Saturday, 30 November 2013

ရာမူး(ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများ မီးရှို့တိုက်ခိုက်မူ နောက်ကွယ် က ကြိုးကိုင်သူဟု စွပ်စွဲခံရသူ ဖမ်းမိ

ဘုန်းကြီးကျောင်းမီးရှို့ဖျက်ဆီးခံရပြီး ကျန်ရစ်ခဲ့သော ရုပ်ထုတော် တစ်ဆူ
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး(ပန်းဝါ)မှ ဗုဒ္ဓဘုန်းတော်ကြီးကျောင်းများ မီးရှို့တိုက်ခိုက် လုယက်မူ ကို နောက် ကွယ်က အဓိက ကြိုးကိုင်ခဲ့သူဟု စွပ်စွဲခံထားရသူကို ဘင်္ဂလာဒေခ်ျ့ အထူး ရဲထောက် လှမ်းရေး တပ်ဖွဲ့ တစ်ခုမှ ယမန်နေ့က ဖမ်းဆီးလိုက်သည်ဟု ယနေ့ထုတ် ဘင်္ဂလာ သတင်းစာများ တွင် ဖေါ်ပြသည်။

Friday, 29 November 2013

အမျိုးသမီးများအား ချဉ်းကပ်ရာဝယ် သတိထားသင့်တဲ့ အမှား(၆)ခု


တချိန်တုန်းက မင်းမှာ ရွေးချယ်သင့်တဲ့အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးမယ်။ သူမမင်းကို လှမ်းကြည့်ပြီး ပြုံးပြတဲ့အချိန်မှာလည်း ရာခိုင်နှုန်း ၅၀လောက် မင်းအတွက် အခြေအနေ ကောင်းတယ်ဆိုတာ သိခဲ့လိမ့်မယ်။ ဒါပေမယ့် ကျန်တဲ့ ၅၀ ရာခိုင်နှုန်းဟာ မင်းထင်သလောက်တော့ မလွယ်ကူပြန်ဘူး။

ပညာ့လက်ဆုပ် စနစ် ဘယ်တော့ ချုပ်ငြိမ်းမလဲ

ပညာရေး, ပညာ့လက်ဆုပ်စနစ်
ပညာ့လက်ဆုပ်စနစ် ဆိုသည်မှာ ပညာသင်ကြားရာတွင် ဆရာမှ ကျောင်းသားတို့၏ တွေးခေါ်နိုင်မှု စွမ်းအားကို ကန့်သတ် ချုပ်ခြယ်ထားပြီး ဆရာများက မိမိသင်ကြားမှုမှ လွဲ၍ မည်သည့် တွေးခေါ်ဆင်ခြင်မှုကို လက်မခံဘဲ လက်ဝါးကြီးအုပ် ဆုပ်ကိုင် ထားသည့် သင်ကြားရေး စနစ်ကို ဆိုလိုသည်။ ဤစနစ်သည် မည်သည့်နိုင်ငံ ပညာရေးစနစ်တွင်မှ မတွေ့မြင်ဘူးသည့် စနစ်လည်း ဖြစ်သည်။

ဒေါ်စု သမ္မတဖြစ်သွားရင် တိုင်းပြည် ဖယိုဖရဲ ဖြစ်သွားနိုင်တယ်

သမ္မတ, ဦးရွှေမန်း, ဒေါ်အောင်ဆန်းစုကြည်,  ဦးသိန်းစိန်, အမျိုး, ဘာသာ, သာသနာ
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ (ဓာတ်ပုံ – ဧရာဝတီ)

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ဖြစ်လာမည့် သမ္မတသစ်ရာထူးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဖြစ်သင့်ကြောင်း တရားဟောနေသည်ဟု သတင်းများပေါ်ထွက်နေသောကြောင့် ဧရာဝတီက တိုက်ရိုက်စုံစမ်းမေးမြန်းခဲ့ ပါသည်။ “ဦးဇင်းဟောတာက စောင့်လေမျိုးနွယ်နဲ့ ပက်သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ တိုင်းရင်းသားဖြစ်ခဲ့မယ်ဆိုရင် စစ်အစိုးရလက်ထပ်မှာ နိုင်ငံခြားသားကို ယူခဲ့လို့ တိုက်ခံတာကို ခံရမှာ မဟုတ်ဘူး။ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး” ဟု အရှင်ဝီရသူက ဧရာဝတီသတင်းထောက် စနေလင်းနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုတွင် ဖြေကြားခဲ့သည်။

ရင်သား နာကျင်ခြင်း ဖြစ်ရသည့် အကြောင်း အရင်းများ


ရာသီအကြိုဝေဒနာ

လစဉ် ရာသီ စက်ဝန်း ကာလ အတွင်း အမျိုးသမီး တစ်ဦးရဲ့ ခန္ဓာကိုယ် ထဲမှာ ဟော်မုန်း အပြောင်း အလဲတွေ ဖြစ်တတ် ပါတယ်။ ဒီလို ပြောင်းလဲ မှုတွေကြောင့် ရာသီမလာခင် ရက် အနည်းငယ် အတွင်း မှာ အမျိုးသမီး အများစုက ရင်သားနာ ကျင်တတ်ကြ ပါတယ်။ ဒါပေမဲ့ ရာသီလာ တဲ့ကာလ ပြီးဆုံး သွားပြီ ဆိုတာနဲ့ ရင်သား နာတာက အလိုလို သက်သာ သွားတတ် ပါတယ်။ ရာသီ မလာခင် ရင်သား နာတာ၊ တင်းတာ စတဲ့ ဝေဒနာ တွေကို ရာသီအ ကြိုဝေဒနာ လို့ ခေါ်ပါတယ်။ တချို့အမျိုး သမီး တွေက လစဉ် လတိုင်း ရင်သား နာ တာ ကို ခံစား နေရပေမယ့် တချို့ အမျိုး သမီးတွေ ကတော့ လုံးဝ မဖြစ်တတ် ပါဘူး။

ကိုယ်ချင်းစာနာ လူ့သိက္ခာ

Photo: ကိုယ်ချင်းစာနာ လူ့သိက္ခာ 
                        ******************

လူမျိုးတိုင်းမှာ ဂုဏ်သိက္ခာတွေ ရှိကြပါသည်။ နိုင်ငံ့ ဂုဏ်သိက္ခာ၊ လူမျိုး ဂုဏ်သိက္ခာ၊ မိဘ ဆွေမျိုး ဂုဏ်သိက္ခာ။ ဒါကြောင့် ''ကြက်မှာ အရိုး၊ လူမှာ အမျိုး''ဟု ဆိုကြ၏။ လူတိုင်း မျိုးရိုး သိဖို့ လိုသည်။ စောင့်ထိန်းဖို့ လိုပါသည်။ မျိုးရိုး ဂုဏ်သိက္ခာ မကျအောင်၊ မညှိုးအောင်လည်း ကျင့်ကြံ နေထိုင် သင့်ပါသည်။ ထို့အပြင် မိမိကြောင့် သူတစ်ပါး ကိုလည်း မထိပါး စေပါနှင့်။ ကိုယ်ချင်းစာ တရား ထားပါ။ စာနာပါ။ ကူညီပါ။

စောင့်ရှောက်ပါ။ မုဒိတာပွားပါ။ မိမိ၏စာနာမှုကင်းသော စကား တစ်ခွန်းကြောင့် အသက် သေနိုင် သလို အရှက် တွေလည်း ရရှိ နိုင်ပါသည်။ အရာရာ တိုင်းတွင် ဆင်ခြင်တုံ တရားဖြင့် ပြောဆို ဆက်ဆံ သင့်လှပေ၏။ မျိုးရိုး ဗီဇ ကောင်းခြင်းသည် အသိ အမြင် ကျယ်ပြောသည်။ တတ်သိ လိမ္မာသည်။ ကိုယ်ကျင့် သိက္ခာရှိသည်။ လူတွေ ခင်မင် လေးစားသည်။ ယုံကြည်မှု ရှိကြသည်။

အကျင့် စရိုက် မကောင်းသူ၊ လိမ္မာရေးခြား မရှိသူနှင့် ခက်ထန် ကြမ်းတမ်း သူကို မည်သူ ကမှ မဆက်ဆံ လိုကြ။ မိတ်ဆွေ မဖြစ် လိုကြပါ။ ထို့ကြောင့် ကိုယ်ချင်း စာနာ တတ်သူ၊ ယဉ်ကျေး သိမ်မွေ့သူ၊ သည်းခံစိတ် ရှိသူ၊ ညှာတာ ထောက်ထား တတ်သူနှင့် ရိုးသား ဖြောင့်မတ်ခြင်း ဟူသည် မည်သည့် ဂုဏ်သိက္ခာနှင့် လဲ၍ မရနိုင်ပါ။ ဥစ္စာဓန၊ ရာထူးဌာန၊ ပညာရှိမှ ဂုဏ်ရှိတာ မဟုတ်။ ငွေကြေး ဓနဥစ္စာကြွယ်ဝ သော်လည်း မလှူရက်၊ မပေးရက် သူတွေ၊ ရာထူး ရာခံ ရှိသော်လည်း နိုင်ငံ့ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်ဘဲ ရေသာခို နေသူတွေ၊ လာဘ်စား ဖြတ်စား၊ အထက်ဖား အောက်ဖိ၊ လှေကြုံ လိုက်သူတွေ၊ ပညာတွေ ရှိသော်လည်း စာရိတ္တ ပျက်ပြားပြီး အတ္တ အကျိုးသာ ကြည့်သူ တွေသည် တန်ဖိုးမရှိ၊ မိမိ ပိုင်ဆိုင် ရရှိမှု တွေကို အသုံး မချ တတ်ခြင်း ဖြစ်၏။

လူ့ ဂုဏ်သိက္ခာသည် ဆင်းရဲခြင်း၊ ချမ်းသာခြင်းနှင့် မသက်ဆိုင်၊ အကျင့် စရိုက်၊ လူမှု ဝတ္တရား နှင့်သာ ဆိုင်သည်။ ''အတ္တဟိတ၊ ပရဟိတ'' အကျိုးနှစ်ပါးကို မျှတစွာ မဆောင်ရွက် နိုင်သူသည် မည်သို့သော အခါမှ ကြီးပွား ချမ်းသာမည် မဟုတ်၊ လူကောင်း ဖြစ်ရန်လည်း ခဲယဉ်း လိမ့်မည်။

ပတ်ဝန်းကျင်ကြောင့်၊ အပေါင်း အသင်းကြောင့် ကောင်းခြင်း၊ ဆိုးခြင်း တွေလည်း ရှိတတ်သည်။ ကိုယ်ခံစားရမှ၊ ဒုက္ခ ရောက်တော့မှ သိသူတွေ ရှိသည်။ စာရေးသူ နေထိုင်ခဲ့ ဖူးသော ရပ်ကွက် တစ်ခုတွင် လူမှုရေး ခေါင်းပါးသော အိမ်တစ်အိမ်၊ မိသားစု တစ်စု ရှိခဲ့၏။ ရပ်ကွက် ထဲရှိ သာရေး၊ နာရေးမှန်သမျှ ဘယ်သူ့ ကိစ္စမှ မသွား၊ ကူညီ ရိုင်းပင်းမှု မရှိ။ နှုတ်၏ ဆောင်မခြင်း၊ လက်၏ ဆောင်မခြင်း မရှိ။ 

တစ်နေ့တွင် သူ့ကလေး တစ်ယောက် ရုတ် တရက် ဆုံးပါးသွား၏။ သည်တော့မှ ဟိုလူလာပါ၊ သည်လူလာပါ။ ဘာလုပ် ရမှန်း မသိ၊ ရပ်ကွက်ရုံး၊ ဆေးရုံ၊ သုသာန်၊ အလောင်း မြေချဖို့ အဆင့်ဆင့် သွားရ၏။ သက်ပျောက် ဆွမ်းသွတ်ဖို့ ဘုန်းကြီး ပင့်တာက အစ၊ မပင့်တတ်၊ ရပ်ကွက်ထဲက ကိုယ်ချင်း စာနာစိတ်၊ လူမှုရေး စိတ်ဓာတ် ရှိသူ များက အလောင်း မြေချ သင်္ဂြိုဟ်သည် အထိ ဆောင်ရွက် ပေးကြရသည်။ ငါနှင့်မဆိုင်၊ ငါ့ကိစ္စ မဟုတ်ဟု နေခဲ့သူ၊ ကိုယ်တွေ့ ကြုံတော့မှ သူ့မာန တရားတွေ ခဝါချ သွားခဲ့ရသည်။ အသိပညာ မဲ့သူက ရိုင်းပြ တတ်၏။ အသိ ပညာ ရှိသူက ယဉ်ကျေး သိမ်မွေ့၏။ မိဘ၊ ဆရာ သမားများ၏ စကားကို နားဝယ် စွဲသူသည် ယဉ်ကျေးသည်။ တတ်သိ လိမ္မာသည်။ လူမှု ဝတ္တရား သိသည်။ ယနေ့ လူငယ် အချို့ ယဉ်ကျေးမှု နည်းပါး လာသည်။ ဘတ်စကားများ ပေါ်တွင် ရဟန်း သံဃာနှင့် သက်ကြီး ရွယ်အိုများ တက်လာလျှင် နေရာ ပေးရကောင်းမှန်း မသိ။ တချို့က မသိဟန်ပင်ဆောင်နေ တတ်၏။

လမ်းမပေါ်၌ ဘောလုံး ကန်ကြ သူတွေလည်း ရှိသေး၏။ ရဟန်း သံဃာနှင့် လူကြီး သူမများ လာလျှင် ရပ်ပေး၊ ဖယ်ပေး ရမှန်းမသိ၊ မည်သူ့ကိုမျှ ဂရုမစိုက်။ ထိုထက် ပိုဆိုး သည်မှာ မိန်းမပျို လေးများ ဖြတ်သွားချိန် အနားရှိ ရွှံ့ဗွက် ရေအိုင် ထဲသို့ ဘောလုံးကို ပစ်ကန် ထည့်လိုက်၏။ မိန်းမပျို လေးမှာ ရွှံ့ဗွက်တွေ ပေကျံကာ အရှက်ရ သွားတော့သည်။ ကဲ အဲဒီ နေရာမှာသာ ကိုယ့်နှမလေးလို သဘော ထားရင်၊ ကိုယ်ချင်း စာနာ ကြရင် ဘယ်လောက် ကောင်းမလဲ။ ကိုယ်ချင်း စာနာမှု မရှိသော အခါ လူတွေမှာ ပြဿနာ မျိုးစုံ၊ ဒုက္ခ အဖုံဖုံ ကြုံကြ ရသည်။

 လောက ပါလ တရားတွေနှင့် ကင်းလွတ်သော အခါ ဒေါသ၊ လောဘ၊ မောဟ၊ မာန်မာန တွေနှင့် မွေးမြူ လာသည့် စိတ်ဓာတ်တွေ မာကြော ရိုင်းစိုင်း လာသည်။ လူ တစ်ယောက်၏ ဂုဏ်သိက္ခာသည် ကိုယ်ချင်း စာနာမှုပင် ဖြစ်သည်။ ကိုယ်ကျင့် တရားရှိမှ လူတွေနှင့် ပေါင်းသင်း၍ ရမည်။ မိတ်ဆွေတွေ ဖြစ်လာမည်။ စီးပွားရေး အောင်မြင်မည်။ မိမိ ဘဝလည်း လုံခြုံမည်။ အတ္တ အကျိုး တစ်ခုတည်းသာ ကြည့်သူကား ဘယ်သော အခါမျှ မအောင်မြင်နိုင်၊ လူတော် လူကောင်း မဖြစ်နိုင်၊ စိတ်ချမ်းသာမှု အပြည့် အဝ မရရှိနိုင်၊ မိသားစု ပျော်ရွှင်မှု ထာဝရ မရနိုင်ပေ။ အောင်မြင် လိုသူနှင့် ကြီးပွား ချမ်းသာ လိုသူ တိုင်းသည် မိမိ အမှားကို အချိန်မီ ပြင်ဆင် နိုင်ရမည်။ ဝန်ခံ တောင်းပန် ရဲရမည်။ စိတ်ကောင်း၊ နှလုံးကောင်း မွေးရမည်။ မိတ်သစ်၊ ဆွေသစ်၊ မိတ်ကောင်း၊ ဆွေကောင်းတွေ ဖွဲ့ရမည်။ အနစ်နာ ခံရမည်။ ကူညီ တတ်ရမည်။ ယဉ်ကျေး သိမ်မွေ့ရမည်။ ဘာသာ၊ သာသနာကို လေးစား ရမည်။ မကြာ သေးမီက နိုင်ငံတော် သမ္မတက ချီးမြှင့်သော ဂုဏ်ထူးဆောင် ဆုရရှိ သူများကို ကြည့်ပါ။ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူမှု ကိုယ်ကျင့်သိက္ခာ၊ ပရဟိတနှင့် အလှူ ဒါန စသည့် ကဏ္ဍစုံမှ စွမ်းစွမ်း တမံ ဆောင်ရွက် ကြသူများ ဖြစ်ကြသည်။

မိမိဘဝ တိုးတက် လိုလျှင်၊ ကိုယ်ချင်း စာကြပါ။ စာရိတ္တ မဏ္ဍိုင်ကို စိုက်ထူကြပါ။ မိဘ မျိုးရိုး ဂုဏ်ကို ထိန်းသိမ်း ကြပါ။ ''ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်'' ဆိုသလို ကိုယ့်ကြောင့် လူမျိုး ဂုဏ်သိက္ခာ မကျပါစေနှင့်။ အရာရာကို စိတ်နောက်ကိုယ်ပါ မပြုမိပါ စေနှင့်။ ဒုက္ခရောက်မှ နောင်တ ရတာမျိုးသည် အရာမထင်၊ အသုံး မဝင် နိုင်တော့ပါ။ တကယ့် ဖြစ်ရပ်လေး တစ်ခုကို တင်ပြ လိုပါသည်။ မည်သူ့ကိုမျှ နစ်နာစေသော ဆန္ဒနှင့် မရည်ရွယ်ပါ။ လွန်ခဲ့သော သုံးနှစ်ခန့်က တရားသူကြီး တစ်ဦး၏ ဇနီးက အိမ်ဖော် မိန်းကလေး၏ တစ်ကိုယ်လုံးကို မီးပူနှင့် ထိုးသည်တဲ့။ ရပ်ကွက်ထဲမှ လူတွေက သိ၍ ဟိုတိုင် သည်တိုင် လုပ်တော့မှ အိမ်ဖော်မလေးကို ခေါ်၍ ဟိုပုန်းသ ည်ပုန်းနှင့် ပြဿနာတွေ ရှုပ်ကုန်သည်။ အိမ်ဖော် အမျိုး သမီးငယ်လေးမှာဒ ဏ်ရာတွေ များစွာ ရပြီး မိမွေးတိုင်း၊ ဖမွေးတိုင်းမဖြစ်တော့။ အမျိုးမျိုး လိုက်လံ ကာကွယ် ကြသည်။ ဖုံးဖိကြသည်။ ပြဿနာ ဘယ်လို ပြီးသွားသည်တော့ မသိ။

ထိုကိစ္စသည် ကိုယ်ချင်း စာနာမှု ကင်းသော၊ လူသား သိက္ခာ မရှိသော လုပ်ရပ် ဖြစ်သည်။ လူ့ အခွင့် အရေးကို ချိုးဖောက်တာ၊ တရား ဥပဒေကို ကျူးလွန်တာ ဖြစ်သည်။ ''သနား ကြင်နာမှု မရှိ၊ စာနာ ထောက်ထားမှု ကင်းသော ဖြစ်ရပ် မျိုးတွေ ကြားရတိုင်း'' ရင်နာမိသည်။ ရွံမုန်း မိသည်။ ထို ဖြစ်ရပ် မျိုးတွေ မကြားရ၊ မမြင်ရ ပါစေနှင့် ဟုလည်း ဆုတောင်း မိသည်။ ယဉ်ကျေး သိမ်မွေ့သူ၊ ကိုယ်ချင်း စာနာ တတ်သူ၊ လူမှု သိက္ခာ ရှိသူ များနှင့်သာ ဆုံချင်၊ ကြုံချင်၊ ဆက်ဆံ ချင်ပါ၏။ ဆက်၍ ရေးလျှင် စာဆုံးနိုင်မည် မဟုတ်။ အကြောင်း အရာတွေ များစွာ ရှိပါသည်။

အထူးသဖြင့် နိုင်ငံ့တာဝန်ကို မလွဲမသွေ လွှဲပြောင်း တာဝန် ယူရမည့် မျိုးဆက်သစ် လူငယ် များအား ပြောချင် ပါသည်။ လူမျိုး ဂုဏ်သိက္ခာကို ထိန်းသိမ်းကြပါ။ ကိုယ်ချင်း စာနာ တတ်ကြပါ။ သူတစ်ပါး နစ်နာအောင် မပြုမိ ပါစေနှင့်။ လူ့သိက္ခာ၊ လူ့တန်ဖိုး၊ လူသား ဂုဏ်ရည် ပြည့်ဝ စွာဖြင့် ရှေ့ဆက်ရမည့် ခရီး ပန်းတိုင်ကို လှမ်းနိုင်သော လူတော်၊ လူကောင်းများ ဖြစ်ကြ စေ ရန် မျှော် လင့် ကြိုဆို နေပါသည်။ ။

Post by - Ingyinn ( Admin ) 

  http://www.myawady.com.mm/library/stories/storiesforall/item/18757-2013-07-06-17-

  မှ ထုတ်နုတ်တင်ပြပေးထားပါသည် ။
လူမျိုးတိုင်းမှာ ဂုဏ်သိက္ခာတွေ ရှိကြပါသည်။ နိုင်ငံ့ ဂုဏ်သိက္ခာ၊ လူမျိုး ဂုဏ်သိက္ခာ၊ မိဘ ဆွေမျိုး ဂုဏ်သိက္ခာ။ ဒါကြောင့် ''ကြက်မှာ အရိုး၊ လူမှာ အမျိုး''ဟု ဆိုကြ၏။ လူတိုင်း မျိုးရိုး သိဖို့ လိုသည်။ စောင့်ထိန်းဖို့ လိုပါသည်။ မျိုးရိုး ဂုဏ်သိက္ခာ မကျအောင်၊ မညှိုးအောင်လည်း ကျင့်ကြံ နေထိုင် သင့်ပါသည်။ ထို့အပြင် မိမိကြောင့် သူတစ်ပါး ကိုလည်း မထိပါး စေပါနှင့်။ ကိုယ်ချင်းစာ တရား ထားပါ။ စာနာပါ။ ကူညီပါ။

French kiss အနမ်း နဲ့ ကျန်းမာရေး


လူတယောက်နဲ့ တယောက် Mouse to mouse နမ်းရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။

Mouse to mouse ဆိုတဲ့ အသုံးကို နှလုံးမခုန်၊ အသက်မရှူတဲ့အခါ အရေးပေါ် ရှေးဦးသူနာပြုစုနည်း CPR နဲ့ ဆက်ပြီး၊ ပါးစပ်ကနေ လေမှုတ်သွင်းတာကိုသာ ခေါ်တယ်။ နှုပ်ခမ်းချင်းနမ်းတာကို Lip kiss လို့ ပြောတာများတယ်။ တရားဝင် ခေါ်ကြတာက French kiss ဖြစ်ပါတယ်။

မျက်ခွံပေါ်မှ ထူးထူးခြားခြား မိတ်ကပ် ဆေးရေးပန်းချီ

ထူးချွန်သည့် ပန်းချီပညာရှင် တစ်ဦးအတွက် နေရာတိုင်းသည် ပိတ်ကားတစ်ချပ် ဖြစ်နိုင်ကြောင်း အစ္စရေး မိတ်ကပ်ပညာရှင် တစ်ဦးက လက်တွေ့ပြသလိုက်သည်။ Blogger တစ်ဦးလည်းဖြစ်သည့် တယ်လ်ပီလက်သည် ကိုယ်တိုင်ဖန်တီးထားသည့် မျက်ခွံအလှခြယ် ပုံရိပ်များကို အင်တာနက်တွင် လွှင့်တင်ပြသခဲ့ရာ လူအများ တအံ့တဩ ချီးကျူးခဲ့ရသည်။ သူမသည် မျက်ခွံနှင့် မျက်လုံးကြား နေရာများတွင် အလွန်ဆန်းကျယ်သည့် အနုစိတ် ပန်းချီပုံလေးများကို ဖက်ရှင်တစ်ခုအဖြစ် ခြယ်သ ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

အင်တာနက်ပေါ်တွင် ပျံ့နှံ့ နေသည့် အသံဖိုင်ကြောင့် ထိခိုက်နစ်နာသူများကို တောင်းပန်ကြောင်း ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဦးခင်ညွန့် ပြောကြား

8.1.1

ကရ၀ိတ်ဟိုတယ်တွင် ကျင်းပခဲ့သည့် စာအုပ်မိတ်ဆက်ပွဲတွင် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေး မှူးဟောင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ရှင်းလင်းပြောကြားစဉ်

Thursday, 28 November 2013

၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦးနဲ့ ဗီဒီယိုရိုက်ပြီး အွန်လိုင်းတင်တဲ့ ကျောင်းသား

လွန်ခဲ့သည့် အပတ်က နာမည်ကြီးခဲ့သည့် NUS မှ မလေးရှား ကျောင်းသားစုံတွဲ

စင်္ကာပူနိုင်ငံက ကျောင်းသားတစ်ဦးဟာ ၂၀၀၉ ခုနှစ်အတွင်း က ကျောင်းတက်ဖော် ၁၃ နှစ် အရွယ်ကောင် မလေးနဲ့ အတူနေခဲ့ပြီး သူမရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူကာ ဗီဒီယိုရိုက်ယူ အွန်လိုင်းပေါ် တင်ခဲ့ ပါတယ်။

သမုဒ္ဒရာထက် ရေပွက်ပမာ သမ္မတကြီးများ

 

မဟာသမ္မတမင်းမှ သမ္မတဆို သည့်ဝေါဟာရသည် ဆင်းသက် လာခဲ့သည်။ မြန်မာဗုဒ္ဓဘာသာဝင် တို့ နေ့စဉ်ဝတ်ပြုသော သြကာသ ဘုရားကန်တော့ချိုးပါ ဆုတောင်း တွင်” အပယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ် ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ ဝိပ္ပတ္တိတရား ၄ ပါးစသည်တို့မှအခါခပ်သိမ်းကင်းလွတ်ငြိမ်း သည်ဖြစ်၍”ဟု အစချီသောဆုကို သိလျက်နှ င့်ဖြစ်စေ၊ ရိုးရာ ဓလေ့အရအဖြစ်တောင်းကြရာ ရန်သူမျိုးငါးပါး၌ မင်း(သမ္မတ) တစ်ပါးလည်း ပါဝင်လေ၏။ (လွတ်လပ်ရေးရပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အုပ်ချုပ်ရေး စနစ်တွင် သမ္မတများက ဂုဏ်ထူးဆောင် အဆင့်သာရှိ၍ အမှန်တကယ်ကြိုးကိုင်အုပ်ချုပ်သည့် ဝန်ကြီး ချုပ်များသည်လည်း ”မင်း”ပင် ဖြစ်၏။)

Look Younger Secrets အသက်ရပေမဲ့ ဆက်လှချင်သလား

• Start With Primer (ပရိုင်မာ) အခြေခံက စပါ
Laugh lines ငယ်တုံး-ရွယ်တုံးက ရီခဲ့ရလို့ မျက်နှာအရေးအကြောင်းတွေက မလှသလိုဖြစ်လာမယ်။ အရေပြားဟာ အသက် ရလေလေ ပါးလျလာလေလေ၊ ခြောက်သွေ့လာလေလေ ဖြစ်တယ်။ ဒါဆိုရင် High-quality primer fills အဆင့်မြင့် ဖြည့်စရာ (ပရိုင်မာ) ကို သုံးပါလို့ (ဆယ်လ်ဘရီတီ) အချောအလှတွေရဲ့ လက်သုံးတော် အလှပြင် အနုပညာရှင် Robin Rylant (ရော်ဘင်-ရေးလင့်) က ပြောပါတယ်။ သူ့ဖေါက်သည်ထဲမှာ Celine Dion (ဆယ်လင်-ဒီယွန်) လဲပါတယ်။

အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့ဘက်မှာ လွတ်လပ်တဲ့ သဘောထားတွေရှိလာ







ခုခေတ် အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့အပိုင်းမှာ အရင်ထက် ပိုပြီးလွတ်လပ်တဲ့သဘောထားတွေ ရှိလာပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ကနဲ့ယှဉ်ရင် ချစ်တင်းနှောဖက် အရေအတွက်ဟာ ၂ဆပိုများလာတယ်လို့ စစ်တမ်းကောက်ချက်တွေအရ သိရပါတယ်။

အမျိုးသားရေး စိတ်ဓာတ်နှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်

http://burma.irrawaddy.org/wp-content/uploads/2013/11/National-Day-Boycotters.png
၁၉၃၈ ခုနှစ်က အမျိုးသား ခေါင်းဆောင်ကြီး တချို့နှင့် ကျောင်းသား ခေါင်းဆောင်များ ရန်ကုန်မြို့ အတွင်း အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် လှည့်လည် ချီတက်စဉ်

လွတ်လပ်၍ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့် အတွက် တိုက်ပွဲဝင်ခဲ့ကြသည်မှာ ယနေ့ဆိုလျှင်  ၉၃ နှစ်ပင် ကြာခဲ့ပါပြီ။ ပန်းတိုင်ရောက်ရဲ့လား။

Wednesday, 27 November 2013

မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား

Photo: မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား
Wednesday, November 27, 2013

သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့

မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား
လီယွန်နယ်လ် မက်ဆီအတွက် ဘာစီလိုနာ တောင်းသည့်ဈေးမျိုး ပေးချေကာ ကမ်းလှမ်းဝယ်ယူခြင်းသည် ဖြစ်နိုင်ခြေ မရှိသော ကိစ္စမျိုးဟု ဘိုင်ယန်မြူးနစ် ဥက္ကဋ္ဌ ကားလ်ဟိန့်ဇ် ရူမန်နစ်ဂီက ပြောကြားလိုက်သည်။ သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့သည်။ ဘာစီလိုနာ အသင်းသည် Adidas၏ မဟာပြိုင်ဘက် Nikeနှင့် စာချုပ်ထားရာ Adidasက မက်ဆီကို ဘိုင်ယန်က ခေါ်ယူနိုင်ခြင်းသည် Nikeကို ထိုးနှက်နိုင်မှု လက်နက်တစ်ခုအဖြစ် ယူဆထားသည်။ သို့သော်လည်း လက်ရှိ ဂျာမနီနှင့် ဥရောပ ချန်ပီယံ အသင်းကြီးက မက်ဆီကို ဝယ်ယူရန် အစီအစဉ် မရှိဟု အတိအလင်း ငြင်းချက်ထုတ်လာခြင်း ဖြစ်သည်။

စပိန်မှ သတင်းအချို့က အသက်(၂၆)နှစ် ရှိပြီဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or)ကို (၄)နှစ်ဆက် ရယူထားသည့် မက်ဆီသည် ဘာစီလိုနာနှင့် စာချုပ်ပါ တန်ကြေးသတ်မှတ်ချက် ယူရိုသန်း(၂၅၀)ရှိကြောင်း ဖော်ပြခဲ့ကြသည်။ ဘိုင်ယန်၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဖရန့်ဇ် ဘက်ကင်ဘောင်ဝါက မက်ဆီကို ခေါ်ယူနိုင်လျှင် ဘိုင်ယန်အတွက် အကျိုးများလိမ့်မည်ဟု မှတ်ချက်ပြုခဲ့ရာ ကောလာဟလများ ပိုမိုအားကောင်းလာခဲ့သေးသည်။ ရူမန်နစ်ဂီကမူ ယင်းအခြေအနေသည် ဖြစ်နိုင်ခြေ မရှိဟု ပြောကြားသွားသည်။

"မက်ဆီဟုတ်လား။ ကျွန်တော်တို့ ဖြစ်နိုင်ခြေ မရှိတဲ့ အရာမျိုးအကြောင်း ပြောနေသလိုပဲ။ ကျွန်တော်တို့ ယာဗီမာတီနက်ဇ်ကို ခေါ်ယူခဲ့တုန်းကထက် ဈေးနှုန်းက အများကြီး ပိုလိမ့်မယ်။ ကျွန်တော်တို့ လက်လှမ်းမီမယ် မထင်ဘူး"ဟု ရူမန်နစ်ဂီက ဆိုသည်။ ၎င်းက "နောက်တစ်ချက်က ဘာစီလိုနာ ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်ကလည်း မက်ဆီကို ရောင်းမယ်မထင်ပါဘူး။ သူဟာ ဘာစီလိုနာမှာ သူတော်စဉ် တစ်ယောက်လို ရိုသေကိုးစား ခံရသူပါ။ သူ့ကိုရောင်းဖို့ လမ်းမမြင်ဘူး။ မက်ဆီကိုယ်တိုင်ကလည်း ဘာစီလိုနာမှာ ဆက်နေဖို့ပဲ စိတ်ဝင်စားမယ် ထင်ပါတယ်။ သူက အဲဒီမှာပဲ လုံးဝဥဿုံ အံဝင် အဆင်ပြေနေတယ် မဟုတ်လား"ဟုလည်း ကောက်ချက်ချသွားသည်။

Planet Myanmar Network
သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့

ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း အမြန်လမ်းမကြီး ပိုမိုလုံခြုံမှုရှိစေရန် ကင်းပုန်းဝပ် စောင့်ကြည့်စစ်ဆေးမှုများ တိုးချဲ့ဆောင်ရွက်မည်



ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်၌ ခရီးသွား ပြည်သူများ ပိုမိုလုံခြုံမှု ရှိစေရန်အတွက် ကင်းပုန်းဝပ် စောင့်ကြည့် စစ်ဆေးမှုများကို တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး နေ၀င်းက နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

တာမွေဈေးမှတ်တိုင်အနီးတွင် လမ်းဖြတ်ကူးသူအမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ

၂၆.၁၁.၂၀၁၃ရက်နေ့ ၂၀၀၀အချိန် တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း မင်းဦး (ဘ)ဦးအုန်းဟန်၊ သဇင်လမ်း၊ (၉)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်နေသူ မောင်းနှင်လာသော CC/-----ပရိုဘောက်(ငွေမင်ရောင်)ယာဉ်သည် တာမွေဈေးမှတ် တိုင်အနီးအရောက် လမ်းဖြတ်ကူးသူ

ထိုင်းဆန္ဒပြသမားတွေ အစိုးရရုံးတွေကို ဆက်လက်သိမ်းပိုက်


ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ ကြိုးစားနေကြတဲ့ အတိုက်အခံ ဆန္ဒပြသူတွေဟာ ဘန်ကောက်က အရေးပါတဲ့ အစိုးရအဆောက်အဦးတွေကို ဆက်ပြီး သိမ်းပိုက်ဖို့ ကြိုးစားနေကြသလို ဝန်ကြီးချုပ် ယင်းလတ်ရှင်နဝပ် (Yingluck Shinawatra) ဟာလည်း လွှတ်တော်တွင်း အယုံအကြည်မရှိ မဲပေးမှုတွေနဲ့ ကြုံနေရပါတယ်။

သံတွဲအကြမ်းဖက်မှုနဲ့ဆက်နွယ်သူ ၉၀ ကျော် စတင်အရေးယူ

ရခိုင်ပြည်နယ် သံတွဲမြို့မှာ မကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှု လုပ်ရပ်တွေနဲ့ ဆက်နွယ်ပြီး လူပေါင်း ၁၀၀ နီးပါးကို စတင် အရေးယူထားပြီ ဖြစ်တဲ့အကြောင်း အစိုးရ တာဝန် ရှိသူတွေက ပြောပါတယ်။