Tuesday 28 October 2014

နိုင်ငံအတွင်းရှိ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများတွင် မတော်တဆပေါက်ကွဲမှုများ မဖြစ်ပွားစေရန် ကြိုတင် စီမံဆောင်ရွက်ထားပြီး ပေါက်ကွဲနိုင်သည့် အလားအလာရှိပါက ကြိုတင်သိရှိနိုင်ရန် ဆောင်ရွက်ထားဟုဆို

Photo: နိုင်ငံအတွင်းရှိ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများတွင် မတော်တဆပေါက်ကွဲမှုများ မဖြစ်ပွားစေရန် ကြိုတင် စီမံဆောင်ရွက်ထားပြီး ပေါက်ကွဲနိုင်သည့် အလားအလာရှိပါက ကြိုတင်သိရှိနိုင်ရန် ဆောင်ရွက်ထားဟုဆို
Tuesday, October 28, 2014

မြန်မာ- တရုတ်ဆက်သွယ် ဖောက်လုပ်ထား သည့် ဓာတ်ငွေ့ပိုက် လိုင်းနှင့်မြန်မာ နိုင်ငံအတွင်းရှိ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများတွင် မတော်တဆပေါက် ကွဲမှုများမဖြစ်ပွားစေရန် ကြိုတင် စီမံဆောင်ရွက်ထားပြီး ပေါက်ကွဲနိုင် သည့် အလားအလာရှိပါကကြိုတင် သိရှိနိုင်ရန်ဆောင်ရွက် ထားကြောင်း စွမ်းအင် ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ထူးကပြောသည်။

အောက်တိုဘာ ၂၇ရက်တွင် ကျင်းပသည့်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး တွင်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်သူရဦးအေးမြင့်၏ဓာတ်ငွေ့ပိုက် လိုင်းစီမံကိန်းများတွင် မတော်တဆ ပေါက်ကွဲမှုမျိုးမဖြစ်ပွားစေရေးနှင့် ဖြစ်ပွားနိုင်သည့်အလားအလာကို ကြိုတင်သိရှိနိုင်ရေး အစီအမံများရေး ဆွဲသတ်မှတ်နိုင်ခြင်းရှိမရှိ မေးမြန်းမှု အပေါ် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ယင်းကဲ့သို့ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်သူရဦးအေးမြင့်က နိုင်ငံအချို့ တွင်ဓာတ်ငွေ့ပိုက်လိုင်းများပေါက် ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး ယင်းသို့ပေါက် ကွဲမှုမျိုး မြန်မာနိုင်ငံတွင်ဖြစ်ပေါ်မည် ကို ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွား ရာဒေသရှိ ပြည်သူများစိုးရိမ်နေ မှုအပေါ်ပြည့်စုံသည့်လုံခြုံရေး အစီအ မံများ ဆောင်ရွက်ထားခြင်းရှိမရှိ လွှတ်တော်တွင်မေးမြန်းသွားခဲ့သည်။

ယင်းအပေါ်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးက ''ဓာတ် ငွေ့ပိုက်လိုင်းတည်ဆောက်ရာတွင် ပိုက်လိုင်းလုံခြုံစိတ်ချစေရေးအတွက် ပစ္စည်းအမျိုးအစားရွေးချယ်ခြင်း၊ ဒီ ဇိုင်းထုတ်လုပ်ခြင်း ပိုက်လိုင်းတည် ဆောက်ခြင်းလုပ်ငန်းများကို အပြည် ပြည်ဆိုင်ရာမှ လက်ခံကျင့်သုံးလျက် ရှိသော အမေရိကန်ရေနံအဖွဲ့အစည်း စံနှုန်း၊ အမေရိကန်စက်မှုအင်ဂျင်နီ ယာအသင်းစံနှုန်းအတိုင်း ဆောက် ထားပါတယ်''ဟုပြောသည်။

ဓာတ်ငွေ့ပိုက်လိုင်းမှဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပေါ်ပါက ကြိုတင် သိရှိ နိုင်ရန် အလိုအလျောက် မီးဘေး အန္တရာယ်စောင့်ကြည့်စနစ်၊ အသိပေး အချက်ပြစနစ်ကိုတပ်ဆင်ထားပြီး ပိုက်လိုင်းအတွင်းရှိ ရေနံဖိအားစီးဆင်း မှု၊ ထုထည်နှင့် အပူချိန်များပုံမှန်အတိုင်းရှိမရှိကို မန္တလေးထိန်းချုပ်ရေး စခန်းမှ စောင့်ကြည့်လျက်ရှိပြီး အခြား ဓာတ်ငွေ့ပိုက်လိုင်းစခန်းအသီးသီး မှာလည်း ယင်းကဲ့သို့ဆောင်ရွက်နေ သည်ဟု စွမ်းအင်ဒုတိယဝန်ကြီး ဦး အောင်ထူးကဆိုသည်။

ဓာတ်ငွေ့ပိုက်လိုင်းများအရေး ပေါ်အခြေအနေဖြစ်ပွားလာပါက အ ချိန်နှင့် တစ်ပြေးညီပြုပြင်ထိန်းသိမ်း ရေးဗဟိုစခန်းများ အဖွဲ့များထားရှိ ပြီး အရေးပေါ် မီးငြှိမ်းသတ်ရေးအ တွက် မြို့နယ်အသီးသီးရှိ စီမံခန့်ခွဲရေး ရုံးများတွင် မီးသတ်ပစ္စည်းများ အရန် သင့်စီမံထားရှိထားသည်ဟု စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြော သည်။

MP,YM
Yangon Media Group 

ဓါတ်ပုံ - မြန်မာ-တရုတ်ဆက်သွယ်ဖောက်လုပ်နေသည့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနေရာတစ်ခုကို တွေ့ရစဉ်

မြန်မာ-တရုတ်ဆက်သွယ်ဖောက်လုပ်နေသည့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနေရာတစ်ခုကို တွေ့ရစဉ်

မြန်မာ- တရုတ်ဆက်သွယ် ဖောက်လုပ်ထားသည့် ဓာတ်ငွေ့ပိုက်လိုင်းနှင့်မြန်မာ နိုင်ငံအတွင်းရှိ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများတွင် မတော်တဆပေါက် ကွဲမှုများမဖြစ်ပွားစေရန် ကြိုတင် စီမံဆောင်ရွက်ထားပြီး ပေါက်ကွဲနိုင်သည့် အလားအလာရှိပါကကြိုတင် သိရှိနိုင်ရန်ဆောင်ရွက်ထားကြောင်း စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးကပြောသည်။

အောက်တိုဘာ ၂၇ရက်တွင် ကျင်းပသည့်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး တွင်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်သူရဦးအေးမြင့်၏ဓာတ်ငွေ့ပိုက် လိုင်းစီမံကိန်းများတွင် မတော်တဆ ပေါက်ကွဲမှုမျိုးမဖြစ်ပွားစေရေးနှင့် ဖြစ်ပွားနိုင်သည့်အလားအလာကို ကြိုတင်သိရှိနိုင်ရေး အစီအမံများရေး ဆွဲသတ်မှတ်နိုင်ခြင်းရှိမရှိ မေးမြန်းမှု အပေါ် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ယင်းကဲ့သို့ပြောကြား ခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်သူရဦးအေးမြင့်က နိုင်ငံအချို့ တွင်ဓာတ်ငွေ့ပိုက်လိုင်းများပေါက် ကွဲမှု များဖြစ်ပေါ်ခဲ့ပြီး ယင်းသို့ပေါက် ကွဲမှုမျိုး မြန်မာနိုင်ငံတွင်ဖြစ်ပေါ်မည် ကို ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွား ရာဒေသရှိ ပြည်သူများစိုးရိမ်နေ မှုအပေါ်ပြည့်စုံသည့်လုံခြုံရေး အစီအမံများ ဆောင်ရွက်ထားခြင်းရှိမရှိ လွှတ်တော်တွင်မေးမြန်းသွားခဲ့သည်။

ယင်းအပေါ်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးက ''ဓာတ် ငွေ့ပိုက်လိုင်းတည်ဆောက်ရာတွင် ပိုက်လိုင်းလုံခြုံစိတ်ချစေရေးအတွက် ပစ္စည်းအမျိုးအစားရွေးချယ်ခြင်း၊ ဒီ ဇိုင်းထုတ်လုပ်ခြင်း ပိုက်လိုင်းတည် ဆောက်ခြင်းလုပ်ငန်းများကို အပြည် ပြည်ဆိုင်ရာမှ လက်ခံကျင့်သုံးလျက် ရှိသော အမေရိကန်ရေနံအဖွဲ့ အစည်း စံနှုန်း၊ အမေရိကန်စက်မှုအင်ဂျင်နီ ယာအသင်းစံနှုန်းအတိုင်း ဆောက် ထားပါတယ်''ဟုပြောသည်။

ဓာတ်ငွေ့ပိုက်လိုင်းမှဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပေါ်ပါက ကြိုတင်သိရှိနိုင်ရန် အလိုအလျောက် မီးဘေး အန္တရာယ်စောင့်ကြည့်စနစ်၊ အသိပေးအချက်ပြစနစ်ကိုတပ်ဆင်ထားပြီး ပိုက်လိုင်းအတွင်းရှိ ရေနံဖိအား စီးဆင်း မှု၊ ထုထည်နှင့် အပူချိန်များပုံမှန်အတိုင်းရှိမရှိကို မန္တလေးထိန်းချုပ်ရေး စခန်းမှ စောင့်ကြည့် လျက်ရှိပြီး အခြား ဓာတ်ငွေ့ပိုက်လိုင်းစခန်းအသီးသီး မှာလည်း ယင်းကဲ့သို့ဆောင်ရွက်နေ သည်ဟု စွမ်းအင် ဒုတိယဝန်ကြီး ဦး အောင်ထူးကဆိုသည်။

ဓာတ်ငွေ့ပိုက်လိုင်းများအရေး ပေါ်အခြေအနေဖြစ်ပွားလာပါက အ ချိန်နှင့် တစ်ပြေးညီပြုပြင်ထိန်းသိမ်း ရေးဗဟိုစခန်းများ အဖွဲ့များထားရှိ ပြီး အရေးပေါ် မီးငြှိမ်းသတ်ရေးအ တွက် မြို့နယ်အသီးသီးရှိ စီမံ ခန့်ခွဲရေး ရုံးများတွင် မီးသတ်ပစ္စည်းများ အရန် သင့်စီမံထားရှိထားသည်ဟု စွမ်းအင် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးကပြော သည်။

MP,YM
Yangon Media Group

No comments:

Post a Comment