Tuesday, 18 September 2012
နော်ဝေက ပေးသည့် အခွန် အထူးအခွင့်အရေ: အကျိုးမဖြစ်
ဆယ်စုနှစ် တစ်စုကြာ ပိတ်ပင် ထားခဲ့သည့် နော်ဝေ
နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့် GSP ပြန်လည် ရရှိလာသော် လည်း မြန်မာရေ
လုပ်ငန်းနှင့် အထည်ချုပ် လုပ်ငန်းများ အတွက် အကျိုး ဖြစ်ထွန်းမည်
မဟုတ်ကြောင်း ယင်းနယ်ပယ်တွင် လုပ်ကိုင်နေသည့် အထင်ကရ စီးပွားရေး
လုပ်ငန်းရှင်များက ပြောကြားသည်။
GSP ကင်းလွတ်ခွင့် ရရှိသော်လည်း လုပ်သားအင်အား တစ်သိန်းခန့်ကို အလုပ်အကိုင်အခွမ့်အလမ်း
GSP ကင်းလွတ်ခွင့် ရရှိသော်လည်း လုပ်သားအင်အား တစ်သိန်းခန့်ကို အလုပ်အကိုင်အခွမ့်အလမ်း
ေ ပး ထားနိုင်သော အထည်ချုပ် လုပ်ငန်းအတွက်အကျိုးမထူးကြောင်း ၊
ယင်းနိုင်ငံတွင် အထည်ချုပ် လုပ်ငန်းရှင်များ အတွက် ဈေးကွက်
မရှိသောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ လည်း ရရှိမည် မဟုတ်ကြောင်း
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးစိုးမြင့်က
သုံးသပ်သည်။
မြန်မာပြည် လူနေမြို့၊ ရွာ ပြဿနာများ
မြန်မာပြည်လူဦးရေကို ၂၀၀၈-၂၀၀၉ ခုနှစ်တွင်
Statistical Year book က သန်း ၅၈ ဒသမ ၄ သန်းခန့်ရှိ သည်ဟု ခန့်မှန်း၍
ယူနီဆက်ဖ်က ၄၉ ဒသမ ၆ သန်းရှိသည်ဟု တွက်ချက်ပါသည်။ ဤသည်တို့ကို အခြေခံ၍
တွက်ချက်ပါလျှင် မြန်မာပြည်၏လူဦးရေသည် ယခု ၂၀၁၂ ခုနှစ်တွင် သန်း ၅၀ မှ
၆၀ ခန့် ရှိနိုင်ပါမည်။ မြန်မာပြည် လူဦးရေ ၃၃ ရာခိုင်နှုန်းသည်
မြို့ပြဒေသများတွင် နေထိုင်သည်ဟု ယူနီဆက်ဖ် က ခန့်မှန်းပါမည်။ ထိုသည်ကိုအခြေခံ၍ လက်ရှိမြန်မာပြည် တွင် ၁၆
သန်းမှ သန်း ၂၀ ခန့်သော လူဦးရေ သည် မြို့ပြဒေသများတွင် နေထိုင်သည်ဟု
တွက်ချက်ရပါသည်။
ကာချုပ်ရုံးရှေ့တွင်ပါ စစ်ရပ်စဲရေး ဆန္ဒပြမည်
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းရှိ လူမှုအဖွဲ့စည်း ၁၉ ဖွဲ့က နေပြည်တော်ရှိ သမ္မတရုံး၊ လွှတ်တော် များရှေ့နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့တို့တွင
မိုးလေ၀သသတင်း
(၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတို င်းဒေသကြီးနှင့်မွန်ပြည်နယ်တို့ တွင်နေရာအနှံ့အပြား၊စစ်ကိုင်းတိုင်းေ ဒ သကြီးအထက်ပိုင်း၊ပဲခူးတို င်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်က ရင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကျဲကျဲမိုးထစ်ချုန်း ရွာပြီး၊ကချင်ပြည်နယ် တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
ငြိမ်နေရင် တိုင်းပြည်ပျောက်သွားမယ်
လူဦးရေ သန်း (၁၃၇၀) ရှိတဲ့တရုတ်၊ သန်း (၁၂၆၀) ရှိတဲ့ကုလားနဲ့  (၁၆၂)သန်း ရှိတဲ့ ဘင်္ဂလီကုလား
သုံးနိုင်ငံကြားမှာ (၅၅) သန်းပဲရှိတဲ့ကျွန်တော်တို့  ငြိမ်နေရင်တိုင်းပြည်ပျောက်သွားမယ်။ လူ့ သမိုင်းမှာ
သူတို့ ဘိုးဘေးတွေ အသုံးမကျတဲ့အတွက် ကနေ့ လူဦးရေ သန်း (၃၀) ရှိတဲ့ (ကနေဒါနိုင်ငံရဲ့လူဦးရေ
ရှိတဲ့) ကာဒ့်စ် (Kurds) လူမျိုးတွေ တူရကီ ဆီးရီးယား အီရန်နဲ့ အီရတ်အကြားမှာတိုင်းပြည်ပျောက်သွား
ခဲ့ပြီး ကမ္ဘာပတ် refugee လုပ်ပြီး တောင်းစားနေရပြီ။ နယ်ချယ့်စံနစ်နဲ့ ကိုလိုနီပိုင်ရှင်တွေဆွဲလိုက်တဲ့
မြေပုံကြောင့်လို့ အပြစ်တင်နေပေမဲ့ ကာဒ့်စ်တွေညံ့ခဲ့လို့ ပဲ။ ကနေ့ ကျွန်တော်တို့ မြန်မာတွေ ညံ့ရင်
ကျွန်တော်တို့ သားမြေးတွေ ကာ့ဒ်စ် တွေလိုဘ၀ရောက်ဖို့ လွယ်လွယ်လေးရယ်။ သည်အတိုင်းငြိမ်နေ
ရင်မလေးရှားလိုမလေးတ၀က် တရုတ်တ၀က် ဖြစ်သွားမယ်။ ပါလက်စတိုင်းခြောက်သန်း ဘယ်ဘဝ
ရောက်နေလဲဆိုတာသင်္ခန်းစာယူရမယ်။(ဒါတောင်မဟာသီလိုလူမျိုးကောင်းလို့ မဟာသီရဲ့မလေးဌာနေ
တိုင်းရင်းသားဥပဒေတွေကောင်းလို့ သည်နေ့ မလေးတွေကံကောင်းခဲ့တာ အဲသည်လိုမှမဟုတ်ရင်
တရုတ်ကြီးစိုးတဲ့တိုင်းပြည်ဖြစ်သွားမယ်။ သီရိလင်္ကာမှာ လ္ဘက်ခူးဖို့ ခေါ်ခိုင်းခဲ့တဲ့တမီးလ်တွေတိုင်းပြည် ထထောင်လို့  နောက်ဆုံးဘယ်လိုလုပ်လိုက်ရသလဲဆိုတာမြင်အောင်ကြည့်ကြပါ)။
သုံးနိုင်ငံကြားမှာ (၅၅) သန်းပဲရှိတဲ့ကျွန်တော်တို့  ငြိမ်နေရင်တိုင်းပြည်ပျောက်သွားမယ်။ လူ့ သမိုင်းမှာ
သူတို့ ဘိုးဘေးတွေ အသုံးမကျတဲ့အတွက် ကနေ့ လူဦးရေ သန်း (၃၀) ရှိတဲ့ (ကနေဒါနိုင်ငံရဲ့လူဦးရေ
ရှိတဲ့) ကာဒ့်စ် (Kurds) လူမျိုးတွေ တူရကီ ဆီးရီးယား အီရန်နဲ့ အီရတ်အကြားမှာတိုင်းပြည်ပျောက်သွား
ခဲ့ပြီး ကမ္ဘာပတ် refugee လုပ်ပြီး တောင်းစားနေရပြီ။ နယ်ချယ့်စံနစ်နဲ့ ကိုလိုနီပိုင်ရှင်တွေဆွဲလိုက်တဲ့
မြေပုံကြောင့်လို့ အပြစ်တင်နေပေမဲ့ ကာဒ့်စ်တွေညံ့ခဲ့လို့ ပဲ။ ကနေ့ ကျွန်တော်တို့ မြန်မာတွေ ညံ့ရင်
ကျွန်တော်တို့ သားမြေးတွေ ကာ့ဒ်စ် တွေလိုဘ၀ရောက်ဖို့ လွယ်လွယ်လေးရယ်။ သည်အတိုင်းငြိမ်နေ
ရင်မလေးရှားလိုမလေးတ၀က် တရုတ်တ၀က် ဖြစ်သွားမယ်။ ပါလက်စတိုင်းခြောက်သန်း ဘယ်ဘဝ
ရောက်နေလဲဆိုတာသင်္ခန်းစာယူရမယ်။(ဒါတောင်မဟာသီလိုလူမျိုးကောင်းလို့ မဟာသီရဲ့မလေးဌာနေ
တိုင်းရင်းသားဥပဒေတွေကောင်းလို့ သည်နေ့ မလေးတွေကံကောင်းခဲ့တာ အဲသည်လိုမှမဟုတ်ရင်
တရုတ်ကြီးစိုးတဲ့တိုင်းပြည်ဖြစ်သွားမယ်။ သီရိလင်္ကာမှာ လ္ဘက်ခူးဖို့ ခေါ်ခိုင်းခဲ့တဲ့တမီးလ်တွေတိုင်းပြည် ထထောင်လို့  နောက်ဆုံးဘယ်လိုလုပ်လိုက်ရသလဲဆိုတာမြင်အောင်ကြည့်ကြပါ)။
“နယ်စည်းမခြား ဝန်ကြီး” ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း (ဒုတိယပိုင်း)
တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အဓိက လုပ်ဆောင်နေသူတဦးဖြစ်သည့် မီးရထားဝန်ကြီး ဦးအောင်မင်းသည် ပြီးခဲ့သည့် သြဂုတ်လကုန်တွင် သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးတဦးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးအောင်မင်းနှင့် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်တို့ နေပြည်တော်တွင် တွေ့ဆုံမေးမြန်းခဲ့သည်။ မိမိကိုယ်ကိုယ် “နယ်စည်းမခြား ဝန်ကြီး” ဟု ပုံဖော် ပြောဆိုသွားသော သမ္မတရုံး ဝန်ကြီးသစ် ဦးအောင်မင်းအနေဖြင့် လုပ်ဆောင်မည့် တာဝန်များ၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ကြုံရသည့် စိန်ခေါ်မှုများ၊ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် စစ်တပ်၏ အခန်းကဏ္ဍ၊ နယ်စပ်ရှိ ဒုက္ခသည်များ နေရပ်ပြန်ရေး ကိစ္စများကို မေးမြန်းထားပါသည်။
သူရဲကောင်း အဖြစ် ဂုဏ်ပြုမှတ်တမ်းလွှာ.....တဲ့ .....
“အခုလိုထုတ်ဖော်ကြေညာပြီး ဆုလက်ခံရယူနိုင်တဲ့အတွက် လူသားတစ်ယောက်အနေနဲ့ရော မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ရော ကျွန်တော်များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်”
လွတ်လပ်စွာရေးသားပြောဆိုခွင့်
(Freedom Of Expression)နှင့်ပတ်သက်ပြီးတက်ကြွစွာ လှုပ်ရှား ခဲ့ကြသည့်
ကမ္ဘာတစ်လွှားမှ စာရေးဆရာ၊ အယ်ဒီတာ၊ ဂျာနယ်လစ်အား လူ့အခွင့်အရေး
စောင့်ကြည့်လေ့ လာရေးအဖွဲ့ (Human Rights Watch) မှ ဦးဆောင်ပြီး
နှစ်စဉ်ပေးအပ်လေ့ရှိသော Hellman-Hammett Grants ဆုအား မြန်မာနိုင်ငံမှ
နှစ်ပေါင်းနှစ်ဆယ်အတွင်း ဒုတိယအကြိမ်အဖြစ် ကိုဇော်သက်ထွေးမှ ရရှိခဲ့ကြောင်း
HRW မှ အကြောင်းကြားလာခဲ့ရာ အဆိုပါဆုနှင့် ပတ်သက်ပြီး
တွေ့ဆုံမေးမြန်းခဲ့သည် များအား ပြန်လည်တင်ပြအပ်ပါသည်။
မေး -
အမေရိကန်နိုင်ငံ နယူးယောက်မှာ အခြေစိုက်တဲ့ လူ့အခွင့်အရေး
စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW)က နှစ်စဉ်ပေးအပ်လေ့ရှိတဲ့ Hellman-Hammett
ဆုကို မြန်မာမာနိုင်ငံက ဆရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံး
ဒီဆုအကြောင်းကို ရှင်းပြပေးပါဦးဆရာ။
Monday, 17 September 2012
တောင်ငူထောင်က ၂၆ ယောက် လွတ်
ဒီည တောင်ငူထောင်က ၂၆ ယောက် လွတ်မြောက်ကြောင်းသတင်းရရှိပြီး ၂၆ ယောက်စလုံးဟာ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ထောင်ကျခဲ့ရသူတွေ ဖြစ်ကြောင်း သိရသည်။
လွတ်မြောက်လာကြသူတွေ စာရင်းကတော့ ...
၁။ ကြည်သိန်း (ခ) ဘာဘူ
၂။ မဖြူ (ခ) ချောစုလှိုင်
၃။ စောအေးလှ (ခ) ဂေးဒို
၎။ စောလှစိန်
၅။ စောလေးဒို
၆။ သိန်းမြင့် (ခ) စုဗူး
၇။ သိန်းဝင်း (ခ) ပရာဆပ်
၈။ တင်ဦး (ခ) ဖိုးသီး
၉။ ဇေယျာစိုး (ခ) အောင်အောင် (ခ) သားကြီး
၁၀။ ဦးပညာဝံသ (ခ) မျိုးမြင့်
၁၁။ ထွန်းနိုင်ဦး
၁၂။ မျိုးမြင့်
၁၃။ ကျော်ထူး
၁၄။ ၀င်းလှိုင်
၁၅။ စောချစ်လှ
၁၆။ စောမဲဒို (ခ) ထူးမဲ
၁၇။ စောပလယ် (ခ) နိုင်ဦး
၁၈။ စောမူရေးထူး
၁၉။ စောလာလယ်ထူး
၂၀။ နော်ကဲယဲ
၂၁။ စောလို
၂၂။ သန်းဇော်မိုး
၂၃။ မြင့်လှိုင်
၂၄။ စောခူဝါး
၂၅။ စောကိုကိုအောင်
၂၆။ စောကလိုဆေးဒို တို့ဖြစ်ပါတယ်။
တောင်ငူထောင်မှာ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့သူ (
ကျား ၁၇ + မ ၁ ) ၁၈ ယောက် ကျန်ခဲ့ပါသေးတယ်လို့ ဒီညလွတ်မြောက်လာခဲ့တဲ့
သိန်းဝင်း (ခ) ပရာဆပ် က တောင်ငူကနေ ဖုန်းနဲ့ သတင်းပေးခဲ့ပါတယ်။
၃။ စောအေးလှ (ခ) ဂေးဒို
၎။ စောလှစိန်
၅။ စောလေးဒို
၆။ သိန်းမြင့် (ခ) စုဗူး
၇။ သိန်းဝင်း (ခ) ပရာဆပ်
၈။ တင်ဦး (ခ) ဖိုးသီး
၉။ ဇေယျာစိုး (ခ) အောင်အောင် (ခ) သားကြီး
၁၀။ ဦးပညာဝံသ (ခ) မျိုးမြင့်
၁၁။ ထွန်းနိုင်ဦး
၁၂။ မျိုးမြင့်
၁၃။ ကျော်ထူး
၁၄။ ၀င်းလှိုင်
၁၅။ စောချစ်လှ
၁၆။ စောမဲဒို (ခ) ထူးမဲ
၁၇။ စောပလယ် (ခ) နိုင်ဦး
၁၈။ စောမူရေးထူး
၁၉။ စောလာလယ်ထူး
၂၀။ နော်ကဲယဲ
၂၁။ စောလို
၂၂။ သန်းဇော်မိုး
၂၃။ မြင့်လှိုင်
၂၄။ စောခူဝါး
၂၅။ စောကိုကိုအောင်
၂၆။ စောကလိုဆေးဒို တို့ဖြစ်ပါတယ်။
တောင်ငူထောင်မှာ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့သူ ( ကျား ၁၇ + မ ၁ ) ၁၈ ယောက် ကျန်ခဲ့ပါသေးတယ်လို့ ဒီညလွတ်မြောက်လာခဲ့တဲ့ သိန်းဝင်း (ခ) ပရာဆပ် က တောင်ငူကနေ ဖုန်းနဲ့ သတင်းပေးခဲ့ပါတယ်။
ABSDF မြောက်ပိုင်းပြန်ကျောင်းသားဟောင်းများ အထက်မြန်မာပြည် နှင့် ABSDF(88/89)ဥက္ကဌဟောင်း ကိုထွန်းကျော်တွေ့ဆုံပွဲ
ABSDF မြောက်ပိုင်းပြန် ကျောင်းသားဟောင်းများနှင့် ABSDF ပထမဦးဆုံး ဥက္ကဋ္ဌ ဟောင်း ကိုထွန်းအောင်ကျော် တို့ တွေ့ဆုံပွဲကို မန္တလေးမြို့ ဘု ရားကြီးအလယ်တိုက် ဒက္ခိဏရာမ ကျောင်းတွင် ၁၆-၉-၂၀၁၂ နေ့ လည်(၂)နာရီတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မတရားအသတ် ခံခဲ့ရသည့် ကိုထွန်းအောင်ကျော် ၏ ညီတော်စပ်သူ ကိုလတ်လည်း တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးဦးစားပေးမှုများ ပြန်လည်သတ်မှတ်ပေးရန် ဥရောပကော်မရှင် အဆိုပြု
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို
အားပေးကူညီသည့်အနေဖြင့် ဥရောပကော်မရှင် သည် မြန်မာနှင့် ကုန်သွယ်ရာ၌
ကုန်သွယ်ရေး ဦးစားပေးမှုများ ပြန်လည်သတ်မှတ်ပေးရန် အဆိုပြုခဲ့ကြောင်း
သိရသည်။
ယနေ့ထုတ်ပြန်သော ဥရောပကော်မရှင်၏ ကြေညာချက်တွင် ယင်းကုန်သွယ်ရေးဦးစားပေးမှုများ
မြန်မာနိုင်ငံအပေါ် ပြန်လည် သတ်မှတ်ပေးရန် အဆိုပြုထားခြင်း ဖြစ်သည်။
ယနေ့ထုတ်ပြန်သော ဥရောပကော်မရှင်၏ ကြေညာချက်တွင် ယင်းကုန်သွယ်ရေးဦးစားပေးမှုများ
အိုးဘိုထောင်မှ လွတ်မြောက် အကျဉ်းသားများတွင် သံဃာ ၂၂ ပါး ပါဝင်
ယနေ့(စက်တင်ဘာ၁၇)ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက် သော
အကျဉ်းသား၅၁၄ဦး တွင် မန္တလေးမြို့အိုးဘိုထောင်မှ ၄၆ဦး ယနေ့ည ၈နာရီ
၁၅မိနစ်ကလွတ်မြောက်လာပြီး ၄၆ဦးတွင် ၂၀၀၃ခုနှစ် ဘာသာရေးအရေးအခင်းက
ဖမ်းဆီးခံခဲ့ရသော ကျောက်ဆည်၊မုံရွာ၊ ပခုက္ကူ၊ပျော်ဘွယ်မြို့များမှ သံဃာ
၂၂ပါးပါဝင်ကြောင်း 7 Day News မန္တလေးသတင်းထောက်က သတင်းပေးပို့သည်။
မန္တလေး အကျဉ်းထောင်မှလွတ်မြောက်သူ အကျဉ်းသား ၄၇ဦးတွင် နိင်ငံခြားသား၁ဦးပါဝင်
မန္တလေးအိုးဘိုအကျဉ်းထောင်မှအကျ ဉ်းသားများကိုယနေ့ညပိုင်းတွင် စတင်လွှတ်ပေးနေပြီဖြစ်ရာ
လွတ်မြောက်သူ အကျဉ်းသား ၄၇ဦးတွင် နိင်ငံခြားသား၁ဦးပါဝင်ကြောင်း မန်းသတင်းထောက်က အိုးဘိုထောင်ရှေ့မှသတင်းပေးပို့ သည်။
ပြည်တွင်း ရွှေဈေး ပထမဆုံးအကြိမ် ၈သိန်းကျော် အထိ မြင့် တက်
မြန်မာနိုင်ငံရှိ ပြည်တွင်း ရွှေဈေးကွက် မှာ ပထမဦးဆုံး အကြိမ် အဖြစ် အခေါက်ရွှေ တစ်ကျပ်သားလျှင် ရှစ်သိန်း ခြောက်ထောင်ကျပ် အထိမြင့်တက်လာ ကြောင်း သန်လျှင်မြို့ နေ ရွှေပန်းထိမ် လုပ်ငန်းကို ၁၈နှစ်ကြာ လုပ်ကိုင်နေသူ ဒေါ် ခင်လေးရီက စက်တင်ဘာ ၁၇ ရက် နေ့တွင် ပြောကြားသည်။
“ ရွှေဈေးကတော့ ဒီထက်တက် ဖို့ပဲ ရှိတော့တယ်” ဟု ၄င်းက ဆက်လက် ပြောကြား သည်။
ကချင်ပြည်နယ် အတွင်း စစ်ပွဲတွေ အမြန်ဆုံးရပ်စဲရေး လက်မှတ်ထိုး တောင်းဆို
ချင်ပြည်နယ်
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ငြိမ်းချမ်းရေးနဲ့ပွင့်လင်း
လူ့အဖွဲ့အစည်းဖော်ဆောင်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်
ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားတွေဟာ ကချင်ပြည်နယ် အတွင်း စစ်ပွဲတွေ
အမြန်ဆုံးရပ်စဲပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ရန် အတွက်
ဒီကနေ့ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
ဒီကနေ့ နေ့လည်ပိုင်း ၃နာရီခွဲလောက်က ဖားကန့်မြို့မြို့မရပ်ကွက် မဏိဇေယျုံ ဘုန်းကြီးကျောင်းမှာ ဖားကန့်ဒေသက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန်သင်းအုပ်ဆရာတွေ၊ ၈၈မျိုးဆက်
ကျောင်းသားတွေ၊မြို့မိ မြို့ဖတွေ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေစုပေါင်းပြီး အခုလို လက်မှတ်ရေးထိုးတောင်းဆိုလိုက် တာပါ။
ဒီကနေ့ နေ့လည်ပိုင်း ၃နာရီခွဲလောက်က ဖားကန့်မြို့မြို့မရပ်ကွက် မဏိဇေယျုံ ဘုန်းကြီးကျောင်းမှာ ဖားကန့်ဒေသက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန်သင်းအုပ်ဆရာတွေ၊ ၈၈မျိုးဆက်
ကျောင်းသားတွေ၊မြို့မိ မြို့ဖတွေ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေစုပေါင်းပြီး အခုလို လက်မှတ်ရေးထိုးတောင်းဆိုလိုက် တာပါ။
အင်းစိန် အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသမားများ လွတ်မြောက်
ယနေ့ (စက်တင်ဘာလ ၁၇) ရက် ညနေပိုင်းတွင် အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသား (၁၀) ဦး လွတ်မြောက်ခဲ့ ကြောင်းသိရှိရသည်။ လွတ်မြောက်ခဲ့သူ (၁၀) ဦးအနက် နှစ်ဦးမှာ နိုင်ငံခြားသားများဖြစ်ပြီး ကျန်(၈)ဦးမှာ ပုဒ်မ ၁၇/၁၊ ၁၃/၁၊ သင်းဖွဲ့-၆ အစရှိသော ပုဒ်မများဖြင့် အကျဉ်းကျခံခဲ့ရသော နိုင်ငံရေး အကျဉ်းသားများ ဖြစ်သည်ဟု ပြန်လည် လွတ်မြောက်လာသူ တစ်ဦးဖြစ်သည့် ပဲခူးမြို့မကျောင်းမှ ဦးခေမာစာရ (ခေါ်) ကိုချမ်းသာက ပြောပါသည်။
လွတ်ငြိမ်းခွင့်ရအကျဉ်းသား ၅၀၀ကျော်တွင် နိင်ငံခြားသားအကျဉ်းသား၄၀၀နီးပါးပါဝင်
မြန်မာတစ်နိုင်ငံလုံးရှိအကျဉ်းေ ထာင်အသီးသီးမှ လွတ်ငြိမ်းခွင့်အကျုံးဝင်သော အကျဉ်းသားများအား ယနေ့ညနေမှစ၍ ပြန်လည်လွှတ်ပေးလျှက်ရှိရာ အကျဉ်းသား၅၁၄ဦးတွင်နိင်ငံခြားသားအကျဉ်းသား ၃၉၉ပါဝင်ကြောင်းနေပြည်တော်အကျဉ်းဦးစီးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်း
ကပြောသည်။
Subscribe to:
Posts (Atom)





