Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts
Saturday, 25 April 2015
အမျိုးသားပါတီမှာ စစ်ဗိုလ်ချုပ်ဟောင်းများမပါဝင်ဟု ပါတီနာယက ဦးနေဇင်လတ် ငြင်းဆို – မေးမြန်းချက်
ရွေးကောက်ပွဲဝင်ဖို့အတွက် လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ရထားတာတဲ့ပါတီပေါင်း ၇၁ ပါတီရှိနေပြီး မှတ်ပုံတင်လျောက်ထားဆဲပါတီ ၁၇ ပါတီရှိနေပါတယ်။ ပါတီမှတ်ပုံတင်ခွင့် နောက်ဆုံးရက်က ဧပြီ ၃၀ ရက်နေ့ဖြစ်ပြီး နောက်ထပ်ပါတီတွေ ထပ်မံလျောက်ထားမယ့် အလားအလာတွေလည်းရှိနေပါတယ်။ ဒီထဲက အငြိမ်းစား စစ်ဗိုလ်ချုပ်တွေနဲ့ဖွဲ့စည်းထားတဲ့ပါတီလို့ သတင်းတွေထွက်ပေါ်နေပြီး လူတွေ စိတ်ဝင်စားနေတဲ့ အမျိုးသားပါတီက နာယက ဦးနေဇင်လတ်ကို ဒီဗွီဘီ ကသီးသန့်မေးမြန်းထားပါတယ်။
အသစ်ဖွဲစည်းလိုက်တဲ့ ပါတီနာမည်ဘယ်လိုပေးထားလဲ၊ ဥက္ကဋ္ဌအဖြစ်ကော ဘယ်သူက တာဝန်ယူထားပါလဲ။
Wednesday, 4 December 2013
အွန်လိုင်းပေါ်တွင် ပြန့်နေသည့်အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးကိစ္စ ရုပ်ရှင်လောကသားများ တုံ့ပြန်ပြီ
သတင်းကိုလူတိုင်းစိတ်ဝင်စားကြသည်။
သတင်းထူးသတင်းဦးဆိုပါက ပို၍ပင် စိတ်ဝင်တစားရှိတတ်ကြ သည်။ သတင်းဆိုသည်ကို
တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ဖူး သော အဖြစ်အပျက်ဟုဖွင့်ဆိုထားရာ
ယင်းကဲ့သို့တစ်ကြိမ်တစ်ခါမျှ မဖြစ်ပျက်ဖူး၊ မပေါ်ပေါက်ဖူးသော
သတင်းမျိုးဆိုပါက ပို၍ပို၍ပင် စိတ်ဝင်စားကြမည်ကမလွဲ။
Monday, 2 December 2013
နေရပ်မပြန်နိုင်သေးတဲ့ ကချင်စစ်ဘေးဒုက္ခသည်များ
လိုင်ဇာမြို့အနီး ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းက ကချင်စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ်
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ
မြန်မာအစိုးရက မြန်မာနိုင်ငံတနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး
ဆွေးနွေးကြမယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း
ငြိမ်းချမ်းရေးအတွက် စည်းလုံးညီညွှတ်စွာနဲ့ တသဘောတည်း ရပ်တည်ကြမယ် စသဖြင့်
ညှိနှိုင်းဆွေးနွေးနေကြပေမယ့် ကချင်စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စကတော့
အလှမ်းဝေးနေသေးတယ်လို့ ကချင်နှစ်ချင်းအဖွဲ့ချုပ်က သုံးသပ်ပါတယ်။ ဗွီအိုအေ
မြန်မာသတင်းဌာနမှ ကိုသားညွှန့်ဦး က ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့ 
အထွေထွေအတွင်းရေးမှူး Samson Hkalam ကို တွေ့ဆုံမေးမြန်းထားပါတယ်။
Friday, 29 November 2013
ဒေါ်စု သမ္မတဖြစ်သွားရင် တိုင်းပြည် ဖယိုဖရဲ ဖြစ်သွားနိုင်တယ်
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ (ဓာတ်ပုံ – ဧရာဝတီ)
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူသည် ၂၀၁၅ ခုနှစ်
ရွေးကောက်ပွဲအပြီး ဖြစ်လာမည့် သမ္မတသစ်ရာထူးကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဖြစ်သင့်ကြောင်း
တရားဟောနေသည်ဟု သတင်းများပေါ်ထွက်နေသောကြောင့် ဧရာဝတီက
တိုက်ရိုက်စုံစမ်းမေးမြန်းခဲ့ ပါသည်။ “ဦးဇင်းဟောတာက စောင့်လေမျိုးနွယ်နဲ့
ပက်သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ
တိုင်းရင်းသားဖြစ်ခဲ့မယ်ဆိုရင် စစ်အစိုးရလက်ထပ်မှာ နိုင်ငံခြားသားကို
ယူခဲ့လို့ တိုက်ခံတာကို ခံရမှာ မဟုတ်ဘူး။ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး” ဟု
အရှင်ဝီရသူက ဧရာဝတီသတင်းထောက် စနေလင်းနှင့် တယ်လီဖုန်းဖြင့်
ဆက်သွယ်မေးမြန်းမှုတွင် ဖြေကြားခဲ့သည်။
Friday, 22 November 2013
“သတင်းထောက် ဆိုတာ ဆုရဖို့ လုပ်တာ မဟုတ်ဘူး”
Missouri School of Journalism ၂၀၁၃ခုနှစ်အတွက် ပေးအပ်သည့် ဂုဏ်ပြုဆုရရှိသူများ (ဓာတ်ပုံ – ဒေါ်အေးအေးဝင်းထံမှ)
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Missouri School of Journalism က ၂၀၁၃
ခုနှစ် အတွက် သတင်းသမားတွေကို ရွေးချယ်ပေးအပ်ခဲ့ပါတယ်။ Missouri Honor
Medal for Distinguished Service လို့ခေါ်တဲ့ အဲဒီဆုကို ကမ္ဘာတ၀ှမ်းက
သတင်းသမား ၇ ဦးက ရရှိခဲ့ပြီး အဲဒီ သတင်းသမားတွေ ထဲမှာ မြန်မာနိုင်ငံက
အမျိုးသမီး သတင်းထောက် တယောက်လည်း ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉
ရက်က မစ်ဆူရီတက္ကသိုလ်မှာ ဂုဏ်ပြုချီးမြှင့်ပွဲ လုပ်ခဲ့ရာမှာ မြန်မာက
ဒေါ်အေးအေးဝင်းက ဆုလက်ခံရယူခဲ့ပါတယ်။ ဒေါ်အေးအေးဝင်းဟာ ကမ္ဘာ့သတင်းဌာန
တစ်ခုဖြစ်တဲ့ အေပီသတင်း ဌာနက မြန်မာနိုင်ငံအခြေစိုက် သတင်းထောက်ပါ။
Subscribe to:
Posts (Atom)