Tuesday 2 December 2014

ကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ငန်းများ မြှင့်တင်ရေးအတွက် အထူးလုပ်ငန်း အဖွဲ့တစ်ရပ် ဖွဲ့စည်း

Photo: ကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ငန်းများ မြှင့်တင်ရေးအတွက် အထူးလုပ်ငန်း အဖွဲ့တစ်ရပ် ဖွဲ့စည်း
Tuesday, December 2, 2014 

ပြည်ထောင်စု အစိုးရအဖွဲ့သည် အမိန့်ကြော်ငြာစာအမှတ် ၅၇/၂၀၁၄ ဖြင့် ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်း လိုက်ကြောင်း နိုဝင်ဘာ စတုတ္ထပတ်အတွင်း ထုတ်ပြန်သည့် နိုင်ငံတော်ပြန်တမ်း တွင် ဖော်ပြထားသည်။

ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေး အထူးအဖွဲ့သည် ပြည်ထောင်စု အစိုးရအဖွဲ့သို့ အစီရင်ခံစာများ နှစ်လတစ်ကြိမ် တင်သွင်းရ မည်ဖြစ်သည်။

ယင်းအဖွဲ့၏ ဥက္ကဋ္ဌမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဖြစ်ပြီး ဒု-ဥက္ကဋ္ဌ များအဖြစ် ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ စီးပွားရေး ပူးပေါင်းညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် နိုင်ငံတော် သမ္မတ အကြံပေး ဒေါက်တာ ဇော်ဦးတို့က တာဝန်ယူထားသည်။

အဖွဲ့ဝင်များအဖြစ် သက်ဆိုင်ရာဆပ် ကော်မတီများမှ ဥက္ကဋ္ဌရှစ်ဦးပါဝင်ပြီး အတွင်းရေးမှူးအဖြစ် ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌက တာဝန်ယူထားကာ တွဲဖက်အတွင်းရေးမှူးများအဖြစ် မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူးနှင့် အခွန်အကောက် ဆိုင်ရာ ဆပ်ကော်မတီ ညွှန်ကြားရေးမှူးတို့ကို ခန့်အပ်ခဲ့သည်။

အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ရင်ပေါင်တန်းနိုင် ရန် ဆောင်ရွက် ရမည်ဖြစ်ပြီး ကဏ္ဍအလိုက် မူဝါဒများကို ခေတ်ကာလ နှင့်အညီ ဖော်ထုတ်နိုင် ရေး ဆွေးနွေးအကြံ ပြုရမည်ဖြစ်သည်။

ကဏ္ဍစုံ၌ ဖြစ်ပေါ်လျက်ရှိသော အခက်အခဲအတားအဆီးရှိနေသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများကို ပြည်ဆင်ဖြေလျှော့နိုင်ရေး တင်ပြ ဆောင်ရွက် ရမည် ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်သာ ကိုင်သာရှိပြီး ၀န်းကျင်ကောင်း ဖြစ်ပေါ်ရေးအတွက် ရေတိုရေရှည် မဟာဗျူဟာ၊ နည်းဗျူဟာ များ ရေးဆွဲ အကောင်အထည်ဖော်ရမည်ဖြစ်သည်။

ထို့ပြင် အထူးလုပ်ငန်းအဖွဲ့ အစီအစဉ်ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိသည့် ကိစ္စရပ်များကို စီးပွားရေးရာ ကော်မတီသို့ တင်ပြရမည်ဖြစ်ပြီး အခြားဆက်စပ် သည့် ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းပြည်နယ် အစိုးရများနှင့် ညှိနှိုင်းဆောင်ရွက် ရမည်ဖြစ်သည်။

ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေး အထူးလုပ်ငန်းအဖွဲ့၏ အစီရင်ခံစာကို ပြည်ထောင်စု အစိုးရအဖွဲ့ကို နှစ်လလျှင် တစ်ကြိမ် ပုံမှန်တင်ပြ ရမည် ဖြစ်ပြီး အချိန်မီတင်ပြသင့်သည့် အရေးကြီးသော ကိစ္စဖြစ်ပါက ချက်ချင်း တင်ပြရန် သတ်မှတ်ထားသည်။

Mizzima - News in Burmese 

အလုံမြို့နယ်ရှိ ထီးတန်းဆိပ်ကမ်းကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အလုံမြို့နယ်ရှိ ထီးတန်းဆိပ်ကမ်းကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) 
ပြည်ထောင်စု အစိုးရအဖွဲ့သည် အမိန့်ကြော်ငြာစာအမှတ် ၅၇/၂၀၁၄ ဖြင့် ကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ငန်းများ မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်း လိုက်ကြောင်း နိုဝင်ဘာ စတုတ္ထပတ်အတွင်း ထုတ်ပြန်သည့် နိုင်ငံတော်ပြန်တမ်း တွင် ဖော်ပြထားသည်။

ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေး အထူးအဖွဲ့သည် ပြည်ထောင်စု အစိုးရအဖွဲ့သို့ အစီရင်ခံစာများ နှစ်လတစ်ကြိမ် တင်သွင်းရ မည်ဖြစ်သည်။

ယင်းအဖွဲ့၏ ဥက္ကဋ္ဌမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဖြစ်ပြီး ဒု-ဥက္ကဋ္ဌ များအဖြစ် ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ စီးပွားရေး ပူးပေါင်းညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် နိုင်ငံတော် သမ္မတ အကြံပေး ဒေါက်တာ ဇော်ဦးတို့က တာဝန်ယူထားသည်။

အဖွဲ့ဝင်များအဖြစ် သက်ဆိုင်ရာဆပ် ကော်မတီများမှ ဥက္ကဋ္ဌရှစ်ဦးပါဝင်ပြီး အတွင်းရေးမှူးအဖြစ် ကုန်သွယ် မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌက တာဝန်ယူထားကာ တွဲဖက် အတွင်းရေးမှူး များအဖြစ် မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူးနှင့် အခွန်အကောက် ဆိုင်ရာ ဆပ်ကော်မတီ ညွှန်ကြားရေးမှူးတို့ကို ခန့်အပ်ခဲ့သည်။

အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများနှင့် အညီ ရင်ပေါင်တန်းနိုင် ရန် ဆောင်ရွက် ရမည်ဖြစ်ပြီး ကဏ္ဍအလိုက် မူဝါဒများကို ခေတ် ကာလ နှင့်အညီ ဖော်ထုတ်နိုင် ရေး ဆွေးနွေးအကြံ ပြုရမည်ဖြစ်သည်။

ကဏ္ဍစုံ၌ ဖြစ်ပေါ်လျက်ရှိသော အခက်အခဲအတားအဆီးရှိနေသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်း များကို ပြည်ဆင်ဖြေလျှော့နိုင်ရေး တင်ပြ ဆောင်ရွက် ရမည် ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်သာ ကိုင်သာရှိပြီး ၀န်းကျင်ကောင်း ဖြစ်ပေါ်ရေးအတွက် ရေတိုရေရှည် မဟာဗျူဟာ၊ နည်းဗျူဟာ များ ရေးဆွဲ အကောင်အထည်ဖော်ရမည်ဖြစ်သည်။

ထို့ပြင် အထူးလုပ်ငန်းအဖွဲ့ အစီအစဉ်ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိသည့် ကိစ္စရပ်များကို စီးပွားရေးရာ ကော်မတီသို့ တင်ပြရမည်ဖြစ်ပြီး အခြားဆက်စပ် သည့် ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းပြည်နယ် အစိုးရများ နှင့် ညှိနှိုင်းဆောင်ရွက် ရမည်ဖြစ်သည်။

ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေး အထူးလုပ်ငန်းအဖွဲ့၏ အစီရင်ခံစာကို ပြည်ထောင်စု အစိုးရအဖွဲ့ကို နှစ်လလျှင် တစ်ကြိမ် ပုံမှန်တင်ပြ ရမည် ဖြစ်ပြီး အချိန်မီတင်ပြသင့်သည့် အရေးကြီးသော ကိစ္စဖြစ်ပါက ချက်ချင်း တင်ပြရန် သတ်မှတ်ထားသည်။

Mizzima - News in Burmese 

No comments:

Post a Comment