ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (ဓာတ်ပုံ - ရန်မျိုးနိုင်)
၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရာ တွင် နိုင် ငံတော် အကြီးအကဲများနှင့် နိုင်ငံခြားဧည့်သည်များ ဧည့်ခံစရိတ် ကျပ်ငွေခြောက် သန်းကျော် တောင်းခံ ထားကြောင်း သတင်းရရှိသည်။
သြဂုတ်လ ၂၇ ရက်က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီး အတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေကို တိုင်းဒေသကြီး ဘဏ္ဍာရေး ၀န်ကြီး ဒေါ်စန်းစန်းနွယ်က တင်ပြတောင်းခံခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက် ခန့်မှန်းအသုံးစရိတ် ၃၈၀ ဘီလီယံကျော်တောင်းခံ ထားပြီးဖြစ်ရာ ယင်းငွေပမာဏမလုံလောက်၍ လိုငွေကျပ် ၃၉ ဘီလီယံကျော်ထပ်မံတောင်းခံခြင်း ဖြစ်သည်။
တိုင်းဒေသကြီးအစိုးရ၏ ဖြည့်စွက်ရန်ပုံငွေတောင်းခံမှုတွင် ဧည့်ခံစရိတ်ကျပ်ငွေ ၆ သန်းကျော်တောင်းခံ ထားခြင်းမှာ များပြား လွန်းကြောင်း ဒီမိုကရက်တစ် လွှတ်တော်ကိုယ်စားလှယ်အချို့ က ပြောသည်။
မူလခွင့်ပြုငွေမလုံလောက် သဖြင့် ဘဏ္ဍာငွေထပ်မံတောင်းခံ သည့် ဌာနဆိုင်ရာအဖွဲ့အစည်း ၁၀ ခုရှိပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဥပဒေရုံးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန၊မီးသတ်ဦးစီးဌာန၊ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ အဆောက်အအုံလမ်း တံတားပြင်ဆင် ထိန်းသိမ်းခြင်းအဖွဲ့၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော် မတီနှင့် စည်ပင် သာယာရေးအဖွဲ့တို့ ပါဝင်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုကို လက်ရှိကျင်းပဆဲ တိုင်းဒေသကြီး လွှတ်တော် အ စည်းအဝေးတွင် လွှတ်တော်ကိုယ် စားလှယ်များက ဆွေးနွေးရန်ရှိနေ သည်။
7Day DAILY
No comments:
Post a Comment