အမေရိကန်နိုင်ငံမှာ အင်အားကြီးထွားလာနေတဲ့ ဆူရင်ညို (Surenos) လူဆိုးဂိုဏ်းဝင်တွေကို အမေရိ ကန်နိုင်ငံ တ၀န်း အမေရိကန်အာဏာပိုင်တွေ လိုက်လံဖမ်းဆီးခဲ့ကြပါတယ်။
အမေရိကန်မြို့ကြီး ၁၇၉ မြို့မှာ တလကြာ စစ်ဆေးဖမ်းဆီးခဲ့တာမှာ ဂိုဏ်းသား စုစုပေါင်း ၆၃၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီလို့ ဖမ်းဆီးမှုတွေကို လုပ်ဆောင်ခဲ့တဲ့ လူဝင်မှုနဲ့ အကောက်ခွန် ထိန်းသိမ်းရေးအာဏာ ပိုင်တွေ က ပြောဆိုပါတယ်။USဆူရင်ညိုလူဆိုးဂိုဏ်းဟာ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက စတင်ပေါက်ဖွားလာပြီး မက္ကဆီ ကိုနိုင်ငံ က မာဖီးယားဂိုဏ်းခေါင်းဆောင်တွေကို သြဇာခံကြတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ ဂိုဏ်းဝင် ၆၀၀ ကျော်မှာ ၄၀၀ ကျော်ဟာ ရာဇ၀တ်မှု ကျူးလွန်ခဲ့တဲ့ နောက်ကြောင်း ရာဇ၀င်တွေ ရှိတယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောဆိုပါတယ်။
ဂိုဏ်းဝင် ၄ ချိုး ၃ ချိုးကို ဖမ်းဆီးရမိတာဖြစ်ပေမယ့် ဒါဟာ အစလေးပဲ ရှိသေးတယ်လို့ အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေး ကော်မရှင်နာမင်းကြီး သောမတ် ၀င်ကောစကီးက မေလ ၁ ရက်နေ့က သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ ဂိုဏ်းဝင်တွေဆီက ထောက်လှမ်းရေးအချက်အလက်တွေကို ရရှိထားပြီး စစ်ဆေး ဖမ်းဆီး မှုတွေ ဆက်လက်လုပ်ဆောင်ဦးမယ်လို့ ပြောဆိုပါတယ်။
ဖမ်းဆီးခံရသူ လူဆိုးဂိုဏ်းဝင်တွေဟာ လူသတ်မှု၊ ခြိမ်းခြောက်လုယက်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို ကျူးလွန်သူတွေဖြစ်တယ်လို့ အမေရိကန်အာဏာပိုင်တွေက ဆိုကြပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment