ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်နှင့် ရန်ကုန်မြို့နေ ကရင်လူထု များ တွေ့ဆုံပွဲကို မေလ ၇ ရက်နေ့တွင် မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမတွင် ပြုလုပ်မည် ဖြစ်ေ ကြာင်း ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KWEG) မှ ဒေါ်စူစန်နာလှလှစိုး က ပြော ကြား သည်။
“ရန်ကုန်မှာ အခြားနိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း တွေ့ဖို့ရှိတယ်။ အချိန်အတိ အကျတော့ မသိရသေးပါဘူး” ဟု ဒေါ်စူစန်နာလှလှစိုးက ဆိုသည်။
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည်လည်း မတ်လဆန်း ပိုင်းတွင် ရန်ကုန်မြို့နေ ကရင်တိုင်းရင်းသား လူထုများနှင့် MCC ခန်းမ၌ပင် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို အသေးစိတ် ရှင်းပြခဲ့ကြောင်း KNU ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ထောက်ခံသူ အများအပြား နေ ထိုင်ပြီး ၂၀၀၈ ခုနှစ်တွင် လုပ်ကြံခံခဲ့ရသော KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာနှင့် လက်ရှိ ဗဟိုကော်မတီ ဝင် ပဒိုမန်းငြိမ်းမောင်တို့မှာ ပန်းတနော် ဇာတိဖြစ်ကြောင်း KNU ခေါင်းဆောင်များက ဆိုသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် ယုံကြည်မှု ကောင်းစွာ တည်ဆောက်ထားနိုင်သော KNU အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးသည်လည်း ဧပြီလအတွင်း “ဝ” နှင့် မိုင်းလားကဲ့သို့သော တိုင်းရင်း သား လက်နက်ကိုင် တပ်ပေါင်းစုတွင် မပါဝင်သည့် လက်နက်ကိုင် အဖွဲ့များကို သွားရောက်တွေ့ ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့သည်။
The Voice Weekly
No comments:
Post a Comment