မြန်မာနိုင်ငံက မွေးရာပါနှလုံးရောဂါရှင် ကလေးသူငယ်တွေရဲ့ ရောဂါကုသရေး အတွက် ကျန်းမာရေး ၀န်ကြီးဌာန အပါအ၀င် အခြားအဖွဲ့အစည်းတွေက ကူညီ မှုတွေ ရှိနေပေမယ့် မွေးရာပါ နှလုံးရောဂါဝေဒနာ ရှင် ကလေးသူငယ် အားလုံး အတွက်ကိုတော့ ကူညီမှုတွေ လိုအပ်နေသေး တယ်လို့ သိရပါတယ်။
ရန်ကင်းကလေးဆေးရုံအနေနဲ့လည်း ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မလေးရှားနိုင်ငံ အမျိုးသား နှလုံး အထူး ကုဆေးရုံကြီး IJN နဲ့ ပူးပေါင်းပြီး အသက်(၄)နှစ်ကနေ (၁၆)နှစ်အတွင်းက မွေးရာပါ နှလုံးရောဂါဝေဒနာ ရှင်(၇)ဦးကို CIMB Bank အကူအညီနဲ့ ခွဲစိတ်ပေးခဲ့တာရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကင်း ကလေးဆေးရုံမှာ လက်ရှိအချိန်ထိ မွေးရာပါ နှ လုံးရောဂါဝေဒနာ ရှင် ကလေးသူငယ်(၄၅၀)ကို ခွဲစိတ်ပေးခဲ့ တာရှိပြီး နောက်ထပ် ခန့်မှန်းခြေ ကလေး(၅)ထောင်လောက် ကိုလည်း ခွဲစိတ်ကုသမှုတွေ ပေးနိုင်ဖို့ လိုအပ်သေးတယ်လို့ သိရပါတယ်။
MRTV-4
No comments:
Post a Comment