(KUN/KNLA (PC) ဌာနချုပ်မှတပ်ဖွဲ့ဝင်များအား ဘားအံမြို့မရဲစခန်းရှေ့ တွင် တွေ့ရစဉ်
KNU/KNLA (PC) ဌာနချုပ်မှ တပ်ဖွဲ့ဝင် ဗိုလ်အယူဆိုသူအား လက်နက်လက်ဝယ်တွေ့ရှိမှုဖြင့် အမှုဖွင့်အရေးယူထားမှုအပေါ် KNU/KNLA (PC)အဖွဲ့က အမှုတွဲအခြေအနေကိုသိရှိရန်အတွက် ဘားအံ မြို့မ ရဲစခန်းသို့ (KNU/KNLA (PC) ဌာနချုပ်တပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်မှ လက်နက်အပြည့်အစုံဖြင့် လာရောက်ဆွေးနွေးခဲ့သဖြင့် ဘားအံမြို့ခံများ စိုးရိမ်ထိတ်လန့်ခဲ့ကြကြောင်း သိရသည်။
"ကား ၁၀ စီးလောက်လာပြီး လက်နက်အပြည့်အစုံနဲ့ ရဲစခန်းရှေ့မှာ နေရာယူထားတာတွေ့တော့ ဘာများဖြစ်လေမလဲဆိုပြီး စိုးရိမ်ထိတ်လန့်သွားတယ်။ တချို့ဈေးဆိုင်ခန်းတွေပိတ်ပြီး အိမ်ကိုတန်းပြန်ကြ တယ်။ မွန်းတည့် ၁၂ နာရီကျော်မှ အဲဒီ KNU အဖွဲ့က ရဲစခန်းကနေ ထွက်ခွာသွားတာတွေ့ရတယ်" ဟု မြို့ခံတစ်ဦးကဆိုသည်။
(KNU/KNLA (PC) တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက်တွင် ထို့ကော်ကိုးမှတစ်ဆင့် ဘားအံ KNU ဆက်ဆံရေးရုံးသို့လာရောက်ခဲ့ပြီး နံနက် ၁၀ နာရီအချိန်တွင် အမှုတွဲကိစ္စဖြင့် ဘားအံမြို့မရဲစခန်းသို့ တပ်ဖွဲ့ အင်အားအပြည့်အစုံဖြင့် လာရောက်ကာ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် အေးချမ်းစွာ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment