
ဖေ့စ်ဘွတ်စာမျက်နှာတွင် နိုဝင်ဘာ ၃၀ ရက်မှစတင်၍ ပျံ့နှံ့လျက်ရှိသည့် မူးယစ်ဆေးဝါးအသုံးပြုသည့် အနုပညာရှင်များ၏ အမည်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်းကသူ၏အမည် ပါဝင်နေ ခြင်းနှင့် ပတ်သက်၍ ငြင်းဆိုခဲ့သည့်အပြင် ၎င်းကိစ္စအား စုံစမ်းဖော်ထုတ်သွားမည်ဖြစ်သည်ဟု မဇ္ဈိမ သတင်းစာသို့ ဒီဇင်ဘာ ၁ ရက်က ပြောကြားလိုက်သည်။













