ခန္ဓာကိုယ်တွင်းအပူနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ပဲတီစိမ်းကို ပူပြင်းတဲ့ရာသီဥတုတွေမှာ စားပေးသင့်ပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် ပဲတီစိမ်းခေါက်ဆွဲ၊ ပဲတီစိမ်းမုန့်၊ ပဲတီစိမ်းထမင်း၊ ပဲတီစိမ်း ဟင်းချို၊ ပဲတီစိမ်းဟင်းနဲ့ ပဲတီစိမ်းဝိုင်စသ ဖြင့် အမျိုးမျိုးအဖုံဖုံ စားသုံးကြတဲ့အပြင် ပဲပင်ပေါက်အဖြစ်ပါ စားသုံး ကြပါတယ်။
ချိုတဲ့အရသာနဲ့ အေးမြတဲ့ သဘာဝရှိတဲ့ ပဲတီစိမ်းတွေဟာ ဝက်ခြံနဲ့မိတ်၊ အင်ပျဉ်ကဲ့သို့ အရေပြားပေါ်မှာ အဖုအပိမ့်အနီ ကွက်ထတာတွေ၊ ပါးစပ်နာဖြစ် တာတွေ၊ ပြည်တည်နာတွေ၊ အနာစိမ်း၊ မွေးကျွတ်နာတွေကို ပါ ပျောက်ကင်းစေနိုင်ပါတယ်။ ခေတ်ပေါ်သိပ္ပံဆေးပညာစမ်း သပ်ချက်တွေအရ ဓာတုပစ္စည်း တွေနဲ့ သဘာဝပတ်ဝန်းကျင်ကရ တဲ့ အဆိပ်အတောက်တွေကို ပဲတီ စိမ်းကဖယ်ရှားပေးနိုင်တယ်လို့ဆို ပါတယ်။
အကယ်၍ ဝမ်းပျက်ဝမ်း လျှောဖြစ်နေရင်(ဒါမှမဟုတ်) ခြေ လက်တွေအေးနေရင်တော့ ပဲတီ စိမ်းကိုမစား သင့်ပါဘူး။ ပဲတီစိမ်း နဲ့ဓာတ်တည့်၊ မတည့်ကိုလည်း တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့အရင်ဆုံး တိုင်ပင်ပြီး မှ စားတာ ကပိုပြီးသင့်တော်ပါတယ်။
Ref: pingminghealth
7Day DAILY
No comments:
Post a Comment