Friday 29 August 2014

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်ဦး လုပ်ငန်းခွင်၌ ငြမ်းပေါ်မှ ပြုတ်ကျပြိး ဦးခေါင်း ဒဏ်ရာရ

Photo: ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်ဦး လုပ်ငန်းခွင်၌ ငြမ်းပေါ်မှ ပြုတ်ကျပြိး ဦးခေါင်း ဒဏ်ရာရ
Friday, August 29, 2014

မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးသည် ထိုင်းနိုင်ငံ၊ Thalang မှ Koh Kaew ရှိ Baan Reua ကျောင်း၏ ငြမ်းစင်ပေါ်မှ ခြေချော်ကျကာ ဦးခေါင်းဒဏ်ရာဖြင့် ဆေး ရုံတွင် ဆေးကုသခံယူနေရကြောင်း သိရသည်။

လုပ်သားအမည်မှာ ရဲမှတ်တမ်းအရ မစ္စတာ ၀မ်ချုင်း (၂၀ နှစ်) ဖြစ်၍ အင်္ဂါနေ့က ကျောင်း အဆောက်အဦ ဆေးသုတ်နေစဉ် (၆)မီတာ အမြင့်မှ ခြေချော်ကျပြီး မြေပြင်လူသွားလမ်းနှင့် ဦးခေါင်းကို ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။

ကယ်ဆယ်ရေးလုပ်သားများက မစ္စတာ ၀မ်ချိုင်းအား Thalang ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့သည်။ ၎င်းနောက် ဒဏ်ရာပြင်းထန်သောကြောင့် ဖူးကက်မြို့ရှိ Vachira Phuket ဆေးရုံသို့ ပြောင်းရွှေ့လိုက်သည်။

“ဘာအကာအကွယ်မှ မထားပဲ နေရာမြင့်မြင့်မှာ အလုပ်လုပ်ရင် အန္တရာယ်တွေ့ရစမြဲပါ” ဟု ဆိုလျက် ကာနယ် ဆန်နစ်မှ လုပ်သားအားလုံးကို လက်ရှိမိုးရာသီကာလအတွင်း လုပ်ငန်းခွင်၌ အထူးသတိကရုပြုကြ ရန် နှိုးဆော် လိုက်သည်။

ဝမ်းချိုင်း၏ဖခင်ဝင် အပါအ၀င် ကျောင်းဆေးသုတ်လုပ်သားအားလုံးမှာ Koh Sireh မှ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒဏ်ရာရသူ၏ အသက်(၁၈)နှစ်အရွယ် ညီမ၀မ်းကွဲက ရဲဌာနသို့ ပြောပြသည်။

Ref : Phuket Gazette
M-Media
မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးသည် ထိုင်းနိုင်ငံ၊ Thalang မှ Koh Kaew ရှိ Baan Reua ကျောင်း ၏ ငြမ်းစင်ပေါ်မှ ခြေချော်ကျကာ ဦးခေါင်းဒဏ်ရာဖြင့် ဆေး ရုံတွင် ဆေးကုသခံယူနေရကြောင်း သိရသည်။
လုပ်သားအမည်မှာ ရဲမှတ်တမ်းအရ မစ္စတာဝမ်ချုင်း(၂၀ နှစ်) ဖြစ်၍ အင်္ဂါနေ့က ကျောင်းအဆောက် အဦ ဆေးသုတ်နေစဉ် (၆)မီတာ အမြင့်မှ ခြေချော်ကျပြီး မြေပြင်လူသွားလမ်းနှင့် ဦးခေါင်းကို ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။

ကယ်ဆယ်ရေးလုပ်သားများက မစ္စတာ ၀မ်ချိုင်းအား Thalang ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့ သည်။ ၎င်းနောက် ဒဏ်ရာပြင်းထန်သောကြောင့် ဖူးကက်မြို့ရှိ Vachira Phuket ဆေးရုံ သို့ ပြောင်းရွှေ့လိုက်သည်။

“ဘာအကာအကွယ်မှ မထားပဲ နေရာမြင့်မြင့်မှာ အလုပ်လုပ်ရင် အန္တရာယ်တွေ့ရစမြဲပါ” ဟု ဆိုလျက် ကာနယ် ဆန်နစ်မှ လုပ်သားအားလုံးကို လက်ရှိမိုးရာသီကာလအတွင်း လုပ်ငန်းခွင်၌ အထူးသတိကရုပြုကြ ရန် နှိုးဆော် လိုက်သည်။

ဝမ်းချိုင်း၏ဖခင်ဝင် အပါအ၀င် ကျောင်းဆေးသုတ်လုပ်သားအားလုံးမှာ Koh Sireh မှ လာရောက်ခဲ့ခြင်းဖြစ် သည်ဟု ဒဏ်ရာရသူ၏ အသက်(၁၈)နှစ်အရွယ် ညီမ၀မ်းကွဲက ရဲဌာနသို့ ပြောပြသည်။

Ref : Phuket Gazette
M-Media

No comments:

Post a Comment