Tuesday 28 October 2014

ပြည်တွင်းပဲဈေးကွက်မှာ လောင်းကစားဆန်ဆန် ဈေးကွက်ဖြစ်နေပြီး လေရောင်းလေဝယ် ရာခိုင်နှုန်း ၅ဝ အထိရှိနေရာ ကြိုတင်ငွေကြောင့် အရောင်းအဝယ် ကျဆင်းနိုင်

ပြည်တွင်းပဲဈေးကွက်ကို သုံးသပ်ပါ က လက်ငင်းရောင်းဝယ်မှုမှာ ၂ဝ ရာခိုင်နှုန်း ဝန်းကျင်သာရှိပြီး ကြိုရောင်းကြိုဝယ်မှာ ၃ဝ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်း၊ ကျန်ရောင်းဝယ် မှုအားလုံးမှာ လေရောင်း လေဝယ် များသာဖြစ် နေကြောင့် ခန့်မှန်းရရှိပြီး အရောင်းအဝယ် အားလုံးမှာ ကုန်ထုတ်ညွှန်ကြားလွှာ (Delivery Order)ပေါ်တွင် အခြေခံ၍ အရောင်းအဝယ် ပြုလုပ်ကြကြောင်း တွေ့ရပြီး အောက်တိုဘာ ၉ ရက်တွင် အာမခံစနစ်ဖြင့် ပဲမျိုးစုံရောင်း ဝယ်မှု စနစ်စတင်ခဲ့ရာ ပဲဈေးမှာ ပုံမှန်ပြန်ဖြစ် လာသော်လည်း အရောင်း အဝယ် နည်းသွား ကြောင်း သိရသည်။
အောက်တိုဘာ ၉ ရက်မှ စတင်ပြီး ပဲ အရောင်းအဝယ်တိုင်းတွင် ရောင်းသူဘက်မှ ပစ္စည်းတန်ဖိုး ၁ဝ ရာခိုင်နှုန်းနှင့် ဝယ်သူ ဘက်မှလည်း ၁ဝ ရာခိုင်နှုန်း ဘုရင့်နောင်ကုန် စည်ဒိုင်တွင် Depositတင်သည့် နည်းလမ်း ဖြင့် ရောင်းချသည့်စနစ်ကို စတင်ကျင့်သုံးခဲ့ရာ ပထမ ပဲဈေးမှာ တစ်တန်ကျပ် ၆၅ဝဝဝဝ အထိ ကျဆင်းပြီးနောက် လတ်တလောတွင် ဈေးကွက်ပေါက်ဈေးကျပ် ၇၅ဝဝဝဝ သို့ ပြန် လည်ရောက်ရှိ လာပြီး အရောင်းအဝယ် လျော့ နည်းသွားကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့်အခြေအနေများ အနှစ်ချုပ်ပါက ပြည်တွင်း ပဲဈေးကွက်တွင် လက်ေ တွ့အရောင်း အဝယ်ပမာဏနှင့်အကြိမ်အရေအတွက်ထက် လေရောင်းလေဝယ်များနေရာ အရောင်း အဝယ် တိုင်းတွင် ယခုကဲ့သို့ စနစ်ဖြင့်လုပ်ဆောင်လာ  ရန် မျှော်မှန်းမရကြောင်း သိရသည်။

“ကျွန်တော်တို့ လာမယ့် ပဲရာသီအ တွက် ကြိုတင်မျှော်မှန်းဆောင်ရွက်ခြင်းဖြစ် ပါတယ်။  လောလော ဆယ် ပဲ လက်ကျန်က သိပ်မရှိတော့ပါဘူး။  ရောင်းတိုင်းဝယ်တိုင်း လုပ်နိုင်ဖို့တော့ ခဲယဉ်းနိုင်ပါတယ်။ တဖြည်း ဖြည်းလုပ်ယူရမှာပါ”ဟု မြန်မာနိုင်ငံ ပဲ၊ နှမ်း ကုန်သည်များအသင်း ဥက္က| ဦးထွန်းလွင် က ပြော ကြား သည်။

ပဲမျိုးစုံကုန်သွယ်မှုအား ပုဂ္ဂလိကကဏ္ဍ သို့ လွှဲပြောင်းပြီးနောက်ပိုင်း ပဲမျိုးစုံ ပြည်ပ တင်ပို့ရောင်းချသည့် လုပ်ငန်းတွင် ကုန်သည်၊ ပွဲစား အရေအတွက် အများအပြားဝင်ရောက် လုပ်ကိုင်ခဲ့ကြရာ စိုက်ပျိုးထုတ်လုပ် သူမှ အစ ပြည်ပတင်ပို့သူအထိ အကျိုးအမြတ်နည်းပါး ခဲ့လာခဲ့ကြောင်း၊ ယင်းအခြေအနေတွင် အကျိုး အမြတ်ပိုမိုရရှိစေရန် ကုန်ပစ္စည်းအမှာစာ Delivery Order (DO)ကို အရောင်းအဝယ် မလုပ်ကြရန် ကုန်စည်ဒိုင်မှ  ညွှန်ကြားထား သော်လည်း ခန့်အပ်ထားသည့် အကျိုးဆောင် များကပင် ပဲဈေးကွက် တည်ငြိမ်ရေး ထက် အရောင်းအဝယ်ဖြစ်ရေးကိုသာ ဦးစားပေးခဲ့ သည့်အတွက် လောင်းကစားဆန် သည့် လေ ရောင်းလေဝယ်ဘက်သို့ ပိုမိုဖြစ်ပေါ်စေခဲ့ ကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြသည်။

“ပြည်တွင်း ပဲမျိုးစုံဈေးကွက်က ကြို ရောင်း၊ ကြိုဝယ်တွေနဲ့ နှစ်စဉ်နှစ်စဉ် ဆုံးရှုံး နေတယ်ဆိုတာ အားလုံးသိပါတယ်။ အဲ့ဒီ မှာမှ နှစ်စဉ်နှစ်စဉ် ၂ဝဝ၈ ကတည်းက ရန် ကုန် ကုန်စည်ဒိုင်မှာ ကုန်သည်ကြီးခြောက် ယောက်ကနေ ဆုံးရှုံးရမှုဟာ တရားဝင် စီး ပွားကူးသန်းမှာ ရှင်းပြီးတဲ့ စာရင်းအရ ဒေါ် လာ သန်း ၂ဝဝ ကျော်ရှိပါတယ်။ အပြင်မှာ ရှိတဲ့ စာရင်းမပါပါဘူး။ အပြင်မှာ စာရင်း ရောက်ဆိုရင် ကျွန်တော်တို့ ခန့်မှန်းကြည့် တာ ဒေါ်လာသန်း ၄ဝဝ၊ ၅ဝဝ ဆုံးရှုံးမှုတွေရှိ ကြောင်း လေ့လာသိရှိရပါတယ်။ အဲဒီလိုဖြစ် နေတာ ယနေ့အထိလည်း ယခုနှစ်ထိအောင် ပါပဲ”ဟု ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္က| ဦးအုန်းဆိုင်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment