Thursday, 4 December 2014

ကရင်ပြည်နယ် စက်မှုနှင့်စွမ်းအင်ဝန်ကြီး၏ သား ၂ ဦးကို မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲဆို

Photo: ကရင်ပြည်နယ် စက်မှုနှင့်စွမ်းအင်ဝန်ကြီး၏ သား ၂ ဦးကို မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲဆို
Thursday, December 4, 2014

စိတ်ကြွရူးသွပ်ဆေးပြားလက်ဝယ်တွေ့ရှိမှုနဲ့ ကရင်ပြည်နယ် စက်မှုနဲ့ လျှပ်စစ် စွမ်းအင် ၀န်ကြီးသားရဲ့ ၂ ဦးကို နယ်မြေခံရဲ့စခန်းက ဖမ်းဆီး တရားစွဲဆိုထား ပါတယ်။

ကရင်ပြည်နယ် စက်မှုနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစောကြည်လင်းရဲ့သား စောသမောထူး (၂၅ ) နှစ်နဲ့ စောထူးစေးဟဲ (၂၇) နှစ်တို့ အိန္ဒူးအပိုင်ရဲ စခန်းကနေပြီး ဒီဇင်ဘာလ ၂ ရက်နေ့က မူးယစ်ဆေးတွေနဲ့ အတူ ဖမ်းဆီးရခဲ့တာဖြစ်ပါတယ်။

သူတို့ ၂ ဦးလုံးကို ဘားအံခရိုင် နောင်လုံအနောက်ကျေးရွာရှိ သူတို့ အစ်မဖြစ်သူနေအိမ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ သူတို့နဲ့အတူ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ဖမ်းဆီးမိခဲ့တာလို့ ဘားအံခရိုင် အိန္ဒူးရဲစခန်းမှူး ရဲအုပ်ဇော်နိုင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

ကာလတန်ဖိုး ၆ သိန်းဝန်ရှိရှိတယ်လို့လည်း ပြောပါတယ်။ သူတို့ကို ဘာအံမြို့နယ် ရဲစခန်းမှာ လက်ရှိထိန်းသိန်းထားပြီး အိန္ဒူးရဲစခန်းက မူးစိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ နဲ့ အမှုဖွင့်ထားတယ်လို့ ရဲအုပ်ဇော်နိုင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

သားဖြစ်သူတွေ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံရတဲ့အပေါ် ကရင်ပြည်နယ် စက်မှုနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစောကြည်လင်းကတော့ ဖမ်းဆီးခံရတဲ့ သားတွေဟာ သူရဲ့ အုပ်ထိန်းမှု အောက်မှာမရှိဘဲ အိန္ဒူးက အဖွားဖြစ်သူနဲ့ နေထိုင်နေကြတယ်လို့ ပြောပါတယ်။

သားငယ် စောသမောထူးက ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်မှုရှိတာ မှန်ကန်ပေမယ့် သားကြီး စောထူးစေးကမူ ညီဖြစ်သူ ဘာလုပ်နေတယ်ဆိုတာကို သွားကြည့်ရင်း တပါတည်း ဖမ်းဆီးခံရတာလို့ ဦးစောကြည်လင်းက ပြောပါတယ်။

“ကျနော်ကတော့ ဘာမှမပြောပါဘူး။ တရားဥပဒေဟာ တရားဥပဒေအတိုင်းပဲဖြစ်ရမှာပေါ့။ လက်ညှိုးမကောင်းရင် လက်ညှိုးပဲ။ လက်မ မကောင်းရင်လက်မပဲလေ။ ကျနော့်သားမို့လို့ ဘာညာ ဘာမှ မလုပ်ပါဘူး။ အပြစ်ရှိရင် အပြစ်ရှိသလို အရေးယူပေါ့။ ဒါပေမယ့် အကြီးကောင်ကတော့ သူက ဘာမှ အပြစ်မရှိဘူး။ လာဖမ်းတဲ့သူလည်း အားလုံးသိပါတယ်။ ”

သားကြီဖြစ်သူဟာ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ပြီး မြန်မာပြည်ပြန်ရောက် တာ နဲ့ သာသနာ့ဘောင်ထဲဝင်ခဲ့ကြောင်း ဦးပဇင်းကနေ ထွက်တာ တနှစ်လောက်ပဲ ရှိသေးတယ်လို့လည်း ဦးစောကြည်လင်းက ပြောပါတယ်။

သားတွေ အခုလို မူယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ လက်ရှိနိုင်ငံတော်မှာ ထမ်းဆောင်နေတဲ့လုပ်ငန်းကို ထိခိုက်မှာမဟုတ်ဘူးလို့ လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းတုန်းကလည်း ဘားအံမြို့မှာ သိန်း ၉ ထောင်ကျော် တန်ဖိုးရှိ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးကို ဖမ်းဆီးရမိခဲ့ဖူးပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ပိုမိုများပြားလာနေပြီး တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေအပါဝင် အထက်တန်းကျောင်းသူကျောင်းသားတွေပါ သုံးစွဲမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

DVB
စိတ်ကြွရူးသွပ်ဆေးပြားလက်ဝယ်တွေ့ရှိမှုနဲ့ ကရင်ပြည်နယ် စက်မှုနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးသားရဲ့ ၂ ဦးကို နယ်မြေခံရဲ့စခန်းက ဖမ်းဆီး တရားစွဲဆိုထား ပါတယ်။

ကရင်ပြည်နယ် စက်မှုနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစောကြည်လင်းရဲ့သား စောသမောထူး (၂၅ ) နှစ်နဲ့ စောထူးစေးဟဲ (၂၇) နှစ်တို့ အိန္ဒူးအပိုင်ရဲ စခန်းကနေပြီး ဒီဇင်ဘာလ ၂ ရက်နေ့က မူးယစ်ဆေးတွေနဲ့ အတူ ဖမ်းဆီးရခဲ့တာဖြစ်ပါတယ်။

သူတို့ ၂ ဦးလုံးကို ဘားအံခရိုင် နောင်လုံအနောက်ကျေးရွာရှိ သူတို့ အစ်မဖြစ်သူနေအိမ်မှာ ဖမ်းဆီးရမိ ခဲ့တာဖြစ်ပါတယ်။ သူတို့နဲ့အတူ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ဖမ်းဆီးမိခဲ့တာလို့ ဘားအံခရိုင် အိန္ဒူးရဲ စခန်းမှူး ရဲအုပ်ဇော်နိုင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

ကာလတန်ဖိုး ၆ သိန်းဝန်ရှိရှိတယ်လို့လည်း ပြောပါတယ်။ သူတို့ကို ဘာအံမြို့နယ် ရဲစခန်းမှာ လက်ရှိ ထိန်း သိန်းထားပြီး အိန္ဒူးရဲစခန်းက မူးစိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ နဲ့ အမှုဖွင့်ထားတယ်လို့ ရဲအုပ်ဇော်နိုင်အောင် က ဒီဗွီဘီကို ပြောပါတယ်။

သားဖြစ်သူတွေ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံရတဲ့အပေါ် ကရင်ပြည်နယ် စက်မှုနဲ့ လျှပ်စစ် စွမ်းအင် ၀န်ကြီး ဦးစောကြည်လင်းကတော့ ဖမ်းဆီးခံရတဲ့ သားတွေဟာ သူရဲ့ အုပ်ထိန်းမှု အောက်မှာမရှိဘဲ အိန္ဒူးက အဖွားဖြစ်သူနဲ့ နေထိုင်နေကြတယ်လို့ ပြောပါတယ်။

သားငယ် စောသမောထူးက ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်မှုရှိတာ မှန်ကန်ပေမယ့် သားကြီး စောထူးစေးကမူ ညီဖြစ်သူ ဘာလုပ်နေတယ်ဆိုတာကို သွားကြည့်ရင်း တပါတည်း ဖမ်းဆီးခံရတာလို့ ဦးစောကြည်လင်းက ပြောပါတယ်။

“ကျနော်ကတော့ ဘာမှမပြောပါဘူး။ တရားဥပဒေဟာ တရားဥပဒေအတိုင်းပဲဖြစ်ရမှာပေါ့။ လက်ညှိုး မကောင်းရင် လက်ညှိုးပဲ။ လက်မ မကောင်းရင်လက်မပဲလေ။ ကျနော့်သားမို့လို့ ဘာညာ ဘာမှ မလုပ်ပါ ဘူး။ အပြစ်ရှိရင် အပြစ်ရှိသလို အရေးယူပေါ့။ ဒါပေမယ့် အကြီးကောင်ကတော့ သူက ဘာမှ အပြစ်မရှိဘူး။ လာဖမ်းတဲ့သူလည်း အားလုံးသိပါတယ်။ ”

သားကြီဖြစ်သူဟာ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ပြီး မြန်မာပြည်ပြန်ရောက် တာ နဲ့ သာသနာ့ ဘောင်ထဲဝင်ခဲ့ကြောင်း ဦးပဇင်းကနေ ထွက်တာ တနှစ်လောက်ပဲ ရှိသေးတယ်လို့လည်း ဦးစောကြည်လင်း က ပြောပါတယ်။

သားတွေ အခုလို မူယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ လက်ရှိနိုင်ငံတော်မှာ ထမ်းဆောင်နေတဲ့ လုပ်ငန်းကို ထိခိုက်မှာမဟုတ်ဘူးလို့ လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းတုန်းကလည်း ဘားအံမြို့မှာ သိန်း ၉ ထောင်ကျော် တန်ဖိုးရှိ ပိုင်ရှင်မဲ့ မူးယစ် ဆေးဝါးကို ဖမ်းဆီးရမိခဲ့ဖူးပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ပိုမိုများပြားလာနေပြီး တက္ကသိုလ် ကျောင်းသား ကျောင်း သူတွေ အပါဝင် အထက်တန်းကျောင်းသူကျောင်းသားတွေပါ သုံးစွဲမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

DVB

No comments:

Post a Comment