UPWC နှင့် NCCT တို့ သြဂုတ်လအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်နေစဉ်
အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏အလုပ် အဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်ဘာလ၂၂ ရက်မှစတင်၍ ရန်ကုန်မြို့တွင်ပြု လုပ်သွား မည်ဖြစ်ေ ကြာ င်း သ တင်းရရှိသည်။
‘‘စက်တင်ဘာ ၂၂ရက်က နေငါးရက်ကြာလုပ်လိုတဲ့ အကြောင်းကြားစာကိုဒီနေ့ရတယ်။ ၀န်ကြီး ဦးအောင်မင်း ကလည်းစာ ကအခုမှ ရတာဆိုတော့ မဆုံး ဖြတ်ရသေးဘူး။ ဘယ်နှရက်လုပ် မယ်ဆို တာတော့ ပြန်ညှိရမှာပေါ့’’ ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) အကြီးတန်း အကြံပေး ဦးလှမောင်ရွှေကပြောသည်။
UPWCနှင့် NCCTဆွေးနွေး ပွဲပြီးပါက နိုင်ငံရေးပါတီများနှင့် ဆက်လက်၍ သုံးပွင့်ဆိုင်တွေ့ ဆုံ ဆွေးနွေး သွားမည်ဖြစ်ကြောင်းသ တင်းရရှိသည်။
တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ တစ်ခုတည်း သောသဘောတူညီချက် (တတိ ယမူကြမ်း)တွင် ဆက်လက်ညှိနှိုင်း ရန်အဓိကအချက်လေးချက်ကျန် ရှိနေသေးသည်။
7Day DAILY
No comments:
Post a Comment