အမေရိကန်မှ ကျန်းမာရေး တာဝန်ရှိသူများက ပြီးခဲ့သည့်အင်္ဂါ နေ့က သွေးကျဲစေရန်နှင့် အကိုက် အခဲပျောက်စေရန်သုံးသည့် Aspirin အက်စပရင်ဆေးအား Low dose ဆေးပမာဏ လျော့သော က်ပေးခြင်း က ကိုယ်ဝန်ဆောင်များတွင် ကြုံတွေ့ ရနိုင်သည့် ကိုယ်ဝန်ဆိပ်တက်ခြင်း Pre- eclampsia အား သက်သာစေသည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် Aspirin အား သတ်မှတ်ထားသည့်အတိုင်း နေ့စဉ်သောက်သုံးခြင်းက အချိန်မတိုင်မီ မွေးဖွားမှုအား ၁၄% သက်သာစေပြီး ကလေးကြီးထွားမှု နှုန်းနှေးစေသည့် အခြားသောရောဂါ များမှ ၂၀% ကာ ကွယ်ပေးကြော င်း သိရသည်။ Aspirin အား အချိန် အပိုင်းအခြားတစ်ခုအထိ သုံးရုံဖြင့် မည်သည့် ကျန်း မာရေးပြဿနာမျှ မကြုံရကြောင်း အခြားသော လေ့လာမှု ၁၉ ခုမှ ထောက်ခံခဲ့သည်။
ယင်းကဲ့သို့ Aspirin့ သောက်သုံး ခြင်းအား ကိုယ်ဝန်ဆိပ်တက်မှု ဖြစ်နိုင်ခြေများသူများတွင် အသုံးပြုရန် ရည်ညွှန်း ထားသည်။ ကိုယ်ဝန် အပတ် ၂၀ နောက်ပိုင်း၌ သွေးပေါင်ချိန်များ ရုတ်တရက်တိုးလာခြင်းက မိခင်၏ကျောက်ကပ်၊ အသည်းနှင့် ဦးနှောက်တို့ကိုသာမက သန္ဓေသားကိုပါ ထိခိုက်စေနိုင်လေသည်။
ဖိုးသောကြာ
ref:Medindia
Health Updates Journal No. 114
No comments:
Post a Comment