Thursday 4 September 2014

မန္တလေးနှင့်လားရှိုးတွင် တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ရန်စီစဉ်

Photo: မန္တလေးနှင့်လားရှိုးတွင် တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ရန်စီစဉ်
Thursday, Setember 4, 2014 

ရန်ကုန်၊ အဓိကရုဏ်းပဋိပက္ခများ ဖြစ် ပွားခဲ့သည့် မန္တလေးနှင့်လားရှိုးမြို့များ ၌ တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့် လှစ်ရန်စီစဉ်နေကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်တရားဥပဒေ စိုးမိုးရေးကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်း ဆွေက ''၉ ရက်ကျရင် တိတိကျကျသိ ရမယ်။ ဥက္ကဋ္ဌနဲ့တွေ့ရဦးမယ်။ အခုက တိတိကျကျ ပြောလို့မရသေးဘူး''ဟု ပြောသည်။

အဆိုပါစင်တာများ ဖွင့်လှစ်နိုင် ရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ လွှတ်တော်ခန်းမ၌ အကြိမ် ကြိမ်တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

''တရားဥပဒေစိုးမိုးရေးစင်တာ တွေဖွင့်မယ်ဆိုတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ အစိုးရနောက်ခံပြုပေးတဲ့အဖွဲ့ တော့မဖြစ်သင့်ဘူး။ ဘာကြောင့်လဲဆို ရင် ရှေ့နေတွေရဲ့နောက်မှာ အစိုးရရှိ နေမယ်ဆိုရင် ရှေ့နေတွေရဲ့ ဥပဒေ ပိုင်းဆိုင်ရာတွေ ဆုံးဖြတ်တဲ့အခါ မှန် ကန်မှုရှိမှာမဟုတ်ဘူး။ သူတို့အဖွဲ့တွေက ဘယ်လောက်အထိ လွတ်လပ်မှုရှိမရှိ ဆိုတာ စောင့်ကြည့်ရဦးမှာပါ'' ဟု အ လုပ်သမားအရေးဆောင်ရွက်သူ ရှေ့ နေဦးဖိုးဖြူက ပြောသည်။

လက်ရှိမြန်မာနိုင်ငံအတွင်း တ ရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ လေ့လာသုံးသပ်သူများ ကမူ အမျိုးမျိုးဝေဖန်မှုများ ရှိခဲ့သည်။

Yangon Media Group

ရန်ကုန်၊ အဓိကရုဏ်းပဋိပက္ခများ ဖြစ် ပွားခဲ့သည့် မန္တလေးနှင့်လားရှိုးမြို့များ ၌ တရားဥပဒေစိုးမိုးရေးစင်တာ များ ဖွင့် လှစ်ရန်စီစဉ်နေကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်တရားဥပဒေ စိုးမိုးရေးကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်း ဆွေက ''၉ ရက်ကျရင် တိတိကျကျသိ ရမယ်။ ဥက္ကဋ္ဌနဲ့တွေ့ရဦးမယ်။ အခုက တိတိကျကျ ပြောလို့မရသေးဘူး''ဟု ပြောသည်။

အဆိုပါစင်တာများ ဖွင့်လှစ်နိုင် ရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ လွှတ်တော်ခန်းမ၌ အကြိမ် ကြိမ်တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

''တရားဥပဒေစိုးမိုးရေးစင်တာ တွေဖွင့်မယ်ဆိုတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ အစိုးရနောက်ခံပြုပေးတဲ့ အဖွဲ့ တော့ မဖြစ်သင့်ဘူး။ ဘာကြောင့်လဲဆို ရင် ရှေ့နေတွေရဲ့နောက်မှာ အစိုးရရှိ နေမယ် ဆိုရင် ရှေ့နေတွေရဲ့ ဥပဒေ ပိုင်းဆိုင်ရာတွေ ဆုံးဖြတ်တဲ့အခါ မှန် ကန်မှုရှိမှာမဟုတ်ဘူး။ သူတို့အဖွဲ့တွေက ဘယ်လောက် အထိ လွတ်လပ်မှုရှိမရှိ ဆိုတာ စောင့်ကြည့်ရဦးမှာပါ'' ဟု အ လုပ်သမားအရေးဆောင်ရွက် သူ ရှေ့ နေဦးဖိုးဖြူက ပြောသည်။

လက်ရှိမြန်မာနိုင်ငံအတွင်း တ ရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ လေ့လာသုံးသပ်သူများ ကမူ အမျိုးမျိုးဝေဖန်မှုများ ရှိခဲ့သည်။

Yangon Media Group

No comments:

Post a Comment