နှလုံးတိုက်ခိုက်မှုနဲ့ လေဖြတ်ခြင်းတွေ တစ်နေ့တာမှာ အဖြစ်ပွားဆုံး အချိန်ကို သုတေသန ပညာရှင်တွေ က ဖော်ထုတ်နိုင်ခဲ့ ပါတယ်။ တစ်နေ့တာမှာ အဖြစ်ပွားဆုံး အချိန်ကတော့ မနက် ၆နာရီခွဲ အချိန်ဖြစ်တယ်လို့ သိရှိရ ပါ တယ်။
လေ့လာမှုမှာ ပါဝင်သူတွေရဲ့ သွေးထဲမှ Plasminogen activator inhibitor-1(PAI-1) ဆိုတဲ့ ပရိုတင်းဟာ မနက်၆နာရီခွဲ အချိန်မှာ အမြင့်ဆုံးဖြစ်ပြီး အဲဒီပရိုတင်းဟာ သွေးကြောတွင်းမှာ သွေးခဲပိတ်ဆို့ခြင်းကို တားဆီးနိုင်မှုတွေကို ပိတ်ပင်တဲ့ ပရိုတင်းဖြစ်ပါတယ်။
PAI-1 ဟာ အ၀လွန်ခြင်း၊ ဆီးချို သွေးချိုရောဂါနဲ့ နှလုံးရောဂါအခံရှိသူတွေ မှာ မြင့်တက်လာမယ် ဆို ရင် နှလုံးတိုက်ခိုက်မှုနဲ့ လေဖြတ်ခြင်းကို ခံစားရဖို့ ၈၀%သေချာကြောင်း Frank Scheer က ရှင်းပြထား ပါတယ်။ ဒီသုတေသနကို Journal of Blood မှာ ဖော်ပြထားတာဖြစ်ပါတယ်။
သက်ကို
ref;ANI
Health Updates Journal No. 114
No comments:
Post a Comment