တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၄) ဖွဲ့ လက်မှတ်ရေး ထိုးပြီး သော်လည်း လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော (၂) ဖွဲ့မှာ KIA နှင့် TNLA အဖွဲ့များ ဖြစ်ကြောင်း ငြိမ်းချမ်းေ ရး ဆွေးနွေးပွဲများ၌ သတ်မှတ်ထားသော်လည်း TNLA အဖွဲ့ဆိုတာ အမည်ခံ သာဖြစ်၍ KIA တစ်ဖွဲ့ တည်းသာ ကျန်ရှိသည်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း TNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုလိုက် သည်။
“ TNLA နဲ့ တိုက်ပွဲတွေဖြစ်တယ်ဆိုတာ တကယ်တော့ TNLA တပ်ဖွဲ့ဝင်က နည်းနည်းလေးပါ၊ KIA တပ်ဖွဲ့ ၀င်တွေက အများကြီးပါဝင်ပြီး အစိုးရတ ပ်တွေကို တိုက်တာပါ၊ မိုးကုတ် - မိုးမိတ်လမ်းကြောင်းပေါ်က အင်အား နည်းမှ န်း သိတဲ့တပ်စခန်းကို ၀င်တိုက်တာ TNLA မဟုတ်ပါဘူး၊ TNLA အမည်ခံထား တဲ့ KIA အဖွဲ့ သာ ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် ငြိမ်းချမ်းရေး လက်မှတ်ထိုးရန် အမှန်တ ကယ် ငြင်းပယ်နေသော အဖွဲ့မှာ KIA အဖွဲ့သာဖြစ်ပြီး TNLA အဖွဲ့မှာ အမည် ခံဖြစ်သလို အင်အားလည်း မရှိ၊ နိုင်ငံရေးရည်မှန်း ချက်လည်း ဘာမှ မရှိသောေ ကြာင့် လက်နက်ကိုင်အဖွဲ့တစ်ခုအဖြစ် သတ်မှတ်၍ မ ရကြောင်း၊ သင်းကွဲအ ဖွဲ့တစ်ခု မျှသာ ဖြစ်ကြောင်း သိရှိရသည်။
“ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်တိုင်း အကွဲကြီးကွဲ အရှုံးကြီးရှုံးပြီး ခွေးပြေး ၀က်ပြေး ပြေးနေရတာ KIA အဖွဲ့ ပါ၊ အဲဒီလိုဖြစ်တိုင်း KIA က အစိုးရတပ် ဘက်က ဘယ်လောက်ကျတယ်၊ ဘယ်လောက်သေတယ် ဆိုပြီး လေကြီးမိုး ကြီး ပုံကြီးချဲ့ဝါဒဖြန့်နေကြတာ၊ သူတို့ KIA ဆရာကြီးတွေ လေသံအတိုင်းပဲ၊ အသံကောင်း ဟစ်နေ တာပါ၊ အမှန်တကယ် ငြိမ်းချမ်းရေး မလိုလားတဲ့အဖွဲ့ ဟာ KIA တစ်ဖွဲ့တည်း သာ ဖြစ်ပါ တယ်၊ TNLA မပါပါဘူး ” ဟု ယင်းတပ်ဖွဲ့ဝင် က ဆက်လက်ပြောကြားသွားခဲ့သည်။
မိုင်းအိုက်ပီး
Myanmar Military News
No comments:
Post a Comment