Thursday 4 December 2014

လိပ်ကျွန်းအမှု စွပ်စွဲခံမြန်မာနှစ်ဦးကို ပုဒ်မငါးခုဖြင့် တရားစွဲမည်

လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦး ကို ပြစ်မှုပုဒ်မငါးခုဖြင့် ဒီဇင်ဘာ ၄ရက်(ယနေ့)တွင် တရားစွဲဆိုမည် ဖြစ်ကြောင်း အမှတ်(၈) ထိုင်းနိုင်ငံအစိုးရရှေ့နေချုပ်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ထ၀ပ်ချိုင်း စီယန် ကျဲန့်က သတင်းထောက် များအား ပြောကြားလိုက်ကြောင်း သတင်း ရရှိသည်။

ဒီဇင်ဘာ ၃ ရက်တွင် ထိုင်း နိုင်ငံအစိုးရရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်သည် မြန်မာလုပ်သားနှစ်ဦးကို တရားမ၀င်နေထိုင်မှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းခိုးယူမှု၊ ပြစ်မှုကျူးလွန်ပြီး သတင်းထိမ်ချန်မှု စသည့် ပြစ်မှုပုဒ်မငါးခုဖြင့် တရားစွဲဆို သွားမည်ဟု သတင်းထောက်များအား ပြောကြားလိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးအား ဒီဇင်ဘာ ၂ ရက်က ခြောက်ကြိမ်မြောက် နောက်ဆုံးရမန်ရုံးထုတ် စစ်ဆေးရာ ထိုင်းနိုင်ငံအစိုးရရှေ့နေက အမှုတွဲကို ၁၂ ရက်အတွင်း တင်ပေးမည်ဟု ကော့စမွီခရိုင် တရား သူကြီးထံ ဦးတိုက်လျှောက်ထား ခဲ့သည်။

‘‘ထိုင်းအစိုးရရှေ့နေက မ နက်ဖြန် အမှုတွဲတင်မယ်လို့ ပြော လိုက်တယ်။ သူတို့ဆီမှာ သက် သေစုံနေပြီလို့ ပြောတယ်။ အမှုတွဲကို မတင်ဘဲထားကာ အကြာကြီးနေပြီးမှ ကျွန်တော်တို့ အယူခံ ၀င်မယ်လုပ်တဲ့ အချိန် မှာ သူတို့က တင်မယ်လုပ်တယ်။ အမှုတွဲတင် တဲ့အချိန်မှာ ဘယ်အချက်တွေ ပါတယ်ဆိုတာ ကျွန်တော်တို့ သိရမယ်။ မနက်ဖြန်တော့ ကျွန်တော် တို့ ကော့စမွီတရားရုံးကို သွားရမှာပါ’’ ဟု မြန်မာသံရုံးအထူးအ ဖွဲ့မှ ဦးမင်းဦးက ပြောသည်။

ထိုင်းရဲတပ်ဖွဲ့သည် မြန်မာလုပ်သားနှစ်ဦးကို လူသတ်တရားခံဟု စွပ်စွဲထားသော်လည်း မျက်မြင်သက်သေ နှင့် တရားလိုပြ သက်သေမရှိသေးပေ။ ယခင်တ ရားလိုပြသက်သေမောင်မောင်က ဖမ်းဆီးခံ မြန်မာ လုပ်သားနှစ်ဦးသည် လူသတ်တရားခံများ မဖြစ်နိုင်ကြောင်း၊ အခင်းဖြစ်ပွားရာတွင် မြင်တွေ့ခြင်းမရှိ ကြောင်း ပြောဆိုထားသောကြောင့် ထိုင်းရဲ တပ်ဖွဲ့က တရားလိုပြသက်သေ အဖြစ် မထားရှိတော့ပေ။

ထိုင်းရဲတပ်ဖွဲ့သည် မြန်မာ လုပ်သားနှစ်ဦးကို တရားခံဟု စွပ် စွဲထားရာတွင် သေဆုံးသူကိုယ် ပေါ်မှ DNA နှင့် စွပ်စွဲခံမြန်မာ လုပ်သားနှစ်ဦး၏ DNA ကိုက်ညီ သည်ဆိုသောအချက်နှင့် မြန်မာလုပ်သားနှစ်ဦးက ရိုက်နှက်စစ် ဆေး၍ ကြောက်လန့်ပြီး သတ်ပါသည်ဟု ၀န်ခံထားသော အချက် သာရှိကြောင်း မြန်မာသံရုံး အထူး အဖွဲ့က ပြောသည်။

မြန်မာလုပ်သားနှစ်ဦးသည် ထိုင်းရဲတပ်ဖွဲ့အား ကြောက်လန့်၍ ၎င်းတို့ သတ်လိုက်ပါသည်ဟု ၀န်ခံထား သော်လည်း ၎င်းတို့၏မိဘများ လာရောက်တွေ့ဆုံချိန်တွင် လူသတ်မှုကျူးလွန်ခြင်းမရှိကြောင်း ကတိပေး ၀န်ခံပြောဆို ထားသည်။

ဗြိတိသျှနိုင်ငံသား ဒေးဗစ်မီ လာ (၂၄)နှစ်နှင့် ဟန်နာဝစ်သာ ရစ်ခ်ျ(၂၃)နှစ်တို့သည် စက်တင် ဘာ ၁၄ ရက် ညဥ့်သန်းခေါင်တွင် လိပ်ကျွန်း၌ အသတ်ခံခဲ့ရခြင်းဖြစ် သည်။

7Day DAILY 

No comments:

Post a Comment