မြန်မာပြည်လူဦးရေကို ၂၀၀၈-၂၀၀၉ ခုနှစ်တွင်
Statistical Year book က သန်း ၅၈ ဒသမ ၄ သန်းခန့်ရှိ သည်ဟု ခန့်မှန်း၍
ယူနီဆက်ဖ်က ၄၉ ဒသမ ၆ သန်းရှိသည်ဟု တွက်ချက်ပါသည်။ ဤသည်တို့ကို အခြေခံ၍
တွက်ချက်ပါလျှင် မြန်မာပြည်၏လူဦးရေသည် ယခု ၂၀၁၂ ခုနှစ်တွင် သန်း ၅၀ မှ
၆၀ ခန့် ရှိနိုင်ပါမည်။ မြန်မာပြည် လူဦးရေ ၃၃ ရာခိုင်နှုန်းသည်
မြို့ပြဒေသများတွင် နေထိုင်သည်ဟု ယူနီဆက်ဖ် က ခန့်မှန်းပါမည်။ ထိုသည်ကိုအခြေခံ၍ လက်ရှိမြန်မာပြည် တွင် ၁၆
သန်းမှ သန်း ၂၀ ခန့်သော လူဦးရေ သည် မြို့ပြဒေသများတွင် နေထိုင်သည်ဟု
တွက်ချက်ရပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်
၁၉၈၃ ခုနှစ်က သန်းခေါင်စာရင်းကောက်ခံခဲ့ရာ လွန်ခဲ့သော ၂၈ နှစ်ခန့်အတွင်းက
တစ်တိုင်းပြည်လုံး၏ လူဦးရေ တိုးနှုန်း၊ ကျေးလက်ဒေသများမှ
မြို့ပြဒေသများ သို့ ပြောင်းရွှေ့နေထိုင်ကြသော လူဦးရေစာရင်းဇယားများ
စသည်တို့မှာ အနီးစပ်ဆုံးပင် ခန့်မှန်းရန် ခက်ခဲပါသည်။ သို့သော် သေချာသည်မှာ
မြို့ပြ ဒေသများတွင် လူဦးရေတိုးနှုန်းသည် ကျေးလက်ဒေသများ ၏
လူဦးရေတိုးနှုန်းထက် ပိုမိုမြင့်မားသည်မှာ သေချာ ပေမည်။ မြန်မာပြည်အပါအ၀င်
ဖွဲ့ဖြိုးဆဲနိုင်ငံတို့၏ အဓိကပြဿ နာမှာ ကျေးလက်ဒေသများတွင် လုပ်ကိုင်စားသောက်ရန်စိုက်ပျိုး မြေနှင့် လူဦးရေအချိုးအစား လျော့နည်းလာခြင်းပင်ဖြစ်သည်။
ယင်းလက္ခဏာကို သက်ဆိုင်ရာစာပေများတွင် Decreasing Land: men ratio လူဦးရေနှင့်မြေအချိုး စားလျော့နည်းခြင်းဟု ခေါ်ဆိုကြသည်။ မြန်မာနိုင်ငံ၏ ဥပမာကိုယူရမည်ဆိုလျှင် လွန်ခဲ့သော နှစ် ၆၀ ခန့်၊ ၁၉၅၃ ခုနှစ်တွင် ကျေးလက်ဒေသ၌ နေထိုင်ကြသော လူဦးရေမှာ ၁၅ သန်းရှိခဲ့ပြီး ထိုလူဦးရေလုပ်ကိုင်စား သောက်ရန်စိုက်ပျိုးမြေမှာ ဧက သန်း ၂၁ ဒသမ ၁၉ ကျော်ရှိခဲ့သည်။ ကျေးလက်ဒေသရှိ လူဦးရေသည် တဖြည်းဖြည်းတိုးပွားလာခဲ့ရာ ၂၀၀၃ ခုနှစ်တွင် ကျေးလက်လူဦးရေသည် ၃၉ သန်းခန့်အထိ တိုးပွား လာခဲ့သော်လည်း စိုက်ပျိုးမြေမှာမူ ဧကသန်း ၂၆ ဒသမ ၃၆ ခန့်အထိသာ တိုးပွားနိုင်ခဲ့သဖြင့် ယခင်က လူနှင့်မြေအချိုးအစားမှာ ၁ ဒသမ ၄ ရှိပြီး ယခုအခါ ယင်းအချိုးသည် ၀ ဒသမ ၆၇ သို့လျော့ နည်းပြောင်း လဲခဲ့ပါသည် ။
ကျေးလက်ဒေသတွင် မြေနှင့်လူအချိုးအစားလျော့နည်ြး ခင်းသည် အလုပ်အကိုင်များရှားပါးခြင်း (သို့မဟုတ်) အလုပ်လက်မဲ့များ တိုးပွားခြင်းတို့ကိုဖြစ်ပေါ်စေ၍
များစွာသော ကျေးလက်ဒေ သနေ လူဦးရေသည် တဖြည်းဖြည်းမြို့ပြဒေသများသို့
ပြောင်းရွှေ့နေထိုင် ကြတော့သည်။ မြန်မာပြည်နှင့် အလားတူ ဖွံ့ဖြိုးဆဲ
နိုင်ငံတို့တွင် စက်မှုကဏ္ဍဖွံ့ဖြိုးမှုနှေးကွေးသဖြင့် ကျေးလက်ဒေသများမှ ပြောင်းရွှေ့
လာကြသော လူပေါင်းများစွာတို့သည် Services Sector ခေါ်ဝန်ဆောင်မှု ကဏ္ဍတွင် လုပ်ကိုင်ကြရသည်။ များစွာသော ဖွံ့ဖြိုးဆဲနိုင်ငံများရှိ မြို့များတွင် လမ်းဘေးဈေးသည်များပေါ်ပေါက်ခြင်း၊ အတိအကျ အလုပ်အကိုင်မရှိဘဲ ရံဖန်ရံခါသာ အလုပ်အကိုင်များ ရရှိခြင်း စသည်တို့မှာပုံမှန်တွေ့ရှိ ပေါ်ပေါက်နေ ရသော ပြဿနာများ ဖြစ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ အပါအ၀င် များစွာသော နိုင်ငံတို့တွင် ကြုံတွေ့လျက်ရှိသော အခြားပြဿနာများထဲမှ အချို့မှာ Primate City ခေါ် လွန်စွာကြီးမားသော မြို့ကြီးပေါ်ပေါက်ခြင်းဖြစ်သည်။
Primate City ဆိုသော အဓိပ္ပာယ်မှာ အကြီးဆုံးသောမြို့သည်
ဒုတိယအကြီးဆုံးမြို့ထက် အဆပေါင်းများစွာ ကြီးမားခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ဘန်ကောက်မြို့သည် ဇင်းမယ်မြို့ထက် (၁၀)
ဆခန့်ပိုမိုကြီးမားလျက်ရှိခြင်း ၊
ရန်ကုန်မြို့သည် အကြမ်းဖျင်းလူဦးရေ ငါးသန်းခန့်နှင့် မန္တလေးမြို့ထက်
ငါးဆခန့်ကြီးမားလျက်ရှိခြင်း စသောလက္ခဏာများမှာ
ဖွံ့ဖြိုးဆဲနိုင်ငံအများစုတို့တွင် ပုံ မှန်ကြုံတွေ့နေရသော အခြေအနေ များဖြစ်ကြသည်။
မြန်မာပြည်၏ လူနေမြို့ရွာ အခြေအနေကိုလေ့လာပါလျှင် အောက်ပါအချက်များကို တွေ့ရှိရမည်ဖြစ်
သည်။ (၁) ရန်ကုန်မြို့သည် မန္တလေးမြို့ထက် ငါးဆခန့် ကြီးထွားလျက်ရှိခြင်း၊ (၂) ရန်ကုန်မြို့၏ လူဦးရေတိုးနှုန်းသည် အခြားမြို့ပြဒေသများ ထက်များစွာ ပိုမိုမြင့်မားလျက်ရှိခြင်း၊ (၃) မြန်မာတောင်ပိုင်း၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်များဖြစ်သော ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့တွင်လူဦးရေသိပ် သည်းမှုမြင့်မား၍ မြောက်ပိုင်းရှိ တိုင်းနှင့်ပြည်နယ်များတွင် လူဦးရေသိပ်သည်းမှုလျော့နည်းလျက် ရှိပါသည်။
ထိုကဲ့သို့ မြန်မာပြည်အတွင်း တိုင်းနှင့် ပြည်နယ်ဒေသများတွင် ဖွံ့ဖြိုးမှုကွာဟခြင်းနှင့် လူဦးရေသိပ် သည်းမှုကွဲပြားခြင်းသ ည် ရေရှည်အားဖြင့် နိုင်ငံတော် အတွင်း ဖွံ့ဖြိုးမှုမညီညွတ်မှုများကြောင့်  စိတ်ဝမ်းကွဲပြားခြင်းများ ဖြစ်ပေါ်နိုင်၍ ပြည်ထောင်စု၏စည်းလုံးညီညွတ်ရေးကိုထိခိုက်နိုင် ပါသည်။ မြန်မာပြည်၏ လက်ရှိမြို့ပြလူဦးရေဖြန့်ဖြူးမှုပုံစံသည် Single Polar system ဟု ခေါ်ဆို၍ အဓိပ္ပာယ်မှာ ရန်ကုန်မြို့သည် အခြားမြို့များထက်များစွာကြီးမားပြီး ဆွဲဆောင်မှုအားရှိခြင်းကိုဆိုလို သည်။
ထိုအချက်များကြောင့် မြန်မာပြည်တစ်ပြည်လုံးအတွက်
လူဦးရေဖြန့်ဖြူးမှုနည်းဗျူဟာ တစ်ရပ်ရေးဆွဲရန် လိုအပ်ချက်ရှိပါသည်။
ယင်းနည်းဗျူဟာ ရေးဆွဲရာတွင် ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ရေးကို
ဦးစားပေးအခြေခံရမည် ဖြစ်ပါသည်။ မြန်မာပြည်လုံးအတွက် လူဦးရေဖြန့်ဖြူး
မှုနည်းဗျူဟာနှင့်ပတ်သက်၍ ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။ ။
ယင်းလက္ခဏာကို သက်ဆိုင်ရာစာပေများတွင် Decreasing Land: men ratio လူဦးရေနှင့်မြေအချိုး စားလျော့နည်းခြင်းဟု ခေါ်ဆိုကြသည်။ မြန်မာနိုင်ငံ၏ ဥပမာကိုယူရမည်ဆိုလျှင် လွန်ခဲ့သော နှစ် ၆၀ ခန့်၊ ၁၉၅၃ ခုနှစ်တွင် ကျေးလက်ဒေသ၌ နေထိုင်ကြသော လူဦးရေမှာ ၁၅ သန်းရှိခဲ့ပြီး ထိုလူဦးရေလုပ်ကိုင်စား သောက်ရန်စိုက်ပျိုးမြေမှာ ဧက သန်း ၂၁ ဒသမ ၁၉ ကျော်ရှိခဲ့သည်။ ကျေးလက်ဒေသရှိ လူဦးရေသည် တဖြည်းဖြည်းတိုးပွားလာခဲ့ရာ ၂၀၀၃ ခုနှစ်တွင် ကျေးလက်လူဦးရေသည် ၃၉ သန်းခန့်အထိ တိုးပွား လာခဲ့သော်လည်း စိုက်ပျိုးမြေမှာမူ ဧကသန်း ၂၆ ဒသမ ၃၆ ခန့်အထိသာ တိုးပွားနိုင်ခဲ့သဖြင့် ယခင်က လူနှင့်မြေအချိုးအစားမှာ ၁ ဒသမ ၄ ရှိပြီး ယခုအခါ ယင်းအချိုးသည် ၀ ဒသမ ၆၇ သို့လျော့ နည်းပြောင်း လဲခဲ့ပါသည်
ကျေးလက်ဒေသတွင် မြေနှင့်လူအချိုးအစားလျော့နည်ြး
လာကြသော လူပေါင်းများစွာတို့သည် Services Sector ခေါ်ဝန်ဆောင်မှု ကဏ္ဍတွင် လုပ်ကိုင်ကြရသည်။ များစွာသော ဖွံ့ဖြိုးဆဲနိုင်ငံများရှိ မြို့များတွင် လမ်းဘေးဈေးသည်များပေါ်ပေါက်ခြင်
ဖွံ့ဖြိုးဆဲနိုင်ငံများ အပါအ၀င် များစွာသော နိုင်ငံတို့တွင် ကြုံတွေ့လျက်ရှိသော အခြားပြဿနာများထဲမှ အချို့မှာ Primate City ခေါ် လွန်စွာကြီးမားသော မြို့ကြီးပေါ်ပေါက်ခြင်းဖြစ်သည်။
မြန်မာပြည်၏ လူနေမြို့ရွာ အခြေအနေကိုလေ့လာပါလျှင် အောက်ပါအချက်များကို တွေ့ရှိရမည်ဖြစ်
သည်။ (၁) ရန်ကုန်မြို့သည် မန္တလေးမြို့ထက် ငါးဆခန့် ကြီးထွားလျက်ရှိခြင်း၊ (၂) ရန်ကုန်မြို့၏ လူဦးရေတိုးနှုန်းသည် အခြားမြို့ပြဒေသများ ထက်များစွာ ပိုမိုမြင့်မားလျက်ရှိခြင်း၊ (၃) မြန်မာတောင်ပိုင်း၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်များဖြစ်သော ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့တွင်လူဦးရေသိပ်
ထိုကဲ့သို့ မြန်မာပြည်အတွင်း တိုင်းနှင့် ပြည်နယ်ဒေသများတွင် ဖွံ့ဖြိုးမှုကွာဟခြင်းနှင့် လူဦးရေသိပ် သည်းမှုကွဲပြားခြင်းသ
ref:7daynews
No comments:
Post a Comment