Thursday 1 August 2013

တကယ့် နည်းပညာ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေ မှာတောင် ပရင့်မီဒီယာ က ပျောက် သွားတာ မှ မဟုတ်တာ အတူယှဉ်တွဲ ရှိနေတာပဲ

Photo: တကယ့်နည်းပညာ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာတောင် ပရင့်မီဒီယာက ပျောက်
သွားတာမှ မဟုတ်တာ အတူယှဉ်တွဲ ရှိနေတာပဲ
Thursday, 01 August 2013

► မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ ဒုဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တွေ့ဆုံခြင်း

► ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာ ကျင်းပခဲ့တဲ့ (၅)ကြိမ်မြောက် APC (Asia Publication Convention) ညီလာခံကို ဘယ်လို အစီအစဉ်နဲ့ တက်ရောက်ခဲ့ကြတာလဲ။ ဘာ တွေများ ဆွေးနွေးခဲ့ကြပါသလဲ။

(၅) ကြိမ်မြောက် အာရှထုတ်ဝေသူများ ညီလာခံကို တက်ဖြစ်တာက အဓိက သူတို့ဖိတ်လို့ပါ။ ကျွန်တော်တို့အသင်းက ၆ ယောက်ပေါ့။ ညီလာခံ က နှစ်ရက်ပါ။ ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေပါ။

စိတ်ဝင်စားစရာတွေကတော့ အများကြီးပေါ့။ ဒုတိယနေ့မှာ အငြင်းအခုံ(Debate)ပေါ့။Digital Publishion တွေဟာ Traditional Publishion တွေကို ကွယ်ပျောက်သွားစေမှာလား။ သေဆုံးသွားစေမှာလား ဆိုတာကို ဆွေးနွေးငြင်းခုံခဲ့ကြပါတယ်။ သမားရိုးကျ ပုံနှိပ်ထုတ်ဝေမှုကနေ နည်း ပညာတိုးတက်လာတာကြောင့် Mobileနဲ့ အွန်လိုင်းမှာ ကိုယ့်ရဲ့ထုတ် ကုန်ကို ဘယ် လိုဖြန့်ဖြူးရောင်းချမလဲဆိုတဲ့ Selling Technique တွေ လိုလာပြီလေ။ ဒါ့ကြောင့် ဒို့ဟာ တခြားနိုင်ငံတွေ ပညာရှင်တွေဆီကနေ နည်းပညာတွေ၊ နည်းစနစ်တွေ သင် ယူဖို့လိုလာပြီ။

အဲဒီပွဲမှာကျွန်တော်တို့ လူတစ်ယောက်နဲ့ သိကျွမ်းပြီး မြန်မာနိုင်ငံကို ဖိတ်ခေါ်ဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီလူက မြန်မာလူမျိုး ဂျွန်သက်ဆိုတာသူ ဟာ ASEAN Geograph ဆိုတဲ့ မဂ္ဂဇင်းကို နိုင်ငံပေါင်း ၅၄ နိုင်ငံမှာ ထုတ်ဝေဖြန့်ချိပြီး အောင်မြင် နေတဲ့ မြန်မာပြည်ဖွား လုပ်ငန်းရှင်တစ်ယောက် သူ့ကို ကျွန်တော်တို့ ချဉ်းကပ်နေတယ်။ သူ့ကို ဖိတ်မယ်။ သူနားလည်တတ်ကျွမ်းထားတဲ့ မဂ္ဂဇင်းကမ္ဘာအနှံ့ဖြန့်တာတွေကို ဒီက ထုတ်ဝေသူတွေကို ဝေမျှခိုင်းမယ်။

နောက်တစ်ခုက အဲ့ဒီပွဲမှာပဲ ဧရာဝတီမဂ္ဂဇင်းက "Content Development" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆုရတယ်။ အဲ့ဒါကိုတို့ အသင်းကပဲ ကိုယ်စားလက်ခံ
ရယူပေးခဲ့တယ်။ အဲဒီဆုကိုလည်း ဧရာဝတီကို အပ်ပြီးပြီ။

နောက်စိတ်ဝင်စားစရာတစ်ခုက နောက်နှစ်ဆို APC ဘယ်မှာလုပ်မလဲ လို့ ဆန္ဒ ခံယူတော့ အားလုံးက မြန်မာ၊ ရန်ကုန်ဆိုပြီးတော့ဆန္ဒပြုကြတယ်။ တို့ကတော့ ဒါကို ၂ဝ၁၄ မှာ လုပ်ပေးနိုင်ဖို့ နည်းနည်းအခက်အခဲရှိ တယ်ဆိုပြီး request လုပ်ခဲ့တယ်။

နောက်တစ်ခုက အဲ့ဒီမှာပဲ တို့ကPAPAN ဆိုပြီး အဖွဲ့တစ်ခု ဖွဲ့ဖြစ်ခဲ့ကြ တယ်။ PAN ASEAN PUBLISHERS ALLIANCE NETWORK ကို ထပ်ဖွဲ့ခဲ့တယ်။ တို့ အာဆီယံနိုင်ငံတွေ အချင်းချင်းပိုပြီး ပူးပေါင်းဆောင်ရွ က်နိုင်ဖို့အ တွက်ပါ။ အဲ့ဒီအဖွဲ့မှာ ဥက္ကဋ္ဌက မစ္စတာဆိရိယယ်ဆို တာ ဟောင်ကောင်က၊ တို့ မြန်မာနိုင်ငံက ဦးသာထွန်းဦးက ဒုတိယဥက္ကဋ္ဌပေါ့။ အဓိက ရည်ရွယ်ချက်ကတော့ တိုးတက်လာတဲ့ နည်းပညာတွေကို မျှဝေဖို့ပေါ့။ ပြီးတော့ တို့က ဒီမိုကရက်တစ်လူ့ အဖွဲ့အစည်းကို သွားနေပြီဆိုတော့ မကြာခင်မှာ မူပိုင်ခွင့်ဥပဒေတွေ လိုလာပြီ။ တို့က နိုင်ငံတကာမှာ ဝင်ဆံ့နိုင်ဖို့ လိုအပ်လာပြီလေ။

►ဟုတ်ကဲ့၊ ပြောသွားတဲ့အထဲမှာ စိတ်ဝင်စားစရာလေး တစ်ခုရှိလို့ပါ။ "Digital Publishing is the death of Traditional Publishing '' ဆိုတဲ့ စကားအပေါ်ရော ဘယ်လိုသဘောထားပါသလဲ။ မြန်မာနိုင်ငံရဲ့ Print Media တွေရဲ့ အလားအလာ ကိုရော ဘယ်လို မြင်ပါသလဲ။

လုံးလုံးလျားလျား ပျောက်ကွယ်သွားစရာ မရှိပါဘူး။ အထူးသဖြင့် တို့လို နိုင်ငံ မျိုးတွေမှာ ပရင့်မီဒီယာဆိုတာ ရှိနေနေဦးမှာပဲ။ ရှိဦးမှာ ပဲ။ မြန်မာနိုင်ငံမှာ အင်တာ နက် ရယူသုံးစွဲနိုင်မှုနှုန်းက ၁၁ ဒသမ ၃၄ ရာခိုင်နှုန်းပဲ ရှိတာဆိုတော့လေ။ ပြီးတော့ တကယ့်နည်းပညာဖွံ့ဖြိုး တဲ့ နိုင်ငံတွေမှာတောင် ပရင့်မီဒီယာက ပျောက်သွားတာမှ မဟုတ်တာ။ အတူယှဉ်တွဲရှိနေတာပဲလေ။ ဥပမာပေါ့ ရုပ်ရှင်ကိုကြည့်လိုက်လေ။ ဒီဗီဒီဆိုတာလည်း ရုပ်ရှင်ပဲလေ။ တင်ဆက်တဲ့ နည်းပညာပဲ ကွာသွားတယ်၊ ပစ္စည်း ကွာသွားတယ်။ ဒါပေမဲ့ ရုပ်ရှင်က ရှိနေတာပဲ။ ပိုပြီး အင်တာအက်တစ် ဖြစ်လာ တယ်။

တို့က ဒါကို လုပ်လည်းလုပ်ရမယ်။ လုပ်လည်းလုပ်သင့်တယ်။

► ဒါဆို PAPAN ဖွဲ့ဖြစ်ခဲ့တာက အဲဒီလိုလုပ်ဖို့အတွက် ပထမခြေလှမ်း လို့ ပြောရ မှာပေါ့။

ဟုတ်တယ်။ သူတို့ဆီကနေ နည်းပညာတွေ ရယူနိုင်မှ တို့လည်း အဆင့်တစ်ခု ကို ရောက်နိုင်မှာလေ။ အရင်လို ကိုယ့်နိုင်ငံမှာပဲ နေတာထက် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံအသိုင်းအဝိုင်းကို ဝင်ဆံ့နိုင်အောင် ကြိုးစား ရမယ်။ နောက်တစ်ခုက နောင်နှစ်မှာ တို့နိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူရမယ့် နှစ်၊ အဲဒီတော့ အာဆီယံအစည်း အဝေးတွေ အများကြီးလာမယ်။ အဲဒီမှာ တို့သတင်း သမားတွေက ကဏ္ဍအလိုက်၊ ပရင့်ဖြစ်စေ၊ ရုပ်သံဖြစ်စေ နိုင်ငံတကာစံနှုန်းတွေအတိုင်း လုပ်နိုင်ဖို့ လိုလာပြီလေ။ အဲဒီလို လုပ်နိုင်အောင် အခုကတည်းက ကြိုးစားရမယ်။ ဒါပေမဲ့ တို့မှာက နည်းပညာ မပြည့်ဝသေးဘူး။ အခြေခံ အဆောက်အအုံ မပြည့်စုံ သေးဘူး။ ရင်းမြစ်တွေ နည်းနေသေး တယ်။ ဒါကြောင့် အခုကတည်းက တို့စပြီး ကြိုးစား သင့်တယ်လေ။

ကျော်ရဲလင်း တွေ့ဆုံမေးမြန်းသည်။

Popular Myanmar News Journal
► မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ ဒုဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တွေ့ဆုံခြင်း
► ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာ ကျင်းပခဲ့တဲ့ (၅)ကြိမ်မြောက် APC (Asia Publication Convention) ညီလာခံကို ဘယ်လို အစီအစဉ်နဲ့ တက်ရောက်ခဲ့ကြတာလဲ။ ဘာ တွေများ ဆွေးနွေးခဲ့ကြပါသလဲ။

(၅) ကြိမ်မြောက် အာရှထုတ်ဝေသူများ ညီလာခံကို တက်ဖြစ်တာက အဓိက သူတို့ဖိတ်လို့ပါ။ ကျွန်တော်တို့ အသင်းက ၆ ယောက်ပေါ့။ ညီလာခံ က နှစ်ရက်ပါ။ ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေပါ။

စိတ်ဝင်စားစရာတွေကတော့ အများကြီးပေါ့။ ဒုတိယနေ့မှာ အငြင်းအခုံ(Debate)ပေါ့။Digital Publishion တွေဟာ Traditional Publishion တွေကို ကွယ်ပျောက်သွားစေမှာလား။ သေဆုံး သွားစေမှာလား ဆိုတာကို ဆွေးနွေးငြင်းခုံခဲ့ကြပါတယ်။ သမားရိုးကျ ပုံနှိပ်ထုတ်ဝေမှုကနေ နည်း ပညာ တိုးတက်လာတာကြောင့် Mobileနဲ့ အွန်လိုင်းမှာ ကိုယ့်ရဲ့ထုတ် ကုန်ကို ဘယ် လိုဖြန့်ဖြူးရောင်းချမလဲဆိုတဲ့ Selling Technique တွေ လိုလာပြီလေ။ ဒါ့ကြောင့် ဒို့ဟာ တခြားနိုင်ငံတွေ ပညာရှင်တွေဆီကနေ နည်းပညာတွေ၊ နည်းစနစ်တွေ သင် ယူဖို့လိုလာပြီ။

အဲဒီပွဲမှာကျွန်တော်တို့ လူတစ်ယောက်နဲ့ သိကျွမ်းပြီး မြန်မာနိုင်ငံကို ဖိတ်ခေါ်ဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီလူ က မြန်မာလူမျိုး ဂျွန်သက်ဆိုတာသူ ဟာ ASEAN Geograph ဆိုတဲ့ မဂ္ဂဇင်းကို နိုင်ငံပေါင်း ၅၄ နိုင်ငံမှာ ထုတ်ဝေဖြန့်ချိပြီး အောင်မြင်နေတဲ့ မြန်မာပြည်ဖွား လုပ်ငန်းရှင်တစ်ယောက် သူ့ကို ကျွန်တော်တို့ ချဉ်း ကပ်နေ တယ်။ သူ့ကို ဖိတ်မယ်။ သူနားလည်တတ်ကျွမ်းထားတဲ့ မဂ္ဂဇင်းကမ္ဘာအနှံ့ဖြန့်တာတွေကို ဒီက ထုတ်ဝေသူတွေကို ဝေမျှခိုင်းမယ်။

နောက်တစ်ခုက အဲ့ဒီပွဲမှာပဲ ဧရာဝတီမဂ္ဂဇင်းက "Content Development" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆုရတယ်။ အဲ့ဒါကိုတို့ အသင်းကပဲ ကိုယ်စားလက်ခံ ရယူပေးခဲ့တယ်။ အဲဒီဆုကိုလည်း ဧရာဝတီကို အပ်ပြီးပြီ။

နောက်စိတ်ဝင်စားစရာတစ်ခုက နောက်နှစ်ဆို APC ဘယ်မှာလုပ်မလဲ လို့ ဆန္ဒ ခံယူတော့ အားလုံး က မြန်မာ၊ ရန်ကုန်ဆိုပြီးတော့ဆန္ဒပြုကြတယ်။ တို့ကတော့ ဒါကို ၂ဝ၁၄ မှာ လုပ်ပေးနိုင်ဖို့ နည်းနည်း အခက်အခဲရှိ တယ်ဆိုပြီး request လုပ်ခဲ့တယ်။

နောက်တစ်ခုက အဲ့ဒီမှာပဲ တို့ကPAPAN ဆိုပြီး အဖွဲ့တစ်ခု ဖွဲ့ဖြစ်ခဲ့ကြ တယ်။ PAN ASEAN PUBLISHERS ALLIANCE NETWORK ကို ထပ်ဖွဲ့ခဲ့တယ်။ တို့ အာဆီယံနိုင်ငံတွေ အချင်းချင်းပိုပြီး ပူးပေါင်းဆောင်ရွ က်နိုင်ဖို့အ တွက်ပါ။ အဲ့ဒီအဖွဲ့မှာ ဥက္ကဋ္ဌက မစ္စတာဆိရိယယ်ဆို တာ ဟောင်ကောင်က၊ တို့ မြန်မာနိုင်ငံက ဦးသာထွန်းဦးက ဒုတိယဥက္ကဋ္ဌပေါ့။ အဓိက ရည်ရွယ်ချက်ကတော့ တိုးတက်လာတဲ့ နည်းပညာတွေကို မျှဝေဖို့ပေါ့။ ပြီးတော့ တို့က ဒီမိုကရက်တစ်လူ့ အဖွဲ့အစည်းကို သွားနေပြီဆိုတော့ မကြာခင်မှာ မူပိုင်ခွင့် ဥပဒေတွေ လိုလာပြီ။ တို့က နိုင်ငံတကာမှာ ဝင်ဆံ့နိုင်ဖို့ လိုအပ်လာပြီလေ။

►ဟုတ်ကဲ့၊ ပြောသွားတဲ့အထဲမှာ စိတ်ဝင်စားစရာလေး တစ်ခုရှိလို့ပါ။ "Digital Publishing is the death of Traditional Publishing '' ဆိုတဲ့ စကားအပေါ်ရော ဘယ်လိုသဘောထားပါသလဲ။ မြန်မာနိုင်ငံရဲ့ Print Media တွေရဲ့ အလားအလာ ကိုရော ဘယ်လို မြင်ပါသလဲ။

လုံးလုံးလျားလျား ပျောက်ကွယ်သွားစရာ မရှိပါဘူး။ အထူးသဖြင့် တို့လိုနိုင်ငံမျိုးတွေမှာ ပရင့်မီဒီယာဆိုတာ ရှိနေနေဦးမှာပဲ။ ရှိဦးမှာ ပဲ။ မြန်မာနိုင်ငံမှာ အင်တာ နက် ရယူသုံးစွဲနိုင်မှုနှုန်းက ၁၁ ဒသမ ၃၄ ရာခိုင်နှုန်းပဲ ရှိတာဆိုတော့လေ။ ပြီးတော့ တကယ့်နည်းပညာဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာတောင် ပရင့်မီဒီယာက ပျောက် သွားတာမှမဟုတ်တာ။ အတူယှဉ်တွဲရှိနေတာပဲလေ။ ဥပမာပေါ့ ရုပ်ရှင်ကိုကြည့်လိုက်လေ။ ဒီဗီဒီဆိုတာ လည်း ရုပ်ရှင်ပဲလေ။ တင်ဆက်တဲ့ နည်းပညာပဲ ကွာသွားတယ်၊ ပစ္စည်း ကွာသွားတယ်။ ဒါပေမဲ့ ရုပ်ရှင်က ရှိနေတာပဲ။ ပိုပြီး အင်တာအက်တစ် ဖြစ်လာ တယ်။

တို့က ဒါကို လုပ်လည်းလုပ်ရမယ်။ လုပ်လည်းလုပ်သင့်တယ်။

► ဒါဆို PAPAN ဖွဲ့ဖြစ်ခဲ့တာက အဲဒီလိုလုပ်ဖို့အတွက် ပထမခြေလှမ်း လို့ ပြောရ မှာပေါ့။

ဟုတ်တယ်။ သူတို့ဆီကနေ နည်းပညာတွေ ရယူနိုင်မှ တို့လည်း အဆင့်တစ်ခု ကို ရောက်နိုင်မှာလေ။ အရင်လို ကိုယ့်နိုင်ငံမှာပဲ နေတာထက် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံ အသိုင်း အဝိုင်းကို ဝင်ဆံ့နိုင်အောင် ကြိုးစားရမယ်။ နောက်တစ်ခုက နောင်နှစ်မှာ တို့နိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူရမယ့် နှစ်၊ အဲဒီတော့ အာဆီယံအစည်း အဝေးတွေ အများကြီးလာမယ်။ အဲဒီမှာ တို့သတင်း သမားတွေက ကဏ္ဍအလိုက်၊ ပရင့်ဖြစ်စေ၊ ရုပ်သံဖြစ်စေ နိုင်ငံတကာစံနှုန်းတွေအတိုင်း လုပ်နိုင်ဖို့ လိုလာပြီလေ။ အဲဒီလို လုပ်နိုင်အောင် အခုကတည်းက ကြိုးစားရမယ်။ ဒါပေမဲ့ တို့မှာက နည်းပညာ မပြည့်ဝသေးဘူး။ အခြေခံ အဆောက်အအုံ မပြည့်စုံသေးဘူး။ ရင်းမြစ်တွေ နည်းနေသေး တယ်။ ဒါကြောင့် အခုကတည်းက တို့စပြီး ကြိုးစား သင့်တယ်လေ။

ကျော်ရဲလင်း တွေ့ဆုံမေးမြန်းသည်။
Popular Myanmar News Journal

No comments:

Post a Comment