Monday 5 May 2014

အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ခရီးသွားလုပ်ငန်း ကဏ္ဍအတွက် ကယားပြည်နယ်အား ရွေးချယ်ထားပြီး ၂၀၁၇ ခုနှစ်အထိ သုံးနှစ်ကြာ စီမံကိန်းဖြင့် လုပ်ဆောင်မည်

Photo: အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ခရီးသွားလုပ်ငန်း ကဏ္ဍအတွက် ကယားပြည်နယ်အား ရွေးချယ်ထားပြီး ၂၀၁၇ ခုနှစ်အထိ သုံးနှစ်ကြာ စီမံကိန်းဖြင့် လုပ်ဆောင်မည်
Monday, May 5, 2014

အမျိုးသားပို့ကုန် မဟာဗျူ ဟာတွင် ခရီးသွားလုပ်ငန်း ကဏ္ဍအတွက် ကယားပြည်နယ်အား ကနဦး စီမံကိန်းအဖြစ် ရွေးချယ်ထားပြီး ၂၀၁၇ ခုနှစ်အထိ သုံးနှစ်ကြာ စီမံကိန်းချ လုပ်ဆောင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရသည်။

အမျိုးသားပို့ကုန် မဟာဗျူ ဟာတွင် ပါဝင်သော ခရီးသွားလုပ်ငန်း ကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးမှုများ လေ့လာမှုများ ပြုလုပ်ရန် နိုင်ငံတကာ ကုန်သွယ်မှုစင်တာမှ Program Manager Mr.Matthias Knappe ဦးဆောင်သော အဖွဲ့သည် မြန်မာ့ခရီးသွားကဏ္ဍအား ဘဏ္ဍာငွေ အထောက်အပံ့ပေးမည့် နယ်သာလန်နိုင်ငံရှိ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်များ တိုးမြင့်ရေး ဗဟိုဌာန (Center for Promo-tion of Imports from developing countries-CBI) မှ ကျွမ်းကျင်ပညာရှင် နှစ်ဦးအား ခေါ်ဆောင်၍ မြန်မာနိုင်ငံသို့ ဧပြီလအတွင်း ဒုတိယအကြိမ် လာရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတကာ ကုန်သွယ်မှုစင်တာနှင့် CBI မှ ကျွမ်းကျင်ပညာရှင်လေးဦး နေပြည်တော်သို့ လာရောက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးတို့အား လာရောက်တွေ့ဆုံကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် လေ့လာတွေ့ရှိချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် သမ၀ါယမ ၀န်ကြီးဌာန၊ အသေးစား အလတ်စား စက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူနှင့် တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော လက်မှုအနုပညာပစ္စည်းများ ထုတ်လုပ်မှု တိုးတက်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာ ကုန်သွယ်မှုစင်တာမှ ၀န်ဆောင်မှုလုပ်ငန်း ကျွမ်းကျင်သူ Ms.MarieClaude နှင့် CBI မှ ကျွမ်းကျင်ပညာရှင်တို့သည် ရှမ်းပြည်နယ် အင်းလေးကန်ပတ်ဝန်းကျင်၊ ကယားပြည်နယ် လွိုင်ကော်နှင့် ဒီမောဆိုးမြို့နယ်ရှိ ကျေးရွာများသို့ သွားရောက်ကာ ကယားပြည်နယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အလားအလာများ၊ ကျေးရွာထုတ်ကုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ တိုးတက်ရေးအတွက် ပြည်နယ်တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ၀န်ဆောင်မှုဆိုင်ရာ ပို့ကုန်များတွင် အလားအလာအကောင်းဆုံး ကဏ္ဍဖြစ်ပြီး မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၀င်ရောက်မှုသည် ၂၀၁၂ ခုနှစ်တွင် ၁ ဒသမ ၀၅ သန်းမှ ၂၀၁၃ ခုနှစ်တွင် ၂ ဒသမ ၀၄ သန်းသို့ တိုးတက်လာခဲ့ကြောင်း သိရသည်။

Eleven Media Group 

ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်တစား လာရောက်လေ့လာသည့် ကယားပြည်နယ်လွိုင်ကော်ရှိ ကျတ်ဂူအား တွေ့ရစဉ်
ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်တစား လာရောက်လေ့လာသည့် ကယားပြည်နယ်လွိုင်ကော်ရှိ ကျတ်ဂူအား တွေ့ရစဉ်
အမျိုးသားပို့ကုန် မဟာဗျူ ဟာတွင် ခရီးသွားလုပ်ငန်း ကဏ္ဍအတွက် ကယားပြည်နယ်အား ကနဦး စီမံကိန်း အဖြစ် ရွေးချယ်ထားပြီး ၂၀၁၇ ခုနှစ်အထိ သုံးနှစ်ကြာ စီမံကိန်းချ လုပ်ဆောင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရသည်။
အမျိုးသားပို့ကုန် မဟာဗျူ ဟာတွင် ပါဝင်သော ခရီးသွားလုပ်ငန်း ကဏ္ဍကို အကောင်အထည်ဖော် ဆောင် ရွက် ရန်နှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးမှုများ လေ့လာမှုများ ပြုလုပ်ရန် နိုင်ငံတကာ ကုန်သွယ်မှုစင်တာမှ Program Manager Mr.Matthias Knappe ဦးဆောင်သော အဖွဲ့သည် မြန်မာ့ခရီးသွားကဏ္ဍအား ဘဏ္ဍာငွေ အထောက်အပံ့ပေးမည့် နယ်သာလန်နိုင်ငံရှိ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်များ တိုးမြင့်ရေး ဗဟိုဌာန (Center for Promo-tion of Imports from developing countries-CBI) မှ ကျွမ်းကျင် ပညာရှင် နှစ်ဦးအား ခေါ်ဆောင်၍ မြန်မာနိုင်ငံသို့ ဧပြီလအတွင်း ဒုတိယအကြိမ် လာရောက် ခဲ့ကြောင်း သိရ သည်။

အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတကာ ကုန်သွယ်မှုစင်တာနှင့် CBI မှ ကျွမ်းကျင်ပညာ ရှင်လေးဦး နေပြည်တော် သို့ လာရောက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင် စု ၀န်ကြီးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးတို့အား လာရောက်တွေ့ ဆုံကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် လေ့လာတွေ့ရှိချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် သမ၀ါယမ ၀န်ကြီးဌာန၊ အသေးစား အလတ်စား စက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူနှင့် တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော လက်မှုအနုပညာပစ္စည်းများ ထုတ်လုပ်မှု တိုးတက်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာ ကုန်သွယ်မှုစင်တာမှ ၀န်ဆောင်မှုလုပ်ငန်း ကျွမ်းကျင်သူ Ms.MarieClaude နှင့် CBI မှ ကျွမ်းကျင်ပညာရှင်တို့သည် ရှမ်းပြည်နယ် အင်းလေးကန်ပတ်ဝန်းကျင်၊ ကယားပြည်နယ် လွိုင်ကော်နှင့် ဒီမောဆိုးမြို့နယ်ရှိ ကျေးရွာများသို့ သွားရောက်ကာ ကယားပြည်နယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အလားအလာများ၊ ကျေးရွာထုတ်ကုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ တိုးတက်ရေးအတွက် ပြည်နယ်တာဝန်ရှိ သူများ၊ ဒေသခံပြည်သူ များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ၀န်ဆောင်မှုဆိုင်ရာ ပို့ကုန်များတွင် အလားအလာအကောင်းဆုံး ကဏ္ဍဖြစ် ပြီး မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၀င်ရောက်မှုသည် ၂၀၁၂ ခုနှစ်တွင် ၁ ဒသမ ၀၅ သန်းမှ ၂၀၁၃ ခုနှစ်တွင် ၂ ဒသမ ၀၄ သန်းသို့ တိုးတက်လာခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment