Monday 4 May 2015

ရှစ်နာရီအသုံးခံမည့် အဆင့်မြင့်ဘက်ထရီ Tesla မိတ်ဆက် အိမ်သုံးနှင့်စီးပွားရေးလုပ်ငန်းသုံး နှစ်မျိုးထုတ်လုပ်၊ စွမ်းအင်နယ်ပယ်၏မျှော်လင့်ချက်အသစ်ဟုဆို


လျှပ်စစ်ကားများနှင့်နှစ်မျိုးစပ်ကားများ ထုတ်လုပ်မှုဖြင့်အောင်မြင်သည့်ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သော Tesla သည် ယမန်နေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တွင်ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲတစ်ရပ်ကျင်းပ ကာ ရှစ်နာရီကြာအသုံးခံမည့်အဆင့်မြင့် ဘက်ထရီကိုမိတ်ဆက်သွားခဲ့သည်ဟုကယ်လီ ဖိုးနီးယားနေ့စဉ်သတင်းစာကဖော်ပြသည်။

Tesla က မိတ်ဆက်လိုက်သော ဘက် ထရီမှာ 7 KWHသိုလှောင်ထားနိုင်စွမ်းရှိပြီး Powerwall ဟုအမည်ပေးထားသည်။7 KWH သိုလှောင်ထားနိုင်စွမ်းရှိသောကြောင့် အိမ်တစ်လုံး၏လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကို ရှစ်နာရီကြာအထောက်အပံ့ပေးနိုင်မည် ဟုဆိုသည်။ Powerwall အလျားလေးပေ၊ အနံသုံးပေသာရှိပြီးပေါင် ၂၂ဝ သာ အလေး ချိန်ရှိခြင်းကြောင့် အလွယ်တကူသယ်ဆောင် ခြင်းနှင့်တပ်ဆင်ခြင်းများပြုလုပ်နိုင်သည်။ ပြန်လည်ဖြည့်တင်းနိုင်သောစွမ်းအင်ကိုသုံးစွဲ ထားပြီး နေရောင်ခြည်စွမ်းအင်(သို့မဟုတ်) အခြားစွမ်းအင်တစ်မျိုးမျိုးဖြင့် အားပြန်လည် ဖြည့်တင်းနိုင်မည်ဖြစ်သည်။ ရောင်းဈေးကို အမေရိကန်ဒေါ်လာ ၃ဝဝဝ သတ်မှတ်ထားပြီး Tesla တည်ထောင်သူ Elon Musk ကစွမ်း အင်နယ်ပယ်၏မျှော်လင့်ချက်အသစ်ဖြစ်သည် ဟုပြောသည်။
ထို့အပြင် Tesla သည် Powerwall ထက်သိုလှောင်နိုင်စွမ်းမြင့်မားသော Power pack ဟုအမည်ပေးထားသည့်စီးပွားရေးလုပ် ငန်းသုံးဘက်ထရီကိုပါ မိတ်ဆက်ခဲ့သည်။ Power pack တွင် 100 KWH သိုလှောင် နိုင်မည်ဖြစ်ပြီး10 MWH သိုလှောင်နိုင်သည့် ပမာဏအထိအဆင့်မြှင့်တင်နိုင်မည်ဖြစ်သည်။
The Union Daily

No comments:

Post a Comment