Monday 2 December 2013

29.11.2013 မှ 5.12.2013 အထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ
တွေးမနေနှင့် ငေးမနေနှင့် ကိုယ့်လူရေ ဒီတစ်ပတ်မှာ တနင်္ဂနွေသား သမီးတွေ နောက်ကောက်ကြ တတ်တယ်။ ရည်ရွယ်ချက်ကြီးကြီးနှင့် လုံ့လ၊ ဝီရိယနှင့် ပူးပေါင်းပါမှ အဆင်ပြေရုံရှိမယ့် ကာလဖြစ်တယ်။ အချစ်ရေးမှာ စိတ်ဆင်းရဲတတ်သလို အလုပ်ကိစ္စတွေမှာလဲ စိတ်တိုင်းမကျဖြစ် တတ်တယ်။ လောလို့မရသလို၊ လိုလို့လဲမရ နိုင်တတ်ပါ။ ကသိကအောင့်ဖြစ်မည်။ ရုတ်တရက်ခိုက်မိ တတ်နိုင်၍ နိုင်လျှင် အသွားအလာ၊ အနေအထိုင် ဆင်ခြင်ပါ။ မလိုသူရှိတယ်။ လူယုံမထားနှင့်။ တိုင်ပင်စရာရှိရင်လည်း ကြည့်တိုင်ပင်ပါ။ သူ့လူကိုယ့်ဘက်သား ဖြစ်နေတတ်တယ်။ စကားပြောဆင်ခြင်ပါ။ အထင်လွဲစရာတွေ ဖြစ်လာတတ်ပါတယ်။
အကျိုးပေးဂဏန်း   ၁၊၅၊၆
အထူးဟော     သတိတော့ထားပါ။
ယတြာ           တနင်္ဂနွေနံနက်မှာ အရှေ့ရပ်က လမ်းကို လမ်းသန့်ရှင်းရေး လုပ်လိုက်ပါ။


တနင်္လာ
ပြောစရာရှိတာတွေ ပြောမှဖြစ်မယ်။ လုပ်စရာရှိတာတွေ လုပ်မှဖြစ်မယ်။ နောက်မှဆိုသော စကားကို လုံးဝဆင်ခြင်သင့်သော ကာလဖြစ်ပါတယ်။ မပြောမပြီး မတီးမမြည်တွေ ဖြစ်လာမည်။ အရင်းနှီးဆုံးလူက ရန်သူဖြစ်လာနိုင်စရာတွေရှိတယ်။ သတိထားပါ။ မရောက်ဘူးသော ခရီးရောက်မည်။ အပေါင်းအသင်း အသစ်တွေ တွေ့မည်။ အလုပ်အကိုင် အဆင်ပြေပါမည်။ ငွေကြေးအခက်အခဲ ကြုံနိုင်ပါ သည်။ ငွေကြေးပျောက်နိုင်ပါသည်။ စာမေးပွဲဖြေဆိုမှုများအောင်မြင်ပါမည်။ ကျန်းမာရေးအနည်းငယ် ချူချာ မည်။ အန္တရာယ်မရှိပါ။ ရစရာငွေတို့ရမည်။ အချစ်ရေးချစ်သူ၏ လှည့်စားခြင်းခံရမည်။ စပ်တူရှယ်ယာ လုပ်ငန်းများ မလုပ်သင့်သေးပါ။
အကျိုးပေးဂဏန်း  ၂၊၄၊၈
အထူးဟော    စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
ယတြာ    တနင်္လာနေ့နံနက်တွင် တောင်အရပ်က လမ်းကို သန့်ရှင်းရေးလုပ်လိုက်ပါ။

အင်္ဂါ
စိတ်မြန်၏။ ဇွဲကောင်း၏။ ဒေါသကြီးလွယ် ပြေလွယ်၏။ ကွက်ကျော်မြင် အကဲခတ်ကောင်း၏။ လွတ်လပ်မှုလိုလား၏။ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားချင်၏။ ရည်ရွယ်ချက်ကြီး၏။ များ၏။ လျှို့ဝှက်လုပ်ရတာ ဝါသနာပါ၏။ မတိုင်ပင်ဘဲ လုပ်ရတာဝါသနာပါ၏။ မတိုင်ပင်ဘဲ လုပ်ရတာ ဝါသနာပါ၏။ ဂရုစိုက်ပါ။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်မည်။ လူခင်ခြင်း စိတ်ဝမ်းကွဲမည်။ ချစ်သူ၏ ပြုစုခြင်းခံရမည်။ အကြီးအကဲနှင့်အပေါင်းအသင်းတို့၏ အပြစ်တင်အထင်လွဲခြင်း ခံရမည်။ ရစရာငွေတောင်းမရဖြစ် တတ်သည်။ ရုတ်တရက်ငွေစုလိုက်ဝင်မည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။ ၄ထိပ် ၂ပိတ် ထိုးပါ။ လုပ်ငန်းဖြစ်စေ၊ ဆိုင်ဖြစ်စေ၊ စီးပွားရေးရောင်းဝယ်မှုဖြစ်စေ အစပြုခြင်းများ တစ်ကြိမ်တည်းမပြီးတတ်၍ ဂရုစိုက်ပါ။
အကျိုးပေးဂဏန်း  ၃၊၅၊၉
အထူးဟော   နောက်၁ယောက်ချစ်သူထပ်တိုးလိမ့်မည်။
ယတြာ   အင်္ဂါနေ့တွင် စနေဒေါင့်ကိုသွား၍ ငါးစာ၊ ငှက်စာကျွေးပါ။

ဗုဒ္ဓဟူး
ဘယ်ကိုသွားပြီး ဘာလုပ်ရမှန်း မသိနိုင်သောကာလဖြစ်ပါတယ်။ ဘယ်သူ့ကိုမှတော့ မယုံပါနှင့်။ စသလို နောက်သလိုနှင့် တကယ်လုပ်သွားတတ်သောကြောင့် ဂရုစိုက်ပါ။ စက်ပစ္စည်းများချို့ယွင်း တတ်ပါသည်။ အချစ်ရေးမှာ ထင်တာတွေထက် မထင်တာတွေ ဖြစ်လာမည်။ လက်ဆောင်ရမည်။ ချစ်သူခေါ်ရာဖြစ်စေ၊ အပေါင်းအသင်းခေါ်ရာဖြစ်စေ အရမ်းမလိုက်နှင့် ဒုက္ခရောက်တတ်သည်။ အထူးသဖြင့် ဗုဒ္ဓဟူးနှင့် ဘုမ္ပိ ကျသော အနောက်မြောက်ထောင့် ရာဟုထောင့် အရပ်ခရီး ရှောင်ပါ။ အချဉ်၊ ဝက်သား အစရှိသည် ဤတစ်ပတ်အတွင်း ဆင်ခြင်စားပါ။ ဝမ်းပျက် ဝမ်းလျှော ဖြစ်တတ်ပါသည်။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ သို့သော် ရုတ်တရက် ခိုက်မိတတ်လို့ ဂရုစိုက်ပါ။ ပစ္စည်း ပျောက်ကိန်းမြင်၍ ဂရုစိုက်ပါ။ သူများထောင်ချောက်မိတတ်သည်။ ဂရုစိုက်ပါ။
အကျိုးပေးဂဏန်း   ၄၊၉၊၆
အထူးဟော  ဆင်ခြင်ပါမှ တော်ရုံကျမည်။
ယတြာ    ဘုရားကို ဗုဒ္ဓဟူးနေ့တွင် ရွှေသင်္ကန်းကပ်ပါ။ 

ကြာသပတေး
အဆင်မပြေလိုက်၊ ပြေလိုက်ဖြစ်နေရတတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေးလေးတွေ အဆင်မပြေ စိတ်တိုင်းမကျမှုတွေ ဖြစ်နေရတတ်သည်။ သားသမီး၊ သားချင်းတွေ အတွက်လည်း စိတ်မောရတတ်သည်။ အရာရာဆန္ဒမစောသင့်ပါ။ စိတ်ဓာတ်မကျသင့်ပါ။ ကုသိုလ်ကောင်းမှု အလှူဒါနတွေ ပြုဖြစ်မှာပါ။ လုပ်ပေးပါ။ များများလုပ်ပါ။ မကောင်းသောကံနှင့် အန္တရာယ်တွေ ကင်းတာပေါ့။ ခရီးဝေးသွားစရာများ အဝေးမှာ အလုပ်ကိစ္စဖြင့်သွားစရာများကြုံမည်။ ခြေ၊လက်၊ ဝမ်းဗိုက်တို့ဂရုစိုက်ပါ။ ချူချာမည်။ ငွေ ဝင်သော်လည်း ကုန်ကျငွေများ၍ စိတ်မောရတတ်သည်။ ရစရာငွေတို့ ရလာမည်။ ငွေကြေးဂရုစိုက်ပါ။ ရာထူးတက်ခြင်း၊ အလုပ်ကိစ္စငွေရခြင်း၊ လက်ထပ်ရခြင်းတို့ဖြစ်မည်။
အကျိုးပေးဂဏန်း   ၅၊၃၊၆
အထူးဟော   အတိုက်အခံပြီးမှ အောင်မြင်မည်။
ယတြာ    အိမ်ဘုရားကို ကြာသပတေးနံနက်တွင် အောင်သပြေ၁၉ညွန့် ကပ်လှူပါ။

သောကြာ
အရာရာတွေ၊ အလွဲလွဲအချော်အချော်တွေ ဖြစ်မည်။ လွယ်သလိုနှင့် ခက်ခဲမည်။ မရည်ရွယ်ဘဲ ခရီးဝေးတွေ ရောက်မည်။ အထင်လွဲစွတ်စွဲခြင်းခံရမည်။ သပုတ်လေလွင့်၊ အရှက်တကွဲ အကျိုးနဲ ဖြစ် စရာမြင်၍ စဉ်းစားပါ။ ဆင်ခြင်ပါ။ မဆင်ခြင်လို့ကတော့ တစ်သက်လုံးဒုက္ခရောက်မည် မှတ်ပါ။ ယခုကာလ သည် သိပ်အရေးကြီးပါသည်။ ကိုယ့်တန်ဖိုးကို မနှိမ့်ချပါနှင့်။ ရိုးရိုးကျင့် မြင့်မြင့်ကြံပါ။ စိတ်ဓာတ်အောက် တန်းကျသူတို့ရဲ့ နှေက်ယှက်စော်ကားမှုများ မြင်ပါသည်။ သင့်အလုပ်မှာလည်း စိတ်ဆင်းရဲစရာကြုံမည်။ သင့်ပညာရေးကိုလည်း ကျအောင်လုပ်တတ်သည်။ သင့်စီးပွားရေးကိုလည်း ပျက်အောင်နှောက်ယှက် သလို ဖြစ်သွားမယ်။ ဆင်ခြင်ပါက အန္တရာယ်ကင်းမည်။ မဆင်ခြင်ပါက အန္တရာယ်ရင်ဆိုင်ရလိမ့်မည်။ သူများပေးသော လက်ဆောင် အရမ်းမယူနှင့်။ သူများခေါ်သော အရပ်အရမ်းမလိုက်နှင့်။ ဂရုစိုက်ပါ။ ယခု၁ပတ်အတွင်း လုံးဝဆင်ခြင်ပါ။ လူယုံမထားနှင့်။
အကျိုးပေးဂဏန်း   ၁၊၉၊၆
အထူးဟော   ဆင်ခြင်ပါမှ ကောင်းမည်။
ယတြာ    သောကြာနေ့တွင် တောင်အရပ်ရှိလမ်းကို သန့်ရှင်းရေးလုပ်ပါ။

စနေ
ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ ခိုင်မာအောင် ဆောက်ဖြစ်မည်။ လုပ်ငန်းပြောင်းလဲမှု၊ လုပ်ငန်းသစ် လုပ်ကိုင်မှု၊ ရည်ရွယ်ကြီးမားမှုတွေ ဖြစ်လာမည်။ ကိုယ့်ရဲ့ရည်မှန်းချက်များ ပိုမိုရှင်သန်လာအောင် အားပေးသောသူတွေ များပြားနေမည်။ ကူညီပံ့ပိုးမှုများ ရှိလာကြမည်။ ငွေကြေးဝင်ထွက် ကြမ်းနေမည်။ ခရီးယာယီများနေမည်။ အလုပ်အတွက် ဆောင်ရွက်မှုတွေများနေမည်။ အချစ်ရေးကောင်းသည်။ လက်ထပ်မင်္ဂလာဖြစ်မည်။ အလုပ်အကိုင်တိုးတက်မည်။ ဝင်ငွေကောင်းမည်။ ခရီးလမ်းအန္တရာယ် မရှိပါ။ ငွေစုလိုက်ဝင်ကိန်းရှိသည်။ ရစရာငွေတို့ရမည်။ ဖြေဆိုထားသောစာမေးပွဲ အောင်မည်။ ကိုယ့်ချစ်သူ ထက် မိဘပေးစားသဘောတူသူကို ဦးစားပေးရန် ဆုံးဖြတ်ဖြစ်တတ်သည်။ ကျန်းမာရေးကောင်းမည်။
အကျိုးပေးဂဏန်း   ၇၊၀၊၂
အထူးဟော   အောင်မြင်မည်။
ယတြာ    စနေနေ့ နံနက်တွင် စနေနံဘုရားကို ရွက်လှ၁၇ညွန့်နှင့် ရေအေးရေသက်စေ့ ရေသပ္ပယ်ပါ။

 ဒေါက်တာထွန်းလင်း-ဘုတလင်( Gold-Medalist)

Myit Ma Kha Media Group 

No comments:

Post a Comment