Friday 12 September 2014

ဒုချီးရားတန်းကျေးရွာတွင် လူစုလူဝေးဖြစ်၍ သေနတ်ဖြင့် ပစ်ခတ်လူစုခွဲရ

မောင်တောမြို့၊ ဒုချီးရားတန်းကျေးရွာတွင် စားကျက် မြေပြဿနာလာရှင်းသည့်ရဲများကို ဘင်္ဂါလီများက ရန် ပြုသော ကြောင့် သေနတ်ဖြင့် ခြောက်လှန့်၍ လူစုခွဲခဲ့ရကြောင်းအမှတ်(၁) နယ်ခြားစောင့်လုံခြုံရေး အဖွဲ့မှ သတင်းရရှိသည်။
စက်တင်ဘာ ၁၀ရက်က  မောင်တောမြို့ခရေမြိုင်ကျေးရွာရှိ ရခိုင်လူမျိုးများ ပိုင်သည့် စားကျက် မြေပေါ်သို့ ဒုချီးရားတန်းကျေးရွာမှဘင်္ဂါလီအချို့က ၎င်းတို့၏ နွာများလွှတ်ကျောင်းခဲ့သောကြောင့် ပြဿနာ အနည်းငယ် ဖြစ် ပွားခဲ့ သည်။

ခရေမြိုင်ရွာသားများက လုံခြုံရေးရဲတပ်ဖွဲ့များထံ  အကြောင်းကြားခဲ့ပြီး   ရဲများလာရောက်ဖြေရှင်းစဉ် ဘင်္ဂါလီ ဦးရေလေးဆယ်ခန့်က ဓားများကိုင်ဆောင်၍ ရန်ပြုရန်ကြိုစားခဲ့သောကြောင့် သေနတ်သုံးချက်ပစ်ဖောက်၍  လူစုခွဲခဲ့ရကြောင်း အမှတ်(၁)နယ်ခြားစောင့်လုံခြုံရေးအဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘ရခိုင်ရွာက စားကျက်မြေ ပေါ်ကို ဘင်္ဂါလီတွေက နွားတွေ လာလွှတ်သွားတာ။ ထုံးစံအတိုင်း ရန်ပြုဖို့ လုပ် လာလို့ လူစုခွဲခဲ့ရ တယ်။အဲဒီတော့မှ အကုန်ထွက် ပြေးကုန်တာ’’ဟု အဆိုပါရဲအရာ ရှိက ပြောသည်။

 ယင်းဖြစ်စဉ်တွင် ဘင်္ဂါလီတစ်ယောက်မှ ဖမ်းမိထားခြင်းမရှိဘဲ ပြဿနာထပ်မံ မဖြစ်ပွားစေရန် အတွက် ဒေသခံ များနှင့် တိုင်ပင်၍ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးစောင့် ပေးနေကြောင်းသတင်းရရှိသည်။ ဒုချီးရားတန်းကျေးရွာ သည် ပြီးခဲ့သည့်နှစ်က ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂါလီရွာသားများပဋိပက္ခဖြစ် ပွားခဲ့သည့် ရွာဖြစ်ပြီး ရဲတပ်ကြပ်  ကြီးတစ်ဦး  သေနတ်နှင့်အတူပျောက်ဆုံးခဲ့သည်။

7Day DAILY

No comments:

Post a Comment