Thursday 21 May 2015

ထိုင်းမှ တရားမဝင် သား၊ ငါးနှင့် ဥရောင်းချသူများကို အရေးယူ မည်ဟု မွန်ပြည်နယ်အစိုးရ ကြေညာ

ထိုင်းနိုင်ငံမှ ၀င်ရောက်လာသော ကုန်ပစ္စည်းတင်ကားများ (ဓာတ်ပုံ − မြန်မာနိုင်ငံလုံးဆိုင်ရာ မွေးမြူရေး အစုအဖွဲ့) 
ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော အသား၊ ငါး၊ ဘဲဥ၊ ကြက်ဥ ရောင်းချသူများကို တရားမဝင် ကုန်သွယ်မှု ဥပဒေဖြင့် အရေးယူမည်ဟု မွန်ပြည်နယ် အစိုးရက မေလဒုတိယပတ်တွင် ကြေညာထား ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး မွေး မြူရေးနှင့် ကုသရေးဦးစီးဌာနက ထိုင်းမှ ကြက်များ တရားမဝင်တင် သွင်းက အရေးယူမည်ဟု ကြေ ညာခဲ့ပြီးနောက် မွန်ပြည်နယ်အစိုးရက ထပ်မံကြေညာခြင်း ဖြစ်သည်။

‘‘ကြေညာချက် မထုတ်လို့ မရတော့ဘူး။ ထိုင်းနိုင်ငံဘက်က တရားမဝင် ကြက်သားတွေ ရန်ကုန်ကို ရောက်လာလို့ ရန်ကုန်မှာလည်း သယ်လာတဲ့သူတွေကို တရားမဝင်ကုန်သွယ်မှုနဲ့ အရေး ယူမယ်လို့ စာထုတ်ခဲ့တယ်။ ဒါကြောင့် အဓိကဝင်ပေါက်ဖြစ်တဲ့ မွန်ပြည်နယ်ဘက်က စာထုတ်လာရတာပါ’’ ဟု ရန်ကုန်တိုင်းဒေသကြီး အသားတိုးကြက်ထုတ်လုပ်ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌ ဒေါက်တာလှလှသိန်း က ပြောသည်။

မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနနှင့် ကုန်သည်လုပ်ငန်းရှင်များတွေ့ဆုံရာတွင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက မြဝတီမြို့နှင့် မော်လမြိုင်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံမှ ကြက်၊ ဘဲ၊ အသား၊ ငါး၊ ကြက်ဥနှင့် ဘဲဥများ မွန်ပြည်နယ်အတွင်း တရားမဝင် သယ်ဆောင်မှုများရှိနေကြောင်းပြောသည်။

ထိုင်းနိုင်ငံတွင် အသုံးမပြုတော့သည့် ကြက်အသည်း၊ ငါး နှင့် ပုစွန်များကို အေးခဲစေကာ ပါကင်အိတ်များ ပြုလုပ်၍ မြန်မာနိုင်ငံသို့ တရားမဝင်တင်သွင်းပြီး ဈေးနှုန်းသက်သာစွာဖြင့် ပြန်လည်ရောင်းချနေသော ကြောင့် အဆိုပါအသားများသည် ရောဂါပိုးကင်းရှင်းမှုရှိ၊ မရှိမသိနိုင်ကြောင်း မွန်ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက အထက်ပါတွေ့ဆုံပွဲ၌ ပြောသည်။

တရားဝင်တင်သွင်းခွင့်ပေးသော အသားများသည် ဆေးစစ်ချက်များနှင့်အညီ တင်ပို့ရောင်းချနေပြီး တရား မဝင် သယ်ဆောင်ရောင်းချပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု ၎င်းက ကုန်သည်များ အား ပြောကြားသည်။

ရန်ကုန်မြို့တွင် ကုန်ဈေးနှုန်းတည်ငြိမ်စေရန် နယ်မှကြက်အရှင်များ သယ်ယူရောင်းချခွင့်ပြုခဲ့သော်လည်း ထိုင်းနိုင်ငံမှ ကြက်အရှင်များ တရားမဝင်တင်သွင်းနေသူများသည် ခွင့်ပြုချက်မဲ့ ဆောင်ရွက်သဖြင့် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မွေမြူရေးနှင့် ကုသရေးဦးစီးဌာနက အသိ ပေးစာတစ်စောင် မေလ ၄ ရက် တွင် ထုတ်ပြန်ခဲ့သည်။

7Day DAILY 

No comments:

Post a Comment