ပြောင်းလဲရန် မလိုအပ် ကြောင်း သင့်လျော်သော ရွေး ကောက်ပွဲစနစ် လေ့လာ သုံးသပ် ရေး ကော်မရှင်၏ အစီအရင်ခံစာ ကို ကန့်ကွက်သူ ကိုယ်စားလှယ် များက ဆွေးနွေးခဲ့ကြ သည်။

နောက်ဆုံးအနေနှင့် စနစ် တစ်ခုကို ရွေးမည်ဆိုပါကလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံပြီး ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ပေးရမည်ဟု ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်မောင်က ဆွေးနွေးခဲ့သည်။

ထို့ပြင် ပြည်သူ့ဆန္ဒမပါဘဲ နှင့် ရွေးကောက်ပွဲစနစ်ကို အရေး တကြီးပြောင်းလဲချင်သည်မှာ မည်ကဲ့သို့ စိုးရိမ် ပူပန်မှုများရှိ နေသည့်အတွက်ကြောင့်နှင့် မည်သူတို့၏ အကျိုးစီးပွားများကို ကာကွယ်လို၍လဲဟု ပြည်သူများက မေးနေကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က လွှတ်တော် တွင် ပြောကြားလိုက်သည်။ ရွေးကောက်ပွဲစနစ်လေ့လာရေး ကော်မရှင်၏ လွှတ်တော်သို့ တင် သွင်းသည့် အစီရင်ခံစာတွင် ပုံစံ ရှစ်မျိုးပါရှိသော်လည်း ယင်းတို့ထဲမှ တိုင်းဒေသကြီးများနှင့် ပြည် နယ်များ တွင် ရွေးကောက်ပွဲစနစ် ကို သီးခြားစီခွဲခြားကျင့်သုံးသည့် ပုံစံနှစ်မျိုးကသာ မြန်မာနိုင်ငံနှင့် သင့်လျော်မည် ဟု အဆိုပါ ကော် မရှင် ဥက္ကဋ္ဌ ဦးတင်မောင်ဦးက ပြောကြားခဲ့သည်။

ယင်းကြောင့်ပင် ထိုသို့ခွဲခြား ကျင့်သုံးမည်ဆိုပါကလည်း သက် ဆိုင်ရာဒေသများမှ ပြည်သူများ၏ ဆန္ဒကို ရယူသင့်သည်ဟု လွှတ် တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

‘‘တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေး၊ တိုင်းရင်းသား များအားလုံး တန်းတူညီမျှရေးလို့ တွင်တွင် အော် နေပြီးတော့ ဒီရွေး ကောက်ပွဲစနစ်ကျမှ ခွဲခြားကျင့် သုံးရလောက်အောင် ဗမာနဲ့ တိုင်းရင်းသား ဘာတွေ များကွာခြားနေလို့ပါလဲ။ တိုင်းရင်းသားတွေ တစ် ချိန်လုံး တောင်းဆိုနေတာက လည်း တန်းတူ ညီမျှ ရေးပါပဲ’’ဟု ရွေးကောက်ပွဲစနစ် ခွဲခြားကျင့်သုံးခြင်းအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ကန့်ကွက်ခဲ့သည်။

ကော်မရှင်မှ တင်ပြထားသည့်ရွေးကောက်ပွဲနည်းစနစ်များကို ကန့်ကွက်ခြင်း မဟုတ်သော်လည်း ပါဝင် ဆွေးနွေး ခဲ့သည့် တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးကြီး မြင့်ဟန်က နိုင်ငံ၏ နိုင်ငံရေးရေချိန်မြင့်မားနေချိန် တွင် မိမိနိုင်ငံ၏ နိုင်ငံရေးအခြေ အနေနှင့် နိုင်ငံရေးအကဲခတ်မှုကို ကြိုတင်သုံးသပ်၍ ရွေးကောက်ပွဲစနစ်ကို စဉ်းစားသင့်သည်ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေး ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဝင်းဦးကလည်း ရွေး ကောက်ပွဲစနစ်ကို ပြောင်းလဲမည် ဆိုလျှင် ပြည်သူ့ဆန္ဒရယူရမည် ဖြစ်ပြီး အကယ်၍ ပြည်သူ့ ဆန္ဒမဲများ အလဟဿမဖြစ်လိုလျှင် လက်ရှိကျင့်သုံးသည့် စနစ်တွင် ပင် မဲအများဆုံးရသူသည် အနိုင် ရ လွှတ်တော်ကိုယ်စားလှယ်ဖြစ် ပြီး အဆိုပါလွှတ်တော်ကိုယ်စား လှယ်သည် အုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေးအဖွဲ့သို့ ကူးပြောင်းသွားလျှင် ဒုတိယအနိုင်ရသူကို ကိုယ်စားလှယ်ဖြစ်လာနိုင်သည့် နည်းစနစ်မျိုးကျင့်သုံးနိုင်သည်ဟု လည်း အကြံပြုခဲ့သည်။

အောက်တိုဘာ ၂၇ ရက်က ကျင်းပသည့် လွှတ်တော်အစည်း အဝေးတွင် မြန်မာနိုင်ငံနှင့် သင့် လျော်မည့် ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်၏ အစီရင် ခံစာအပေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် ထောက်ခံ သည့် အာဏာရပါတီနှင့် ကန့် ကွက်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ အချေအတင်ဆွေး နွေးခဲ့ကြခြင်းဖြစ်ပြီး ပါဝင်ဆွေး နွေးသည့် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်ကမူ ကြားနေအဖြစ် ဝေဖန်ထောက်ပြခဲ့ခြင်း ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment