Tuesday 2 December 2014

ဆီးရီးယားရှိ IS အုပ်စုကို အမေရိကန်နှင့် မဟာမိတ်များ လေကြောင်း ထိုးစစ်ဆင် စစ်သွေးကြွ ၅၀ ကျော် သေဆုံး

Photo: ဆီးရီးယားရှိ IS အုပ်စုကို အမေရိကန်နှင့် မဟာမိတ်များ လေကြောင်း ထိုးစစ်ဆင် စစ်သွေးကြွ ၅၀ ကျော် သေဆုံး

ကိုဘာနီ၊ နိုဝင်ဘာ ၃၀

ဆီးရီးယားနိုင်ငံတွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် အစ္စလာမ္မစ်နိုင်ငံတော် IS အစွန်းရောက် အုပ်စုများကို အမေရိကန် ဦးဆောင်သော မဟာမိတ်များက လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်ရာ နှစ်ရက်အတွင်း IS အဖွဲ့ လက်နက်ကိုင် အယောက် ၅၀ သေဆုံးခဲ့ကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။

ဆီးရီးယားနိုင်ငံ အတွက်မဟာ ဗျူဟာအရ အရေးပါလှပြီး ကာ့ဒ်တပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော ကိုဘာနီမြို့ကို IS စစ်သွေးကြွများက ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းတို့အပေါ် အမေရိကန် ဦးဆောင်သော မဟာမိတ်တို့က လေကြောင်းမှတစ်ဆင့် ချေမှုန်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အန်အယ်လ်အာရပ် ဟူသည့် ကာဒ့်တို့ ကြီးစိုးထားသော ယင်းမြို့တွင် ကာ့ဒ်တို့နှင့် IS အုပ်စုတို့အကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး IS အကြမ်းဖက်သမားငါးဦးက ဗုံးများတပ်ဆင်ကာ အသေခံ တိုက်ခိုက်ခဲ့ကြသည်။

“အမေရိကန် ထိုးစစ်ကြောင့် IS အကြမ်းဖက်သမား ၅၀ ကျော်လောက် သေဆုံးသွားတယ်။ တချို့က အသေခံပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြတယ်” ဟု ဆီးရီးယား အခြေစိုက် လူ့အခွင့်အရေးနှင့် စစ်ရေး စောင့်ကြည့်လေ့လာသူ တစ်ဦးက ပြောကြားသည်။

တူရကီနှင့် ဆီးရီးယား၊ ကိုဘာနီ နယ်စပ်ဒေသတွင်လည်း ကာ့ဒ်ပြည်သူ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့နှင့် IS အုပ်စုတို့ တိုက်ခိုက်ခဲ့ကြသည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အုပ်စုက ပြောကြားသည်။

ယမန်နေ့ကလည်း IS စစ်သွေးကြွများက အဆိုပါမြို့သို့ တင့်ကားများ ယူဆောင်လာကာ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုများ ပြင်းထန်ခဲ့သည်။

IS စစ်သွေးကြွများသည် မဟာဗျူဟာအရ အရေးပါလှသည့် ကိုဘာနီမြို့ကို သိမ်းပိုက်ရန် နှစ်လကျော်ကြာ တိုက်ခိုက်ခဲ့ကြသော်လည်း အောင်မြင်မှု မရရှိသေးပေ။

The Voice Weekly
ဆီးရီးယားနိုင်ငံတွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် အစ္စလာမ္မစ်နိုင်ငံတော် IS အစွန်းရောက် အုပ်စုများကို အမေရိကန် ဦးဆောင်သော မဟာမိတ်များက လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်ရာ နှစ်ရက်အတွင်း IS အဖွဲ့ လက်နက်ကိုင် အယောက် ၅၀ သေဆုံးခဲ့ကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။

ဆီးရီးယားနိုင်ငံ အတွက်မဟာ ဗျူဟာအရ အရေးပါလှပြီး ကာ့ဒ်တပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော ကိုဘာနီမြို့ကို IS စစ်သွေးကြွများက ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းတို့အပေါ် အမေရိကန် ဦးဆောင်သော မဟာမိတ်တို့က လေကြောင်းမှတစ်ဆင့် ချေမှုန်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အန်အယ်လ်အာရပ် ဟူသည့် ကာဒ့်တို့ ကြီးစိုးထားသော ယင်းမြို့တွင် ကာ့ဒ်တို့နှင့် IS အုပ်စုတို့အကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး IS အကြမ်းဖက်သမားငါးဦးက ဗုံးများတပ်ဆင်ကာ အသေခံ တိုက်ခိုက်ခဲ့ကြ သည်။

“အမေရိကန် ထိုးစစ်ကြောင့် IS အကြမ်းဖက်သမား ၅၀ ကျော်လောက် သေဆုံးသွားတယ်။ တချို့က အသေခံပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြတယ်” ဟု ဆီးရီးယားအခြေစိုက် လူ့အခွင့်အရေးနှင့် စစ်ရေး စောင့်ကြည့် လေ့လာသူ တစ်ဦးက ပြောကြားသည်။

တူရကီနှင့် ဆီးရီးယား၊ ကိုဘာနီ နယ်စပ်ဒေသတွင်လည်း ကာ့ဒ်ပြည်သူ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့နှင့် IS အုပ်စုတို့ တိုက်ခိုက်ခဲ့ကြသည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အုပ်စုက ပြော ကြားသည်။

ယမန်နေ့ကလည်း IS စစ်သွေးကြွများက အဆိုပါမြို့သို့ တင့်ကားများ ယူဆောင်လာကာ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုများ ပြင်းထန်ခဲ့သည်။

IS စစ်သွေးကြွများသည် မဟာဗျူဟာအရ အရေးပါလှသည့် ကိုဘာနီမြို့ကို သိမ်းပိုက်ရန် နှစ်လကျော်ကြာ တိုက်ခိုက်ခဲ့ကြသော်လည်း အောင်မြင်မှု မရရှိသေးပေ။

The Voice Weekly

No comments:

Post a Comment