Thursday, 1 August 2013

ယာဉ်နံပါတ် အင်္ဂလိပ်အက္ခရာ အသစ်တစ်ခုထွက်ရှိ

အသစ်ရောက်ရှိလာသော မော်တော်ယာဉ်များကို မူသေအမှတ် သတ်မှတ်ရာတွင် 5F/1001 ပေါင်းခြင်း ၁ဝ နှင့် ၁၃ မပါ သတ်မှတ်ပေးလျက်ရှိကြောင်း မော်တော်ယာဉ် ကနဦး မှတ်ပုံတင်ဌာနမှ စုံစမ်းသိရသည်။

ထိုင်းကျောက်မျက်ပြပွဲသို့ မြန်မာကျောက်မျက်အသင်းသားများ ပထမဆုံး သွားရောက်ပြသမည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် (၅၂)ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲ သို့ မြန်မာနိုင် ငံ ကျောက်မျက် ရတနာအသင်းမှ အသင်းသားများက ပထမဆုံး သွားရောက်ပြသမည်ဖြစ်ကြောင်း

ယာဉ်အရောင်းပြခန်းတွင် ၂၀၁၂ မော်ဒယ်လ်များ ရောင်းခွင့်ပြုရန် စီစဉ်

မော်တော်ယာဉ် အရောင်းပြခန်းများ ၂၀၁၂ ခုနှစ် မော်ဒယ်လ်ယာဉ်များကို ဝယ်ယူသူ အမည်ပေါက်ဖြင့် တရားဝင် ရောင်းချခွင့်ပြုရန် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီက စီစဉ်နေကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ကုန်သည် လုပ်ငန်းရှင်များအသင်း အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အသံတိတ် သံချပ်ကာယာဉ် ရုရှားထုတ်လုပ်

Photo: အသံတိတ် သံချပ်ကာယာဉ် ရုရှားထုတ်လုပ်
Thursday, 01 August 2013

ရုရှားနိုင်ငံမှ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုသည် ၄င်း၏ စွမ်းအင်နှစ်မျိုးသုံး  အသံတိတ် သံချပ်ကာယာဉ် APC ကိုထုတ်လုပ်ခဲ့ပြီး 
စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဆာဂျီဆူဗိုရော့ဗ်က  ယမန်နေ့က ပြောကြားခဲ့သည်။ 

အဆိုပါ သံချပ်ကာယာဉ် Krymsk APC သည် BTR-90 သံချပ်ကာယာဉ်ကို အခြေခံ၍ ပြုလုပ်ထားခြင်း ဖြစ်ပြီး ၎င်း၏ ဒီဇယ်အင်ဂျင်ကို ပိတ်ထားချိန်တွင် ဘက်ထရီ စွမ်းအင်ကို အသုံးပြုပြီး  အသံ တိတ်မောင်း နှင်နိုင်ကြောင်း အဆိုပါပြောရေးဆို ခွင့်ရှိသူက ပြောကြားခဲ့သည်။ 

လက်ရှိ အချိန်စမ်းသပ်ချက်အရ အဆိုပါယာဉ်သည် ၎င်း၏ ဘက်ထရီ စွမ်းအင်ကို အသုံးပြုလျက်  တိတ်ဆိတ်စွာဖြင့် အကွာအဝေးအနည်းငယ်
ကိုသာ သွားရောက်နိုင်သော်လည်း ဘက်ထရီ အမျိုးအစားအသစ်ကို အသုံးပြုပါက ခရီး အကွာအဝေးများစွာ သွားရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ 

မကြာသေးမီက ပြုလုပ်ခဲ့သော စမ်းသပ်မှုတွင် အဆိုပါ သံချပ်ကာယာဉ်သည် တစ်နာရီလျှင် ၉၇ ကီလိုမီတာ အမြန်နှုန်းဖြင့် အများဆုံး သွားရောက်နိုင်ပြီး ၃၃ စက္ကန့်အတွင်း တစ်နာရီလျှင် ၈ဝ ကီလိုမီတာ နှုန်းအထိ အရှိန်မြှင့်
တင်နိုင်ကြောင်း သိရသည်။  

မြ၀တီ
ရုရှားနိုင်ငံမှ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုသည် ၄င်း၏ စွမ်းအင်နှစ်မျိုးသုံး အသံတိတ် သံချပ်ကာယာဉ် APC ကိုထုတ်လုပ်ခဲ့ပြီး စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ ပြောရေး ဆိုခွင့်ရှိသူ ဆာဂျီဆူဗိုရော့ဗ်က ယမန်နေ့က ပြောကြားခဲ့သည်။

" လှိုင်သာယာ စက်မှုဇုန် လျှပ်စစ်ပေးရေး ဒေါ်လာသန်း ၁ဝဝ မြှုပ်နှံကာ ၈ လအတွင်း အကောင် အထည်ဖော် မည်"

Photo: " လှိုင်သာယာစက်မှုဇုန် လျှပ်စစ်ပေးရေး ဒေါ်လာသန်း ၁ဝဝ မြှုပ်နှံကာ
၈ လအတွင်းအကောင်အထည်ဖော်မည်"
Thursday, 01 August 2013

ဒေါ်လာသန်း ၁ဝဝ ရင်းနှီးမြှုပ်နှံ ကာ လှိုင်သာယာ စက်မှုဇုန်ကို လျှပ်စစ် မီးပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ် ကြောင်း အဆိုပါစက်မှုဇုန်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ စက်မှုဇုန်လုပ်ငန်းရှင်များနှင့် လျှပ် စစ်ထုတ်လုပ်ရန် စိတ်ဝင်စားသော ပြည် တွင်းကုမ္ပဏီများပူးပေါင်းကာ အထက်ပါ အစီအစဉ်ကို ရှစ်လအတွင်း အကောင်အ ထည်ဖော်သွားမည်ဟု ၎င်းကပြောသည်။

လျှပ်စစ်ထုတ်လုပ်ရန် သန့်စင်သော လောင်စာ ဆီဖြင့် ဆောင်ရွက်သွားမည်
 ဖြစ်ပြီး တစ်ယူနစ်လျှင် ကျပ် ၁၅ဝ ခန့် ကျမည်ဖြစ်ကြောင်း၊ အများပိုင်
ကုမ္ပဏီ ပုံစံမျိုးဖွဲ့စည်း ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ထုတ်လုပ်ရေးနှင့် ပတ် သက်၍ Fuel Oil နဲ့ လုပ်မှာ။ လော လော
ဆယ်တော့ ပြည်တွင်းလုပ်ငန်းရှင် တွေနဲ့ပဲလုပ်မယ်'' ဟု၎င်းက ပြောသည်။ လက်ရှိတွင် ဟီတာချီ၊ ဒေဝူး၊ တိုရှီ ဘာစသည့် နိုင်ငံခြား ကုမ္ပဏီများက
လျှပ်စစ်ထုတ်လုပ်ရေးနှင့် ပတ်သက်၍ လာရောက်ဆွေးနွေးမှုများရှိပြီး ဖက်စပ် ပုံစံမျိုး လုပ်ဆောင်ရန် ကမ်းလှမ်းလာ ကြောင်း၊ သို့သော်လည်း
 နိုင်ငံခြားကုမ္ပ ဏီများထက် ပြည်တွင်းကုမ္ပဏီများနှင့် ဦးစွာ ပူးပေါင်း
လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

''သုံးနှစ်လောက် စောင့်ပြီး Gas တွေ၊ ဘာတွေရတယ်ဆိုရင်တော့ Gas နဲ့
လုပ်မှာပေါ့။ ခုကတော့ Fuel Oil နဲ့ပဲ အရင်လုပ်မှာပါ'' ဟု ၎င်းက ပြော
သည်။ရေအားနည်းသော အချိန်များတွင် လျှပ်စစ်မီးရချိန်နည်းသောကြောင့် စက် မှုဇုန် လုပ်ငန်းရှင်များသည် လျှပ်စစ်ရရှိ ရေးအတွက် ကိုယ်ထူကိုယ်ထ လုပ် ဆောင်ရန် ကြိုးပမ်းလာကြခြင်း ဖြစ်သည်။ 

လှိုင်သာယာစက်မှုဇုန်ကိုလည်း ၂ဝ၁၄ မတ်လအတွင်း လျှပ်စစ်မီးပေး နိုင်ရန် ကြိုးစားနေကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ရေရရှိမှုများလာ သောကြောင့် ဇူလိုင် ၂ဝ မှစ၍ မီးပေး ချိန် တိုးမြှင့်လိုက်ကြောင်း ၊ညနေ ၅ နာ ရီမှ ည ၁၁ နာရီအထိသာ သုံးစွဲခွင့် ပိတ်ပြီး ကျန် ၁၈ နာရီကို မီးသုံးစွဲခွင့် ပြုထားသောကြောင့် လုပ်ငန်းရှင်များ အတွက် အထိုက်အလျောက် အဆင်ပြေ လာကြောင်း ၎င်းကပြောသည်။

Popular Myanmar News Journal
ဒေါ်လာသန်း ၁ဝဝ ရင်းနှီးမြှုပ်နှံ ကာ လှိုင်သာယာ စက်မှုဇုန်ကို လျှပ်စစ် မီးပေးနိုင်ရေး ဆောင်ရွက် သွားမည် ဖြစ် ကြောင်း အဆိုပါစက်မှုဇုန်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ စက်မှုဇုန်လုပ်ငန်းရှင်များနှင့် လျှပ် စစ်ထုတ်လုပ်ရန် စိတ်ဝင်စားသော ပြည် တွင်းကုမ္ပဏီများပူးပေါင်းကာ အထက်ပါ အစီအစဉ်ကို ရှစ်လအတွင်း အကောင်အ ထည်ဖော်သွားမည်ဟု ၎င်းကပြောသည်။

တကယ့် နည်းပညာ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေ မှာတောင် ပရင့်မီဒီယာ က ပျောက် သွားတာ မှ မဟုတ်တာ အတူယှဉ်တွဲ ရှိနေတာပဲ

Photo: တကယ့်နည်းပညာ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာတောင် ပရင့်မီဒီယာက ပျောက်
သွားတာမှ မဟုတ်တာ အတူယှဉ်တွဲ ရှိနေတာပဲ
Thursday, 01 August 2013

► မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ ဒုဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တွေ့ဆုံခြင်း

► ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာ ကျင်းပခဲ့တဲ့ (၅)ကြိမ်မြောက် APC (Asia Publication Convention) ညီလာခံကို ဘယ်လို အစီအစဉ်နဲ့ တက်ရောက်ခဲ့ကြတာလဲ။ ဘာ တွေများ ဆွေးနွေးခဲ့ကြပါသလဲ။

(၅) ကြိမ်မြောက် အာရှထုတ်ဝေသူများ ညီလာခံကို တက်ဖြစ်တာက အဓိက သူတို့ဖိတ်လို့ပါ။ ကျွန်တော်တို့အသင်းက ၆ ယောက်ပေါ့။ ညီလာခံ က နှစ်ရက်ပါ။ ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေပါ။

စိတ်ဝင်စားစရာတွေကတော့ အများကြီးပေါ့။ ဒုတိယနေ့မှာ အငြင်းအခုံ(Debate)ပေါ့။Digital Publishion တွေဟာ Traditional Publishion တွေကို ကွယ်ပျောက်သွားစေမှာလား။ သေဆုံးသွားစေမှာလား ဆိုတာကို ဆွေးနွေးငြင်းခုံခဲ့ကြပါတယ်။ သမားရိုးကျ ပုံနှိပ်ထုတ်ဝေမှုကနေ နည်း ပညာတိုးတက်လာတာကြောင့် Mobileနဲ့ အွန်လိုင်းမှာ ကိုယ့်ရဲ့ထုတ် ကုန်ကို ဘယ် လိုဖြန့်ဖြူးရောင်းချမလဲဆိုတဲ့ Selling Technique တွေ လိုလာပြီလေ။ ဒါ့ကြောင့် ဒို့ဟာ တခြားနိုင်ငံတွေ ပညာရှင်တွေဆီကနေ နည်းပညာတွေ၊ နည်းစနစ်တွေ သင် ယူဖို့လိုလာပြီ။

အဲဒီပွဲမှာကျွန်တော်တို့ လူတစ်ယောက်နဲ့ သိကျွမ်းပြီး မြန်မာနိုင်ငံကို ဖိတ်ခေါ်ဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီလူက မြန်မာလူမျိုး ဂျွန်သက်ဆိုတာသူ ဟာ ASEAN Geograph ဆိုတဲ့ မဂ္ဂဇင်းကို နိုင်ငံပေါင်း ၅၄ နိုင်ငံမှာ ထုတ်ဝေဖြန့်ချိပြီး အောင်မြင် နေတဲ့ မြန်မာပြည်ဖွား လုပ်ငန်းရှင်တစ်ယောက် သူ့ကို ကျွန်တော်တို့ ချဉ်းကပ်နေတယ်။ သူ့ကို ဖိတ်မယ်။ သူနားလည်တတ်ကျွမ်းထားတဲ့ မဂ္ဂဇင်းကမ္ဘာအနှံ့ဖြန့်တာတွေကို ဒီက ထုတ်ဝေသူတွေကို ဝေမျှခိုင်းမယ်။

နောက်တစ်ခုက အဲ့ဒီပွဲမှာပဲ ဧရာဝတီမဂ္ဂဇင်းက "Content Development" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆုရတယ်။ အဲ့ဒါကိုတို့ အသင်းကပဲ ကိုယ်စားလက်ခံ
ရယူပေးခဲ့တယ်။ အဲဒီဆုကိုလည်း ဧရာဝတီကို အပ်ပြီးပြီ။

နောက်စိတ်ဝင်စားစရာတစ်ခုက နောက်နှစ်ဆို APC ဘယ်မှာလုပ်မလဲ လို့ ဆန္ဒ ခံယူတော့ အားလုံးက မြန်မာ၊ ရန်ကုန်ဆိုပြီးတော့ဆန္ဒပြုကြတယ်။ တို့ကတော့ ဒါကို ၂ဝ၁၄ မှာ လုပ်ပေးနိုင်ဖို့ နည်းနည်းအခက်အခဲရှိ တယ်ဆိုပြီး request လုပ်ခဲ့တယ်။

နောက်တစ်ခုက အဲ့ဒီမှာပဲ တို့ကPAPAN ဆိုပြီး အဖွဲ့တစ်ခု ဖွဲ့ဖြစ်ခဲ့ကြ တယ်။ PAN ASEAN PUBLISHERS ALLIANCE NETWORK ကို ထပ်ဖွဲ့ခဲ့တယ်။ တို့ အာဆီယံနိုင်ငံတွေ အချင်းချင်းပိုပြီး ပူးပေါင်းဆောင်ရွ က်နိုင်ဖို့အ တွက်ပါ။ အဲ့ဒီအဖွဲ့မှာ ဥက္ကဋ္ဌက မစ္စတာဆိရိယယ်ဆို တာ ဟောင်ကောင်က၊ တို့ မြန်မာနိုင်ငံက ဦးသာထွန်းဦးက ဒုတိယဥက္ကဋ္ဌပေါ့။ အဓိက ရည်ရွယ်ချက်ကတော့ တိုးတက်လာတဲ့ နည်းပညာတွေကို မျှဝေဖို့ပေါ့။ ပြီးတော့ တို့က ဒီမိုကရက်တစ်လူ့ အဖွဲ့အစည်းကို သွားနေပြီဆိုတော့ မကြာခင်မှာ မူပိုင်ခွင့်ဥပဒေတွေ လိုလာပြီ။ တို့က နိုင်ငံတကာမှာ ဝင်ဆံ့နိုင်ဖို့ လိုအပ်လာပြီလေ။

►ဟုတ်ကဲ့၊ ပြောသွားတဲ့အထဲမှာ စိတ်ဝင်စားစရာလေး တစ်ခုရှိလို့ပါ။ "Digital Publishing is the death of Traditional Publishing '' ဆိုတဲ့ စကားအပေါ်ရော ဘယ်လိုသဘောထားပါသလဲ။ မြန်မာနိုင်ငံရဲ့ Print Media တွေရဲ့ အလားအလာ ကိုရော ဘယ်လို မြင်ပါသလဲ။

လုံးလုံးလျားလျား ပျောက်ကွယ်သွားစရာ မရှိပါဘူး။ အထူးသဖြင့် တို့လို နိုင်ငံ မျိုးတွေမှာ ပရင့်မီဒီယာဆိုတာ ရှိနေနေဦးမှာပဲ။ ရှိဦးမှာ ပဲ။ မြန်မာနိုင်ငံမှာ အင်တာ နက် ရယူသုံးစွဲနိုင်မှုနှုန်းက ၁၁ ဒသမ ၃၄ ရာခိုင်နှုန်းပဲ ရှိတာဆိုတော့လေ။ ပြီးတော့ တကယ့်နည်းပညာဖွံ့ဖြိုး တဲ့ နိုင်ငံတွေမှာတောင် ပရင့်မီဒီယာက ပျောက်သွားတာမှ မဟုတ်တာ။ အတူယှဉ်တွဲရှိနေတာပဲလေ။ ဥပမာပေါ့ ရုပ်ရှင်ကိုကြည့်လိုက်လေ။ ဒီဗီဒီဆိုတာလည်း ရုပ်ရှင်ပဲလေ။ တင်ဆက်တဲ့ နည်းပညာပဲ ကွာသွားတယ်၊ ပစ္စည်း ကွာသွားတယ်။ ဒါပေမဲ့ ရုပ်ရှင်က ရှိနေတာပဲ။ ပိုပြီး အင်တာအက်တစ် ဖြစ်လာ တယ်။

တို့က ဒါကို လုပ်လည်းလုပ်ရမယ်။ လုပ်လည်းလုပ်သင့်တယ်။

► ဒါဆို PAPAN ဖွဲ့ဖြစ်ခဲ့တာက အဲဒီလိုလုပ်ဖို့အတွက် ပထမခြေလှမ်း လို့ ပြောရ မှာပေါ့။

ဟုတ်တယ်။ သူတို့ဆီကနေ နည်းပညာတွေ ရယူနိုင်မှ တို့လည်း အဆင့်တစ်ခု ကို ရောက်နိုင်မှာလေ။ အရင်လို ကိုယ့်နိုင်ငံမှာပဲ နေတာထက် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံအသိုင်းအဝိုင်းကို ဝင်ဆံ့နိုင်အောင် ကြိုးစား ရမယ်။ နောက်တစ်ခုက နောင်နှစ်မှာ တို့နိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူရမယ့် နှစ်၊ အဲဒီတော့ အာဆီယံအစည်း အဝေးတွေ အများကြီးလာမယ်။ အဲဒီမှာ တို့သတင်း သမားတွေက ကဏ္ဍအလိုက်၊ ပရင့်ဖြစ်စေ၊ ရုပ်သံဖြစ်စေ နိုင်ငံတကာစံနှုန်းတွေအတိုင်း လုပ်နိုင်ဖို့ လိုလာပြီလေ။ အဲဒီလို လုပ်နိုင်အောင် အခုကတည်းက ကြိုးစားရမယ်။ ဒါပေမဲ့ တို့မှာက နည်းပညာ မပြည့်ဝသေးဘူး။ အခြေခံ အဆောက်အအုံ မပြည့်စုံ သေးဘူး။ ရင်းမြစ်တွေ နည်းနေသေး တယ်။ ဒါကြောင့် အခုကတည်းက တို့စပြီး ကြိုးစား သင့်တယ်လေ။

ကျော်ရဲလင်း တွေ့ဆုံမေးမြန်းသည်။

Popular Myanmar News Journal
► မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ ဒုဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တွေ့ဆုံခြင်း

အီဂျစ်နိုင်ငံရေး တင်းမာမှုနှင့် ဆန္ဒပြသူ များ၏ အကြမ်းဖက် မှုများ အထွတ် ထိပ် သို့ရောက်

Photo: အီဂျစ်နိုင်ငံရေးတင်းမာမှုနှင့် ဆန္ဒပြသူများ၏ အကြမ်းဖက်မှုများ အထွတ်
ထိပ်သို့ရောက်
Thursday, 01 August 2013

စစ်တပ် အာဏာသိမ်းပိုက်မှုကြောင့် သမ္မတမိုဟာမက်မော်စီ ရာထူးမှဖြုတ်
ချခံ လိုက်ရမှု ဖြစ်ပွားခဲ့သည်မှာ တစ်လနီးပါးခန့် ရှိလာပြီဖြစ်သော အီဂျစ်နိုင်ငံတွင် နိုင်ငံရေး တင်းမာမှုများ အဆမတန် မြင့်တက်လျက်ရှိရာ
 နိုင်ငံသားများအပါအဝင် လေ့လာစောင့် ကြည့်သူများ၏ စိုးရိမ်ပူပန်မှုများ
လည်း ကြီးထွားလျက်ရှိကြောင်း CNN သတင်း ဌာနက “ယနေ့အီဂျစ်ရေးရာ” အထူးအခန်း ကဏ္ဍတွင် ရေးသားဖော်ပြသည်။

အီဂျစ်တွင် စစ်တပ်အာဏာသိမ်း ပိုက်လိုက်ကာ ကြားဖြတ်အစိုးရ တင်မြှောက်လိုက်သည့် အချိန်မှစ၍ သမ္မတဟောင်း မော်စီနှင့် မွတ်ဆလင်ညီနောင်များ အဖွဲ့ ကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများအ ကြား ပဋိပက္ခများနှင့် အကြမ်းဖက်တိုက်ခိုက် မှုများ အဆမတန် များပြားလာသောကြောင့် နိုင်ငံသားများ၏ စိုးရိမ်ပူပန်မှုမှာ လွန်စွာ ကြီးထွားလျက်ရှိသည်ဟု ယင်းကဏ္ဍတွင် ဖော်ပြထားသည်။

လက်ရှိအနေအထားတွင် မော်စီကို ထောက်ခံသူများက ၄င်းအာဏာပြန်
လည် မရရှိသရွေ့ ကိုင်ရိုမြို့ တော်အရှေ့ ဘက်၌ သပိတ်စခန်းဖွင့်ကာ ဆန္ဒပြမှုများကို စွန့်လွှတ်မည်မဟုတ်ကြောင်း တောင်းဆို ထားသည်။

တစ်ချိန်တည်းမှာပင် မော်စီကိုဆန့် ကျင်ပြီး စစ်တပ်အာဏာသိမ်းမှုကို
 ထောက်ခံသူ အင်အားစုများကလည်း ဆန္ဒပြမှုများ ပြုလုပ်ကြရာ နှစ်ဖက်
ထိပ်တိုက် တွေ့ဆုံကာ ပဋိပက္ခများဖြစ်ပွားသလို အပြန်အလှန် အကြမ်းဖက်တိုက်ခိုက်မှုများလည်း ဖြစ်ပွားလျက် ရှိသည်။

နေစဉ်ရက်ဆက်နီးပါး ပေါ်ထွက်နေ သည့် အဆိုပါဖြစ်စဉ်များကြောင့် ကိုင်ရိုမြို့ တစ်မြို့ တည်းတွင်ပင် လူပေါင်း ဒါဇင်နှင့်ချီ ၍သေဆုံးခဲ့ပြီး ရာပေါင်းများစွာဒဏ်ရာရရှိ ခဲ့ကြသည်။

အီဂျစ်အစိုးရကလည်း မော်စီကို ထောက်ခံသူများအနေနှင့် ဆန္ဒပြမှုများကို အမြန်ဆုံးအဆုံးသတ်ရန် သတိပေးကြေ ညာထားရာ ဆူပူအကြမ်းဖက်မှုများပိုမိုဖြစ် ပေါ်မည့် အလားအလာများရှိနေသည်။

ယခုတစ်ပတ် တနင်္လာနေ့က CNN သတင်းဌာနနှင့် ပြုလုပ်သောအင်တာဗျူး တွင် အီဂျစ်ကြားဖြတ် ဝန်ကြီးချုပ် ဟာဇန် အယ်လ်ဘက်လာဝီက "ဟုတ်ပါတယ်၊ အခြေအနေတွေက တင်းမာနေပါတယ်။ ကျွန်တော်တို့မှာ အင်မတန်ခက်ခဲတဲ့အခြေအနေ မျိုးဖြစ်နေတယ်ဆိုတာကို ဘယ်သူမှငြင်းနိုင် မှာ မဟုတ်ပါဘူး" ဟု ပြောကြားသည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော ဆန္ဒပြမှုများ တစ်လနီးပါးခန့် ဖြစ်ပွား
ခဲ့သော် လည်း အစိုးရအနေနှင့် အခြေအနေများ မူလအနေအထားအတိုင်း
 ပြန်လည်ရရှိနိုင် ရေးအတွက် အနည်းအကျဉ်းမျှသာ ကြိုးစား လုပ်ဆောင်နိုင်ကြောင်း ၄င်းကပြောကြား သည်။

လက်ရှိ အီဂျစ်နိုင်ငံ၏ အခြေအနေ မှာ ထိန်းမနိုင်သိမ်းမရပုံစံမျိုးဖြင့် ဖရိုဖရဲဖြစ် လျက်ရှိပြီး ယင်းဖြစ်ရပ်သည် ၂၀၁၁ ခုနှစ် အာဏာရှင်သမ္မတ ဟိုစနီမူဘာရက်အစိုးရ ကိုဖြုတ်ချသည့် လူထုဆန္ဒပြမှုကြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်သည်ဟု လေ့လာ စောင့်ကြည့်သူများကဆိုသည်။

အမေရိကန်ပြည်ထောင်စုကမူ အီ ဂျစ်နိုင်ငံသည် ချောက်ထဲကျလုဆဲဆဲ အခြေ အနေသို့ရောက်ရှိနေပြီး ယင်းအခြေအနေမှ အမြန်ဆုံး ပြန်လည်
ဆုတ်ခွာရန် တိုက်တွန်း ပြောဆိုထားသည်။

The Voice Weekly
စစ်တပ် အာဏာသိမ်းပိုက်မှုကြောင့် သမ္မတမိုဟာမက်မော်စီ ရာထူးမှဖြုတ်ချခံ လိုက်ရမှု ဖြစ်ပွားခဲ့သည်မှာ တစ်လနီးပါးခန့် ရှိလာပြီဖြစ်သော အီဂျစ်နိုင်ငံတွင် နိုင်ငံရေးတင်းမာမှုများ အဆမတန် မြင့်တက်လျက် ရှိရာ နိုင်ငံသားများအပါအဝင် လေ့လာစောင့် ကြည့်သူများ၏ စိုးရိမ်ပူပန်မှုများလည်း ကြီးထွားလျက် ရှိကြောင်း CNN သတင်း ဌာနက “ယနေ့အီဂျစ်ရေးရာ” အထူးအခန်း ကဏ္ဍတွင် ရေးသားဖော်ပြ သည်။

ဂျပန်နိုင်ငံ သို့ တင်ပို့မည့် အစား အစာ ထဲသို့ ပိုးသတ်ဆေး ထည့်ခဲ့သူ တရုတ် အလုပ် သမား အား ရုံးတင် စစ်ဆေး

Photo: ဂျပန်နိုင်ငံသို့ တင်ပို့မည့် အစားအစာထဲသို့ ပိုးသတ်ဆေးထည့်ခဲ့သူ တရုတ်
အလုပ်သမားအား ရုံးတင်စစ်ဆေး
 Thursday, August 01,2013

၂ဝဝ၈ ခုနှစ်က ဂျပန်နိုင်ငံသို့ တင်ပို့မည့် အစာသွပ်မုန့်အတွင်း၌ ပိုး သတ်ဆေးထည့်သည်ဆိုသော စွဲချက် ဖြင့် တရုတ်စက်ရုံလုပ်သား တစ်ဦးအား ရုံးတင်စစ်ဆေးလျက်ရှိပြီး အဆိုပါ အပြု အမူကြောင့် ဂျပန်လူမျိုး ၁ဝ ဦးနာမ ကျန်းဖြစ်ခဲ့ကြောင်း ဂျပန်နှင့်တရုတ်မီ ဒီယာများတွင် ဖော်ပြသည်။

စက်ရုံလုပ်သား လုယွဲ့တင်သည် ပေါင်မုန့်လုံးထဲသို့အင်း ဆက်ပိုး သတ် ဆေးထည့်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၄င်းမုန့် များအား ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ ကြောင်း စင်ဟွာသတင်းအေဂျင်စီကဖော် ပြသည်။ အဆိုပါဖြစ်ရပ်သည် ၂ဝဝ၈ ခု နှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄င်းကိစ္စ ရပ် ကြောင့် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး တင်းမာခဲ့ကြောင်း သိရသည်။

အဆင့်မြင့် ဂျပန်ဝန်ကြီးတစ်ဦး တရုတ်နိုင်ငံသို့လာရောက် လည်ပတ် သည့်အထိမ်းအမှတ်အနေဖြင့် ၄င်းကိစ္စ အားရုံးတင်စစ်ဆေးခြင်းဖြစ်သည်။

လုယွဲ့တင်သည် ဟီပေးပြည်နယ် ရှိ ထျန်းယန်အစားအသောက် ကုမ္ပဏီ ၌ ၁၉၉၃ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လုပ်အားခ မကျေနပ်မှုများနှင့် လုပ်ဖော်ကိုင်ဖက် များနှင့်အဆင်မပြေမှု များကြောင့် အစာ သွပ်ပေါင်မုန့်အတွင်းသို့ ဆေးထိုးပြွန်သုံး၍ ပိုးသတ်ဆေးထည့်
ခဲ့ခြင်းဖြစ်သည်။

၎င်း၏လုပ်ရပ်ကြောင့် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလအတွက် အဆိုပါ ပေါင် မုန့်စားသုံးမိသူ အနည်းဆုံး ၁ဝ ဦး နာမကျန်းဖြစ်ခဲ့ကာ အသက် ၅ နှစ် အရွယ် မိန်းကလေးငယ်တစ်ဦးမှာ အ ပြင်းဖျားခဲ့ပြီးဆေးရုံတက်ခဲ့ရသည်။ ၄င်း ပေါင်မုန့်ထဲ၌ အန္တရာယ်မြင့်မားသည့် ပိုးသတ်ဆေးများပါဝင်ကြောင်း စုံစမ်း စစ်ဆေးသူများက ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ကြောင့် ၄င်းအား ၂ဝ၁ဝ ခုနှစ် က ဖမ်းဆီးခဲ့ကာ ဇူလိုင် ၃ဝ ရက်တွင် စတင်၍ ဟီပေးပြည်နယ်ရှီးကျားကျွမ်း မြို့၌ ရုံးတင်စစ်ဆေးခဲ့သည်။

Popular Myanmar News Journal
၂ဝဝ၈ ခုနှစ်က ဂျပန်နိုင်ငံသို့ တင်ပို့မည့် အစာသွပ်မုန့်အတွင်း၌ ပိုးသတ်ဆေးထည့်သည်ဆိုသော စွဲချက်ဖြင့် တရုတ်စက်ရုံလုပ်သားတစ်ဦးအား ရုံးတင်စစ်ဆေးလျက်ရှိပြီး အဆိုပါအပြုအမူကြောင့် ဂျပန် လူမျိုး ၁ဝ ဦးနာမ ကျန်းဖြစ်ခဲ့ကြောင်း ဂျပန်နှင့်တရုတ်မီ ဒီယာများတွင် ဖော်ပြသည်။

ယာဉ်မောင်း လိုင်စင် ဗုံးပေါလအော ထုတ်ပေးခြင်း မပြုတော့ ဟုဆို

Photo: ယာဉ်မောင်းလိုင်စင် ဗုံးပေါလအော ထုတ်ပေးခြင်း မပြုတော့ဟုဆို
 Thursday, August 01,2013

ယာဉ်မောင်းလိုင်စင်ကို ပိုမိုစိစစ် ခြင်းဖြင့်သာ ထုတ်ပေးတော့ကြောင်း ကညနက ပြောသည်။

ယခင်က ယာဉ်အစီးရေနှင့် ယာဉ် မောင်းများလိုက်လျော ညီထွေရှိစေရန် ပမာဏများများစားစား ထုတ်ပေးခဲ့မှု ရှိခဲ့သော်လည်း ယခုတွင် လိုအပ်သည့် ပမာဏကိုသာ ထုတ်ပေးနေသည်ဟု ကညနက ဆိုသည်။

''အဲဒီအတွက် နှစ်စဉ်ထုတ်ပေးမှု က လျော့ကျလာတယ်''ဟု ကညန ဒုညွှန်ချုပ်က ပြောသည်။

ကညနစာရင်းအရ တစ်နိုင်ငံလုံး တွင် ယာဉ်မောင်းလိုင်စင် ၂၇ သိန်းရှိ ရာ ထိုထဲတွင် မော်တော်ဆိုင်ကယ် မောင်းနှင်မှု လိုင်စင်က ငါးပုံ၊ သုံးပုံ ခန့် ရှိပြီး ကားမောင်းလိုင်စင်က ငါးပုံ၊ နှစ်ပုံသာရှိကြောင်း၊ ယခုစိစစ်မှုက နှစ်ခု စလုံးတွင်ဖြစ်သော်လည်း ကားမောင်း လိုင်စင်ကို ပိုမို စိစစ်ကြောင်း ¤င်းထံမှ သိရသည်။

''ယာဉ်တိုက်မှုတွေက နေရာအနှံ့ မှာ ဖြစ်ပွားနေတယ်။ အဓိကကတော့ ကျွမ်းကျင်တတ်မြောက်မှု မရှိတာကြောင့် နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို နားမလည်ကြတာကြောင့်ပဲ''ဟု ဒုညွှန် ချုပ်ကဆိုသည်။

ယာဉ်မောင်းလိုင်စင်ကို အမှန်တ ကယ် တတ်မြောက်ကျွမ်းကျင်မှသာ ထုတ်ပေးပြီး ယာဉ်မောင်းခြင်းကို အသိ အမှတ်ပြု ယာဉ်မောင်းကျောင်း များမှ ဆင်းမှသာ ထုတ်ပေးတော့ကြောင်း၊ ယာဉ်မောင်းကျောင်းမရှိ သည့်ဒေသများ မှ ဆိုပါလျှင် ကညနက ကျွမ်းကျင်သင် တန်းလိုက်ပေးခြင်းဖြင့် အောင်မြင်မှ သာ ထုတ်ပေးမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

''ဒါ့ကြောင့် ပုဂ္ဂလိက သင်တန်း ကျောင်းတွေ များများရှိဖို့ ကျွန်တော် တို့ အားပေးနေပါတယ်''ဟု ဒုညွှန်ချုပ်က ထပ်လောင်းဆိုသည်။

ယာဉ်ထိန်းရဲမှူးကြီး ဦးကျော်ထွေး က ယာဉ်မတော်တဆဖြစ်မှုများ၏ ၆ဝ ရာခိုင်နှုန်းမှာ ဆိုင်ကယ်မတော်တဆမှု ဖြစ်ပြီး၊ စည်းကမ်းမဲ့ မှုကြောင့် နေ့စဉ်လူ ၁ဝ ဦးသေပြီး လူ ၅ဝ ခန့်ပုံမှန် ထိခိုက် ဒဏ်ရာရေ နကြောင်း ပြောသည်။

Popular Myanmar News Journal
ယာဉ်မောင်းလိုင်စင်ကို ပိုမိုစိစစ် ခြင်းဖြင့်သာ ထုတ်ပေးတော့ကြောင်း ကညနက ပြောသည်။ ယခင်က ယာဉ်အစီးရေနှင့် ယာဉ် မောင်းများလိုက်လျော ညီထွေရှိစေရန် ပမာဏများများစားစား ထုတ်ပေးခဲ့မှု ရှိခဲ့သော်လည်း ယခုတွင် လိုအပ်သည့် ပမာဏကိုသာ ထုတ်ပေးနေသည်ဟု ကညနက ဆိုသည်။

မြင်လွှာ ပျက်စီးမှုကို ကုသနိုင်မည့် မြင်းကြားငါး၏ ပင်မဆဲလ်

Photo: မြင်လွှာ ပျက်စီးမှုကို ကုသနိုင်မည့် မြင်းကြားငါး၏ ပင်မဆဲလ်
Thursday, August 01,2013

မြင်းကြားငါး (Zebra fish) မှရရှိသော ပင်မဆဲလ်ကို မြင်လွှာ retina ပျက်စီး မှုတွင် အသုံးပြု နိုင်ပြီး လူသားများ၏ အမြင်အာရုံကို ကာကွယ် နိုင်ကြောင်း သုတေသန တစ်ရပ်တွင် ဖော်ပြ ထားသည်။

မြင်လွှာတွင် ရှိသော သစ်တုံးပုံ ဆဲလ်(rods)နှင့် ကန်တော့ပုံ ဆဲလ်(cone) တို့သည် အမြင် အာရုံခံ receptor များ အတွက် အရေးပါသော ဆဲလ် များ ဖြစ် သည်။ rodsသည် ညဘက်အမြင်အာရုံကို ထောက် ပံ့ ပေးနိုင်ပြီး နေ့ ဘက် အချိန်တွင် လောကကြီးကို မြင်တွေ့ နိုင်စေရန် coneက ကူညီ ပေးပါသည်။ University of Alberta မှ သုတေသီ Dr.Ted Allisonက အဆိုပါ ဆဲလ်များ ပျက်စီးပါက မြင်လွှာ ပျက်စီးမှု အပြင် အမြင် အာရုံကိုပါ ဆုံးရှုံး နိုင်ကြောင်း၊ ယခု လေ့လာမှုတွင် ပင်မဆဲလ်ကို အသုံးပြုပြီး ကုသမှုမှာ ကန်တော့ပုံ ဆဲလ် (cone)ကို အစားထိုးရန် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခု သုတေသနသည် လူသားများ၏ အမြင်အာရုံနှင့် ဆိုင်သဖြင့် အရေးပါသော တွေ့ရှိမှု တစ်ရပ် ဖြစ်ကြောင်း၊ အမြင်အာရုံခံ receptor များကို ကုသရာတွင် coneများ ပျက်စီးနေမှုကို ကုသပေး နိုင်ရန် အရေးကြီးကြောင်း သိရသည်။ နေ့ဖက် အမြင်အာရုံကို ကူညီပေးသော အမြင် အာရုံခံ ဆဲလ်ဖြစ်နေခြင်း ကြောင့်ပင် ဖြစ်သည်။

သုတေသီ များသည် မြင်းကြားငါး (Zebra fish)မှ ရရှိသော ပင်မဆဲလ် အစိတ် အပိုင်းများက ပျက်စီးနေသော ကန်တော့ပုံ ဆဲလ်များ၏ မူလ တာဝန် ထမ်းဆောင် နိုင်စေရန် အသုံးပြု နိုင်သည်ကို တွေ့ရှိခဲ့ကြောင်း၊ ယခု အချက်သည် မျိုးဗီဇ ဆိုင်ရာ အချက် ပေါ်တွင် အခြေခံပြီး တွေ့ရသော ရလဒ် ဖြစ်ကြောင်း၊ မိမိတို့ အဖွဲ့သည် မြင်းကြားငါး၏ ပင်မဆဲလ်က ညဘက် အလင်းရောင်ကို အာရုံခံ နိုင်သော rods များတွင်လည်း အဆိုပါ အာနိသင်ရှိ မရှိကို ဆက်လက် လေ့လာ နေကြောင်း ရှင်းပြ ထားသည်။

ယခု လေ့လာမှုကို Journal Public Library of Science ONE တွင်ဖော်ပြထားခြင်း ဖြစ်သည်။

သက်နှင်း
Ref: IANS
Health Updates Journal
Vol-2,No-7
မြင်းကြားငါး (Zebra fish) မှရရှိသော ပင်မဆဲလ်ကို မြင်လွှာ retina ပျက်စီး မှုတွင် အသုံးပြု နိုင်ပြီး လူသား များ၏ အမြင်အာရုံကို ကာကွယ် နိုင်ကြောင်း သုတေသန တစ်ရပ်တွင် ဖော်ပြ ထားသည်။

အကြော် များများ စားရင် အသည်း အတွက် မကောင်း

အကြော် များများ စားရင် အသည်း အတွက် မကောင်း
အဆင်သင့် အမြန် အစားအစာ fast food ကို အမြဲ စားသုံးခြင်းဟာ အသည်းကို ထိခိုက်စေပြီး အသည်းရောဂါ hepatitisလို ဖြစ်တာနဲ့တူတယ်လို့ The Doctors အမည်ရ တီဗွီအစီစဉ်တစ်ခုမှာ ထုတ်လွင့်သွားပါတယ်။ fast food ကို တစ်လလောက် စားတာနဲ့တောင် ကိုယ်ထဲက အသည်း မှာ ပြောင်း လဲ မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

မီးပွိုင့်မှာ GTC အခွေတွေ လိုက်ရောင်းနေ

Photo: မီးပွိုင့်မှာ GTC အခွေတွေ လိုက်ရောင်းနေ
Thursday, August 1, 2013

သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနလက်အောက်ရှိ သန်လျင် GTC ကျောင်း၌
ကျောင်းသားနှင့် ကျောင်းသူနှစ်ဦးစာသင်ခန်းအတွင်း ချစ်ရည်လူးနေ
ကြသော ဗီဒီယိုဖိုင်ကို မသမာသူများကအင်တာနက်မှ လွှင့်တင်လိုက်ရာ ဂျာနယ်စာမျက်နှာထက် ရောက်ရှိလာပြီး နောက် ယခုအခါ Vedio အခွေ များအဖြစ်ရောင်းချလာသည်ကို တွေ့ရသည်။

ယခုကဲ့သို့ အခွေရောင်းချ လာမှုအပေါ် ခရီးသွားပြည်သူတစ်ဦးက ပြောကြား
ရာတွင် ““အင်းယားလမ်းမီးပွိုင့်နဲ့ ဦးဝိစာရ မီးပွိုင့်ကြားမှာ GTC အခွေတွေ
ပြပြီး လူငယ်တွေလိုက်ရောင်းနေတယ်။

ဒါဟာမလုပ်သင့်တဲ့ကိစ္စပါ။လုပ်စားတဲ့အနေနဲ့ရိုက်ထားတဲ့ နိုင်ငံခြားအပြာခွေတွေလိုက်ရောင်း တာ ဘာမှမပြောလိုပေမဲ့ အခုလို လုပ်တာတော့ နှမချင်း
စာနာသင့်ပါတယ်။ မီးပွိုင့်မှာလည်း ယာဉ်ထိန်းရဲတွေရှိတာပဲ။ မဖမ်းချင်ရင်
တောင်တားမြစ်သင့်သလို၊ရဲစခန်းကိုအကြောင်းကြားသင့်ပါတယ်။

ဒီကိစ္စမှာ လူငယ်နှစ်ဦးမှားယွင်းတာဖြစ်ပေမဲ့ မသမာသူတွေရဲ့ လုပ်ရပ်
ကြောင့် လူအများကြီးမှာ ထိခိုက်ခဲ့ရပါတယ်။ ထဘီနက်ပြာဝတ်တဲ့
ကျောင်းသူတွေကို တချို့က ပြုံးစိစိနဲ့ကြည့်တာမြင်ရတော့ သူတို့လည်း ဂုဏ်သိက္ခာ ကျရပါတယ်။

အဲဒါကြောင့်အခွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေကို ဖမ်းဆီးအရေးယူ
သင့်ပါတယ်”” ဟု ပြောကြားသွားခဲ့သည်။

အဆိုပါ GTC ကျောင်းသား ကျောင်းသူကိစ္စနှင့် ပတ်သက်ပြီး သတင်းဂျာနယ်
တစ်စောင်၌ ဖော်ပြခဲ့ရာ GTC ကျောင်းသားများ နှင့် ကျောင်းသူများက ရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီးအဆိုပါဂျာနယ်အနေဖြင့် တောင်းပန်ခြင်း ပြန် လည်ထည့်သွင်းပေးရန်တောင်းဆိုထားကြောင်းလည်း သိရသည်။

Hot News Journal
သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနလက်အောက်ရှိ သန်လျင် GTC ကျောင်း၌ ကျောင်းသားနှင့် ကျောင်း သူနှစ်ဦး စာသင်ခန်းအတွင်း ချစ်ရည်လူးနေကြသော ဗီဒီယိုဖိုင်ကို မသမာသူများက အင်တာနက်မှ လွှင့်တင်လိုက်ရာ ဂျာနယ်စာမျက်နှာထက် ရောက်ရှိလာပြီး နောက် ယခုအခါ Vedio အခွေများ အဖြစ်ရောင်းချလာသည်ကို တွေ့ရသည်။

ရေငန်ပုစွန် ဖက်စပ် လုပ်ကိုင်ရေး ထိုင်း ကမ်းလှမ်း

Photo: ရေငန်ပုစွန် ဖက်စပ်လုပ်ကိုင်ရေး ထိုင်းကမ်းလှမ်း

1.8.2013

တရိပ်ရိပ် ကျဆင်းလျက်ရှိသော ရေငန်ပုစွန် မွေးမြူရေးကဏ္ဍတွင် ဖက်စပ် လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစီးပွားရေး ကောင်စစ်ဝန်ရုံး မှတစ်ဆင့် ကမ်းလှမ်းလာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။

Adaman Sea Food ကုမ္ပဏီ၊ မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များ အသင်း နှင့် ထိုင်းနိုင်ငံ ပုစွန်လုပ်ငန်းရှင်များ သမဝါယမ အသင်းချုပ် (Federation of Shrimp-Farmer Cooperatives of Thailand) တို့ ပူးပေါင်းလုပ်ဆောင်ရန် အကြံပြု ကမ်းလှမ်းထားသည်ဟု ၄င်းက ဆိုသည်။

အကျိုးအမြတ်ကို Adaman Sea Food ကုမ္ပဏီနှင့် မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်း တို့က ၅၀ ရာခိုင်နှုန်းစီ ရရှိမည်ဖြစ်ပြီး ဈေးကွက်တင်ပို့ပေးသည့် Federation of Shrimp-Farmer Cooperatives of Thailand ကိုမူ မြန်မာဘက်က ရေငန်ပုစွန် တစ်ကီလိုဂရမ်လျှင် ထိုင်းငွေ လေးဘတ်ပေးရန် ကမ်းလှမ်းသည် ဟု ၄င်းကရှင်းပြသည်။

Adaman Sea Food ကုမ္ပဏီသည် ပုစွန်သားပေါက်နှင့် အစာတို့ကို တာဝန်ယူပြီး ထွက်သမျှပုစွန်ကို ပြန်လည် ဝယ်ယူမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များ အသင်းက မြေနေရာ၊ ပုစွန်ကန်နှင့် အလုပ်သမားခကို တာဝန်ယူ ပေးချေရမည် ဖြစ်ပြီး Federation of Shrimp-Farmer Cooperatives of Thailand ကမူ ဈေးကွက်သို့ ပို့ဆောင်ပေးရမည် ဖြစ်သည်ဟု ဦးဟန်ထွန်းက ရှင်းပြသည်။
"ဟက်တာ ၁၀၀ လောက်ကစပြီး မွေးသင့်တယ်။ သိပ္ပံနည်းကျ မဟုတ်ဘဲ ကန်ကျယ်စနစ်နဲ့ မွေးမယ်လို့ ထိုင်းတွေက ပြောတယ်" ဟု အဆိုပါပုဂ္ဂိုလ်က ရှင်းပြသည်။

ထိုင်းနိုင်ငံ၏ ပုစွန်မွေးမြူရေး လုပ်ငန်းများတွင် ရောဂါ ကျရောက်ခြင်းနှင့် မြန်မာ့ထွက်ကုန် အဖြစ် တင်ပို့ပါက အထူး အခွန်သက်သာခွင့် ရရှိခြင်းကြောင့် ထိုင်း နိုင်ငံက မြန်မာ့ရေလုပ်ငန်းကို စိတ်ဝင် စားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အားသာချက်များကို အသုံးချမည့်အပြင် အမြတ် ခွဲဝေပြီးမှ ဝန်ဆောင်ခ တစ်ကီလိုဂရမ်လျှင် လေးဘတ် မြန်မာဘက်က ပေးရမည်မှာ ထိုင်းနိုင်ငံက အသားစီး ရယူခြင်းသာ ဖြစ်ကြောင်း ရေထွက်ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ ဘဏ္ဍာရေးမှူး ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

"ရှင်းရှင်းပြောရင် ထိုင်းက ကျွန်တော်တို့ကို မျက်စိကျနေတာပါ။ ဒီ့အရင်ကလည်း နိုင်ငံတော်အဆင့် ကော်မတီဖွဲ့ဖို့ လာသေးတယ်။ နိုင်ငံစုံနဲ့ လက်တွဲလုပ်လို့ရတဲ့ အချိန်ရောက်မှ ကော်မတီဖွဲ့ပြီး ချုပ်ကိုင် သလို လုပ်ချင်တာကို မကြိုက်လို့ ငြင်းခဲ့တာပါ" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

ထိုင်းနိုင်ငံသည် ၂၀၁၃ နှစ်ပိုင်း အတွင်း အစိုးရချင်း ချိတ်ဆက်မှုဖြင့် မြန်မာ့ ရေလုပ်ငန်းနှင့် ကော်မတီတစ်ရပ်ဖွဲ့ရန် လာရောက် ညှိနှိုင်းခဲ့သော်လည်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က သဘောမတူ သောကြောင့် ပျက်ပြယ်ခဲ့ရသည်။

မြန်မာ့ရေငန်ပုစွန်ကို ရခိုင်ပြည်နယ်ရှိ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့တွင် မွေးမြူလျက်ရှိသည်ဟု ဒေသခံ မွေးမြူရေးလုပ်ငန်းရှင် များကဆို သည်။
The Voice
တရိပ်ရိပ် ကျဆင်းလျက်ရှိသော ရေငန်ပုစွန် မွေးမြူရေးကဏ္ဍတွင် ဖက်စပ် လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာစီးပွားရေး ကောင်စစ်ဝန်ရုံး မှတစ်ဆင့် ကမ်းလှမ်းလာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။

ထားဝယ်ခရိုင် အနှံ့အပြား တွင် အဝေးပြေး လမ်းများ ရေကျော်လျက် ရှိသဖြင့် ကုန်တင် ယာဉ်များ ပိတ်မိနေ

Photo: ထားဝယ်ခရိုင် အနှံ့အပြားတွင် အဝေးပြေးလမ်းများ ရေကျော်လျက်ရှိသဖြင့် ကုန်တင်ယာဉ်များ ပိတ်မိနေ
Thursday, August 01,2013

တနသာင်္ရီတိုင်းဒေသကြီး အတွင်းရှိ ဒေသအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထားဝယ်မြို့ကို ဆက်သွယ်ထားသည့် အဝေးပြေး လမ်း များပေါ်တွင် ရေများကျော်တက်လျက်ရှိပြီး ဆက်သွယ် မှု ပြတ်တောက် လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနသာင်္ရီတိုင်း ဒေသကြီး၏ အဓိက အဝေးပြေး လမ်းမကြီးဖြစ်သည့် ရန်ကုန်-မြိတ် ပြည်ထောင်စုလမ်းပေါ်ရှိ နေရာအချို့တွင် လမ်းမပေါ်၌ အမြင့်လေးပေခန့်အထိ ရေများကျော်တက်လျက် ရှိသောကြောင့် ကား များဖြတ်သန်းခြင်း မပြုနိုင်ဘဲ ရေကျမည့်အချိန်ကို စောင့်ဆိုင်းလျက်ရှိကြောင်း သတင်းရရှိသည်။

ထားဝယ်-ရေး လမ်းပိုင်းပေါ်ရှိ မိုင်တိုင် ၃၅ မှ ၄၅ အတွင်းတွင် နေရာလေးခု မှာ ရေအမြင့် လေးပေခန့်အထိ လမ်းမပေါ် ကျော်တက်လျက်ရှိပြီး ၎င်း လမ်းပိုင်းပေါ်ရှိ ကလိန်အောင် တံတားတွင်လည်း တံတားအောက် သံဘောင် သို့ ပင် ချောင်းရေများ လျှံတက်ကာ ကလိန်အောင်မြို့အတွင်း၌ ရေအမြင့် လေးပေခန့် နစ်မြုပ်လျက်ရှိကြောင်း သိရှိရသည်။

"ထားဝယ်က ထွက်တဲ့ကားတွေကတော့ ၂၉ မိုင် သက်ကယ်ကွက်ရွာနားမှာ ရပ်နားနေရပါတယ်။ ဟိုဘက်ကို ကူးလို့မရပါဘူး။ ရန်ကုန်ကဆင်းတဲ့ ကားတွေလည်း ကလိန်အောင်မှာ ပိတ်မိနေတယ်လို့ သိရပါတယ်။ ကလိန်အောင်ကနေ သက်ကယ်ကွက်လောက်အထိ ရေကျော်နေ တဲ့ နေရာလေးခုကို ဖြတ်ဖို့လှေမရှိဘူး။ မီးရထားလမ်းတော့ ရှိတယ်။ ခရီးသည်တွေကို မီးရထားနဲ့  ထည့်လိုက်ပြီး ရေကျနေတဲ့ဘက်မှာ ကြိုရင်ကောင်းမလား စဉ်းစားနေပါတယ်။ ထားဝယ်ကထွက်လာတဲ့ ကားကိုတော့ အခြေအနေကြည့်ပြီး ပြန်လှည့်ခိုင်းရတော့မှာပါ" ဟု ငွေငန်းဖြူ ယာဉ်လိုင်းမှ တာဝန်ခံ ကိုအောင်ကိုလတ်က ပြောကြားသည်။

ထားဝယ်မြို့ အနီးတစ်ဝိုက်တွင်လည်း အနိမ့်ပိုင်း ရပ်ကွက်များ သို့ ရေများဝင်ရောက်လျက်ရှိပြီး မြိတ်မြို့မှ ၀င်ရောက်လာသော ကားများမှာ ပေါက်တိုင်းချောင်း တံတားအနီးရှိ လမ်းမပေါ်တွင် ကုန်တင်ယာဉ်တစ်စီး လမ်းကျွံနေမှုကြောင့် တံတားအနီးတွင် ရပ်နားထားရပြီး ခရီးသည်များမှာ အနီးရှိ လမ်းမသစ်မှ သုံးဘီးဆိုင်ကယ်များဖြင့် သွားလာနေရကြောင်း သိရသည်။ ယနေ့ ညနေထွက်မည့် ထားဝယ်-မြိတ် အဝေးပြေးယာဉ်လိုင်းများမှာ ခရီးစဉ်ဖျက်သိမ်းလိုက်ပြီး ရန်ကုန်-ထားဝယ် ခရီးစဉ်တွင်လည်း ယာဉ်လိုင်းအချို့သာ ထွက်ရှိမည်ဖြစ်ကြောင်း အဝေးပြေး ယာဉ်လိုင်းများထံမှ သိရသည်။ ထားဝယ်ခရိုင် အတွင်းတွင် မိုးများဆက်တိုက် ရွာသွန်းခဲ့ပြီး ဇူလိုင်တစ်လတာ ရွာသွန်းခဲ့သော မိုးရေချိန်မှာ ၇၀ ဒသမ ၅၉ လက်မရှိပြီး ဇူလိုင် ၂၄ ရက်တွင် ထားဝယ်မြို့၌ ရွာသွန်းခဲ့သော မိုးရေချိန်ဖြစ်သည့် ၁၃ ဒသမ ၇၉ လက်မမှာ ၁၉၈၂ ခုနှစ်မှ ယခုအချိန်အထိ ဒုတိယအများဆုံး ရွာသွန်းခဲ့သော မိုးရေချိန် ဖြစ်ခဲ့သည်။ ၂၀၀၆ ခုနှစ် ဇူလိုင် ၄ ရက်က ရွာသွန်းခဲ့သည့် ၁၇ ဒသမ ၆၀ လက်မမှာ ပထမ အများဆုံးဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Eleven Media Group
တနသာင်္ရီတိုင်းဒေသကြီး အတွင်းရှိ ဒေသအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထားဝယ်မြို့ ကို ဆက်သွယ်ထားသည့် အဝေးပြေးလမ်းများပေါ်တွင် ရေများကျော်တက်လျက်ရှိပြီး ဆက်သွယ် မှု ပြတ်တောက် လျက်ရှိကြောင်း သိရသည်။

Wednesday, 31 July 2013

ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ တရုတ်သို့ ဓာတ်ငွေ့ စတင် ပို့လွှတ်နေ ပြီဖြစ်ရာ ရခိုင်ပြည်နယ် အတွင်း လျှပ်စစ်မီး မဖြစ်မနေ ရရှိရေး စွမ်းအင် ၀န်ကြီးဌာန သို့ တင်ပြတောင်း ဆိုမည်

Photo: ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တရုတ်သို့ ဓာတ်ငွေ့စတင် ပို့လွှတ်နေပြီ
ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီး မဖြစ်မနေ ရရှိရေး စွမ်းအင်ဝန်ကြီး
ဌာနသို့ တင်ပြတောင်းဆိုမည်
Wednesday, 31 July 2013 

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တရုတ်နိုင်ငံသို့ မြန်မာ-တရုတ် သဘာဝ
ဓာတ်ငွေ့ ပိုက်လိုင်းမှတစ်ဆင့် သဘာဝဓာတ်ငွေ့ စတင်ပို့လွှတ်ပြီ ဖြစ်သော်
လည်း ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသခံ ကျေးရွာများ၏ နစ်နာမှု
 လျော်ကြေး၊ ဒေသခံများ၏ တောင်းဆိုထားချက်များမှာ ယခုအချိန်အထိ
 ပြေလည်မှု မရသေးကြောင်း၊ သို့ဖြစ်ရာ ပိုက်လိုင်းတစ်လျှောက်ရှိ ကျေးရွာ
များမှ ဒေသခံများ၏ သဘောထား တောင်းဆိုချက်များ ဇူလိုင် ၂၉ ရက်တွင် ထပ်မံထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထို့ပြင် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းဝန်းကျင် ကျေးရွာများနှင့် ရခိုင်ပြည်နယ်
အတွင်း လျှပ်စစ်မီး မဖြစ်မနေ ရရှိရေး အတွက်ကိုလည်း စွမ်းအင်ဝန်ကြီး
ဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများသို့ ဒေသခံများ၏ လိုလားချက်များ ပေးပို့တောင်းဆို သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

"ဒီနေ့ (ဇူလိုင် ၂၉) ဆိုရင် ပိုက်လိုင်းတစ်လျှောက်က ကျေးရွာတွေက သူတို့ရဲ့
 တောင်းဆိုချက်တွေ မရသေးတဲ့အတွက် တောင်းဆိုချက်လေးချက်ကို ထပ်မံတောင်းဆို သွားမှာပါ။ ရမ်းဗြဲကျွန်းနဲ့ မြို့ချောင်းကျွန်းပေါ်က ကျေးရွာ ၂၃ ရွာက ဒေသခံတွေက စုပေါင်းပြီး ဆောင်ရွက်ကြတာ ဖြစ်ပါတယ်" ဟု ရွှေသဘာဝဓာတ်ငွေ့ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဦးထွန်းလွင်က
 ပြောကြားခဲ့သည်။

အဆိုပါ ထပ်မံတောင်းဆိုချက်များမှာ (၁) ပိုက်လိုင်းစီမံကိန်းကြောင့် ဖြစ်ပေါ်
လာသော ထိခိုက်နစ်နာမှု အရပ်ရပ်အတွက် ဖြေရှင်းဆောင်ရွက်ပေးရန်၊ (၂) လုံလောက်သော စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် သောက်သုံးရေကန်များ
 ဖြည့်ဆည်းပေးရန်၊ (၃) ကျေးရွာချင်းဆက်လမ်း ကောင်းမွန်အောင် ဆောင်
ရွက်ရာတွင် ကူညီပေးရန်နှင့်(၄)လျှပ်စစ်မီးရရှိရေး မဖြစ်မနေ ဆောင်ရွက်ပေး
ရန်တို့ ဖြစ်ကြောင်းလည်း သိရသည်။

"အခု တောင်းဆိုချက်တွေကို စွမ်းအင်ဝန်ကြီးဌာန၊ MOGE၊ CNPC၊ မြို့နယ်
အာဏာပိုင်တွေနဲ့ ကျောက်ဖြူမြို့ပေါ်က လူမှုအဖွဲ့အစည်းတွေကိုလည်း
 ပေးပို့သွားမှာ ဖြစ်ပါတယ်" ဟု ရွှေသဘာဝဓာတ်ငွေ့ စောင့်ကြည့်လေ့
လာရေးအဖွဲ့မှ ဦးထွန်းလွင်က ပြောကြားသည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ကျောက်ဖြူဒေသအတွက် လျှပ်စစ်မီး ပေး
မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်အထိ လျှပ်စစ်မီး ရရှိရေးနှင့် ပတ်သက်ပြီး မည်သည့်အရိပ်အယောင်မျှပင် မတွေ့ရသေး
ကြောင်း၊ သို့သော်လည်း ကျောက်ဖြူကို မီးပေးမည်ဆိုပြီး မီးတိုင်သွယ်တန်းမှု
အချို့ ရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ မီးတိုင်သွယ်တန်းခြင်း လုပ်ငန်းများအတွက် CNPC မှ အမေရိကန်ဒေါ်လာ ၁၀ သန်းပေးထားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။

eleven media group
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တရုတ်နိုင်ငံသို့ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှတစ်ဆင့် သဘာဝ ဓာတ်ငွေ့ စတင်ပို့လွှတ်ပြီ ဖြစ်သော်လည်း ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသခံ ကျေးရွာများ၏

ကမာရွတ်မြို့နယ်တွင် ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်သော ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား

Photo: ကမာရွတ်မြို့နယ်တွင် ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်သော ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား
Wednesday, 31 July 2013 

ကမာရွတ်မြို့နယ်၌ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက မင်းမဲ့စရိုက်ဆန်စွာ ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက်၌ ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်၊ ၀င်းသော်တာလမ်းတွင် နေထိုင်သူ ကိုအောင်ကျော်ဦးသည် အိမ်သို့ ဆိုက်ကားဖြင့် ပြန်လာစဉ် ၀င်းသော်တာလမ်းပေါ်၌ ဆိုင်ကယ်နှစ်စီး၊ အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ စောင့်နေစဉ် ယင်းတို့အနက် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့မှ ၎င်းအား တုတ်၊ အုတ်ခဲများဖြင့် အုတ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း အရိုက်ခံရသူ ကိုအောင်ကျော်ဦး၏ ဦးလေးဖြစ်သူ ဦးလှထွန်းက ပြောကြားသည်။

အရိုက်ခံရသူ ကိုအောင်ကျော်ဦးမှာ လက်ကျိုးပြီး ဦးခေါင်းတွင် ဒဏ်ရာများ ရရှိမှုကြောင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာနသို့ ပို့ဆောင်၍ အတွင်းလူနာ (စိုးရိမ်ရ) အနေဖြင့် ခွဲစိတ်ကုသမှု ခံယူလျက်
ရှိကြောင်း သိရသည်။

ထိုသို့ ရိုက်နှက်သူ တစ်ဦးဖြစ်သည့် ကမာရွတ်မြို့နယ်၊ ၁ ရပ်ကွက်တွင်
 နေထိုင်သူ အောင်ကျော်မိုးနှင့် အရိုက်ခံရသူ အောင်ကျော်ဦးတို့မှာ ဇူလိုင် ၂၇ ရက်က အနည်းငယ် စကားများခဲ့ရာ အရိုက်ခံရသူနှင့်အတူ ပါလာသူ အမည်မသိ အမျိုးသားတစ်ဦးမှ အောင်ကျော်မိုးအား ဆဲဆို၍ ပါးကိုလက်ဖြင့် ရိုက်ခဲ့ကြောင်း သိရသည်။

"ရိုက်နှက်မှု မဖြစ်မီ နံနက်ပိုင်းက ၁ ရပ်ကွက်နေ အောင်ကျော်မိုးနဲ့အတူ လူတစ်ဦးက အိမ်ကိုလာပြီး ကျွန်တော့်တူ ဘယ်မှာလဲ။ ပါးရိုက်ခဲ့တဲ့အတွက် ဘယ်လိုရှင်းမှာလဲဆိုပြီး မေးတယ်။ အဲဒါ တူဖြစ်သူ မရှိဘူး။ သူလည်းပါးရိုက်
တာလည်း မဟုတ်ဘူး ဖြေလိုက်တယ်။ တကယ်က သူ့သူငယ်ချင်း ရိုက်တာ။ ခဏနေတော့ သူတို့ပြန်သွားတယ်။ မွန်းလွဲပိုင်း တူဖြစ်သူ အိမ်ကိုပြန်လာတဲ့
အခါ ဒီလိုအုပ်စုဖွဲ့ ၀ိုင်းရိုက်တော့တာပဲ။ ရဲစခန်းကတော့ ကျူးလွန်သူ တစ်ဦးလို့ပဲ ဖော်ပြထားတယ်" ဟု ဇူလိုင် ၃၀ ရက်တွင် ပြောကြားသည်။

အဆိုပါ အုပ်စုဖွဲ့ ရိုက်နှက်မှုနှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် ထွန်းမင်းအောင်က "လက်ရှိစစ်ဆေးနေတဲ့ အချိန်မှာတော့ အုပ်စုဖွဲ့ရိုက်နှက်တာမျိုး မဟုတ်ဘဲ တစ်ဦးထက် ပိုတယ်။ တစ်ဦးချင်းဖြစ်
တယ်ဆိုတာ မပြောနိုင်သေးပါဘူး။ လက်ရှိစစ်ဆေးနေဆဲ ကာလဖြစ်လို့ ဒီလောက်ပဲ ပြောပြနိုင်ပါမယ်" ဟု ပြောကြားသည်။

ထိုသို့ အုပ်စုဖွဲ့ အရိုက်ခံရမှုကြောင့် ဦးလေးဖြစ်သူ ဦးလှထွန်းမှ ရိုက်နှက်သူ အောင်ကျော်မိုးအား အရေးယူပေးပါရန် တိုင်ကြားသဖြင့် ကမာရွတ် မြို့မရဲစခန်းမှ (ပ)၃၄၃/၁၃ ပြစ်မှုပုဒ်မ-၂၃၅ ဖြင့် အမှုဖွင့်ထားပြီး၊ အောင်ကျော်မိုးမှလည်း ဇူလိုင် ၂၇ ရက်တွင် ၎င်းအားပါးရိုက်မှုနှင့် ပတ်သက်၍ အောင်ကျော်ဦးပါ သုံးဦးအား အရေးယူပါပေးရန် တိုင်ကြားထားသဖြင့် ကမာရွတ် မြို့မရဲစခန်းမှ (ပ)၃၄၄/၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/ ၃၂၃/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

eleven media group
ကမာရွတ်မြို့နယ်၌ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက မင်းမဲ့စရိုက်ဆန်စွာ ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

Tuesday, 30 July 2013

ခိုလှုံသူတွေထိန်းသိမ်းဖို့ ပါပူဝါနယူးဂနီမှာ စခန်းဆောက်မယ်

သြစတြေးလျ နိုင်ငံကို ခိုလှုံခွင့်တောင်းဖို့ လှေတွေနဲ့ လာနေတာတွေကို တားမြစ် နိုင်ဖို့ သြစတြေးလျ အစိုးရက ပါပူဝါနယူးဂနီ PNG နိုင်ငံနဲ့ သဘောတူညီချက် ရယူခဲ့ပြီး၊ အခုအခါမှာ ခိုလှုံခွင့်တောင်းလို သူတွေကို ထိန်းသိမ်းဖို့စခန်းကို PNG ပိုင် မားနက်ကျွန်းမှာ အပူတပြင်းတည်ဆောက် တော့မှာဖြစ် ပါတယ်။

မိုးသည်းထန် မှုကြောင့် ထိုင်း-မြန်မာ အရှည်ဆုံး သစ်သား တံတားကျိုး

ထိုင်းနိုင်ငံရဲ့ အရှည်လျားဆုံး နာမည်ကျော် စံခလဘူရီသစ်သားတံတားဟာ မိုးသည်းထန် ရွာသွန်း ပြီး ရေတိုက်စားမှုကြောင့် မနေ့ညက ပြိုကျပျက်စီးသွားခဲ့ပါတယ်။ အရှည်(၄၄၀) မီတာကျော် ရှည် လျားတဲ့ ဒီတံတား ပျက်စီးသွားတဲ့အတွက် ဒေသခံ ကျောင်းသားကျောင်းသူတွေ၊ အလုပ်သမားတွေ သွားလာရေးမှာ အခက်တွေ့နိုင်သလို ဒီတံတားဟာ ခရီးသည် အများအပြား လာရောက်လည်ပတ် တဲ့ နေရာဖြစ်လို့ ထိုင်းနိုင်ငံအတွက် ၀င်ငွေထိခိုက်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မိုးသည်း ထန်မှုကြောင့် ထိုင်း-မြန်မာ အရှည်ဆုံး သစ်သား တံတားကျိုး

ထိုင်းနိုင်ငံရဲ့ အရှည်လျားဆုံး နာမည်ကျော် စံခလဘူရီသစ်သားတံတားဟာ မိုးသည်းထန် ရွာ သွန်းပြီး ရေတိုက်စားမှုကြောင့် မနေ့ညက ပြိုကျပျက်စီးသွားခဲ့ပါတယ်။ အရှည်(၄၄၀) မီတာကျော် ရှည်လျားတဲ့ ဒီတံတား ပျက်စီးသွားတဲ့အတွက် ဒေသခံ ကျောင်းသားကျောင်းသူတွေ၊ အလုပ်သမားတွေ သွားလာရေးမှာ အခက်တွေ့နိုင်သလို ဒီတံတားဟာ ခရီးသည်အများအပြား လာရောက်လည်ပတ် တဲ့ နေရာဖြစ်လို့ ထိုင်းနိုင်ငံအတွက် ၀င်ငွေထိခိုက်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရန်ကုန် တိုင်းမှ အာဏာပိုင် အဖွဲ့အချို့ အမတ်များ ကို အသိ အမှတ် မပြုဟု စွပ်စွဲခံရ

ရန်ကုန်တိုင်းအတွင်းရှိ အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းများအချို့သည် လွှတ်တော်အမတ်များကို အများပြည်သူ အကျိုးစီးပွားအတွက် လုပ်ဆောင်ရာတွင် အသိအမှတ် မပြုမှုများရှိကြောင်း မြောက် ဥက္ကလာ မဲဆန္ဒနယ်မှ အောက်လွှတ်တော်အမတ် ဒေါက်တာသန်းဝင်းက ဇူလိုင် ၂၉ ရက်က စွပ်စွဲပြော ကြားလိုက်သည်။