Tuesday, 30 September 2014
တိုက်ပွဲများကြောင့် တပ်မတော်ကို အပြစ်မတင်ရန် ဦးရဲထွဋ် တုံ့ပြန်
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် တိုက်ပွဲများတွင် တပ်မတော်ကို အပြစ်တင်ရန် မသင့်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က စက်တင်ဘာ ၂၉ရက်တွင် မဇ္ဈိမကို ပြောသည်။
၂၀၁၄ ခုနှစ် ဩဂုတ်လ ၀၈ ရက် နေပြည်တော် ဇဗ္ဗူ သီရိမြို့နယ်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (MICC 1) တွင် ပြည်တွင်း၊ ပြည်ပ မီဒီယာများကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် မှ သီးသန့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
“အခုဖြစ်နေတာက ကရင်လက်နက်ကိုင်လို့ပြောလို့မရပါဘူး။ ဒီကေဘီအေ တစ်ဖွဲ့တည်းပါ။ ဒါကလည်း သူတို့က မြို့ထဲမှာ လက်နက်တွေကိုင် လျှောက်သွားနေတာတွေ ထိုင်းက ကုန်ကားတွေကို တားတာတွေကြောင့်ပါ။ ကိုယ့်သဘောနဲ့ကို အုပ်ချုပ်ရေးကို ၀င်မတားဖို့ ပြောထားတယ်။ ဘယ်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးမှ အဲဒီလိုလုပ်တာကို လက်ခံမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
စတုခ်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်း၏နယူးကာဆယ်နည်းပြ အနာဂတ် မသေချာတော့ဟု အလန်ပါဂျူးဝန်ခံ
ပရီးမီးယားလိဂ်ပွဲစဉ် ၆ တွင် စတုခ်စီးတီးအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် နယူးကာဆယ် အသင်းနည်းပြ အလန်ပါဂျူးက ၎င်း၏အနာဂတ်မှာ မသေ ချာတော့ကြောင်း ၀န်ခံပြောဆိုလိုက်သည်။ သို့သော် အလန်ပါဂျူးက နယူးကာဆယ် နည်းပြအဖြစ်ဆက်လက်ရှိနေရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြော သည်။နယူးကာဆယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ ကစားပြီးချိန်တွင် ၃ ပွဲသရေ ၃ ပွဲရှုံးဖြင့် အမှတ်ပေးဇယားအောက်ဆုံး ဒုတိယနေရာသို့ ရောက်ရှိနေ သည်။ နယူးကာဆယ်အသင်းသည် နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ် ၁၄ ပွဲတွင် ၁၀ ပွဲအထိ ရှုံးနိမ့်ခဲ့သည့်အတွက် ပရိသတ်များမှာအလွန်စိတ်ပျက် လျက်ရှိနေကြသည်။
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းအသုံးပြုနိုင်မှု ၇၀ ရာခိုင်နှုန်း မြင့်တက်လာရန် ဆက်သွယ်ရေး ကုမ္ပဏီလေးခု ဆောင်ရွက်မည်ဟုဆို
ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုနိုင်မှု ရာခိုင်နှုန်းကိုလာမည့် ၂၀၁၅ အကုန်တွင် လက်ရှိအနေအထားမှ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာရန် ပြည်တွင်း၊ ပြည်ပဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် Ooredoo Myanmar, Telenor Myanmar, MPT နှင့် YTP တို့က ရည်မှန်းထားကြောင်း သတင်းရရှိသည်။
Oil & Gas ပြပွဲကြီး ကျင်းပမည်
အမေရိကန်၊ အင်္ဂလန်က ကုမ္ပဏီတွေအပါအ၀င် နိုင်ငံပေါင်း ၂၀ ကျော်က ကုမ္ပဏီ ၁၃၀ လောက် ပါဝင်မယ့် Oil & Gas ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းဆိုင်ရာပြပွဲကြီးတခုကို ကျင်းပမယ်လို့ စင်ကာပူပြပွဲ ၀န်ဆောင်မှုကုမ္ပဏီက စက်တင်ဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
စောတိုက်ဂါးနှင့် KNLA-PC တို့၏လမ်းခွဲပျက်စဲခြင်းနောက်ကွယ်မှ ဇာတ်လမ်းတစ်ပုဒ်
လွန်ခဲ့သည့်ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်-ငြိမ်းချမ်းရေးကောင်စီ ( KNU/ KNLA-PC ၏ဗဟိုဦးစီးကော်မတီ မှ ဒေါက်တာတင်မိုသီနှုတ်ထွက်ခဲ့ပေသည်။ ဒေါက်တာတင်မိုသီဆိုသူမှာသြစတေးလျ နိုင်ငံသူတစ်ဦးနှင့်အကြောင်းပါ ခဲ့သူဖြစ်ပြီး ထိုနိုင်ငံတွင်နေ ထိုင်ကာ ဗိုလ်ချုပ်ကြီးမြတို့လက်ထက်ကတည်း ကပင် KNU၏ငြိမ်းချမ်းရေး သံတမန်ကဲ့သို့ တာဝန်ထမ်းဆောင်ခဲ့ဘူးသူတစ်ဦးဖြ စ်ပေသည်။
ဗိုလ်ချုပ်စောဌေးမောင် အလင်းဝင်စဉ် ကာလတွင် KNLA-PC နောက်သို့လိုက်ပါလာခဲ့သူဖြစ်ပြီး KNLA-PC ခေါင်းဆောင်ပိုင်းတွင်သူ့ခြေသူ့ လက်ဖြင့်ထင်တိုင်းကြဲနေသူလည်း ဖြစ်ပေသည်။ KNLA-PC တပ်ဖွဲ့၏ ဗဟိုဦးစီးကော်မတီ တွင်တာဝန် ထမ်းဆောင် ခဲ့သော သူတစ်ဦးလည်းဖြစ်သလို တပ်ဖွဲ့အတွင်းတွင်လည်း လက်ရှိခေါင်းဆောင် စောဌေးမောင် မရှိတော့ပါက ခေါင်းဆောင်ပိုင်း ရာထူးကို မျက်စပစ်နေ သူတစ်ဦးဖြစ်ပြီး တပည့်တပန်းများ မွေးမြူကာ တစ်စင်ထောင်နေသူလဲဖြစ် ပေ သည်။ သူ၏တပည့်တပန်းများတွင် အားအကိုးရဆုံးနှင့် သူကြိုးဆွဲရာကသည့် အမာခံတပည့်တစ်ဦး ရှိပေသည်။ ထိုသူကတော့ အားလုံးသိရှိကြသည့် ဗိုလ်မှူးကြီးစောတိုက်ဂါး ပင် ဖြစ်ပေတော့သည်။
ဗိုလ်ချုပ်စောဌေးမောင် အလင်းဝင်စဉ် ကာလတွင် KNLA-PC နောက်သို့လိုက်ပါလာခဲ့သူဖြစ်ပြီ
ပန်းလှိုင်မြစ် ပြန်တူးဖော်ရန် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူထားပြီး နိုဝင်ဘာတွင် စတင်တူးဖော်မည်
ပန်းလှိုင်မြစ် ပြန်လည်တူးဖော်ရန် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူထားပြီး လာမည့်နိုဝင်ဘာလတွင် စတင်တူးဖော်သွားမည်ဟု ဆည်မြောင်းဦးစီးဌာန၊ လှည်းကူးမြို့နယ် ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။၂၀၁၄- ၁၅ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ် သီးသန့်ရန်ပုံငွေဖြင့် ပန်းလှိုင်မြစ် ပြန်လည်ပြုပြင်တူး ဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် မြေကြီး လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါများ ပေးသွင်းရန် စက်တင်ဘာ ၂၉ ရက်တွင် စတင်ခေါ်ယူထားသည်။“မြစ်ကြောင်းအတိုင်း မြေကြီးတူးဖော် မယ့်ကုမ်္ပဏီကို ရွေးချယ်ပြီးသွားတာနဲ့ လုပ်ငန်းစတင်သွားမယ်။ ၂၀၁၅ ခုနှစ် မတ်လအတွင်း မြစ်ကြောင်းတူးဖော်ရေးလုပ်ငန်း ပြီးစီးအောင် လုပ်သွားမယ်။ မြစ်တွင်းမြစ် ကြောင်းအပြင် မြစ်ဘေးလမ်းကိုပါ မြေဖို့ပြီး သွားလာလို့ရအောင် ဖောက်လုပ်သွားမယ်” ဟု အထက်ပါ တာဝန်ရှိသူ က ပြောသည်။
အလျင်စလို ကောက်ချက်မချကြဖို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောဆို
မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်က ဘာသာလူမျိုးပဋိပက္ခတွေ အဆုံးသတ်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကတိပြုပြောဆိုလိုက်ပြီး၊ ကမ္ဘာ့နိုင်ငံတွေအနေနဲ့လည်း မြန်မာပြည် အခြေအနေတွေ အပေါ် အဆောတလျင် ကောက်ချက်မချကြဖို့၊ အပြစ်တင်မစောကြဖို့ မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ပြဿနာအပေါ် အလျင်စလိုကောက်ချက်မချခင်၊ နိုင်ငံရဲ့ သမိုင်းကြောင်း၊ လူမျိုးစုံလင်ထွေပြားမှု၊ အဲ့ဒါတွေအပေါ် အခြေခံတဲ့ ရှုတ်ထွေးမှုတွေကို အသေအချာ နားလည်သဘောပေါက်ရမှာဖြစ်ပါတယ်၊ မိမိတို့အနေနဲ့ ပြဿနာရဲ့အရင်းခံ အကြောင်းတရားကို ဖြေရှင်းတဲ့နေရာမှာ ရခိုင်ပြည်နယ်တွင်းက ပြည်သူအားလုံးရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သဟဇာတဖြစ်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးတွေကို ဦးတည်ဆောင်ရွက်နေတာပါ။ ရခိုင်ပြည်နယ် ငြိမ်းချမ်းဖို့အတွက် အစိုးရဟာ လုပ်ငန်းအစီအစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်နေတာဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ပြဿနာအပေါ် အလျင်စလိုကောက်ချက်မချခင်၊ နိုင်ငံရဲ့ သမိုင်းကြောင်း၊ လူမျိုးစုံလင်ထွေပြားမှု၊ အဲ့ဒါတွေအပေါ် အခြေခံတဲ့ ရှုတ်ထွေးမှုတွေကို အသေအချာ နားလည်သဘောပေါက်ရမှာဖြစ်ပါတယ်၊ မိမိတို့အနေနဲ့ ပြဿနာရဲ့အရင်းခံ အကြောင်းတရားကို ဖြေရှင်းတဲ့နေရာမှာ ရခိုင်ပြည်နယ်တွင်းက ပြည်သူအားလုံးရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သဟဇာတဖြစ်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးတွေကို ဦးတည်ဆောင်ရွက်နေတာပါ။ ရခိုင်ပြည်နယ် ငြိမ်းချမ်းဖို့အတွက် အစိုးရဟာ လုပ်ငန်းအစီအစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်နေတာဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပြီးနောက် ဒုတိယလူ
နှမလက်လျှော့ပြီး ဒုတိယလူ ရှာမည်လော။ ဆက်လက်တိုက်ပွဲ ဝင်မည်လော။
စစ်အစိုးရလက်ထက် ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရသည့် အချက်များ ပါနေပြီး ယင်းကိုပြင်ဆင်ရန် တိုက်ပွဲက မရေမရာ ဖြစ်နေချိန် မေးခွန်းများ ထွက်လာသည်။ ၂၀၁၅ ရွေးကောက်ပွဲအထိ ထိုသို့ ဆက်လက် ပိတ်ပင်ခံထားရပါက သမ္မတ နေရာအတွက် မြန်မာနိုင်ငံတွင် လူထုထောက်ခံမှု အများဆုံး ရထားသည်ဟု ဆိုနိုင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနှင့် မည်သူ့ကို သမ္မတ အမည်စာရင်း တင်သွင်းမည်နည်း။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတကို အမျိုးသားလွှတ်တော်က အစုအဖွဲ့၊ ပြည်သူ့လွှတ်တော်က အစုအဖွဲ့နှင့် ယင်းလွှတ်တော် နှစ်ရပ်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့ ပေါင်းကာ ဖွဲ့စည်းထားသော သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ဖြင့် ရွေးချယ်သည်။
စစ်အစိုးရလက်ထက် ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရသည့် အချက်များ ပါနေပြီး ယင်းကိုပြင်ဆင်ရန် တိုက်ပွဲက မရေမရာ ဖြစ်နေချိန် မေးခွန်းများ ထွက်လာသည်။ ၂၀၁၅ ရွေးကောက်ပွဲအထိ ထိုသို့ ဆက်လက် ပိတ်ပင်ခံထားရပါက သမ္မတ နေရာအတွက် မြန်မာနိုင်ငံတွင် လူထုထောက်ခံမှု အများဆုံး ရထားသည်ဟု ဆိုနိုင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနှင့် မည်သူ့ကို သမ္မတ အမည်စာရင်း တင်သွင်းမည်နည်း။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတကို အမျိုးသားလွှတ်တော်က အစုအဖွဲ့၊ ပြည်သူ့လွှတ်တော်က အစုအဖွဲ့နှင့် ယင်းလွှတ်တော် နှစ်ရပ်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့ ပေါင်းကာ ဖွဲ့စည်းထားသော သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ဖြင့် ရွေးချယ်သည်။
ညီအစ်ကိုချင်းစကားများရန်ဖြစ်ရာမှကျောက်ပျဉ်ဖြင့်ထု၍အစ်ကိုသေဆုံး
မကွေးတိုင်းဒေသကြီးသရက်ခရိုင်အောင်လံမြို့စက်ရုံရပ်ကွက်ပြည်တော်အေး(၃)လမ်းတွင်စက်တင်ဘာ၁၈ရက်ည ၉ နာရီခန့်က တရားလို မအိအိဝင်းနှင့် အစ်ကိုဖြစ်သူ အောင်အောင်လွင်တို့ နေအိမ်၌ရှိနေစဉ်ညီအစ်ကိုအရင်းဖြစ်သူ ကျော်ကျော်လွင်ကအရက်မူး၍ ရောက်ရှိလာပြီး ညီအစ်ကိုချင်းတစ်ယောက်တစ်ခွန်း စကားများရာကျော်ကျော်လွင်၏ဇနီးပန်းအိဖြူ တုတ်ကိုင်၍ ရောက်ရှိလာပြီးညစ်ညမ်းစွာဆဲဆိုကာမအိအိဝင်း က၀င်ရောက်ဖျန်ဖြေစဉ် ကျော်ကျော်လွင်က အနီးရှိကျောက်ပျဉ်ဖြင့် အောင်အောင်လွင်အားထုရာဦးခေါင်းဝဲဘက်ချိုစောင်း ပေါက်ပြဲ ဒဏ်ရာတစ်ချက်၊၀ဲဘက်နား သွေးထွက်ဒဏ်ရာ၊ရင်ဘတ်ပေါက်ပြဲဒဏ်ရာနှင့်မအိအိဝင်းတွင် နဖူးပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိ၍ မအိအိဝင်းက တရားလိုပြုလုပ်၍ အောင်လံမြို့မရဲစခန်းတွင်အမှုဖွင့်တိုင်တန်းရာဒုရဲအုပ်စိုးမင်းထွန်းက(ပ)၁၀၂/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ၃၂၅/၂၉၄/၁၁၄ အရ အမှုဖွင့်အရေးယူထားသည်။
တောင်ကြီးခရိုင်အတွင်း အုပ်စု ဒု-အုပ်ချုပ်ရေးမှူးအား ရဲတပ်ဖွဲ့ ပစ်သတ်မှု မိသားစုများမကျေနပ်
သျှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာမှ NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ
ဦးစိုင်းစံထွန်း သတ်ဖြတ်ခံရမှုတွင် မိုင်းပျဉ်းကျေးရွာ အုပ်စု ရပ်ကျေး
ဒု-ဥက္ကဌ ဦးဆွေအား လူသတ်မှု တရားခံဟု ရဲများ သံသယရှိကာ လိုက်လံဖမ်းဆီး
ပစ်သတ်ခဲ့သည့်အပေါ် မိသားစုဝင်များက ကျေနပ်မှုမရှိကြောင်း မိသားစုဝင်
တဦးကပြော ပါသည်။
မိုင်းပျဉ်းအုပ်စု
ရပ်ကျေးဒုဥက္ကဌ ဦးဆွေအား လူသတ်မှုတရားခံဟု
သံသယရှိကာတောင်ကြီးမြို့နယ်ရဲများက စက်တင်ဘာ ၁၂ ရက်နေ့က လိုက်လံဖမ်းဆီးရာ
ထွက်ပြေးသဖြင့် ရဲများပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။
လွန်ခဲ့သည့် ၃ လ က အသတ်ခံရသည့် မိုင်းပျဉ်းကျေးရွာမှ NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်းနှင့် မိုင်းပျဉ်း ကျေးရွာ အုပ်စု ရပ်ကျေး ဒု-ဥက္ကဌ ဦးဆွေ တို့သည် ညီအစ်ကိုဝမ်းကွဲတော်စပ်ကြောင်း၊ ဦးဆွေသည် မိုင်းပျဉ်းကျေးရွာ အုပ်စု ရပ်ရွာအတွင်းရေးမှုးအဖြစ် (၂၆) နှစ်တာလုပ်ကိုင်လျက်ရှိပြီး ဟိုပုံးမြို့နယ်တွင် မြေနေရာချထားရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဦးဆွေ၏ သား တော်စပ်သူ က ရှင်းပြသည်။
လွန်ခဲ့သည့် ၃ လ က အသတ်ခံရသည့် မိုင်းပျဉ်းကျေးရွာမှ NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်းနှင့် မိုင်းပျဉ်း ကျေးရွာ အုပ်စု ရပ်ကျေး ဒု-ဥက္ကဌ ဦးဆွေ တို့သည် ညီအစ်ကိုဝမ်းကွဲတော်စပ်ကြောင်း၊ ဦးဆွေသည် မိုင်းပျဉ်းကျေးရွာ အုပ်စု ရပ်ရွာအတွင်းရေးမှုးအဖြစ် (၂၆) နှစ်တာလုပ်ကိုင်လျက်ရှိပြီး ဟိုပုံးမြို့နယ်တွင် မြေနေရာချထားရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဦးဆွေ၏ သား တော်စပ်သူ က ရှင်းပြသည်။
နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီနိုင်ငံရေး လုပ်လို့မရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
နိုင်ငံရေးပါတီမရှိဘဲဒီမိုကရေစီ နိုင်ငံရေးလုပ်လို့မရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။စက်တင်ဘာ ၂၉ ရက်နေ့က ပြည်သူ့လွှတ်တော်ကို ရန်ကုန် နိုင်ငံရေး ခေါင်းဆောင်မှုသင်တန်း အပတ်စဉ် ၈ က သင်တန်းသူ သင်တန်းသားတွေ လာရောက်လေ့လာတုန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။
RCSS/SSA နှင့် PNO ပြည်သူ့စစ်တို့ကြားက ပဋိပက္ခ တင်းမာနေ၍ ဒေသခံတို့ စိုးရိမ်ထိတ်လန့်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်လွင်ခရိုင်၊ မိုင်းပွန်တိုက်နယ်အတွင်းတွင် စက်တင်ဘာလလယ်မှစတင်ကာ ဖြစ်ပွားခဲ့သော RCSS/SSA နှင့် PNO ပြည်သူ့စစ်တို့၏ ပဋိပက္ခမှာ တင်းမာနေဆဲဖြစ်၍ ဒေသခံအချို့ စိုးရိမ်ထိတ်လန့်နေကြကြောင်း ယင်း ဒေသခံများထံမှ သိရသည်။ အဆိုပါတိုက်နယ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ လုံအောင်ကျေးရွာနှင့် စံပူးကျေးရွာကြားတွင် နယ်မြေရှင်းလင်းဆောင်ရွက် နေသော PNO ပြည်သူ့စစ်အဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက်နေ့၌ RCSS/ SSA ထောင်ထားသောမိုင်းတစ်လုံး နင်းမိ ပေါက်ကွဲခဲ့ရာ ပြည်သူ့စစ် (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။“ဒဏ်ရာရတဲ့ ၃ ယောက်လုံး တောင်ကြီးဆေးရုံပို့လိုက်ရတယ်၊ အခုထိဆေးရုံကမဆင်းရသေးဘူး၊ ဒါဟာငါတို့အဖွဲ့ကို သက်သက်မဲ့ရန်စတာ၊ အဲဒီကိစ္စအတွက် လုံးဝမကျေနပ်ဘူး” ဟု PNO ပြည်သူ့ စစ်ခေါင်းဆောင် တစ်ဦးကဆိုသည်။
မြေးဖြစ်သူကို ဘီလူးဝင်စီးသည်ဟု ထင်မှတ်မှားကာ ရေနစ်သတ်
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၈၆) ရပ်ကွက်တွင် လွန်ခဲ့သော လေးရက်က ရေနစ်သေဆုံးခဲ့သော ၂ နှစ်အရွယ် ကလေးငယ်၏ အမှုကို စစ်ဆေးရာမှ သေဆုံးသူ၏ အဘိုးဖြစ်သူက မြေးဖြစ်သူကို ဘီလူးဝင်စီးသည်ဟု ထင်မှတ် ရာမှ ရေနစ်သတ်မှု ပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
ကုလ အထွေထွေ ညီလာခံမှာ ဦးဝဏ္ဏမောင်လွင် ဘာပြောလဲ
မြန်မာနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမေရိကန် ပြည်ထောင်စု ကမ္ဘာကုလသမဂ္ဂ အထွေထွေ ညီလာ ခံ မှာ ပြော လိုက်တဲ့ စကားကြောင့် မြန်မာ့နိုင်ငံရေးလောကနဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်သူ တွေ ကြားမှာ ဝေဖန်သံတွေ ဆူညံနေပါပြီ။
စက္ကန့်ပိုင်း အတွင်း လူကြီးအဖြစ် ပြောင်းသွားသည့် ဖြစ်ရပ်ဆန်းကို လိုင်ဘေးရီးယား သတင်းစာ ဖော်ပြ
သဘာဝလွန် ထူးထွေ ဆန်းကြယ်လွန်းသည့် အဖြစ်သနစ်တစ်ရပ် အာဖရိကတွင် အမှန် တကယ်
ဖြစ်ပျက် ခဲ့ရာ ဒေသတွင်း သတင်းစာများ၏ မျက်နှာဖုံး များတွင်
စာလုံး မည်းကြီးဖြင့် ဖော်ပြခြင်း ခံခဲ့ရသည်။ လသား အရွယ် ကလေးငယ် တစ်ဦး
စက္ကန့်ပိုင်း အတွင်း လူကြီးအရွယ် ဖြစ်သွားခြင်း အကြောင်း လိုင်ဘေးရီးယား
နိုင်ငံထုတ် အင်္ဂလိပ် သတင်းစာ တစ်စောင် ဖြစ်သည့် Daily Observer က
အထူးသတင်း
တစ်ရပ် အဖြစ် ဖော်ပြ ခဲ့သည်။
ယင်းသတင်းကို ဖော်ပြခဲ့သည်ဟု မယ်ရာ
သတင်းစာမှ ဖော်ပြခဲ့သည့် လိုင်ဘေးရီးယားထုတ် Daily Observor သတင်းစာ
မျက်နှာဖုံး။ ဓာတ်ပုံ - Mirror
ယင်း သတင်းစာတွင် မိခင်ဖြစ်သူ၏ မျက်စိအောက်တွင်ပင် လူကြီး
တစ်ယောက်အဖြစ်သို့ စက္ကန့် ပိုင်း
ဥရုဂွေး သမ္မတ ဆေးရုံမှာ သာမန်လူနာလို တန်းစီစောင့်
ဥရုဂွေး သမ္မတ José Mujica ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ၊ ကမ္ဘာ့အရက်ရောဆုံး သမ္မတ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ဖူး ပါတယ်။
သူဟာ ထင်ထားတာထက် ပိုမြင့်မြတ်သူပါ။ ဒီရက်ပိုင်းမှ သူဟာ ဆေး ရုံမှာ
သူ့အလှည့်ကျဖို့အတွက် သာမန်လူလို စောင့်ဆိုင်း တတ်သူဆိုတာကိုလည်း သိလိုက်ရ
ပါတယ်။
Monday, 29 September 2014
ထိုင်းနိုင်ငံထုတ် ဆေးနှစ်မျိုး နှင့် အိန္ဒိယနိုင်ငံထုတ် ဆေးနှစ်မျိုး အပါအ၀င် ဆေးငါးမျိုးကို ကျန်းမာရေး ၀န်ကြီးဌာနမှ မသုံးစွဲသင့်ကြောင်း ကြေညာ
မြန်မာနိုင်ငံ အိမ်သုံးဆေးဝါး ဈေးကွက်အတွင်း မှတ်ပုံတင် ထားခြင်း မရှိဘဲ
ရောက်ရှိ နေသည့် ထိုင်းနိုင်ငံထုတ် ဆေးနှစ်မျိုး၊ အိန္ဒိယနိုင်ငံထုတ်
ဆေးနှစ်မျိုးနှင့် ထုတ်လုပ်သည့် နိုင်ငံ ဖော်ပြထားခြင်း
DKBA နဲ့ အစိုးရတပ် ပစ်ခတ်မှုကြောင့် ထိုင်းနယ်စပ် တပ်လှန့်ထား
ထိုင်း မြန်မာနယ်စပ်မှာ ဒီမိုကရေစီ အကျိုးပြု တပ်မတော် DKBA တပ်ဖွဲ့တွေနဲ့
အစိုးရ တပ်ဖွဲ့တွေကြား တိုက်ခိုက် မှုတွေ ဆက်တိုက်ဖြစ်ပွား နေတာကြောင့်၊
မြန်မာနဲ့ နယ်စပ်တပ်ခရိုင်က ထိုင်းစစ်တပ်ကို ထိုင်းအစိုးရက
တပ်လှန့်ထားကြောင်း ဘန်ကောက်ပို့စ်သတင်း က ဖေါ်ပြပါတ။
နှစ်ဘက်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ ထိုင်းနယ်စပ် ကနေ နှစ်မိုင် သုံးမိုင်ဝန်းကျင်အကွာမှာ ဖြစ်ပွားခဲ့တာကြောင့် ပစ်ခတ်သံတွေကို အတိုင်းသားကြားနေရ တယ်လို့
နှစ်ဘက်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ ထိုင်းနယ်စပ် ကနေ နှစ်မိုင် သုံးမိုင်ဝန်းကျင်အကွာမှာ ဖြစ်ပွားခဲ့တာကြောင့် ပစ်ခတ်သံတွေကို အတိုင်းသားကြားနေရ တယ်လို့
ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်ဖမ်းဆီးမှု တစ်ပတ်အတွင်း ၇၅ စီးရှိ
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ၃၁ မြို့နယ်အတွင်း ဆိုင်ကယ်မစီးရ သတ်မှတ်ထားသော်လည်း စက်တင်ဘာ ၁၉ ရက်မှ၂၅ရက်အတွင်းဆိုင်ကယ် ၇၅ စီး ဖမ်းဆီးမိထားသည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးမျိုးအောင်မြင့်က ပြောသည်။
မြန်မာနိုင်ငံသစ်ရှိ ပိုမိုလွတ်လပ်သော သတင်းစာလောကသို့
ယခင်လက ရန်ကုန်မြို့တွင် ကျင်းပခဲ့သော မီဒီယာကွန်ဖရင့်တွင် အဓိက ဆွေးနွေးငြင်းခုံစရာအကြောင်းများ ဖြစ်ခဲ့သည်။ ကုလအေဂျင်စီတစ်ခုဖြစ်သော UNESCO၊ International Media Support နှင့် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပခဲ့သော မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်မှု တတိယအကြိမ်မြောက် ကွန်ဖရင့် "ရေရှည်တည်တံ့ခိုင်မြဲသည့် မီဒီယာဝန်းကျင် အခြေအနေ တစ်ရပ်ဆီသို့" ဟူသည့် အမည်ဖြင့် ကျင်းပခဲ့သော ထိုကွန်ဖရင့်တွင် ထိုအပြောင်းအလဲများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ထိုကွန်ဖရင့်သည် တက်ရောက်သူများအား ဘက်ပေါင်းစုံမှ အကျိုးရှိစေခဲ့သည်။ သတင်းလောက ကြီးကြပ်ရေးမူဘောင်အတွင်း အပြုသဘောဆောင်သည့် အပြောင်းအလဲများ၊ ဥပဒေပြုခြင်း၊ လိုင်စင်ထုတ်ပေးခြင်း၊ သတင်းအယ်ဒီတာ၊ လက်ထောက်အယ်ဒီတာ၊ သတင်းထောက် ၄,၀၀၀ ကျော်မှီခိုနေရသည့် သတင်း လောကအဖို့ ပိုမိုလွတ်လပ် သည့် ပုံနှိပ်မီဒီယာ တစ်ရပ်အတွက် အရေးပါသည့် ဝန်းကျင်အခြေအနေတစ်ရပ် ပေါ်ပေါက်ရေးတို့ကို ဤကွန်ဖရင့်၌ ဆွေးနွေးခဲ့ကြသည်။
မြန်မာ့စီးပွားရေးတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
မြန်မာ့စီးပွားရေးတွင် အမျိုးသမီးများပါဝင်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကို နယူးယောက်မြို့ mufNrdKUOrrick,Herrington & Sutcliffe ၌ စက်တင်ဘာ၂၅ ရက် နံနက်ပိုင်းတွင် ကျင်းပရာ အဆိုပါ ဆွေးနွေးပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ခေါင်းဆောင်၍ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးဇေယျာအောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက် အောင်၊ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးနှင့် ပြည်ပရောက် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ကာချုပ်၏ ဂျပန်ခရီးစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ရဲဘော်သုံးကျိပ် စစ်ပညာသင်ခဲ့ရာ နေရာသို့ သွားရောက်ကြည့်ရှု
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ဗိုလ်ချုပ် အောင်ဆန်းအပါအ၀င် ရဲဘော်သုံးကျိပ်တို့ကို ဂျပန်နိုင်ငံတွင် စစ်ပညာသင်ကြားပေးရန် ကူညီခဲ့သူ ဂျပန်ဗိုလ်မှူးကြီးဆူဇူကီး၏ ဟာမာမတ်ဆုမြို့ရှိ နေအိမ်သို့သွား ရောက်၍ ဗိုလ်မှူးကြီး၏မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
Sunday, 28 September 2014
မွေးစားအစ်ကိုက အမြွှာညီနှစ်ဦးကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
အိုင် ယာလန်နိုင်ငံ ကော့စ်ပြည်နယ် မြောက်ဘက်ပိုင်းရှိ ချာလ်လီဗီလီမြို့ မှာ အစ်ကိုဖြစ်သူက ညီငယ် အမြွှာ ပူးနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ ကြေကွဲဆို့နင့်ဖွယ်ရာ ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ်ပွားခဲ့ပါတယ်။ ယင်းဖြစ်ရပ်ကတော့ အိုင်ယာလန်နိုင်ငံ ချာလ်လီဗီလီမြို့မှာ လွန်ခဲ့တဲ့သုံးပတ်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အစိုးရလျှို့ဝှက်အက်ဥပဒေအား ပြန်လေ့လာပြီး လွှတ်တော်ပြန်တင်ရန် သူရဦးရွှေမန်း ညွှန်ကြား
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ဥပဒေအား ပြန်လည်လေ့လာ၍ နည်း ဥပဒေရှိမရှိ အမိန့်ကြော်ငြာ ညွှန်ကြား ချက်များ ရှိမရှိ လေ့လာသုံးသပ်ပြီး ဥပဒေရေးရာနှင့် တရားရေးရာကော်မတီမှ လွှက်တော်သို့ ပြန် လည် တင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက စက်တင်ဘာ၂၅ရက်တွင်ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဓမ္မစေတီခေါင်းလောင်း ရှာဖွေခွင့်ရရန် ဦးဝင်းမြင့်က သမ္မတထံ ခွင့်ပြုမိန့်တင်မည်
ဓမ္မစေတီခေါင်း လောင်း ဒုတိယအကြိမ် ထပ်မံရှာဖွေခွင့်ရရှိရန် နိုင်ငံတော်သမ္မတထံ နှစ်လအတွင်း ခွင့်ပြုမိန့် တင်သွားမည်ဟု ဦးဝင်းမြင့်က စက်တင်ဘာ ၂၅ ရက်က ပဲခူးမြို့ ရွှေအုန်းပင်ထမင်းဆိုင်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ကွန်ဒုံးအသုံးပြုကာ ချက်ပြုတ်နည်း ဂျပန်ဟင်းချက်လမ်းညွှန်စာအုပ်ထွက်ရှိ
ကွန်ဒုံးအသုံးပြုကာ ချက်ပြုတ်နည်း လမ်းညွှန် စာအုပ်တစ်အုပ် ထွက်ရှိခဲ့ပြီလို့ UPI သတင်းဌာနမှာ ဖော်ပြ ပေးထားပါတယ်။
စုစုနွေး လုပ်ကြံခဲ့သော သာယာကုန်းမှ အမှန်တရား
တစ်နေ့ကအင်တာနက်လူမှုကွန်ယက်ပေါ်တွင် သတင်းတစ်ပုဒ် ဖတ်လိုက်ရလေသည်။ သတင်းထဲတွင် ဓါတ်ပုံလေးတစ်ပုံလည်းပါရှိလေသည်။ ဓါတ်ပုံထဲတွင် ကျောင်းဝတ်စုံ ၀တ်ဆင်ထားသည့် ခလေးငယ် လေးငါးယောက် သည် အုတ်တံတိုင်းတစ်ခုကို ၀ါးလှေကားလေးဖြင့်ကျော်တက်နေသည့် ဓါတ်ပုံဖြစ်သည်။ သတင်းခေါင်းစဉ်ကတော့ အမှတ်(၁) ခဲယမ်းမီးကျောက်တပ်၏ မြေသိမ်းယူမှုနှင့်အုတ်တံတိုင်းခတ်မှုကြောင့် ရွာခံကလေးငယ်များ ကျောင်းသွား ရာတွင်အခက်အခဲများဖြစ်ပေါ်လျှက်ရှိသည် ဟူသည့်သတင်းပင်ဖြစ်ပေ တော့ သည်။ ကျွန်ပ်အနေဖြင့်ပထမတော့ အံ့သြသွားခဲ့ရပေသည်။ သို့သော် ထိုသတင်း ၏ ဇစ်မြစ်အစသည် မစုစုနွေး၏ ဖေ့ဘုတ်စာမျက်နှာမှ စတင်လာသည်ကို တွေ့ရှိခဲ့ ရပြီးနောက်တွင်တော့ အံသြခြင်းမဖြစ်ပေါ် တော့ပေ၊ အဘယ်ကြောင့်ဆိုသော် မစုစုနွေး ကျွန်ပ်တို့ရွာသို့လာရောက်ကတည်းက ဒီလိုသတင်းမျိုးကို ကျွန်ပ်တွေ့ရ မည်ကို ကြိုတင်တွက်ဆပြီးဖြစ်ပေသည်။ ထို့ကြောင့်သာယာကုန်းရွာတွင် လက်ရှိနေထိုင်နေ သော ကျွန်ပ်အနေဖြင့်ဤအကြောင်းရာနှင့်ပက်သက်သည့် အကြောင်းစုံကိုအနည်းငယ်ဖော်ပြလိုပါသည်။
မြေမြှုပ်သဂြုင်္ိဟ်ပြီးနောက် အခေါင်းတွင်းမှ အော်သံထွက်ပေါ်လာသည့် ကိစ္စကို ဂရိနိုင်ငံမှ တာဝန်ရှိသူများ စုံစမ်းနေ
ဂရိနိုင်ငံမြောက်ပိုင်း တက်ဆာလိုနီကီမြို့တွင် ကင်ဆာရောဂါဖြင့် သေဆုံးသွားကြောင်း ဆရာဝန်များက အတည်ပြုပြီးဖြစ်သည့် အမျိုးသမီး အား မြေမြှုပ် သင်္ဂြိုလ်ခဲ့ရာ အခေါင်းအတွင်းမှ အော်သံ ထွက်ပေါ်လာသဖြင့် အခေါင်းအား ပြန်လည်တူးဖော်ခဲ့သော်လည်း အသက်ရှူကြပ်ကာ သေဆုံးသွားကြောင်း ပြောဆိုမှု များနှင့်ပတ် သက်၍ တာဝန်ရှိသူများက အလောင်းအား ပြန်လည်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အိုင်အိုဒင်း ချိုတဲ့ခြင်းကြောင့် ကလေးများတွင် ဦးနှောက်နှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့နိုင်
အိုင်အိုဒင်းဓာတ် ချို့တဲ့ပါက ကလေးငယ်များတွင် ဉာဏ်ရည်ဉာဏ်သွေး ချို့တဲ့ခြင်း၊ ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းများဖြစ်ပွားနိုင်ကြောင်း Unicef မှ ဒေါက်တာ အေးအေးသော်က ပြောကြားခဲ့သည်။
အသားအရေ လှပကာ အရွယ်တင် နုပျိုပြီး ကျန်းမာသောသူ တစ်ဦး ဖြစ်ချင်ပါသလား
ဒီဆောင်းပါးလေးကို မမျှော်လင့်ဘဲ ဆေးရုံရဲ့ နံရံမှာ ကပ်ထားတာလေးတွေ့ပြီး စာရွက်ဖြင့် ကူးယူကာ မြ၀တီ web Portal ပရိတ်သတ်များ အသားအရေ လှပပြီး အရွယ်တင် နုပျိုသူ တစ်ဦးဖြစ်စေရန် ယခုကျန်းမာရေး ဆောင်းပါးလေးကို ဖော်ပြအပ်ပါတယ်။ ဒီ ဆောင်ရန်၊ ရှောင်ရန် ရေးထားတဲ့ မူရင်း ဆောင်းပါးရှင်ကိုလည်း ကျန်းမာရေးကောင်းသော ပြည်သူပြည်သားများ ဖြစ်စေရန် ရည်ညွှန်းပြီး ရေးသားထားတဲ့ အတွက် အထူး ကျေးဇူးတင်ပါတယ်။ တစ်မျိုးသားလုံးရဲ့ ကျန်းမာရေး နဲ့လည်း ပတ်သက်နေပါတယ်။ ကျန်းမာမှ အလုပ် လုပ်နိုင်မယ်။ အလုပ်လုပ်နိုင်မှ မိမိရဲ့ ဘ၀၊ မိသားစုရဲ့ စီးပွားရေးကို ကြိုးစား လုပ်ဆောင်နိုင်တဲ့ သူ ဖြစ်လာ မှာ ဖြစ်ပါတယ်။
ယူကရိန်းအစိုးရစစ်တပ် ဒွန်းညက်မြို့လေဆိပ်တွင် ပိတ်မိ
ယူကရိန်းနိုင်ငံ ဒွန်းညက်မြို့ လေဆိပ်မှာ ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ပုံ၊ အစိုးရစစ်တပ် စက်သေနတ်တွေနဲ့ ပစ်ခတ်ခံရပြီး ပိတ်မိနေတဲ့ပုံကို ယူကရိန်း ရုပ်မြင်သံကြား 1+1 လိုင်းက ပြသပါတယ်။
ကလေးများကို ပုံပြင် ပြောပြပါ
ကျွန်တော်တို့သည် အဘိုး၊ အဘွားများ၊ မိဘများနှင့် မိသားစုထဲရှိ အခြားအသက်အရွယ်ကြီးသူများ ပြောပြသောပုံပြင်များကို နားထောင်ရင်း ကြီးပြင်းလာခဲ့ကြသည်။
မန္တလေးမြို့ သာသနာ့နယ်မြေများအနီး အရက်ဘီယာ ရောင်းချခြင်း တားမြစ်
မန္တလေးမြို့ရှိ ဘုရား၊ ပုထိုး၊စေတီများနှင့် သာသနာ့နယ် မြေများအနီးတစ်ဝိုက်တွင် အရက်ဘီယာများ ရောင်းချခြင်း မပြုရန် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက သတိ ပေးတားမြစ်ထား
ကြောင်း သ တင်းရရှိသည်။
နိုင်ငံခြားသားများ နေထိုင်ရန် ဗဟန်းနှင့် ကမာရွတ်ကို ရွေးချယ်လာကြဟုဆို
ရန်ကုန်မြို့၌ နေထိုင်ရန် နိုင်ငံခြားသား အများစုသည်ဗဟန်း၊ ကမာရွတ် စသည့်မြို့ နယ်များကို အများဆုံး ရွေးချယ် လာကြကြောင်း House.com အွန်လိုင်း ကုမ္ပဏီ၏ စစ်တမ်းများမှ သိရသည်။
ဘရာဇီးဒိုင်လူကြီးများ သပိတ်မှောက်မည်ဟု ခြိမ်းခြောက်
ဆော်ပေါ်လို− နည်းပြများ၊ ကစားသမားများနှင့် ကလပ်ဒါရိုက်တာများထံမှ ဝေဖန်ပြောဆိုမှုများ ပိုများ လာသောကြောင့် ဘရာဇီးနိုင်ငံတွင် ဘောလုံးဒိုင်လူကြီးများက သပိတ်မှောက်မည်ဟု ခြိမ်းခြောက်လျက် ရှိသည်။
မြန်မာလိဂ်ချန်ပီယံ ရတနာပုံအသင်း ဂုဏ်ပြုပွဲ မန္တလေးမြို့တွင် ကျင်းပမည်
၂၀၁၄ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ချန်ပီယံရတနာပုံ အသင်း ဂုဏ်ပြုပွဲ အခမ်း အနားကို စက်တင်ဘာ ၂၉ ရက်တွင် မန္တလေးမြို့ အောင်မြေမန္တလာ အားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကားပါကင်ကိစ္စစကားများရာမှ ပါတီဝင်တစ်ဦးနှင့် ဘောလုံးသမားများကြား အပြန်အလှန် တရားစွဲရန် စီစဉ်
ကားရပ်နားသည့်ကိစ္စနှင့် ပတ်သက်၍ စကားများရာမှ ပါတီတစ်ခု၏ မြို့နယ်စည်းရုံးရေးမှူး နှင့် မြန်မာ နေရှင် နယ်လိဂ် ပြိုင်ပွဲဝင် ရတနာပုံအသင်းသားများ အပြန်အလှန် တရားစွဲဆိုရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
တစ်နိုင်ငံ စနစ်နှစ်ခု ဖြင့် ကိုရီးယားပြန်လည်ပေါင်းစည်းရေးကို မြောက်ကို ရီးယားက ကုလအထွေထွေညီလာခံတွင် အဆိုပြု
တောင်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေးသည် မိမိတို့၏ အဓိကရည်မှန်း ချက်ဖြစ်ပြီး တစ်နိုင်ငံ စနစ် နှစ်ခု ပုံစံကိုကျင့်သုံးရန် မြောက်ကိုရီးယားနို င်ငံခြားရေးဝန်ကြီး ရီဆုယောင်းက ကုလသမဂ္ဂအထွေ ထွေညီလာ ခံတွင် စက်တင်ဘာ ၂၇ ရက်က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။
စီအင်န်ဂျီဈေးတိုးမြှင့်ရန် မရှိသေးဟုဆို
မော်တော်ယာဉ်များတွင် အသုံးပြုလျက်ရှိသော သဘာဝ ဓာတ်ငွေ့ (CNG) ဈေးနှုန်းကို အောက်တိုဘာတွင် နှစ်ဆတိုးမြှင့် သွားရန် မရှိကြောင်း စွမ်းအင်ဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ် ဦးထံမှ သတင်းရရှိသည်။
စတော့အိတ်ချိန်း ဈေးကွက် အများပိုင် ကုမ္ပဏီသုံးခုဖြင့်စတင်မည်
အသစ် စတင်မည့် စတော့အိတ်ချိန်း ဈေးကွက်ကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)၊ F.M.I ကုမ္ပဏီနှင့် မြန်မာ့ လယ်ယာစီးပွား အများပိုင်ကော်ပို ရေးရှင်း (MAPCO)စသောအများ ပိုင်ကုမ္ပဏီသုံးခုနှင့်စတင်ရန် စီစဉ်နေကြောင်း ဘဏ္ဍာခွန် ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင် သိမ်းက ပြောကြားသည်။
ဦးတေဇ ကိုယ်ရေးအရာရှိ စီးသွားသည့် လေယာဉ်ပျောက်ဆုံးနေ၊ သမ္မတရုံးကို အကြောင်းကြားထား
ပျောက်ဆုံးနေသော ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးကို ရှာဖွေရေး လုပ်ဆောင်နေစဉ် ရဟတ်ယာဉ်တစ်စီး ပျောက်ဆုံး သွားသည်မှာ ၁၉ နာရီကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ အဆက်အသွယ်မရသေးဟု ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က မဇ္ဈိမကို စက်တင်ဘာ ၂၈ ရက် မနက်က ပြောသည်။
ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ သတင်းတပ်သားတစ်ဦး မောင်တောတွင် ဖမ်းဆီးရမိဟုဆို
ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းရှိ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်တွင် ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့ (RSO) အမည်ရ ဘင်္ဂါလီလက်နက်ကိုင် တပ်ဖွဲ့ဝင်ဟုယူဆရသူ အမျိုးသားတစ်ဦးကို ဖမ်းဆီး ထားကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
အစိုးရနှင့် DKBA တပ်များ ကျိုက်မရောမြို့နယ်အတွင်းတွင် တိုက်ပွဲထပ်မံ ဖြစ်ပွား
ကျိုက်မရောမြို့နယ် ငါးပြေမကျေးရွာအနီးတွင် စက်တင်ဘာ ၂၈ ရက် နံနက်မှစတင်ကာ အစိုးရတပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
အစ္စလာမ္မစ်စစ်သွေးကြွ ISIS ပြဿနာနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများက ပထမဆုံးအကြိမ် ပူးတွဲကြေညာချက် ထုတ်ပြန်
ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် ဖြစ်ပွားနေသည့် ISIS စစ်သွေးကြွများ ပြဿနာနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံများက ပထမဆုံးအကြိမ်ပူးတွဲကြေညာချက်တစ်ရပ်ကို စက်တင် ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
NLD ပါတီ ပြင်ပရောက် အဖွဲ့ဝင်ဟောင်းများ နိုင်ငံရေးအင်အားစု တည်ထောင်
ပြင်ပရောက် NLD ပါတီ အဖွဲ့ဝင်ဟောင်းများ တွေ့ဆုံပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ ယုဒသန်ခန်းမတွင် ကျင်းပစဉ်။ (ဓာတ်ပုံ - ကေဇူး၊ မဇ္ဈိမ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ပြင်ပရောက် အဖွဲ့ဝင်ဟောင်း များက ညီညွှတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့အမည်ဖြင့် နိုင်ငံရေးအင်အားစု တစ်ရပ် တည်ထောင်ကာ လွှတ်တော်ပြင်ပ နိုင်ငံရေး လှုပ်ရှားမှု များ ပြုလုပ်သွားမည်ဟု ထုတ်ပြန်လိုက်သည်။
အစ္စလာမ္မစ်စစ်သွေးကြွ ISIS ပြဿနာနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများက ပထမဆုံးအကြိမ် ပူးတွဲကြေညာချက် ထုတ်ပြန်
ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် ဖြစ်ပွားနေသည့် ISIS စစ်သွေးကြွများ ပြဿနာနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံများက ပထမဆုံးအကြိမ် ပူးတွဲကြေညာ ချက် တစ်ရပ်ကို စက်တင် ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
Saturday, 27 September 2014
ပြင်သစ်နိုင်ငံသား ခေါင်းဖြတ်သတ်ခံရပြီးနောက် ပြင်သစ်တနိုင်ငံလုံး လုံခြုံရေးတင်းကျပ်
ပြင်သစ်နိုင်ငံသားတဦး အယ်ဂျီးရီးယားနိုင်ငံမှာ ခေါင်းဖြတ်သတ်ဖြတ်ခံရပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြင်သစ်တနိုင်ငံလုံးမှာ လုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။ ၀မ်းနည်းဖွယ်အထိမ်းအမှတ်နဲ့ နိုင်ငံတော်အလံကို တိုင်ဝက် ၃ ရက်ဆက်လွှင့်ထူခဲ့ကြပါတယ်။ပြင်သစ်နိုင်ငံသား အာဗေ ဂူဒဲလ် အသတ်ဖြတ်ခံရအပြီး ပြင်သစ်နိုင်ငံရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို သွေးစည်းညီညွတ်လာကြပြီး အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက်တွေကို အရင်ကထက်ပိုပြီးထိထိရောက်ရောက်အရေးယူမှုတွေ ပြုလုပ်ဖို့ကိုလည်း ပြင်သစ်ပြည်သူတွေ တောင်းဆိုလာကြပါတယ်။
အောင်မင်္ဂလာ-ဆူးလေပြေးဆွဲနေသည့် စုပေါင်းတက္ကစီ တိုင်းအစိုးရအမိန့်ဖြင့် ယာယီရပ်
အောင်မင်္ဂလာအဝေး ပြေးမှ ဆူးလေအထိ ငွေကျပ် တစ်ထောင်ဖြင့် ပြေးဆွဲပေးနေ သော စုပေါင်းတက္ကစီယာဉ်လိုင်း အမျိုးအစားဖြစ်သည့် အောင် မဟာယာဉ်လိုင်းကို ရန်ကုန်တိုင်း အစိုးရအမိန့်ဖြင့် ယာယီရပ်နား လိုက်ကြောင်း သတင်းရရှိသည်။အောင်မဟာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း အသစ်သည် ဇွန် ၁၀ ရက်က စတင်ပြီး ဆူးလေ-အောင်မင်္ဂလာ လမ်းကြောင်းကို ၁၂ ဦးဆံ့အဲကွန်း ကားဖြင့် ပြေးဆွဲနေပြီး အောင်မြင်မှုရရှိနေသည်။
ဒလရှိ မိဘမဲ့ဂေဟာတွင် အလှူငွေထည့်ရန် ရေခဲရေ ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်
ဒလမြို့ ကျန်စစ်သားရပ်ကွက်ရှိ ပါရမီ မြန်မာလူငယ်ပျိုးထောင်ရေး ဂေဟာ (မိဘမဲ့ ဂေဟာ) ရှိ ကလေးအများအတွက် အလှူငွေထည့်ရန် အီတလီနိုင်ငံသူတစ်ဦးက ဂေဟာရှေ့တွင် ရေခဲရေကို ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်ခဲ့သည်။
ထိုအစီအစဉ်ကို အီတလီနိုင်ငံသူ စာရေးဆရာမ Ms Pamela Mccourt က စက်တင်ဘာ ၂၇ရက်က ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
“ငါတို့ကလေးတွေကိုစောင့်ရှောက်လို့ရှိရင် ကမ္ဘာကြီးကို စောင့်ရှောက်တာနဲ့အတူတူပါပဲလို့ ပြောစကားရှိပါတ ယ်။ အဲ့တာကြောင့် ကျွန်မဒီနေရာမှာ ရေခဲရေကို ခေါင်းပေါ်ကနေ လောင်းချပြီး ကလေးတွေအတွက် အလှူငွေ ထည့်ဖို့ ဖိတ်ခေါ်ပါမယ်”ဟုပြောပြီး Ms Pamela Mccourt က ရေခဲရေများ လောင်းချခဲ့သည်။
ပုဇွန်တောင် အမတ်လွှတ်တော် သုံးနှစ်ကျော် ကာလအတွင်း မဲဆန္ဒရှင်များနှင့် မထိတွေ့
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ပုဇွန်တောင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်သည် ၎င်း၏ လွှတ်တော်ကိုယ်စားလှယ် သက်တမ်းအတွင်း ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများနှင့် ထိတွေ့မှု လုံးဝမရှိဟု ပုဇွန်တောင်မြို့နယ်နေ တက်ကြွလှုပ်ရှားသူများက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ပြည်သူ့လွှတ်တော်တွင် ပီအာရ်စနစ်ကို ဦးဆောင်အဆိုတင်သွင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများ၏ ကန့်ကွက်ရှုတ်ချပွဲတွင် စာနယ်ဇင်းရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။
Friday, 26 September 2014
တရုတ်တွင် ဓားဖြင့်ရမ်းကား တိုက်ခိုက်သူ တစ်ဦးကြောင့် ကလေးငယ် လေးဦး သေဆုံး
တရုတ်နိုင်ငံတွင် ဓားဖြင့် ရမ်းကားတိုက်ခိုက်သူ တစ်ဦးကြောင့် မူလတန်း ကျောင်းသူကျောင်းသား ကလေးငယ် လေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
စာမေးပွဲနှင့် ပတ်သက်၍ ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု ဆိုကာ လုံခြုံရေး ဆောင်ရွက်ပေးရန် မုံရွာတက္ကသိုလ် ကျောင်းသား (၃) ဦးက ပါမောက္ခချုပ်ထံ တင်ပြ တောင်းခံ
မုံရွာ တက္ကသိုလ်တွင် ယခုလက်ရှိ ဖြေဆိုခဲ့ပြီးသည့် စာမေးပွဲနှင့် ပတ်သက်၍ ခြိမ်းခြောက် မှုများနှင့် တွေ့ ကြုံနေသည်ဟု ဆိုကာ လုံခြုံမှုပေးရန် မုံရွာတက္ကသိုလ် ကျောင်းသားသုံးဦးက တက္ကသိုလ် ပါမောက္ခချုပ် ထံသို့ တင်ပြ တောင်းခံ ထားကြောင်း သိရသည်။
လူ့အခွင့်အရေးကော်မရှင်ဟာ သမ္မတဘက်တော်သားတွေလား
ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်မရှိဘဲ သမ္မတက ၂ဝ၁၁မှာ လုပ်ပိုင်ခွင့်အာဏာအရ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ကော်မရှင်ဥပဒေ ပုဒ်မ ၆၉အရ စက်တင်ဘာ ၂၄ရက်နေ့က ပြန် လည် ဖွဲ့စည်း လိုက်ပါတယ်။
နိုင်ငံရေးမူဘောင် ချမှတ်ရန် သုံးပွင့်ဆိုင် ဆွေးနွေးမှု ဒုတိယအကြိမ် ပြုလုပ်မည်
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးမူဘောင် ချမှတ်ရေးအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ဒုတိယအကြိမ် ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောကြားသည်။
PR စနစ် ကျင့်သုံးမှုကို ထောက်ခံကြောင်း တစညပါတီ ၂၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ကြေညာ
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် PR စနစ် ကျင့်သုံးရန် လွှတ်တော်နှစ်ရပ်က ပြင်ဆင်နေမှု ကို ထောက်ခံကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တ.စ.ည) ပါတီ၏ ၂၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ထုတ်ပြန် ကြေညာလိုက်သည်။
မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အမျိုးသမီးထုပါဝင်မှုနည်းပါးနေဟုဆို
မြန်မာနိုင်ငံ၏ လက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် အမျိုးသမီးထုပါ ဝင်မှု အလွန်တရာ နည်းပါးနေကြောင်း ရခိုင်အမျိုးသမီးအစည်းအရုံးမှ ဒုဥက္ကဌ-၁ ဖြစ်သူ စောစံငြိမ်းသူ က ထောက် ပြပြောဆိုသည်။
ဦးစံလင်း ပြည်သူသန်း ၅၀ ကို လိမ်ခဲ့ကြောင်း အလှူရှင်တစ်ဦး ဖွင့်ချ၊ ဓမ္မစေတီခေါင်းလောင်းရှာဖွေရန် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီခုနစ်ခုက ကျပ်သိန်း ၁,၅၀၀ လှူဒါန်းပံ့ပိုးခဲ့
ခေါင်းလောင်းတွေ့ရှိပြီဟုဆိုကာ လူထုကိုလိမ်လည်ခဲ့သော ဦးစံလင်းအဖွဲ့၏ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးအတွက် ငွေကြေး ကျပ်သိန်းတစ်ထောင့်ငါးရာ လှူဒါန်းခဲ့သည့် အလှူရှင်ခုနစ်ဦး စာရင်းတွင် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီကြီးများ ပါဝင်နေကြောင်း သတင်းရရှိသည်။
ရေနွေးကျိုရာမှ မီးလောင်ကျွမ်း၍ လူနေအိမ်လေးလုံးပျက်စီး
မီးလောင်ကျွမ်း၍ ပျက်စီးသွားသော နေအိမ်နှင့်မိသားစုဝင်များ (ဓာတ်ပုံ−ညီညီဇော်)
မန္တလေးမြို့လယ်၊ ရပ်ကွက်တစ်ခုရှိ၊ အိမ်တစ်အိမ်တွင် စက်တင်ဘာ ၂၅ ရက် နံနက်မိုးမလင်းမီအချိန်၌ မီးသွေးမီးဖိုဖြင့် ရေနွေးကျိုရာမှ မီးလောင်ကျွမ်းခဲ့၍ အိမ်လေးလုံးပျက်စီးဆုံးရှုံးခဲ့ပြီး မိသားစုလေးစု အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)