ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)
သြဂုတ် ၁၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်ဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀မ်ယီ၊ အိန္ဒိယ ပြည် ပရေးရာဝန်ကြီး မစ္စ ဆူ့ရှ်မားဆွာရပ်ဂ်ျ တို့ကို နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ပြီး စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာကိစ္စတွေ အဓိကထား ဆွေးနွေးခဲ့တယ်လို့ မြန်မာ့သတင်းစဉ်က သတင်းထုတ်ပြန် ပါတယ်။
အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာလည်း တရုတ်-အိန္ဒိယ- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ စီးပွားရေးစင်္ကြန်ကိစ္စ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိစ္စ၊ နိုင်ငံအတွင်း အခြေခံအဆောက်အဦတွေ တည်ဆောက်ရေးကိစ္စ၊ အသေးစားချေးငွေကိစ္စ၊ နယ်စပ်ကုန်သွယ်ရေးကိစ္စနဲ့ အခြား ကိစ္စတွေ ဆွေးနွေး ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment