Thursday 4 September 2014

ဧရာဝတီမြစ်ရေတက်၍ ဒေသခံငါးရာကျော်ကို ကယ်ဆယ်ရေးစခန်းများ သို့ ပြောင်းရွှေ့ခဲ့ရ

Photo: ဧရာဝတီမြစ်ရေတက်၍ ဒေသခံငါးရာကျော်ကို ကယ်ဆယ်ရေးစခန်းများ သို့ ပြောင်းရွှေ့ခဲ့ရ
Thursday, September 4, 2014

 ညောင်ဦးမြို့တွင် ဧရာ ၀တီမြစ်ရေကြီးသဖြင့် လူဦးရေ ၅၀၀ ကျော် ကယ်ဆယ်ရေးစခန်း များသို့ ရွှေ့ပြောင်းနေထိုင်နေရ ကြောင်း သတင်းရရှိသည်။

ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာ အုပ်စု အရှေ့ဆယ်လံကျေးရွာ တွင် လေးပေအထိမြင့်တက်လာ ၍ ကျေးရွာခံများနှင့် ကျွဲ၊ နွား စသည်တို့ကို စက်တင်ဘာ ၁ ရက်မှစပြီး ကယ်ဆယ်ရေးစခန်းများ သို့ ရွှေ့ပြောင်းနေရာချထားကြောင်းညောင်ဦးခရိုင်အထွေထွေအုပ် ချုပ်ရေးမှူး ဦးတင်ထူးမောင်က ပြောသည်။

‘‘မနှစ်က ဒီလိုမျိုးအတွေ့အ ကြုံရှိလို့ ဒီနှစ်က ရေတက်တက် ချင်းရွှေ့ပြောင်းပေးထားတာ။ အခုတော့ အဲဒီနေရာတွေမှာ ရေ တွေတော်တော်မြုပ်နေပြီ။ သူတို့ အတွက် အလှူရှင်တွေနဲ့ပူးပေါင်း ပြီး စားသောက်စရာတွေရော ဆေးဝါးကုသမှုအတွက်ပါ လုပ် ဆောင်ပေးနေပါတယ်။ ရွှေ့ပြောင်းရာမှာ ဘာပြဿနာမှမရှိပါဘူး’’ ဟု ၎င်းက ပြောသည်။

ရွှေ့ပြောင်းလာသော လူဦး ရေ ၅၀၀ ကျော်မှာ ယာယီကယ် ဆယ်ရေးစခန်းများဖွင့်လှစ်ထား သည့် တောင်ဘီကျေးရွာရှိ ကမ္မ ကျောင်း၊ ရတနာမာန်အောင် ကျောင်း၊ မြသီတာကျောင်း၊ ရွှေ ကျောင်းနှင့် မြို့ထောင့်ကျောင်း စသည့် ဘုန်းကြီးကျောင်းများတွင် ယာယီနေထိုင်နေကြောင်း သိရ သည်။ ဧရာဝတီမြစ်ရေမှာ ဆက် လက်မြင့်တက်နေပြီး အရှေ့ဆယ်လံကျေးရွာတွင် စက်တင်ဘာ ၃ ရက်အထိ စိုးရိမ်ရေမှတ်အနီးရောက်ရှိနေသည်။

7Day DAILY 

မြစ်ရေတက်၍ နေအိမ်များရေမြုပ်နေစဉ်(ဓာတ်ပုံ−ညောင်ဦးသား)
မြစ်ရေတက်၍ နေအိမ်များရေမြုပ်နေစဉ်(ဓာတ်ပုံ−ညောင်ဦးသား)
ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေကြီးသဖြင့် လူဦးရေ ၅၀၀ ကျော် ကယ်ဆယ်ရေးစခန်း များသို့ ရွှေ့ပြော င်းနေ ထိုင်နေရ ကြောင်း သတင်းရရှိသည်။
ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာ အုပ်စု အရှေ့ဆယ်လံကျေးရွာ တွင် လေးပေ အထိမြင့် တက်လာ ၍ ကျေးရွာခံများနှင့် ကျွဲ၊ နွား စသည်တို့ကို စက်တင်ဘာ ၁ ရက်မှစပြီး ကယ်ဆယ်ရေး စခန်းများ သို့ ရွှေ့ပြောင်းနေရာချထားကြောင်းညောင်ဦးခရိုင်အထွေထွေအုပ် ချုပ်ရေးမှူး ဦးတင်ထူးမောင် က ပြောသည်။

‘‘မနှစ်က ဒီလိုမျိုးအတွေ့အ ကြုံရှိလို့ ဒီနှစ်က ရေတက်တက် ချင်းရွှေ့ပြောင်းပေးထားတာ။ အခုတော့ အဲဒီနေရာတွေမှာ ရေ တွေတော်တော်မြုပ်နေပြီ။ သူတို့ အတွက် အလှူရှင်တွေနဲ့ပူးပေါင်း ပြီး စားသောက် စရာတွေရော ဆေးဝါးကုသမှုအတွက်ပါ လုပ် ဆောင်ပေးနေပါတယ်။ ရွှေ့ပြောင်းရာမှာ ဘာပြဿနာမှ မရှိပါဘူး’’ ဟု ၎င်းက ပြောသည်။

ရွှေ့ပြောင်းလာသော လူဦး ရေ ၅၀၀ ကျော်မှာ ယာယီကယ် ဆယ်ရေးစခန်းများဖွင့်လှစ်ထား သည့် တောင်ဘီကျေးရွာရှိ ကမ္မ ကျောင်း၊ ရတနာမာန်အောင် ကျောင်း၊ မြသီတာကျောင်း၊ ရွှေ ကျောင်းနှင့် မြို့ထောင့်ကျောင်း စသည့် ဘုန်းကြီးကျောင်းများတွင် ယာယီနေထိုင်နေကြောင်း သိရ သည်။ ဧရာဝတီမြစ်ရေမှာ ဆက် လက်မြင့်တက်နေပြီး အရှေ့ဆယ်လံကျေးရွာတွင် စက်တင်ဘာ ၃ ရက်အထိ စိုးရိမ်ရေမှတ်အနီးရောက်ရှိနေသည်။

7Day DAILY

No comments:

Post a Comment