ကမ္ဘာ့ဘောလုံးပြိုင်ပွဲ မစတင်ခင် ၁ ပတ်လောက်အလိုမှာ အိမ်ရှင် ဘရာဇီးအသင်းဟာ ကမ္ဘာ့ ဘောလုံး အဖွဲ့ ချုပ် (ဖီဖာ)ရဲ့ အဆင့်သတ်မှတ်ချက်အရ တတိယ အကောင်းဆုံး အသင်းနေရာကို မြင့်တက်သွားခဲ့ ပါတယ်။
Brazil-National-Team-for-2014-World-Cupဇွန် ၅ ရက်နေ့က အသစ် ထုတ်ပြန်တဲ့ ဖီဖာအဆင့် သတ်မှတ် ချက် အရ လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းက ပထမနေရာမှာ ဆက်ရှိနေပြီး ဂျာမနီက ဒုတိယနဲ့ အရင်က စတုတ္ထနေရာမှာ ရှိနေတဲ့ ဘရာဇီးက တတိယနေရာကို တဆင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းကတော့ တတိယနေရာကနေ စတုတ္ထနေရာကို လျော့ကျသွားပြီး အာ ဂျင် တီးနား ကတော့ ၂ ဆင့် တိုးလာကာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
အဲဒီနောက် ဆွစ်ဇာလန်၊ ဥရုဂွေး၊ ကိုလံဘီယာနဲ့ အီတလီအသင်းတို့ အစဉ်လိုက်ရှိနေပြီး အင်္ဂလန် အသင်းကတော့ အရင်ကထက် တဆင့်တိုးလာပြီး အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment