Tuesday 12 August 2014

မြန်မာစီးပွားရေးနဲ့ စိုက်ပျိုးရေး အတွက် တရုတ်အနေနဲ့ ကူညီဖို့ သမ္မတတောင်းဆို

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး လုပ်ငန်း၊ အခြေခံ အဆောက်အဦး တည်ဆောက်ရေး လုပ်ငန်းနဲ့ စီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းတွေမှာ တရုတ်ဆီက အကူအညီတွေကို လိုလာကြောင်း သမ္မတ ဦးသိန်းစိန် က ပြော လိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wang Yi နဲ့ နေပြည်တော်မှာ မနေ့က တွေ့ဆုံ ခဲ့တုန်း တောင်းဆိုခဲ့တာပါ။

တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို ကျေးဇူး တင်ကြောင်း၊ မြန်မာဖွံ့ဖြိုးရေး လုပ်ငန်းမှာ တရုတ် ကူညီနိုင်ဖို့ မျှော် လင့် ကြောင်းနဲ့ နှစ်နိုင်ငံ နယ်စပ်မှာ စီးပွားရေး ပူးပေါင်း မှုတွေ လုပ်ဆောင်ဖို့ အကြောင်း တွေကို ပြောဆို ခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wang Yi ကလည်း တရုတ် အစိုးရ အနေနဲ့ စီးပွားရေး သမားတွေ ကို မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ တိုက်တွန်းမှာ ဖြစ်သလို မြန်မာနိုင်ငံသားတွေ အတွက် အလုပ်အကိုင် ရရှိရေးနဲ့ ဘဝတိုး တက်ရေးတွေကို လုပ်ဆောင်ပေး မယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာစိုက်ပျိုးရေးကဏ္ဍတိုးတက်ဖို့အတွက် နည်းပညာသစ်တွေနဲ့ အခြေခံအဆောက် အဦးလုပ် ငန်း တိုးတက်ရေးအတွက် တရုတ်အနေနဲ့ အကူအညီပေးသွား မယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး က ပြောခဲ့ပါတယ်။

ABC Radio Australia

No comments:

Post a Comment