မကွေးတိုင်းဒေသကြီးသရက်ခရိုင်အောင်လံမြို့စက်ရုံရပ်ကွက်ပြည်တော်အေး(၃)လမ်းတွင်စက်တင်ဘာ၁၈ရက်ည ၉ နာရီခန့်က တရားလို မအိအိဝင်းနှင့် အစ်ကိုဖြစ်သူ အောင်အောင်လွင်တို့ နေအိမ်၌ရှိနေစဉ်ညီအစ်ကိုအရင်းဖြစ်သူ ကျော်ကျော်လွင်ကအရက်မူး၍ ရောက်ရှိလာပြီး ညီအစ်ကိုချင်းတစ်ယောက်တစ်ခွန်း စကားများရာကျော်ကျော်လွင်၏ဇနီးပန်းအိဖြူ တုတ်ကိုင်၍ ရောက်ရှိလာပြီးညစ်ညမ်းစွာဆဲဆိုကာမအိအိဝင်း က၀င်ရောက်ဖျန်ဖြေစဉ် ကျော်ကျော်လွင်က အနီးရှိကျောက်ပျဉ်ဖြင့် အောင်အောင်လွင်အားထုရာဦးခေါင်းဝဲဘက်ချိုစောင်း ပေါက်ပြဲ ဒဏ်ရာတစ်ချက်၊၀ဲဘက်နား သွေးထွက်ဒဏ်ရာ၊ရင်ဘတ်ပေါက်ပြဲဒဏ်ရာနှင့်မအိအိဝင်းတွင် နဖူးပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိ၍ မအိအိဝင်းက တရားလိုပြုလုပ်၍ အောင်လံမြို့မရဲစခန်းတွင်အမှုဖွင့်တိုင်တန်းရာဒုရဲအုပ်စိုးမင်းထွန်းက(ပ)၁၀၂/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ၃၂၅/၂၉၄/၁၁၄ အရ အမှုဖွင့်အရေးယူထားသည်။
ဒဏ်ရာရရှိသူ အောင်အောင်လွင်အားရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့တင်ပို့ဆေးကုသမှုခံယူနေစဉ်စက်တင်ဘာ၂၁ရက်ညနေ၃နာရီခွဲတွင်ရရှိသောဒဏ်ရာဖြင့် သေဆုံးသွား၍ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂/၂၉၄/ ၁၁၄ ဖြင့်အောင်လံမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးခင်မောင်ဇော်က အမှုအား လွှဲပြောင်းလက်ခံစစ်ဆေး၍ တရားခံ ကျော်ကျော်လွင်နှင့် ပန်းအိဖြူတို့နှစ်ဦးအား ဖမ်းဆီးစစ်ဆေးအရေးယူထားသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ
No comments:
Post a Comment